ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) တပ်ရင်းမှ အရပ်သားပြည်သူများ နေအထိုင်သော ကျေးရွာများတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်နေ့ညနေပိုင်း ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၃ ဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဟုဆိုသည်။ ထို့အပြင် ယနေ့ဧပြီလ ၂၃ ရက်နေ့ညနေ ၄ နာရီနှင့် ၅ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ ဖက်တွင် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ရှိရှိဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟ CDF-Mindat ကဆိုသည်။ ထိုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုများနည်းစေရန်အတွက် သတိဖြင့် နေထိုင်ကြရန် CDF-Mindat က သတိပေးထားသည်။
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့က ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၁၈ ကြိမ် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၄၅၄ ဦးတို့ကို သုတ်လင်းရှင်းလင်းခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ဖွဲ့ဝင် ၅၅ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ကြရသည်ဟု တော်လှန်ရေး (၂) နှစ်ပြည့်နေ့ ယမန်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ရီလ (၂) ရက်ညမှ စတင်ပြီး အကြမ်းမဖက်သည့်နည်းဖြင့် စစ်အာဏာရှင်အား မထောက်ခံကြောင်း လမ်းမကြီးများပေါ်တွင် Spray Compaign စတင်ကာ မင်းတပ်မြို့ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သပိတ်ဖြိုခွင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လာပါက ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့် ပြန်လည်ခုခံတုံပြန်သွားမည်ဖြစ်ကြောင်း သပိတ်မိန့်ခွန်းများတွင် အကြိမ်ကြိမ် ထည့်သွင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လူမဲ့သပိတ် “NUG” ဟူသော စာတမ်းရေးသားနေသည့် အရပ်သား ပြည်သူ (၇) ဦးကို စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ညမှစကာ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအား ရရာ လက်နက်ဖြင့် ပြန်လည်ခုံခံတော်လှန်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတို့သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ…
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကားအဝင်အထွက်များမရှိသည့်အတွက် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်နေပြီး ကုန်ပစ္စည်းတချို့မှာပြန်လပ်မှုလည်းရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဟားခါးမြို့သည် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားကုန်များကို ကလေးမြို့မှ အဓိကသယ်ယူလေ့ရှိကြပြီး ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးချီတက်လာခဲ့သည့် အတွက် ကလေး-ဖလမ်း-ဟားခါးလမ်းမကို ယနေ့ချိန်ထိ အသုံးမပြုနိုင်ကြသောကြောင့် ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာနေခြင်းဖြစ်သည်။ ထို့အပြင် ဂန်ဂေါ-ဟားခါးလမ်းသည်လည်း တိုက်ပွဲဖြစ်ပွါးမှုများကြောင့် လမ်းပိတ်ထားပြီး ကုန်တင်ကားများ အဝင်/အထွက်မရှိကြောင်း သိရသည်။ မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းတွင် ကာနန်ဧရာမင်းကော်ချက် ဆန်တစ်အိတ်ကို ၈၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဆန်အသစ် တစ်အိတ်-တစ်သိန်းကျော်၊ ဆန်အဟောင်းတစ်အိတ် – ၁၃၀,၀၀၀ ကျပ်၊ လုံးသွယ်မွှေး၊ ပေါ်ဆန်းမွှေး တစ်အိတ်ကို ၁၄၀,၀၀၀ ကျပ်ဖြင့် တနင်္လာနေ့ကဝယ်ယူခဲ့ရပြီး နောက်တနေ့အင်္ဂါနေ့တွင်မူ ဝယ်ယူရန်ပင် မရှိတော့ကြောင်း ဒေသခံ CDM ဆရာမတစ်ဦးကပြောသည်။ “ဒီလိုဆန်တွေပြတ်လပ်တာက တိုက်ပွဲဖြစ်တယ်၊ လမ်းပိတ်မယ်ဆိုရင်ကို ပိုက်ဆံရှိတဲ့သူတွေက တခါတည်း အများကြီးစု ဝယ်တယ်ပေါ့နော်၊ ပိုက်ဆံမရှိတဲ့သူတွေမှာကျတော့ စားဖို့လောက်ရှိရင် ထပ်မဝယ်နိုင်တော့ဘူးလေ။ ကျွန်မတို့ဆို အခု ဆန်တစ်အိတ်ပဲရှိတယ်၊ လမ်းပြန်ပွင့်သွားမှာပါ ဆိုတဲ့စိတ်နဲ့ နေနေတာပေါ့နော်” ဟု ၎င်းကပြာသည်။ အလားတူ ဟားခါးမြို့တွင် ကြက်သား ငါး စသည်တို့မှာ ဝယ်ယူရန်ပင်မရှိကြောင်းလည်း သိရသည်။ ထို့အပြင် ဟားခါးမြို့ပေါ်ထွက် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ အာလူး၊ ဆူးပုတ်၊ ဂေါ်ခါးညွန့် စသည့် ဟင်းသီးဟင်းရွက်များလည်း…
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေယာဉ်မောင်းသူများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်ဖိုးရှိသော မြေကွက် ချီးမြှင့်မည်ဟု CDF-Mindat က ကြေညာသည်။ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ပြီး စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေးရွာများအတွင်းရှိ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပြီး ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက်သော စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား စုံစမ်းဖော်ထုတ်လျှက်ရှိသည်ဟု CDF-Mindat က ဆိုသည်။ ယင်းစုံစမ်းမှုအရ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် လေယာဉ်မောင်းသူ ၂ ဦးမှာ ဗိုလ်မှူးနေဝင်းကျော်နှင့် ဗိုလ်မှူးသက်လင်းမောင် တို့ဖြစ်ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အထူးအားကိုးသည့် Pilot များဖြစ်ကြောင်း ကြားသိရသည်ဟု CDF-Mindat ကြေညာချက်တွင် ဖော်ပြထားသည်။ ထို လေယာဉ်မောင်းနှင်းသူ နှစ်ဦးတို့မှာ နေပြည်တော်၊ တံတားဦးနှင့် မှော်ဘီမြို့နယ် စသည့် ၃ နေရာအတွင်းရှိ Yak အုပ် စစ်ဆင်ရေးကို ဦးဆောင်အုပ်ချုပ်တာဝန်ယူနေသူ ဒု-ဗိုလ်မှူးကြီး ရဲဇော်နိုင်လက်အောက်တွင် တာဝန်ယူထမ်းဆောင်နေကြသူများဖြစ်ကြကြောင်းလည်း ဖော်ပြထားသည်။ ထို့ကြောင့် မင်းတပ်မြို့နယ် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒု-ဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် လေယာဉ်မောင်းသူ (Pilot) နှစ်ဦးတို့နှင့်တူ ပူးပေါင်းသူများအား အပြစ်ပေးစီရင်ကာ သက်သေပြနိုင်သည့် အဖွဲ့အစည်းများကို ကျပ်ငွေ ၅၀၀…
အိန္ဒိယနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အနီးတွင် တောင်ယာသွားသော အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။ ဧပြီလ ၁၉ ရက် မနက် ၉ နာရီအချိန့်ခန့်တွင် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် ၆၉ အရွယ်ရှိ ပူးလန်ဇာဆွပ်သည် မြို့ပြင်ဘက်တောင်ယာသွားရာတွင် မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချုင်းကုန်းအနီး စစ်ကောင်စီတပ်စခန်းနှင့် မလှမ်းမကမ်းနေရာတွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပူးလန်ဇာဆွပ်၏ ခန္ဓာကိုယ်တခုံးလုံးနီးပါး ကြေမွပျက်စီးသွားခဲ့သည်ဟု သူကဆိုသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့တုန်းက တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရပြီးနောက် သူတို့ထဲက မကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မြေထိုးစက်နဲ့ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၁၁ မှာရှိတဲ့ မကျိန်ဒိန့်ကိမ်ရဲ့နေအိမ်ကို အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပါဂျဲရိုးကား အနက်တစ်စီး၊ စစ်ကား အသေး ၂ စီး၊ စစ်ကား အကြီးတစ်စီး၊ JCB (မြေထိုးစက်) တို့ဖြင့် ရောက်ရှိလာပြီး နေအိမ်ကို ဖြိုချဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။ “အခု စစ်သားတွေဖျက်ဆီးလိုက်တဲ့ အိမ်က နံကပ် နှစ်ထပ်အိမ်ပေါ့နော်၊ အုတ်စီထားတဲ့အိမ်နော် ကြေမွသွားတာပဲ ယူစရာမရှိဘူး ဒါပေမဲ့ မီးဖိုချောင်ဘက်တော့ ၇ ပေ ၈ပေလောက်ရှိမလား အဲဟာတော့နဲနဲကျန်တယ် ပစ္စည်းတွေကိုလဲ ဘာမှ မသိမ်းခိုင်း မယူခိုင်းဘူး ဒီတိုင်းအိမ်ကိုဖြိုချပြီး ပြန်လှည့်သွားကြတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ ကျန် ၃ ဦးရဲ့နေအိမ်တွေကိုတော့ စစ်ကောင်စီက ဖြိုဖျက်ခြင်းရှိ/မရှိ မသိရပေ။ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေဟာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တံတာဦးအနီးမှာ ဧပြီလ ၁၆ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ တော်လှန်သင်္ကြန် လျှပ်တပြတ်ဆန္ဒဖော်ခဲ့စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကားနဲ့ရောက်ရှိလာပြီး သူတို့ထဲက ကိုသန်းစိုးဦး၊…
မီဇိုရမ်ပြည်နယ် Lunglei မြို့အကျဉ်းထောင်တွင် အကျဉ်းကျနေသူ မြန်မာနိုင်ငံသား ၅ ဦးသည် ယနေ့ နံနက်ပိုင်း ၂ နာရီခန့်က ထောင်ဖောက်ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။ ထောင်ဖောက်ထွက်ပြေးသွားသူ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး သူတိုထဲက တစ်ဦးမှာ လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်ဟု Lunglei မြို့ရဲစခန်းထံမှ သိရသည်။ ၎င်းတို့အားလုံးသည် အကျဉ်းထောင်ထဲတွင် အခန်းတစ်ခုတည်း၌ အတူတူ နေထိုင်ကြသူများဖြစ်ကြပြီး အိမ်သာအုပ်နံရံကို ဖောက်ထွင်းပြီး ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ Lunglei မြို့ရဲတပ်ဖွဲ့များသည် အဖွဲ့ ၄ ဖွဲ့ခွဲပြီး ထွက်ပြေးလွတ်မြောက်သူများအား ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကာ ယခုသတင်းရေးသားနေသည့်အချိန် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီနောက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်များ တပ်စွဲရာနေများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် တာဟန်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။ “အနီးကပ်တိုက်ပွဲမျိုးတော့မဟုတ်ဘူး အကြာကြီးပဲ လက်နက်ကြီးကတော့ ၅ လုံးလောက်ကျတယ်။ တချို့က B ရပ်ကွက်မှာကျတာ ၂ နေရာ၊ ခြံဝင်းထဲမှာ ကျတဲ့ဟာက လူသေတာတော့ မရှိဘူး၊ ကံကောင်းတယ်။ တလုံးက လူမရှိတဲ့နေအိမ်ခေါင်းမိုး ပေါ်ကျတာ အမိုးတွေက ပွင့်သွားတာ။ တနေရာကတော့ ခြံဝင်းထဲမှာကျတော့ ကားတစီးက ရှေ့လေကာမှန် ကြေသွားတယ်၊ အိုင်းစတိုင်းကျောင်းနားမှာလည်း ကျတယ်။” ဟု ကလေးမြို့ခံက ပြောသည်။ ကလေးမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဝယ်စလီဆေးရုံလမ်းခွဲ၊ နေကြာတိုက်ရှေ့နှင့် တာဟန်းရဲစခန်းတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု အသံများကြောင့် ကျောင်းတိုက်ကျေးရွာက အသက် (၃၇) နှစ်အရွယ် နှလုံးရောဂါသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးသော အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CYMA, CYLA နှင့် MTP တို့သည် ဧပြီလ ၁၈ ရက်နေ့က Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ Central Young Mizo Association, Central Young Lai Association နှင့် Mara Thyutlia Py စသည့်အဖွဲ့ ၃ ဖွဲ့မှေ ခါင်းဆောင်များသည် Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး အိမ်နီးနိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ Central YMA ဥက္ကဌ Pu R. Lalngheta က “အိမ်နီးချင်းနိုင်ငံတွေကနေ အသက်ဘေး လုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူတွေနဲ့ပတ်သက်ပြီး စည်းစည်းလုံးလုံးနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” ဟု ပြောဆိုကြောင်း သတင်းစာကဆိုသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ဘေေးရှာင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြေသော အချက်တချို့မှာ အိမ်နီးချင်းနိုင်ငံမှ အသက်ဘေးလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများအား သေချာလေ့လာပြီး နည်းစနစ်တကျဖြင့် စာရင်းပြုစုရန်၊ စစ်ဘေးရှောင်နှင့်ပတ်သက်သော သတင်းအချက်အလက် ဖလှယ်ရန်၊ မီဇိုရမ်ပြည်နယ်သူ/ပြည်နယ်သားများ၏ ဆန္ဒသဘောထားအတိုင်း နေထိုင်ရမည်၊ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရာထိုင်ပြောင်းရွှေ့မည်ဆိုပါက ရပ်ကွက်၊ ကျေးရွာက အရပ်ဖက်အဖွဲ့အစည်းများကို အသိပေးအကြောင်းကြားရန်၊ CYMA, CYLA နှင့် MTP တို့မှ စစ်ဘေး ရှောင်အတွက် လူဦးရေစာရင်း (Census) ကောက်ခံပါက အခြား NGO အဖွဲ့အစည်းများမှ ပါဝင်စွပ်ဖက်ခြင်းမပြုရန်၊ အကယ်၍အခြားအဖွဲ့အစည်းက…
မီဇိုရမ်ပြည်နယ်ကို ခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲများတည်ဆောက်ရန် လိုအပ်နေသော မိုးကာများကို မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO က ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံက ညီအကိုစစ်ဘေးရှောင်ပြည်သူများ တိုးလာနေပြီး ၎င်းတို့နေထိုင်ရန် ယာယီတဲများဆောက်လုပ်ရန် မိုးကာစများလို အပ်ကြောင်း အကူအညီတောင်းခံလာသည့်အပေါ် ကူညီပံ့ပိုးနိုင်ခဲ့သည်ဟု Zo Reunification Organization (ZORO) အဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းမိုးကာစများကို ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာက စစ်ဘေးရှောင်များထံ ZORO အဖွဲ့ကိုယ်စား Tuipuiral Group YMA ဥက္ကဌ Pu Papuia က ဧပြီလ ၁၇ ရက်နေ့က ပေးအပ်ခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များနေထိုင်ကြသော Nghalchawm, Sihhmui, YHAI, Durtlang စစ်ဘေးရှောင်စခန်းများတွင်လည်း ရူပီးငွေ ၂ သိန်းကျော်ခန့်တန်ဖိုးရှိသော ဆန်၊ အာလူး၊ ကျောင်းနေရွယ်ကလေးငယ်များ အတွက်လိုအပ်သောအသုံးအဆောင်များကိုလည်း ZORO အဖွဲ့က ပေးအပ်ခဲ့သည်ဟု သိရသည်။ ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင် နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
