Author: Editor

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော မူးယစ်ဆေးဝါး ၂ နေရာတွင် ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Excise & Narcotic တို့က New Champhai တွင် ဂရမ် ၁၂၈ အလေးချိန်ရှိ ဘိန်းဖြူ ၁၀ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ တီးတိန်မြို့နယ် Kaptel ကျေးရွာမှ ချင်းအမျိုးသမီး Tinzamhuai ထံ ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ် ညစဉ်သတင်း Zonet zawlbuk တွင် ဖော်ပြသည်။ အလားတူ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထား ရဲတပ်ဖွဲ့တို့ကလည်း ကျန်းဖိုင်ဘက်ကို ၁၂၅ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ဂရမ် ၃၁၄ အလေးချိန်ရှိ ဘိန်းဖြူ ၂၃ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ ဇိုးခေါထားကျေးရွာ Lalruatmawia ကို Melbuk ကျေးရွာအဝင်တွင် ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူများမှ မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး အဖမ်းဆီးခံထားရသူများကိုလည်း ND & PS ဖြင့် အမူဖွင့်ဆိုပြီး ကျန်ဖိုင်းခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine အလုံးရေ တစ်သိန်း အလေးချိန် ၉ ကေဂျီနှင့် ဂရမ် ၆၀၂ ကို Vaivakawn, Zohnuai, Sairang…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သို့ အင်းအားဖြည့်တင်းရန် မင်းတပ်ဘက်မှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ ယနေ့မနက်ပိုင်းက မင်းတပ်-မတူပီလမ်း မိိုင်တိုင် ၈၇ တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု CDF- Matupi က ထုတ်ပြန်သည်။ မတူပီမြို့မှ ၁၅ မိုင်ခန့်အကွာ မင်းတပ်-မတူပီလမ်းတွင် ယနေ့နံနက်ပိုင်း ၆ နာရီ ၄၀ ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ CDF-Matupi ပြန်ကြားရေးတာဝန်ခံက “ဒီမနက်် ခြောက်နာရီကျော်ကနေစပြီးတော့မှ ၁ နာရီနီးနီး ထိတွေ့မှုရှိတယ်။ သူတို့က ညကမိုင်တိုင် ၈၆ မှာအိပ်တယ်ဆိုတော့ အဲ့ကနေပြန်ထွက်မှာ ထိတွေ့မှုဖြစ်တယ်။ ကျွန်တော်တို့ဖက်က အထိအခိုက်မရှိဘူး။ စကစဖက်တော့ ၅ ဦးကျဆုံးတယ်” ဟု ပြောသည်။ မတူပီမြို့အခြေစိုက် တပ်ရင်းစခန်းများမှ မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်း (က) ရွာဟောင်းဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်သမ်းပစ်ခတ်လျှက်ရှိပြီး CDF- Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီယာဉ်တန်းသည်လည်း ၂ ရက် ၃ ရက်အတွင်း မတူပီမြို့သို့ ဝင်ရောက်လာနိုင်သည်ဟု သိရသည်။ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် စစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန်အတွက် မင်းတပ်မြို့မှ မတ်လ ၂၅ ရက်နေ့ကတည်းက ထွက်ခွါလာပြီး လမ်းခရီးတစ်လျှောက်တွင် CDF-Mindat တပ်ဖွဲ့နှင့်အကြိမ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မင်းတပ်နှင့် မတူပီမြို့သည်…

Read More

ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် ယနေ့ ဧပြီလ ၇ ရက် မနက် ၁ဝ နာရီခွဲခန့်က ဗိုလ်ချုပ်လမ်းအတိုင်း သုံးဘီးဆိုက်တွဲမောင်းနှင်သည့် ဆိုက်တွဲသမားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးသွားသည်ဟု သိရသည်။ “သူကဆိုက်တွဲဆရာပါ။ ကြို့သုံးပင်၊ ခင်သာဖက်မှာ ဖြစ်သွားတာ။ ခေါင်းကနေမှန်တာ ခေါင်းပွင့်တယ်။ ပွဲချင်းသေဆုံးတယ်။” ဟု ကြို့သုံးပင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးသော်လည်း အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သူဟု သိရသည်။ ယနေ့ မနက်ပိုင်းတွင်လည်း ကလေးတက္ကသိုလ်နှင့် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဘက်တွင် သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်ဟု သိရသည်။ ယနေ့ဧပြီလ ၇ ရက်နေ့သည် ကလေးမြို့သပိတ်ခံတပ်ကို စစ်ကောင်စီတပ်ဖွဲ့က ဒုတိယအကြိမ် အကြမ်းဖက်ဖြို ခွင်းခဲ့သည့် တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ယခင်နေ့များထက် လုံခြံရေးစစ်ဆေးမှုများ တင်းကြပ်ထားသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း (၃၂ နှစ်) သည် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက တီးတိန်မြို့မစျေးအနီးတွင် သေနတ်နှင့် ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။ တီးတိန်မြို့မစျေးအနီး လဘ္လရည်ဆိုင်တဆိုင်တွင် ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က သူငယ်ချင်းတစ်ယောက်နှင့် ထိုင်နေစဉ်မှာ အမည်မသိလူတစ်စု ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး ဦးကြည်မင်းထွန်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။ “ညနေ ၆ နာရီခွဲလောက်ဖြစ်မယ် မြို့မစျေးလဘ္လရည်ဆိုင်မှာ သူနဲ့ သူ့သူငယ်ချင်းကထိုင်နေတာ ထိုင်တော့ အဲဒီမှာလူ ၆ ယောက်လောက်ဝင်လာတယ်လို့ပြောတယ် ဆိုင်ထဲဝင်ပြီး ပစ်သတ်ခံလိုက်ရ တယ်လို့ကြားရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။ ဦးကြည်မင်းထွန်းသည် တီးတိန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည်မှာ တစ်နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး မည့်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကိုမူ မသိရပေ။

Read More

အဲ့ဒီသတင်းအမှားကို မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein ဆိုသူက “PDF အဖွဲ့တွေဟာ စစ်ကောင်စီကို တော်လှန်တာမဟုတ်ပဲ လက်နက်မဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာစစ်သွေးကြွ PDF ဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာက တော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီး သတ်နေကြတာ၊ ကျွန်တော်တို့ ရခိုင့်တပ်မတော်အနေနဲ့ အခုအချိန်ထိလက်နက်မဲ့ ပြည်သူတွေကိုမသတ်ဖူးဘူး။” လို့ ရေးသားထားပါတယ်။ ဆက်လက်ပြီး “စစ်ကြောင်းကျူးကျော်လာရင်တော့ ဖြစ်တာက လူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ ဒါက AA တပ်မတော်နဲ့ ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ ဒါကတိုက်ပွဲအစစ် လက်ရှိ PDF ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာ ဒီကောင်တွေက အကြမ်းဖက်နေတာ ဒီပုံစံအတိုင်းသာ PDF တွေကိုလွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့ မျိုးတုံးဖို့ပဲရှိတော့တယ်။ PDF တွေအနေနဲ့ ကျွန်တော်တို့ကိုလာပူးပေါင်ရင်လည်း ကျွန်တော်တို့ကလက်မခံဘူး လိုအပ်လာရင်တော့ဒီကောင်တွေကိုပါ ပေါင်းပြီးရှင်းဖို့ပဲရှိတယ်လို့ ပြောကြားသွားတယ်” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားသလို PDF နဲ့ပတ်သက်ပြီး AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပေးမယ့် AA စစ်ဦးစီးချုပ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ PDF နဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေးပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media Group၊ Narinjaraနဲ့ Western News စတဲ့သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ချင်းလူငယ် (၄) ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားရာမှ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရလိုက်ခံရကြောင်း မိသားစုဝင်တွေထံမှ သိရပါသည်။ “အစတုန်းက ပုဒ်မ (၁၇-၁) နဲ့တရားစွဲတယ်။အဲ့ဒီအပြင် မကြာသေးခင်ကပဲ (၅၀၅-က) ပုုဒ်မ တပ်ပြီး တပ်မှ ဒီနေ့ဆိုရင် ၁၀ လကျော်သွားပြီပေါ့ ဒီနေ့ရုံးချိန်းမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာပေါ့။ အဓိကတော့ အဲ့ဒီ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့တော့ သူတို့အနေနဲ့လည်း ခိုင်လုံတဲ့ အထောက်အထား လည်း မရှိဘူး၊ ဆက်နွယ်မှုလည်းမရှိပါဘူး။ ဒါပေမယ့် အဲ့တုန်းက မေလအတွင်းမှာ မင်းတပ်စစ်ဘေး ရှောင် တွေအတွက် ကူညီထောက်ပံ့ပေးဖို့အတွက် အလှူငွေကောက်ခံတာမျိုးတွေရှိတယ်။ အဲ့တာကို သူတို့က အတည်ယူပြီးမှ ပုုဒ်အမျိုးမျိုးစွဲပြီးမှ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့ မနက်ပိုင်း နေရာနှစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ချင်းလူငယ် လေးဦးကို ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါ လူငယ်လေးဦးကို ပလက်ဝမြို့ပေါ် ရဲစခန်းအချုပ်တွင် ဆယ်လကျော်အတွင်း မြို့နယ်တရားရုံးမှ အကြိမ်ကြိမ် ရုံးချိန်းစစ်ဆေးခဲ့သော်လည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ခိုင်လုံသည့် သက်သေအထောက်အထား မရှိကြောင်း သိရကြောင်းလည်း သိရသည်။ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသည့် လူငယ် ၄ ဦးမှာ အိုက်မင်း (အဆိုတော်)၊ အိုက်ထွန််းမင်း (ကုမ္မဏီ)၊…

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်ကတည်းကနေ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတောက်လျှောက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့သိရပါတယ်။ မင်းတပ်-မတူပီလမ်းကြောင်းအတိုင် ချီတက်လာတဲ့ တင်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း ၈၀ ကျော်ကို မတ်လ ၂၉ ရက်နေ့က CDF-Mindat တပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ပေါက်ကွဲအားကောင်းတဲ့ အဲဒီ ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကိုတော့ မသိရပေမယ့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “ရက်ကတော့ ၂၉ ရက်နေ့ကပါ မင်းတပ်-မတူပီလမ်းကြားတစ်နေရာမှာပါ တောင်တွေတောင် ပေါက်ကွဲအားက ကျော်သွားတာလှမ်းမြင်ရမှာပါ ဗီဒီယိုဖိုင်မှာလေ ဒီဟာမှာ သူတို့ အထိခိုက်အကျအဆုံးများမယ် သေတာများမယ် တော်တော်လေး ထိခိုက်များမယ်လို့ ကျနော်တို့သုံးသတ်ပါတယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ မင်းတပ်မြို့ကနေ မတ်လ ၂၅ ရက်နေ့ကနေစတင်ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ CDF-Mindat တပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် ယနေ့ချိန်ထိ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၀ လောက်မှာသာ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ မင်းတပ် နဲ့ မတူပီမြို့ဟာ ၁၀၂ မိုင် လောက်သာကွာဝေးပါတယ်။ တဖက်မှာတော့ မင်းတပ်ကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းက သွားရောက်ဆင်းကြိုခဲ့ရာမှာ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၂ ရက်နေ့မှာ…

Read More

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြသော ချင်း (ဇိုး) မျိုးနွယ်စုများအနေဖြင့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်း တိုက်ပွဲဝင်စေလိုကြောင်း မီဇိုရမ်ပြည်နယ်ရှိ အင်အားအကြီးဆုံးအရပ်ဖက်အ ဖွဲ့အစည်းတခုဖြစ်သော Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta က ပြောသည်။ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့နှင့် အနီးတဝိုက်မှ ပြည်သူများအတွက် ဧပြီလ ၂ ရက်နေ့က ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ရာတွင် CMYA ဥက္ကဌက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒီမိုကရေစီလိုလာပြီး စစ်ကောင်စီတပ်ကို တိုက်ယူနေတဲ့ ချင်း (ဇိုး) မျိုးနွယ်အင်အားစုများအနေဖြင့် ကျဉ်းမြောင်းသည့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်းတိုက်ပွဲဝင်ကျဖို့ တောင်းဆိုပါတယ်” ဟု CYMA ဥက္ကဌက ပြောသည်။ ဗဟိုမီဇိုးလူငယ်အသင်း (CYMA) အနေဖြင့် ဇိုခေါထာရ်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်အတွက် ဆန်အိတ် (၂၀၀) ၊ ယာယီတဲဆောက်လုပ်ရန်အတွက် ရူပီး ၃ သိန်းကျော်တန်ဖိုးရှိသော မိုးကာများကို ဧပြီလ ၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီး Champhai YMA sub-headquarter အဖွဲ့က လက်ခံကာ Vanhnuailiana Group YMA ဦးဆောင်မူဖြင့် လိုအပ်သောနေရာများတွင် ကူညီထောက်ပံံ့သွားမည်ဟု သိရသည်။ CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးနှင့် သြဇာအရှိဆုံးအရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကူညီသည့်အပိုင်းတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

Read More

မာဂရက် ရေးသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရဆီကနေ မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိစပြုနေတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟာ အမှောင်ထုကို တဖန် ပြန်လည်ကျရောက်ခဲ့ရပါတယ်။ ဒီလိုနိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူလူထုနဲ့အတူ အစိုးရဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာခဲ့ကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံကြတဲ့အပြင် အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ်ဆက်မလုပ်ချင်တော့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဖယ်ဒရယ်ဂျာနယ်မှာ စစ်တမ်းကောက်ယူပြီး စာရင်းပြုစုထားချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံး ပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အထဲမှာ ဝန်းထမ်းပေါင်း တစ်သောင်းလေးထောင်ကျော်ဟာ CDM ဝင်ထားတာဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်းနှုန်းကျော် ပါဝင်တယ်လို့ဆိုရမှာပါ။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို မြန်မာနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းအားလုံး အင်တိုက်အားတိုက် ပါဝင်ခြင်းမှာ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုတွေ ရပ်တန့်လာစေပြီး အရပ်သား ပြည်သူ့ အစိုးရထံအာဏာပြန်လွဲမည်ဆိုတဲ့အသိကြောင့်ပါဝင်လာခဲ့ကြပေမယ့် ဒီလှုပ်ရှားမှုကြီးမှာ ကာလရှည် ကြာမြင့်လာတာနဲ့အမျှ CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ အသက်အန္တာရာယ်ကြုံတွေ့ ရနိုင်တဲ့အခြေအနေထိ ရင်ဆိုင်လာခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ဝင်ပြီးနောက်ပိုင်း တောထဲရောက်နေတဲ့ အကူသူနာပြုဆရာမ တစ်ယောက်က “ကိုယ့်ထက်အကြီးတွေက ဒီ CDM လုပ်မယ်ဆိုရင်…

Read More

စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့က စတင်ဖြေဆိုခဲ့ကြပြီး ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ မြို့နယ်တို့မှာ စာမေးပွဲဖြေဆိုသူရှိခဲ့ပြီး ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့တွင်ဖြေဆိုသူမရှိခဲ့ကြပေ။

Read More