(03PT) မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် အယောက် ၇၀၀ ကျော်ကို အိန္ဒိယ နယ်ခြားစောင့် အသံရိုင်ဖယ်တပ်ဖွဲ့များက ပြန်လည်မောင်းထုတ်ခဲ့သည့်အပေါ် လူသားအချင်းချင်းအနေဖြင့် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇီုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ လွန်ခွဲ့သည့် ဇွန်လိုင်လ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောက်ခဲ့ကြပြီး၊ အယောက် ၇၁၈ တို့သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာအနီးသဝိုက်ဖက်သို့ထွက်ဘေးတိမ်ရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခင် ၁၉၇၁ ခုနှစ်တုန်းက သန်းနှင့်ချီသော ပါကစ္စတန်စစ်ရှောင်များကို အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ထဲ ဝင်ရောက်ခိုမှုခွင့်ပေးခဲ့သည့်နည်းတူ အိန္ဒိယအစိုးရအနေဖြင့် လူလူသားခြင်းဖြစ်သည့် မြန်မာစစ်ရှောင်ပြည်သူများကိုလည်း ခိုလှုံခွင့်နှင့် အစားသောက်များ ထောက်ပံ့ကူညီပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က ပြောသည်။ “ဥပမာ ကျွန်တော် ဦးလေးနှစ်ယောက်က မြန်မာနိုင်ငံမှာ နေပြီး ဆုံးသွားတယ်။ ပြီးတော့ အမေနှင့် အမေ့ညီမ သူတို့နှစ်ယောက်လည်း အိန္ဒိယမှာ နေပြီး ဆုံးခဲ့ကြတာပဲ။ ဆိုတော့ ကျွန်တော်တို့က သွေးချင်းတော်စပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီးသားဖြစ်တယ်။ ပြီးတော့ သန်းနှင့်ချီးတဲ့ ပါကစ္စတန်စစ်ရှောင်တွေကို၊ ဘယ်နေရာကလာလာ အိန္ဒိယအစိုးရက ဘာလုပ်ခဲ့လဲ၊ သူတို့အများကြီးကူညီပေးခဲ့တာပဲ ပြီတော့ လူသားချင်းချင်းကူညီတာက ဖြစ်သင့်တာပဲ။ တာကြောင့် ညီအစ်ကိုမောင်နှမတွေကို ခိုလှုံခွင့်နှင့် အစားသောက်အကူညီထောက်ပံ့ပေးတာက ဘာပြောစရာရှိသေးလဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က ပြောဆိုခဲ့သည်။ မြန်မာစစ်ရှောင်အရေးနှင့်ပက်သက်ပြီး အိန္ဒိယဗဟိုအစိုးရက တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသည့် ခရီးသွားစာရွက်စာတမ်းအထောက်ထားမရှိသော မြန်မာနိုင်ငံသားမျာကို မဏိပူပြည်နယ်ထဲ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ…
Author: Editor
(06SV) ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ- ဟားခါးလမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားသောနေရာမှာ သီးသန့် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲမှ ဒု-ရဲအုပ်တစ်ဦးကို လက်နက်နှင့်တကွ လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ သတင်းရရှိသည်။ “အဲဒီ ဖနိုင်နဲ့ ငနိုင်ကြားက စကစ ထိန်းချုပ်တဲ့ နယ်မြေ၊ ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ မပါဘူး။ အဲတော့ သူတို့က အဲဒီဘက်မှာတော့ လွတ်လွတ်လပ်လပ်ပဲ သွားလာကြတယ်။ အဲတော့ သီးသန့် စစ်ဆင်ရေးသဘောပဲ၊ တိုက်ပွဲပုံစံမျိုး မဟုတ်ပဲနဲ့ပေါ့။ လူကြီး တစ်ယောက်လာမဲ့ဆိုတာနဲ့ သွားဖမ်းခဲ့တယ်။ သူကို ဖမ်းဆီးပြီးတော့ စကစဘက်က ရမ်းတမ်း လက်နက်ကြီးနဲ့ ပစ်တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်က မတူပီမြို့၊ မတူပီ- ဟားခါး လမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲထားသော ရှေ့တန်းကင်းစခန်းတစ်ခုကို CDF – မတူပီက တပ်ဖွဲ့ဝင်တချို့က လျပ်တပြတ် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းစစ်ဆင်ရေးမှာ မတူပီမြို့နယ်၊ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင် (ကိုယ်ပိုင်အမှတ် လ- ၂၃၁၉၀၈) ကို ခြောက်လုံးပြုူး ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ (၅၈) တောင့်နှင့်တကွ လက်ရ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ဘက်မှ…
(04SS) စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၅ ရက်ဆက် တိုက်ပွဲပြင်းထန်သောကြောင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်ရှိ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ခါမ်းပါတ်ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီမှ စတင်ကာ ခါမ်းပါတ်အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကာ ၁ နာရီကျော်ကြာ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာလျက်ရှိသည်။ အဆိုပါတိုက်ပွဲကြောင့် ခါမ်းပါတ်မြို့ရှိ ဒေသခံများအားလုံးနှင့် ကနန်ရွာမှ ဒေသခံ အများစုမှာ Hmuntha, Changelzawl, Letpanchaung နှင့် Tahan ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တနင်္ဂနွေနေ့မနက် ၁၁ နာရီလောက်မှာပေါ့ မြို့ထဲက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်ပြီး ကုတင်ပေါ် လှဲနေတဲ့ သူတွေရောပေါ့နော် ကား ၂ စီးနဲ့ လာကြိုကြတော့ သူတို့ကိုလဲ ဘေးလွတ်ရာကို ပို့လိုက်ပြီ။ စစ်ဘေး ရှောင်တာကတော့ တနင်္ဂဂနွေနေ့ မနေ့ကနေ ဒီနေ့ထိပေါ့ မြို့ထဲမှာ ဘယ်သူမှ မကျန်တော့ဘူး တကယ့် volunteer တွေကလွဲလို့ပေါ့နော်” ဟု ခါမ်းပါတ် ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်အား ၄၅ မီနစ်ခန့်ကြာ ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်ရော၊…
(04SS) စစ်ကိုင်းတိုင်း၊ တမူးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းကြောင့် ကလေး-တမူး အာရှလမ်းမအား ဖြတ်သန်းသွားလာ၍မရသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး တမူးမြို့ပေါ်သို့ စားသောက်ကုန် စီးဆင်းနိုင်ရန် ဆိုင်ကယ်များအား အဓိက အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုတွင် အခြေခံကုန်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် သယ်ယူနေကြသောကြောင့် ယခုတွင် ကုန်စျေးနှုန်းများ ယခင်ကထက် အနည်းငယ် ပြန်လည်သက်သာလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အခုကတော့ ဆိုင်ကယ်တေနဲ့ပဲ ပစ္စည်းတွေ သယ်နေကြရတယ်ပေါ့၊ ကားတေလဲရှိတော့ရှိမှာပေါ့နော် ဒါပေမဲ့ ဆိုင်ကယ်နဲ့သယ်တာ ပိုများတယ်။ အခုက အရင်လောက်မဟုတ်ပေမဲ့ ပစ္စည်းတွေရောက်ပါတယ်။ ပြီးတော့ လမ်းက တမူး-ဘုတ်ကန်-ကလေး ပေါ့နော် အဲလိုနဲ့ မိုးရေးဘက်ကနေဝင်တာပေါ့။ ဂိတ်တွေတော့ပိုက်ဆံ ပေးရတယ်လို့လဲကြားတယ်။ အဲဒီ ကယ်ရီဆွဲတဲ့ ဆိုင်ကယ်တွေကလဲ အိန္ဒိယကဒ်ရှိတဲ့သူတွေပဲ သွားလာလို့ရတာ မရှိရင်တော့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဇွန်လလယ်ပိုင်းမှစတင်ကာ တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများ ပိတ်ထားခြင်းကြောင့် ကုန်စီးဆင်းမှု နည်းပါးလာပြီး မြို့တွင်းကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည့်အပြင် အချို့စားသောက်ကုန်များ ပြတ်လပ်နေခြင်းများ ရင်ဆိုင်ခဲ့ရသည်။ ယခုလက်ရှိ တမူးမြို့ပေါ်တွင် အခြေခံသုံး ကုန်ပစ္စည်းစျေးနှုန်းများ အနည်းငယ်သက်သာလာပြီဟု သိရပြီး ဟင်းသီးဟင်း ရွက်များမှာမူ စျေးအသင့်အတင့် တက်နေသေးကြောင်း သိရသည်။ ယခင်ဇွန်လအတွင်း လမ်းပိတ်ခါစတွင် ဓါတ်ဆီ လိုအပ်သလောက် ဝယ်ယူရန်ခက်ခဲသည့်အပြင် ၃၀၀ စီစီဆံ့ ဓါတ်ဆီတစ်ဗူး- ၃၀၀၀-၅၀၀၀ ကျပ်ဖြင့်ဝယ်ယူခဲ့ရာ ယခုတွင် ဓါတ်ဆီ ၁ ဂါလံ- ၁၆၀၀၀-၁၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရသည်။ ယခုလက်ရှိ တမူးမြို့ပေါ်တွင်…
(06SV) ချင်းပြည်နယ်၊ တောင်ပိုင်းကို စစ်မျက်နှာနှစ်ခုဖွင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်များ ၁၀ ရက်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ရာ စစ်ကောင်စီက ၅၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြားသည်ဟု ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ တပ်မဟာမှူး ထွန်းလိန်းထန်းက ပြောသည်။ “စကစဘက်ကတော့ စစ်ကြောင်းနှစ်ခုလုံးမှာဆိုရင် သေဆုံးမှုက ၅၀ ဝန်းကျင်ရှိပြီ။ ဒဏ်ရာရတာက တော်တော်လေးများမယ်။ မိုင်းပေါက်ကွဲ အခြေအနေကလည်း ၂၀ ထက် မနည်း ရှိလာပြီ။ အဲဒါရဲ့ ထိခိုက်သေဆုံးမှုကို မတွက်ထားဘူး။ တိုက်ပွဲတွင်း လက်နက်ချင်း အပြန်အလှန်ပစ်ခတ်တာကိုပဲ ရေတွက်တဲ့အတွက်ကြောင့် မိုင်းပေါက်ကွဲမှုက ဟာကို မရေတွက်တဲ့အတွက်ကြောင့် ၅၀ တော့ ကျော်ပြီးလို့ ခန်းမှန်းရတယ်” ဟု သူက ပြောသည်။ ချင်းပူးပေါင်းတပ်က ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော် ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ ချင်းအမျိုးသားတပ် (CNA) မှ ရဲဘော်တစ်ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင် တပ်ရင်း ၆ မှ ရဲဘော်တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲသည်ဟု သိရသည်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်၊ စစ်ကား ၂၀ ကျော် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တွေကြား ဇူလိုင်လ ၁၄ ရက်မှ ယနေ့ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ စစ်ကြောင်းသည် ကျင်ဒွေးသို့ရောက်ရှိရန် ၁၀ မိုင်ခန့် ၊ ၃…
(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် ထိုးစစ်ဆင်နေသော အင်အား ၃၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းသည် မဆာတွီကျေးရွာတွင် နှစ်ရက်နေသွားစဉ် ကျေးရွာပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် ယူဆောင်ခြင်းတို့ ပြုလုပ်သွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်ထံမှ သိရသည်။ “ဘာသာရေးနဲ့ ကျောင်းအဆောက်အဦးအတွင်းက ပရိဘောဂတွေ စာရေးကိရိယာတွေ၊ မီးစက်၊ ဘက်ထရီ၊ ဆိုလာတွေ ယူသွားကြတာပါ။ ပြည်သူနေအိမ်အတွင်းက သေတ္တာ၊ စတီခုံတွေလည်း ယူသွားကြတယ်၊၊ ကျောင်းပိုင်ပစ္စည်းလည်း အကုန်ပျောက်ကုန်တယ်။ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်မှုကတော့ အရေတွက် မသိရသေးဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် မဆာတွီကျေးရွာမှ ဘာသာရေးအဆောက်အအုံများ စာသင်ကျောင်းများနှင့် နေအိမ်များကို ဖျက်စီးမှုများ ပြုလုပ်သွားပြီး အရပ်သားပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။ ဒေသခံပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်မှု၊ ပိုင်ဆိုင်မှုများကို ယူဆောင်သွားမှုများနှင့်ပတ်သက်၍ စစ်ရှောင်ပြေးနေရသော ရွာသားများ ပြန်လာမှသာ အသေးစိတ် သိရှိနိုင်မည်ဟု သိရသည်။ ၎င်းစစ်ကြောင်းသည် စစ်ကားအစီး ၂၀ ကျော်၊ အင်အား ၃၀၀ ကျော်ဖြင့် ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ဇူလိုင်လ ၁၆ ရက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ဇူလိုင် ၂၁ ရက်က မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာကြား ၎င်းစစ်ကောင်စီစစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ထိခိုက်သေဆုံးမှုများရှိသည်ဟု CDF- ကန်ပက်လက်ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇူလိုင် ၂၄ ရက်က မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ…
(05MK) မဏိပူရ်ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခခံစားနေကြရသော ချင်း-ကူကီးအနွယ်၀င် လူနည်းစုတောင်တန်းများနှင့်အတူ ထပ်တူခံစားပြီး ၎င်းတို့နှင့်အတူ ရပ်တည်ကြောင်း မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် ယနေ့ ဆန္ဒဖော်ထုတ်ပြသခဲ့ကြသည်။ အဆိုပါ ချီတက်ဆန္ဒဖော်ထုတ်မှုကို မီဇိုရမ်ပြည်နယ်က အင်အားကြီးသောအရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP), Mizo Student Union (MSU) စသည့် ၅ ဖွဲ့ဖြင့်စုဖွဲ့ထားသော NGO Co-ordination Committee က ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့အပြင် မီဇိုရမ်ပြည်တ၀န်းလုံးက မြို့ကြီးများတွင်လည်း သိန်းနှင့်ချီသော မီဇိုးပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သော Central Young Mizo Asso ciation (CYMA) ဉက္ကဌ R.Lalngheta က “မဏိပူရ်ပြည်နယ်က မိမိတို့ညီအကိုတွေရဲ့ ဒုက္ခခံစားမှုဟာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး မီဇိုးပြည်သူအားလုံးရဲ့ စိတ်နှလုံးလည်း နာကျင်ရခံစားရတယ်၊ မဏိပူရ်အစိုးရဟာ မိမိတို့ညီအကိုတွေရဲ့ လုံခြုံရေးကို မကာကွယ်နိုင်ဘူး၊ သူတို့ရဲ့ အိုးအိမ်တွေ၊ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံရသလို သတ်ဖြတ်ခံရမှုတွေ၊ အမျိုးသမီးတွေအ၀တ်ဗလာ ကိုယ်လုံးတီးနဲ့ ဖမ်းဆီးခေါ်ဆောင် မုဒိမ်းကျင့်သတ်ဖြတ်မှုအထိ ကြုံရတဲ့အပေါ်မှာ မိမိတို့အနေနဲ့ ဘယ်လိုမှ နားလည်လက်ခံလို့မရဘူး” ဟု ပြောဆိုသည်။ “မဏိပူရ်မှာ ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေဟာ မီဇိုးပြည်သူတွေက ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး၊ ဒီပြသာနာကို အိန္ဒိယအစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ အလေးအနက်တောင်းဆိုပါတယ်” ဟု R.Lalngheta…
(03PT) အိန္ဒိယ-မြန်မာ နယ်စပ် တီအိုချောင်းထဲက သဲနှင့် ကျောက်များကို စက်ဖြင့်ထုတ်ယူမှုကို တားမြစ်ထားကြောင်း HPO/CDF-Hualngoram က ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ တီအိုချောင်းသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကိုခြားထားသည့် ချောင်းကြီးတစ်ခုဖြစ်ပြီး ယခင်နှစ်ပေါင်းများစွာ ကပင် ယင်းချောင်းထဲက သဲ၊ ကျောက်များ ထုတ်ယူခဲ့ရာမှ ယခုအချိန်တွင် စက်ကြီးများဖြင့် ထုတ်ယူမှုပိုများ လာသည့်နောက် ချောင်းကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ယခုလို တားဖြစ်ထားရခြင်း ဖြစ်ကြောင်း Hualngoram Peoples Organization/ CDF-Hualngoram တာဝန်ရှိသူ ကပြောသည်။ “အဓိကတော့ စက်ကြီးတွေနဲ့ မယူဖို့ပေါ့နော်။ စက်ကြီးတွေနဲ့ ယူတဲ့အခါကျတော့ အလွန်အကျွံဖြစ်တာပေါ့နော်။ လူအားနှင့် လူတစ်ဦးတစ်ယောက်အနေနဲ့ယူတာတော့ ခွင့်ပြုတယ်။ စက်ကြီးတွေနဲ့ အသကုန်ယူနေတဲ့ အခါကျတော့ သဲနှင့် ကျောက်တွေက နဂိုမူလအတိုင်းမရှိနေတော့ဘူး။ ဒီချောင်းက အရင်လိုမဟုတ်တော့ပဲ မြေတွေကျွံလာတယ် ကမ်းပါးတွေပြိုလာတယ်။ ချောင်းကမ်းပါးနှင့် အိမ်တွေနဲ့ တော်တော်လေး ကပ်လာတဲ့ အနေထားရှိတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ ပြည်သူတွေအတွက် ဆိုးကျိုးဖြစ်လာတယ် ” ဟု HPO/CDF-Hualngoram တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုလို တီအိုချောင်းကမ်းပါး ရေးတိုက်စားမှုဘေးအန္ဒရယ်ကို ကြိုတင်ကွာကွယ်နိုင်ရေးအတွက် စက်ကြီးဖြင့် သဲကျောက်ထုတ်ယူခြင်းမပြုလုပ်ရန် အိန္ဒိယဖက်ချမ်း က ချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ခုမှ ဒေသအဖွဲ့စည်း Vanhnuailiana Group YMA နှင့် မြန်မာဖက်ချမ်းက HPO/CDF-Hualngoram တို့မှ အစည်းဝေးဆုံးဖြတ်ချက်အရ ပူးတွဲသဘောထူ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ တီအိုချောင်းထဲက သဲတစ်ကျင်းကို အိန္ဒိယငွေ ရူပီး…
(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ချင်း ပူးပေါင်းတပ်တွေကြား လှိုင်ဒုတ်ကျေးရွာသစ်အနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံးပြီး ချင်းပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်က ထုတ်ပြန်သည်။ “ဒီနေ့ တိုက်ပွဲက ကျင်ဒွေးဘက်ကို လာတဲ့ ယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်တာက၊ ဖြစ်တဲ့နေရာက မောချောင်းနဲ့ လှိုင်ဒုတ်ကြားမှာ ဖြစ်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးတာလည်း များတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတာပေါ့နော်။ ကျနော်တို့ ဘက်ကလည်း ဒီနေ့မှာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟု ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီအထိ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ ကျော် စစ်ကောင်စီတပ်ကို မောချောင်းရွာ နှင့် လှိုင်ဒုတ်ကျေးရွာသစ်အကြား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ (၇) ဦး သေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိမှု များပြားသည်ဟု သိရသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မင်းဘူးခရိုင်တပ်ရင်း (၆)မှ ရဲဘော် (၁)ဦး၊ CDF – ကန်ပက်လက်မှ ရဲဘော် (၃) ဦး၊ စုစုပေါင်း ရဲဘော် (၄) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိထားသည်ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ယနေ့…
(06SV) ချင်းပြည်နယ်၏ လက်ရှိ မိုးတွင်းကာလတွင် မြွေအရမ်းပေါနေပြီး တော်လှန်ရေးရဲဘော်တချို့ မြွေကိုက်ခံရပြီး မြွေဆိပ်ဖြေဆေး မရှိဘဲ တခြားဆေးဝါးများနှင့် ကုသနေရ၍ မြွေဆိပ်ဖြေဆေးများ လိုအပ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (CNO/CNDF) က ပြောသည်။ “မြွေဆိပ်ဖြေဆေးက ရှိကို မရှိတာဗျ။ ရှိတဲ့ ဆေးတွေနဲ့ပဲ ကုသတဲ့ပုံံစံမျိုးဖြစ်ပါတယ်။ အခုရာသီကလေ၊ မြွေအရမ်း ပေါ်တဲ့ ရာသီဆိုတော့ ဟိုတစ်ပတ်ကပဲ ကျနော်တို့ ရဲဘော်တစ်ယောက် မြွေပေါက်ခံရတယ်။ ဆေးမှီလိုက်လို့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့နော်။ အဲဒါကြောင့် မြွေအရမ်းပေါ့တဲ့အတွက်ကြောင့် မြွေဆိပ်ဖြေဆေး ကို အလှူခံရခြင်းဖြစ်တယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။ ဇူလိုင်လ ၁၇ ရက်က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦးသည် စခန်းမှ အင်တာနက်လိုင်းမိသော နေရာတစ်ခုသို့ သွားရောက်၍ ဆက်သွယ်ပြောဆိုနေစဉ် မြွေစိမ်းမြီးခြောက်မှ ကိုက်သွားခြင်းဖြစ်ပြီး မြွေဆိပ်ဖြေဆေးမရှိဘဲ တခြားဆေးဝါးများဖြင့်သာ ကုသခဲ့ရသည်ဟု သိရသည်။ ၎င်းရဲဘော်မှာ လက်ရှိတွင် သက်သာနေပြီးဖြစ်သော်လည်း ချင်ပြည်နယ်၏ လက်ရှိ မိုးရာသီမှာ အပူချိန် မြှင့်တက် နေသောကြောင့် တခြားလများထက် မြေပိုမို ထွက်တတ်၍ ရဲဘော်များ မြေကိုက်ခံရနိုင်သော အန္တရာယ် မြှင့်မားနေ သည်ဟု CNDF မှ တာဝန်ရှိသူက ရှင်းပြသည်။ “ကျနော်တို့ကို တတ်နိုင်သလောက် လှူပေးကြပါလို့၊ မလိုအပ်ပဲ ရဲဘော်တွေ အသက်ဆုံးရှုံးခြင်းမှ ကင်းလွတ်အောင်ပေါ့နော်။ မြွေဆိပ်ဖြေဆေးတွေ ကူညီကြပါလို့ ဒီကနေ တောင်းဆိုပါတယ်” ဟု…
