(04SS) စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ထောင်နှင့်ချီသော ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြေသာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထားပြောင်းရွှေ့ကြရန် မပြောင်းရွှေ့သောပြည်သူများ ထိခိုက်မှု တစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin က သတိပေးထုတ်ပြန်ခဲ့ပြီးနောက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝန်းထံ ပြောင်းရွှေ့ခဲ့ကြရသည်ဟု သိရသည်။ “မနေ့ညက ပြောင်းရွှေ့ဖို့ ဆိုပြီးသတင်းကြားတယ်။ အစကတော့ ထွက်မလားမထွက်ဘူးလားဆိုတာ မဆုံးဖြတ်နိုင်ဘူး အခြေအနေစောင့်ကြည့်အုံးမယ်ပေါ့။ ဒီမနက်ကျတော့ လိုအပ်ခဲ့ရင်ဆိုပြီး ဓါတ်ဆီသွားထဲ့တာ လမ်းမကြီးရောက်တော့ လူတွေအများကြီးပဲ အထုပ်အပိုးတွေနဲ့ လမ်းအပြည့် သွားလာနေကြာတွေ့တယ်ပေါ့နော်။ ကျွန်မလဲ လန့်ပြီး အမြန်ဆုံး အိမ်ပြန်သွားတယ် အမေတို့နဲ့ ပြောင်းရွှေ့ဖို့ ပစ္စည်တွေထုပ်၊ ဒီလိုပဲ ထွက်လာကြတာ၊ အဝတ်လဲများများစားစားမပါဘူး” ဟု ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့သူတစ်ဦးက ပြောသည်။ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့နှင့် ကလေး-ချင်းနယ်စပ် ကိုးမိုင်၊ လှိုင်သာယာရပ်ကွက်တို့မှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့ရှိနီးစပ်ရာ ဆွေမျိုးတွေထံ ခေတ္တခိုလှုံနေကြရပြီး အချို့မှာ ဆွေမျိုးမိတ်ဆွေမရှိသောကြောင့် မပြောင်းရွှေ့ပဲ ကျန်ရစ်သူများလည်းရှိကြောင်း သိရသည်။ ယခုကဲ့သို့ ပြည်သူများဘေးလွတ်ရာသို့ ပြောင်းရွှေ့နေစဉ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြောင်းရွှေ့ခြင်းမပြုကြရန်နှင့် ပြောင်းရွှေ့ပါက နေအိမ်များမီးရှိုမည်ဟု ခြိမ်ခြောက်မှုများလည်းရှိနေသည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း ကိုးမိုင်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း ညတိုင်း စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြသည်ဟု ဒေသခံများက…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်က ပလုတ်တောင်ဟုခေါ်သော ရပ်ကွက်တစ်ခုကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့ကစ၍ ညမထွက်အမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။ အဆိုပါ ရပ်ကွက်ကို မည်သည့်အကြောင်းအရင်းကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ကို မသိရှိရသော်လည်း ယင်းရပ်ကွက်တွင် AA ဖက် အဝင်အထွက်ရှိနေသည်ဟု သံသယရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု ပလက်၀မြို့ခံတစ်ဦးက ပြောသည်။ “ပလက်ဝမြို့ပေါ်အားလုံးတော့မဟုတ်ဘူး မြို့မရပ်ကွက် ပလုတ်တောင်လို့ခေါ်တယ် အဲ့ရပ်ကွက်က ရခိုင်လူမျိုးများတယ် အဝင်အထွက်ရှိတဲ့သဘောများတယ်၊ နေ့ခင်းဖက်တော့ သွားလို့ရတယ်၊ ဘာကြောင့် ထုတ်တယ်ဆိုတာ မသိရဘူး” ဟု ပလက်ဝမြို့ခံက ပြောသည်။ ပလုတ်တောင်ရပ်ကွက်ကို ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်ဖြစ်သည်။ ပလက်ဝမြို့ပေါ်တွင် ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး ရိက္ခာရပ်ကွက်၊ ရွာမရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ဖြစ်ပြီး ပလုတ်တောင်သည် မြို့မရပ်ကွက်ထဲတွင်ရှိသည့် ရပ်ကွက်ငယ်တခုဖြစ်သည်ဟု သိရသည်။ ကုလားတန်မြစ်ကမ်းနဘေးတွင်တည်ရှိသော ပလုတ်တောင်ရပ်ကွက်အတွင်း နေထိုင်ကြသူများမှာ ငါးရှာသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက်နေကြပြီး ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်လိုက်သည့်အတွက် အလုပ်ထိခိုက်မှုရှိလာနေသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Senthang တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာကို Mi-35 ဖြင့် ဗုံးကြဲခဲ့ပြီးနောက် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးအား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်ဟု CDF-Senthang ကထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့နယ် ဖိုင်ဖာ (Phaipha) ကျေးရွာနှင့် ဆူရ်ခွါ (Surkhua) ကျေးရွာတို့ကိုလည်း မေ ၈ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် ယခုကဲ့သို့ လူသားမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သူရဲဘောကြောင်သော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု CDF-Senthang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CDF-Senthang အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ CDF, PDF များနှင့်အတူ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုင် တိုက်ပွဲဝင်တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထား ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့သေးသောပြည်သူများ ထိခိုက်မှုတစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDM Siyin က ဆိုပါသည်။ CDM Siyin တာဝန်ရှိသူက “ကျွန်တော်တို့က ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရမဲ့အရာကို လုံးဝမလိုလားဘူး၊ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းဦးစားပေးတယ်။” ဟု ပြောသည်။ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ်မုခ်ဦးသည် ကလေး-တီးတိန်-ရိခေါဒါရ် လမ်းမပေါ်တွင်တည်ရှိပြီး ယင်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကစ၍ ကလေး-တီးတိန်-ရိခေါဒါရ် ပြေးဆွဲနေသော ခရီးသည်တင်ကားနှင့် ကုန်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် ကားတစ်စီးလျှင်အနည်းဆုံး ကျပ်ငွေတစ်သိန်းကောက်ခံကာ ဖြတ်သန်းခွင့်ပြုလေ့ရှိသည်ဟု သိရသည်။
(03PT) ကမ္ဘောဒီးယာနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အရှေ့တောင်အာရှအားကစား (Sea Game) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ကြသော ချင်းအားကစားသမား နှစ်ဦးသည် ရွှေတံဆိပ်ဆုအသီးသီးဆွတ်ခူးရရှိသည်ဟု သိရသည်။ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုမီနမ် အားကစားနည်းဖြစ်သော အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲကို အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိင်ငံတိုမှ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ကြသော ချင်းတိုင်းရင်းသား ဆလိုင်းမနားကွီးနှင့် မောင်တင်ထူးဇော်တို့က ရမှတ် (၂၇၀) မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိနိုင်ခဲ့ကြသည်။ ထို့အပြင် ယနေ့ မေလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော တစ်ဦးချင်း အမျိုးသား ဓားတစ်လက်အပြ ကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားယှဉ်ပြိုင်သော ဆလိုင်းအိုက်စိုးလင်းကလည်း ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဆလိုင်းမနားကွီးသည် ချင်းပြည်နယ် ကန်ပက်လက်ဇာတိဖြစ်ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံတွင် ကျင်းပသော ဗိုဗီနမ် လေးယောက်တွဲ ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုနှင့် နှစ်ယောက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ဗိုဗီနမ် အမျိုးသား ဓားတစ်လက်အပြ ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စား ယှဉ်ပြိုင်ခဲ့ရာလည်း ရွှေတံဆိပ်ဆု နှင့် ငွေ တံဆိပ်ဆု ရရှိခဲ့သည်ဟုသိရသည်။ ဆလိုင်းအိုက်စိုးလင်းမှာ ချင်းပြည်နယ် ပလက်ဝဇာတိဖြစ်သည်။ ယခု ကျင်းပလျက်ရှိသော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပါဝင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖီလိပိုင်၊…
(04SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်ရှိ ဒေသခံများ၏ ငွေကြေး၊ ပစ္စည်းများနှင့် ဆိုင်ကယ်များ ခိုးယူခဲ့သူ အမျိုးသား ၄ ဦးအား တီးတိန်မြို့လူငယ်များက မေလ ၇ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟု သိရသည်။ အဖမ်းခံရသူအမျိုးသား ၄ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူများဖြစ်ကြပြီး ယခုရက်ပိုင်းအတွင်း တီးတိန်မြို့ပေါ်၌ ခိုးဆိုးမှု များပြားလာရာတွင် ပါဝင်ပတ်သက်နေသည်ဟု စုံစမ်းသိရှိချက်အရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ “သူတို့ကို အရင်ကတည်းက သိတာပေါ့နော် ဒါပေမဲ့ အခုနောက်ပိုင်း သူတို့က ပိုဆိုးလာတယ်၊ ခိုးတာ ပျောက်တာတွေက အများစုသူတို့လုပ်တာပေါ့ ဆိုတော့ ကျွန်တော်တို့ လူငယ် ၁၅ ယောက်လောက်က သူတို့ဆေးသုံးတဲ့နေရာတွေကိုသွားတယ် ကင်းစောင့်တယ် ပြီးတော့ သူတို့နေရာတစ်ခုမှာ ဖမ်းမိလိုက်တယ် တစ်ခြားသူတွေလည်းရှိသေးတယ်” ဟု ၎င်းကဆိုသည်။ ၎င်းတို့ ၄ ဦးတို့ကို တီးတိန်မြို့က ရဲများထံအပ်နှံပြီး ၁၄ ရက်ကြာ ယမန်အဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။ ယခုလက်ရှိ တီးတိန်မြို့ပေါ်တွင် ၎င်းတို့အပြင် မူးယစ်ဆေးသုံးဆွဲသူ အမျိုးသမီးများ၊ အိမ်ထောင်သည်နှင့် လူငယ်များ ပိုမိုများနေကြောင်း သိရသည်။ မေလ ၇ ရက် တနင်္ဂနွေနေ့ကလည်း ဘုရားကျောင်းတက်နေစဉ် မြို့မရပ်ကွက်က နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်ငွေ ၂ သိန်းကျော် ခိုးယူခံရသည်ဟု သိရသည်။ အလားတူ လွန်ခဲ့သည့်အပတ်ကလည်း တီးတိန်မြို့ အား/ကာမှူးနေအိမ် ဖောက်ထွင်းခံရပြီး Battery တစ်လုံး၊ Laptop တစ်လုံးနှင့် ကလေးများစုထားသည့် ငွေကြေးများ အခိုးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။…
(01RB) ခုခံတော်လှန်စစ်အားကောင်းသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်းမှာ တိုက်လေယာဉ်အပါအဝင် လေကြေင်းကနေ ဗုံးအလုံး ၁၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးခဲ့သည် ဟု ချင်းအမျိုးသားတပ်ဦး CNF က မေလ ၈ ရက်နေ့က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ၂ လအတွင်းမှာ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် စသည့် မြို့နယ် ၄ မြို့နယ်တို့တွင် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံး ၁၂၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တကယ်တော့ အဲဒီလိုတိုက်လေယာဉ်တွေပိုသုံးလာတာက သူ့မှာ မြေပြင်အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကို အသုံးပြုလာတာပေါ့နော်” ဟု ပြောသည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူများနေထိုင်သော ကျေးရွာ ၄ ရွာတွင် ဗုံး ၂၂ လုံးကျော် ကြဲချခဲ့ပြီး ကျန်ဗုံး ၉၉ လုံးမှာ ကျေးရွာအနီးနား ကျမှန်ခဲ့သည်ဟု CNF က ဆိုသည်။ မတ်လ ၃၀ ရက်နေ့မှာ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနှင့် ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန်မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်ဖြင့်…
ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ် စစ်ဗျူဟာဌာနချုပ်စခန်းကို မေလ (၅) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်မှာ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi တပ်ဖွဲ့က အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ယန္တရားများလည်ပတ်နိုင်ရန် အထောက်အကူဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီလက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း CDF-Matupi က ထုတ်ပြန်ထားသည်။
(05MK) ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလက်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မည့် ရေလမ်း ကုန်လမ်း အခြေအနေများသိရှိနိုင်ရန် ကုန်ပစ္စည်းများ အစမ်းသယ်ယူပို့ဆောင်မည့် အစီစဉ်တရပ်ကို မကြာခင်စတင်မည်ဟု သိရသည်။ Kaladan Multi-Modal Transit Transport Project ဟုခေါ်သော ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းအား စမ်းကြည့်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့ဆိပ်ကမ်းမှတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဘိလပ်မြေတန်ချိန် ၃၀၀ တင်ဆောင်သော သင်္ဘောမကြာခင်ထွက်ခွါလာမည်ဟု DD (Doodarshan) News Mizoram ကဖော်ပြသည်။ ကိုလ်ကတ္တားမြို့ Shyama Prasad Mukherjee Port ဆိပ်ကမ်းမှတဆင့် ထွက်ခွါလာမည့် ယင်းသင်္ဘောသည် စစ်တွေသင်္ဘောဆိပ်ကမ်းကို မေလ ၉ ရက်နေ့မှာ ဆိုက်ရောက်နိုင်မည်ဟု ဆိုသည်။ စစ်တွေသင်္ဘောဆိပ်ကမ်းမှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်ကာ ထိုမှတဆင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီနှင့် အိုင်ဇောလ်မြို့အထိ ကားလမ်းဖြင့် ဆက်လက်သယ်ယူပို့ဆောင်လာမည်ဟု သတင်းစာကဆိုသည်။ ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အကျိူးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများနှင့် အိန္ဒိယအရှေ့မြောက်ဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကုန်းတွင်းပိုင်းဒေသအတွက် ကုန်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရည်ရွယ်သောစီမံကိန်းဖြစ်သည်။
(01RB) ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုမြင့်တက်လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ အစကနဦးပိုင်းမှာ လေကြာင်းထက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုသာပြုလုပ်ခဲ့ပေမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုလည်း မြင့်တက်လာခဲ့တာဖြစ်တယ်လို့ CHRO ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။ “ချင်းပြည်နယ်ရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက ၃၃ ယောက်ပါ တယ်၊ ဒဏ်ရာရရှိမှုက ၈၀ နီးပါးပေါ့နော် အဲဒီ ၈၀ နီးပါးထဲမှာ ၇၁ က အရပ်သားပြည်သူလူထုတွေပေါ့၊ အာဏာသိမ်းပြီးတဲ့ နောက် ချင်းပြည်နယ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုပြောရင်တော့ ၁၀ ပုံမှာ ၈ ပုံလောက်ကတော့ ၂၀၂၃ နောက်ပိုင်းမှာ တိုက်ခိုက်တာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ၂၀၀ နီးပါးရှိနေပြီ အဲဒီထဲမှာ အကြိမ်ပေါင်း ၂၁ ကြိမ်က ၂၀၂၃ မတိုင်ခင်မှာပဲတိုက်ခိုက်တာ အကြိမ်ပေါင်း ၁၅၀ ကျော် ၁၆၀ ကျော်လောက်က ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တိုက်ခိုက်မှု ပေါ့နော်” စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်သာ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော်ပြုလုပ်ကာ ဗုံးအလုံး ၃၀၀ ကျော်…
