ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်သည့်အပေါ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။ ယင်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့်ပြည်သူများ၏ ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြုငြင်း ပယ်လိုက်ခြင်းဖြစ်သည်သာမက၊ စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အထွေထွေနိုင်ငံရေးအခြေအနေကို တရားမျှတစွာဖြေရှင်းလိုစိတ်မရှိဘဲ ရက်စက်ယုတ်မာစွာ ဖိနှိပ်ဖြေရှင်းရန်သာဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်း ဖော်ပြနေခြင်းပင်ဖြစ်သည်ဟု ယနေ့ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ “စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် မိမိတို့ကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက် မြန်မာနိုင်ငံ၏အခြေအနေသည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း” ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။ စစ်ကောင်စီက ၎င်းတို့ ၄ ဦးကို မည်သည့်နေ့ရက်က သေဒဏ်စီရင်ပြီးစီးကြောင်း အတိအကျ ဖော်ပြခြင်းမရှိသည့်အပြင် သေဆုံးသူများ၏ ရုပ်အလောင်း၊ အရိုးပြာများလည်း မိသားစုဝင်များထံ ပေးအပ်ခြင်းမရှိခဲ့ပေ။ အဆိုပါ သေဒဏ်စီရင်မှုသတင်းကြောင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် များစွာတုန်လှုပ်မိပြီး အထူးသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများနှင့်ထပ်တူ များစွာ ဝမ်းနည်းကြေကွဲရသည်ဟု ICNCC က ဖော်ပြသည်။ “ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊…
Author: Editor
ရက္ခိုင့်တပ်တော် AA မှ ခေါ်ယူထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းလူမျိုး ၆ ယောက်အား သင့်တင့်လျောက်ပတ်သည့်အချိန်တွင် ပြန်လွတ်ပေးနိုင်ရေးအတွက် IKACC နင့် AA တို့ နှစ်ဘက်ကြား ညှိနှိုင်းသဘောတူထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ထုတ်ပြန်သည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံအရပ်သားပြည်သူ ၆ ဦးအား AA ရက္ခိုင့်တပ်တော် (AA) စစ်ရေးလှုပ်ရှားမှုကို စစ်ကောင်စီထံ သတင်းပေးသည်ဟူသော အထောက်အထားနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အသက်အန္တရာယ်လုံခြုံရေး၊ ထိန်းသိမ်းထားစဥ်ကာလအတွင်း ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံနိုင်ရေးအပြင် AA ဘက်က အချိန်တန်လာရင် ပြန်လွတ်ပေးရန် ညှိနှိုင်းသဘောတူထားကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “AA ဖက်က ပြောပြချက်အရကတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားတဲ့နေရာမှာ စကစဘက်ကိုသော်လည်းကောင်း အခြားသော ဌာနတွေမှာ သတင်းပေးတယ်ဆိုတဲ့ အထောက်အထားတွေနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်။ နောက်ပြီး စကစကို သတင်းမပို့အောင်နင့် စကစဘက် မပူးပေါင်းအောင် ဖြစ်စေချင်တဲ့သဘောပါ။ သူတို့နင့် ပြောတာနေအထားအရတော့ အခွင့်အခါသင့်တဲ့အချိန်မှာတော့ ပြန်လွတ်ပေးမယ်ဆိုတဲ့ ပုံစံနင့် တစ်ဆင့်ကြားရတာပေါ့” ဟု IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော် (AA)၊ CDF-Paletwa တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စသည့် လက်နက်ကိုင် ၃ ဖွဲ့ ခြေကုပ်ယူလှုပ်ရှားသည့်ဒေသဖြစ်ပြီး ယခုကဲ့သို့ တော်လှန်ရေးကာလတွင် ဒေသခံပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအား အနှောက်ယှက်ပေးသူမဖြစ်စေချင်ကြောင်း IKACC က တာဝန်ရှိသူက ဆက်ပြောသည်။ “တစ်ခြားမြို့နယ်တွေထက်…
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင်ရှိသည့် အင်းဝဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား၏ သေနတ်လုပြေးခဲ့သော လူငယ်တစ်ဦး၏ မိဘနေအိမ်ကို ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။ “အင်းဝဘဏ်နားမှာ ရဲတွေကနေကြတာ သူတို့အိမ်လည်း အဲ့အနားမှာဆိုတော့ ကင်းစောင့်တဲ့သူတွေနဲ့ အရက်အတူသောက်ဖြစ်တယ်။ ရဲတွေလည်း အရက်အကုန်မှုးကြတော့ သေနတ်တလက်ကို ခိုးပြီးပြေးတာ သူ့မိဘတွေလည်း အဲ့ကိစ္စနဲ့ မနေရဲတော့တာ။ အဲ့အဖြစ်အပျက်က တနှစ်လောက်ကြာပြီ သူတို့အိမ်ကို အတိအကျမသိလို့ မနေ့တနေ့ကပဲ သူတို့အိမ်မှန်းသိတော့ ချိတ်ပိတ်ခံလိုက်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ သေနတ်လုသည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသော ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီးနောက် ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ စတင်ဖွဲ့စည်းခဲ့သောအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က သေနတ်လုပ်ပြေးသွားသော လူငယ်၏နေအိမ်အား လိုက်လံစုံစမ်းခဲ့ရာတွင် မကြာသေးခင်ကမှ သိရှိခဲ့ပြီးနောက် ယခုကဲ့သို့ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်း၏ မိသားစုဝင်များမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က လုံခြုံသည့်နေရာတွင် တိမ်းရှောင်ခိုလှုံခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူခဲ့သည့်လူနေအိမ် ၆ အိမ်ရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကိုမှု စစ်ကောင်စီတပ်မှ ပြန်လည်ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့က ချင်းအမျိုးသားတပ်ဦး CNF ဒု-က္ကဌလည်းဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်၊ သိက္ခာတော်ရဆရာတော်…
CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုနဲ့ ဆက်သွယ်မေးမြန်းချက် ခိုနူမ်းသုန်သတင်း၊ ၂၁ ဇူလိုင် ၂၀၂၂ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်း ၂၇ စီး အင်အား ၂၀၀ ဝန်းကျင်နဲ့ ချင်းပြည်နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖလမ်းနဲ့ ဟားခါးမြို့အကြား လမ်းတလျှောက်မှာ ချင်းအမျိုးသားတပ်မတော် CAN အပါအဝင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။ ဖလမ်း-ဟားခါးကြားဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး Chinland Join Defense Committee (CJDC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ဖလမ်းကနေ ဟားခါးကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းခရီးတလျှောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ အကျအဆုံးလည်းများခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲအခြေအနေပြောပြပေးလို့ရမလား။ ဖြေ။ ။ အဓိက ကလေးဘက်ကနေ ဖလမ်းဘက်တက်တဲ့ စစ်ကောင်စီအင်အားက ခန့်မှန်းအရ ၂၅၀ ကျော် လောက်ကို ကျွန်တော်တို့ CJDC ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ တိုက်ခိုက်တာ ဖြစ်ပါ တယ်။ ဇူလိုင် ၈ ရက်ကနေ ၁၆ ရက်အထိပေါ့နော် ကျွန်ပ်တို့ ၈ ရက်လုံးလုံးတိုက်တယ်၊ တိုက်ပွဲက တော်တော် ပြင်းထန်းတယ်။ ညဘက်မှာလည်း ကျွန်ပ်တို့ တိုက်ပွဲတွေဖော်တယ်။ အဓိက လမ်း တစ်လျှောက်လုံး ကျွန်ပ်တို့အနေနင့်တောက်လျှောက် ဒုက္ခပေးနိုင်ဖို့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဖြိုချနိုင်ဖို့ အထိတိုက်ပေမဲ့လည်း တစ်ဖက်မှာ လက်နက်နဲ့ ကျည်အပေါ်မူတည်ပြီးတော့ ကျွန်ပ်တို့ဘက်ကနေ ၈ ရက်ကြာ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ဆုတ်ရတာလည်းဖြစ်ပါတယ်။ မေး။…
ပခုက္ကူဘက်မှ ထွက်ခွါလာသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက်ပိုင်းက ကျောက်ထုမြို့မှ ချင်းပြည်နယ်မင်းတပ်မြို့သို့ ဦးတည်တက်လာနေပြီး စစ်ရေးအခြေအနေ တင်းမာလာဖွယ်ရှိသည်ဟု သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ချင်းပြည်နယ် မင်းတပ်-မတူပီဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းများသည် ယနေ့မနက်ပိုင်းတွင် ကျောက်ထုမှ စတင်ထွက်ခွာလာပြီး ယနေ့ မင်းတပ်မြို့သို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။ CDF-Mindat ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျောက်ထုကနေ မင်းတပ်ကို စတက်နေပြီ စစ်ကား ၆၅ စီးလို့ သိရတယ် မင်းတပ်မြို့ထဲကိုဝင်သွားရင်တော့ ပိုပြီးတော့ တိကျတဲ့သတင်းသိရမှာပါ။ အခုတော့ မင်းတပ်နဲ့ အနီးဆုံးနေရာကို ရှေ့ပွိုင့်ကားတွေရောက်ပြီ။ တကယ်သူတို့ယာဉ်တန်းက မင်းတပ်-မတူပီသွားရင်တော့ ဒီလမ်းက ကျွန်တော်တို့ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် ဒီလမ်းမှာတော့ ကျွန်တော်တို့က စနစ်တကျပြင်ဆင်ထားပါတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုကြိမ် မင်းတပ်ဘက်သို့ စစ်ကြောင်းထိုးလာချိန်တွင် ယခင်ထက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားပုံရပြီး ယနေ့မနက် မင်းတပ်ဘက်သို့ ထွက်ခွါလာသည့်အချိန်တွင် လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိသည်ဟု သိရသည်။ ကျောက်ထုမှ မင်းတပ်မြို့သည် ၁၈ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ် ကျေးရွာများတွင် ဒရုန်းများဖြင့် ထောက်လှမ်းနေပြီး တိုက်လေယာဉ်များလည်း ပျံသန်းနေသောကြောင့် အနီးအနားဝန်းကျင်တွင်ရှိသော မိဘပြည်သူများ အထူးဂရုစိုက်ကြရန် CDF-Mindat မှ တိုက်တွန်းနှိုးဆော်ထားသည်။ ယခုလက်ရှိမှာလည်း မင်းတပ်-မတူပီ ကားလမ်းမကြီးကိုလည်း အများပြည်သူများ သွားခြင်းမပြုရန် CDF-Mindat မှ ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းကစ၍ ခေတ္တပိတ်ပင်ထားသည်ဟု သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးကာလနောက်ပိုင်း ဝန်ထမ်းအဖြစ်ခန့်ထားခံရသူနင့် CDM ပြုလုပ်ခြင်းမရှိသည့် ယခင်ဝန်ထမ်းများအနေဖြင့် လာမည့်သြဂုတ်လ (၁၅) ရက်နောက်ဆုံးထား CDM ပြုလုပ်ကြရန် မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) ပြုလုပ်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပြီး စစ်ကောင်စီမှ ဦးစီးဖွင့်လှစ်သော တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်အောင်မြင်ရရှိသည့် ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အသိမှတ်ပြုမည်မဟုတ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ အဆိုပါ ရရှိသော ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများအပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျမ်းကျိန် (Vow under Oath) ဂတိခံဝန်ချက် ပြုပ်လုပ်ကြရန်နှင့် ယင်းကိစ္စကို သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား လိုက်နာဆောင်ရွက်ကြရန် ၎င်းတို့ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ အကယ်၍ ယင်းထုတ်ပြန်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသော Non-CDM ဝန်းထမ်းများအား မင်းတပ်မြို့နယ်၊ ကျေးရွာများမှ နယ်နှင်ဒဏ်ပြုလုပ်ခြင်း၊ နာမည်ပျက်စရင်းရေးသွင်းမှတ်တမ်းတင်ပြီးကြေညာခြင်း၊ လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနင့် လိုအပ်ပါက CDM-Mindat တပ်ရင်းတပ်ဖွဲ့များ၏ အကူအညီရယူ၍ ထိရောက်စွာ အင်အားသုံးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။ ထို့အပြင် မင်းတပ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် တင်ဒါ (Tender) အောင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ချက်များ…
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက သိက္ခာတော်ရ ဆရာတော် ဒေါက်တာဒါလ်ခန့်မန်နှင့် မိသားစုဝင် သုံးယောက်အား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် စနေနေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် ဆရာတော်နှင့် အမျိုးသမီး ဈေးဝယ်ရန်သွားနေစဉ် တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အေဂျီဘုရားကျောင်းရှေ့တွင် စစ်ဆေးမှုများပြုလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့များက ဆရာတော်၏ဖုန်းအား စစ်ဆေးပြီး တော်လှန်ရေးနှင့်ဆိုင်သောပုံများ ရှာဖွေတွေ့ရှိသည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထိုနောက် စစ်ကောင်စီတပ်ဖွဲ့သည် ဆရာတော်၏နေအိမ်သို့ သွားရောက်စစ်ဆေးမှုများ ထပ်မံပြုလုပ်ကာ ဆရာတော်၏ အမျိုးသမီးနှင့် သားနှစ်ယောက်တို့ကိုလဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရသည်။ ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက “ဖမ်းခံတဲ့နေ့က ဒကစကို ပို့တယ်။ မနေ့ကတော့ စခန်းကို ပြောင်းရွှေ့ေပးပြီး အဲမှာပဲ ညအိပ်တယ်။ သူတို့နှင့် ဆက်သွယ်လို့ မရဘူး၊ ဒါပေမဲ့ ဆရာတို့ကို သိတဲ့သူတွေရှိလို့ ထမင်းဟင်းကိုတော့ သူတို့က ပို့ပေးတယ်။ ဒီနေ့ပြန်လွှတ်ပေးမယ်လို့ စခန်းကဆက်သွယ်လာလို့ အခု ဆရာတို့အိမ်မှာ စောင့်နေတာ” ဟု ပြောပါတယ်။ ယနေ့ ဇူလိုင် ၁၈ ရက်နေ့ညနေတွင် ဖမ်းဆီးခံရသူဆရာတော်တို့ နေအိမ်၌ အသင်းတော်မှ လူကြီးများ၊ အသင်းသူအသင်းသားများနှင့် ဆွေမျိုးများက ဆရာတို့မိသားစု ပြန်လာမည်ကို စောင့်မျှော်နေကြပြီး ညနေပိုင်း ၃ နာရီခွဲ ကျော်ကျော်ခန့်တွင် ဆရာတော်တို့မိသားစုသည် နေအိမ်သို့ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြေင်း ၎င်းက ဆက်ပြောသည်။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဒါလ်ခန့်မန်သည် ယခုလက်ရှိတွင် တာဟန်းရပ်ကွက်ရှိ…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှုးသန်းနိုင်ဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ပြည်သူ ၆ ဦးအနက် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။ မတူပီမြို့အတွင်းရှိ တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထုတ်ဖော်နေသည့် ဗိုမှူးသန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့က CDF-Matupi တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် အနီးနာတွင်နေထိုင်သော ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “သန်းနိုင်ဝင်းရဲ့ အသတ်ခံတဲ့အနီးအနားမှာရှိတဲ့ လူပဲဖမ်းတယ်။ အဓိက မင်္သကာလို့ဖမ်းတာပေါ့။ သူတို့ ၆ ဦးအနက်မှာ နှစ်ဦးကတော့မေးမြန်းပြီးတော့ ပြန်လွတ်လာတယ်လို့ပြောတယ်။ အခုလေးဦးကတော့ မလွတ်သေးဘူး သူတို့ကိုအခု လောလောဆယ် တပ်တွင်းမှာထားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ နောက်ဆက်တွဲ အခု သူတို့နဲ့ပက်သက်လာတဲ့ လူတွေလည်း စစ်တပ်က စုံစမ်းနေတုန်း။” ဟု CDF- Matupi မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ စစ်ဗျူဟာထောက်လှန်းရေးတစ်ဦးလည်းဖြစ်သော ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန်ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦးထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။ ထို့ကြောင့် CDF-Matupi တပ်ဖွဲ့က ဗိုလ်မှူးသန်းနိုင်ဝင်းကို မတူပီမြို့အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၅…
ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်မှာတည်ရှိသော ချွန်ကျုံးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂ ရက် ဆက်တိုက်မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၅ လုံးကျော်လောင်ကျွမ်းပျက်စီးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့မှ ဇူလိုင် ၇ နေ့ကထွက်ခွါလာသော စစ်ယာဉ်တန်း ၂၇ စီးပါ စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့ညနေ ပိုင်းတွင် ဟားခါးမြို့နှင့် ၁၀ မိုင်ကျော်ကျော်ခန့်ဝေးသော ချွန်ကျုံးကျေးရွာသို့ရောက်ရှိခဲ့ပြီးနောက် လူနေအိမ် ၄ လုံးမီးရှှိုကာ ယနေ့တွင် လူနေအိမ် ၁၀ လုံးကျော်ထပ်မံမီးရှိုခဲ့သည်ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ချွန်ကျုံးရွာမှာ ၃ နေရာလောက်ရှို့တာ ကျွန်တော်တို့သိတာက ၁၅ အိမ်လောက်ပါသွားပြီး။ မီးကလောင် နေတုန်းပဲ ထပ်ရှို့နေတုန်းပဲ သူတို့က တိုက်ပွဲဖြစ်လို့၊ စစ်ကြောင်းထိုးရင်လည်း မီးရှို့တာပဲ။ အခုလည်း စစ်ကောင်စီတပ်တွေက ရွာထဲမှာရှိနေတုန်း ” ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ချွန်ကျုံးကျေးရွာအတွင်း လူနေအိမ်များမီးလောင်ကျွမ်းနေသည်ကို အဝေးကနေလှမ်းမြင်နေရပြီး လောင်ကျွမ်းပျက်စီးမှု သည် ယခုထက်ပိုများနိုင်သည်ဟုလည်း သူကဆက်ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ဒုတ်ထက် နှင့် ချွန်ကျုံးကျေးရွာအကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပြီးနောက် ညပိုင်းတွင်ချွန်ကျုံးကျေးရွာသို့ဝင်ရောက်ကာ မီးရှို့ခဲ့ကြ ခြင်းဖြစ်သည်။ ဒုတ်ထက်နှင့် ချွန်ကျူံးကျေးရွာအကြားတိုက်ပွဲတွင် CDF-Hakha တပ်ဖွဲ့မှ ရဲဘော် ဆလိုင်းဗျက်နှင်းကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၂၀၀ ခန့်ပါဝင်ပြီး စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ဘက်သို့ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA)…
ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းကြားတွင် ယနေ့ ဇူလိုင် ၁၅ ရက် နေ့လည် ၁၂ နာရီကျော်ကျော်ခန့်ကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ ဝယ်စလီဆေးရုံလမ်းကြားသည် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစောင့်စခန်းချသည့်နေရာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။ ယခုလက်ရှိတွင် တာဟန်းရပ်ကွက်နေ ပြည်သူများသည် အိမ်တခါးများပိတ်ထားကာ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည်ဟု သိရသည်။ ယမန်နေ့ညကလည်း တာဟန်းရပ်ကွက်တွင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကြီးအနည်းဆုံး ၅ ကြိမ်ခန့် ကျရောက်ပေါက်ကွဲပြီး နေအိမ်တချိူ့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။
