Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

0
By Editor on April 6, 2022 Khonumthung

အဲ့ဒီသတင်းအမှားကို မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein ဆိုသူက “PDF အဖွဲ့တွေဟာ စစ်ကောင်စီကို တော်လှန်တာမဟုတ်ပဲ လက်နက်မဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာစစ်သွေးကြွ PDF ဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာက တော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီး သတ်နေကြတာ၊ ကျွန်တော်တို့ ရခိုင့်တပ်မတော်အနေနဲ့ အခုအချိန်ထိလက်နက်မဲ့ ပြည်သူတွေကိုမသတ်ဖူးဘူး။” လို့ ရေးသားထားပါတယ်။

ဆက်လက်ပြီး “စစ်ကြောင်းကျူးကျော်လာရင်တော့ ဖြစ်တာက လူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ ဒါက AA တပ်မတော်နဲ့ ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ ဒါကတိုက်ပွဲအစစ် လက်ရှိ PDF ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာ ဒီကောင်တွေက အကြမ်းဖက်နေတာ ဒီပုံစံအတိုင်းသာ PDF တွေကိုလွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့ မျိုးတုံးဖို့ပဲရှိတော့တယ်။ PDF တွေအနေနဲ့ ကျွန်တော်တို့ကိုလာပူးပေါင်ရင်လည်း ကျွန်တော်တို့ကလက်မခံဘူး လိုအပ်လာရင်တော့ဒီကောင်တွေကိုပါ ပေါင်းပြီးရှင်းဖို့ပဲရှိတယ်လို့ ပြောကြားသွားတယ်” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားသလို PDF နဲ့ပတ်သက်ပြီး AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပေးမယ့် AA စစ်ဦးစီးချုပ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ PDF နဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေးပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media Group၊ Narinjaraနဲ့ Western News စတဲ့သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလ ၅ ရက်နေ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာတော့
“ရက္ခိုင့်တပ်တော် AA က လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ရက္ခိုင့်တပ်တော်အနေနဲ့ ချီးကျူးတယ်” လို့ပြောဆိုတာပါတယ်။

Link>>> https://bit.ly/3NN8W98

သတင်းတုတွေကို စိစစ်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo စာမျက်နှာမှာလည်း အဲဒီကိစ္စဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားသာဖြစ်တယ်ဆိုတာ ဖော်ပြထားတာတွေ့ရပါတယ်။

Link ကြည့်ရန်>>>https://myanmar.factcrescendo.com/misleading-claim-about-arakan-army-chief-tun-myat-naing-comment-on-pdf/

ဒါကြောင့် မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားတာက သတင်းအမှားဖြစ်ပါတယ်။

ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားများစွာဟာ နေ့စဉ်လိုလို Facebook စာမျက်နှာမှာ နေ့စဉ်နဲ့အမျှမြင်တွေ့နေရတာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သတင်းတု သတင်းမှားများကို စိစစ်ရွေးချယ်ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.