Author: Editor

မီဇိုရမ်ပြည်နယ် Mamit ခရိုင် Kanhmun ရဲစစ်ဆေးရေးဂိဒ်အနီးတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၁၅၀ ကာလတန်ဖိုးရှိ Methamphetamine အလုံးရေ ၅ သောင်းကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ အဆိုပါ ဆေးပြားကို Mamit ခရိုင် Zawlnuam Police Outpost နှင့် Kanhmun ရဲစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆေးပြားသယ်ဆောင်လာသော ကားသမားနဲ့နောက်လိုက်တို့မှာ မဖမ်းဆီးမှီ ထွက်ပြေးသွားခဲ့တယ်လို့ မီဇိုရမ်ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။ ယင်းဆေးပြားများမှာ မြန်မာနိုင်ငံမှသယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ တီးပူရားပြည်နယ်ကို တင်သွင်းမည့် ဆေးပြားများဖြစ်ကြောင်းသိရသည်။

Read More

Gyus from Chin အဖွဲ့က သီချင်းဖျော်ဖြေခြင်းအားဖြင့် ရရှိသော ရံပုံငွေ ရူပီး ၁၂ သိန်းကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော စစ်ဘေးရှောင် (၄) ခုထံ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။ Guys From Chin အဖွဲ့မှ နိုင်ငံကျော် အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့ ကိုယ်တိုင် သွားရောက်ကူညီခဲ့သော စစ်ဘေးရှောင်စခန်းမှာ မီဇိုရမ်ပြည်နယ် ဆိုင်းဟားခရိုင်အတွင်းရှိ Hawhrei, Chapi, Lopu, Khaikhy ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများဖြစ်သည်။ အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့သည် CDMs၊ စစ်ဘေးရှောင် ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြပြီ အားပေးစကားပြောကြားခြင်း၊ စစ်ဘေးရှောင်များကို ဖျော်ဖြေပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

Read More

#Fact Check ထိုသတင်းအမှားကို သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာ မတ်လ ၁၇ ရက်နေ့က ဖော်ပြထားတာဖြစ်ပြီး “PDF အကြမ်းဖက်လူသတ်သများရဲ့ ရွာများအားမီးရှို့ဖျက်ဆီးမှုဟာ မြန်မာနိုင်ငံအနှံ နေရာပေါင်း ၂၀၁ နေရာထိရှိလားပြီး မတ်လ ၁၅ ရက်နေ့အထိ PDF အကြမ်းဖက်လူသတ်သမားအုပ်စုမှ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုမှာ… စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄,၄၂၆ လုံး၊ မကွေးတိုင်းတွင် အိမ်ခြေ ၁,၁၄၈လုံး၊ ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၂၁လုံး၊ ကယားပြည်နယ်တွင် အိမ်ခြေ ၃၅၇ လုံးတို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ လူနေအိမ် ၉၆၁ လုံး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လူနေအိမ် ၁,၀၅၉ လုံး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လူနေအိမ်၂,၈၈၂ လုံး၊ ၂၀၂၂ ခုနှစ် မတ်လတွင် လူနေအိမ် ၁၁၂၁ လုံးတို့ ဖြစ်တယ်လို့”ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Data for Myanamar မှာရေးသားဖော်ပြထားတဲ့ အချက်အလက်များကို အဲဒီအကောင့်ပိုင်ရှင်က ပြန်လည်ကူးယူရေးသားပြီး စာဖတ်သူများအနေနဲ့ PDF တပ်ဖွဲ့ကို အထင်မြင်လွဲမှားစေရန် တမင်သက်သက်ပုံမှားရိုက်ရေး သားထားခြင်း သာဖြစ်ပါတယ်။ Data for Myanmar ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။…

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် အနည်းဆုံး ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ တစ်ထောင်ဝန်းကျင်လောက် တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအဖွဲ့ထံကနေ သိရပါတယ်။ အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဘက်ကို မတ်လ ၁၁ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာရာမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကန်ပက်လက်တိုက်နယ် အမှတ် (၅) ဘက်မှာရှိတဲ့ စမ္မသား၊ စံအိမ်နူး ခီတော် မကြား စတဲ့ ကျေးရွာတွေဟာ တောထဲကို ထွက်ပြေးထွက်တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။ “ကန်ပက်လက်မှာ တိုက်ပွဲဖြစ်ကတည်းကပဲထွက်ပြေးကြတာ တချို့ကျတော့ ကိုယ့်ရွာ အနီးအနားမှာဖြစ်တဲ့အခါကြတော့ ထွက်ပြေးတဲ့ဟာရှိတယ်။ သူတို့ ရွာတွေမှာ ရွာတလျှောက်စစ်ကြောင်းထိုးသွားတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ပြေတဲ့သူ တွေ၊ တောထဲရှောင်တဲ့သူတွေက ထောင်ကျော်လောက်ရှိမယ်။ အဓိက သူတို့ဟာ စစ် ကြောင်းထိုးတဲ့ စစ်ကောင်စီဖက်က လမ်းကြောင်းတစ်လျှောက် ရွာထဲဖြစ်ဖြစ်၊ ရွာပတ်ဝန်းကျင်၊ လူနေအိမ် မုဦးအနီးအနားတွေမှာ လက်နက်ကြီးတောက် လျှောက်ထုတာနဲ့ မနေရဲဘူး” ကန်ပက်လက်ကြက်ခြေနီအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ယခု ထွက်တောထဲကို ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကိုယ်ဝန်သည်နဲ့ ကလေးငယ်လည်းပါဝင်ပြီး ကိုယ်ဝန်သည် ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ “အမျိုးသမီး၊ ကိုယ်ဝန်သည်၊ ကလေးငယ် အကုန်လုံးပေါင်းရင်တော့ ဒီရှောင်နေတဲ့ သူတို့ဟာ ၄၀၀ လောက်ရှိမယ်။ တချို့ဆိုရင်တော့ ပြေးရင်းနဲ့ ကိုယ်ဝန်ပျက်ကျတာ နှစ်ယောက်ရှိတယ်”…

Read More

ကလေးမြို့ တော်ဖီလာရပ်ကွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF (Kalay) တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းက တာဟန်းရပ်ကွက်ဘက်မှ တောင်သာဘက်သို့ တောင်ဖီလာလမ်းမကြီးအတိုင်း မော်တော်ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သား ၆ ဦးသည် အိမ်တွင်းမှုသင်တန်းကျောင်းအနီးသို့ ရောက်ရှိလာစဉ် အသင့်စောင့်ဆိုင်းနေရာယူထားသော PDF (Kalay) တပ်များက ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုတွင် စစ်ကောင်းစီဘက်က ၁ ဦးပွဲချင်းသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၎င်းတို့တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF(Kalay) က ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားများသည် သေနတ်ရမ်းသမ်းပစ်ခတ်ကာ အနီးပတ်ဝန်းကျင်မှ ပြည်သူ ၁ ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Read More

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက် မတ်လ ၂၀ ရက်နေ့သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်း၍ လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်အပြည့်အဝရှိသည့် ချင်းပြည်ထောင် ပြည်လည်ထူထောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF ကို ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်သည်။ စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ချင်းပြည်သူများဆုံးရှုံးနေသော လူမှုဘဝပြန်လည်ထူထောင်ရေးနှင့် ချင်းလဲန်းပြန်လည်ထူထောင်ရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ညီနောင်မဟာမိတ်များနှင့်လက်တွဲကာ စစ်ရေးအ ရှိန်ကို ဟန်ချက်ညီညီမြင့်တင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စအပါအဝင် လက်ရှိချင်းပြည်နယ်၏ စစ်ရေးအခြေ အနေနှင့်ပတ်သက်၍ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။ မေး- CNF ရဲ့ ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက် ချင်းလဲန်ပြန်လည်ထူထောင်ရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ညီနောင်မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ရေးအရှိန် ဟန်ချက်ညီညီမြင့်တင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမုန်းမယ်ဆိုတာ တွေရပါတယ်။ အဲဒီကိစ္စကို နည်းနည်းရှင်းပြပါဦး။ ဖြေ- ကျွန်တော်တို့ထုတ်ပြန်ချက်မှာပါထားသလိုပဲ ကျွန်တော်တို့ ချင်းပြည်ပြန်လည်တည်ဆောက်ဖို့နဲ့ ပြန်လည်ထူ ထောင်ဖို့ဆိုတာ ဒီနေ့စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ကျွန်တော်တို့ ချင်းပြည်သူတွေ ရစရာမရှိတော့အောင် နိုင်ငံရေးအရပျက်သုန်းပြီ တချို့က စစ်ရေးကြောင့်နေစရာတွေ ပျက်စီးကုန်ပြီ အဲဒါတွေ ပြန်လည်ထူထောင်ဖို့ ၊နေရာချထားဖို့စသဖြင့် အဲ့တာတွေလုပ်ဖို့က စစ်ရေးအရပထမဆုံးအနေနဲ့ လုံခြုံမှရတာပါ။ အဲ့ဒီလိုမျိုး လုံခြုံဖို့အတွက် ကျွန်တော်တို့က ဒီလိုမျိုးတိုက်ပွဲဝင်နေတာဖြစ်တယ်။ တဆက်တည်းမှာပဲ လုံခြုံဖို့နဲ့ နောက်ဆုံးစစ်အာ ဏာရှင်ကိုဖြုတ်ချ…

Read More

Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း (၂) ခိုနူမ်းသုန်သတင်း၊ ၁၉ မတ် ၂၀၂၂ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးစတင်လာသည့်အချိန်မှာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ ထောင်နှင့်ချီသောဒေသခံပြည်သူများက လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင် လည်းပါဝင်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူထဲက ထင်ရှားတဲ့လူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တော်လှန်ရေးနယ် မြေထဲရောက်ရှိသွားပြီး ယခုလက်ရှိမှာ Chinland Defense Force – Hakha တပ်ဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦး လည်ဖြစ်သည်။ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းထားသည့် အပိုင်း (၂) ကို ဖော်ပြလိုက်သည်။ မေး- လက်နက်တော်လှန်ရေးစကတည်းက ဒီချင်းပြည်နယ်မှာ အကြီးမားဆုံးအောင် မြင်မှုရခဲ့တဲ့ အဖြစ်အ ပျက်တွေရှိခဲ့လား။ ဖြေ- ဒီလိုအကြီးမားဆုံးလို့ပြောလို့မရဘူး ဒါပေမယ့် ကျွန်တော်တို့ တိုက်ပွဲတိုင်းမှာတော့ အောင်မြင်မှုတော့ ရပါတယ်။ ပြီးတော့ အသက်ဆုံးရတဲ့အခြေအနေလည်း ရှိခဲ့ပါတယ်။ ကိုယ့် လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ရ တာကျေနပ်ပါတယ် အဲ့တော့ တိုက်ပွဲတိုင်းကို အောင်မြင်မှုလို့ ကျွန်တော်တို့က ဒီကနေ့အထိ ခံယူပါတယ်။ အကြီးမားဆုံးရယ်မရှိဘူးပေါ့။ မေး- ဒီတော်လှန်ရေးကာလမှာ ပေးဆပ်ခဲ့ရတာတွေတော့ အများကြီးရှိမှာပေါ့လေ၊ အကြီးမားဆုံးပေးဆပ်ခဲ့ရမှုလို့ ပြောနိုင်မယ့်အရာက…

Read More

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်း ကျေးရွာဘက်သို့ အင်းအားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုုးလာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကလေးပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF-Kalay) တို့အကြား မတ်လ ၁၄ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးနိုင်ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၁၄ ရက််နေ့ကစတာ ဒီနေ့ဆိုရင် လေးရက်မြောက်ပါ။ သူတို့ကတော့ ကလေးမြို့တောင်ပိုင်းဟံသာဝတီကို လက်နက်ခဲယမ်း၊ ရိက္ခာတွေသွားပို့ရင်းနဲ့ နယ်မြေရှင်းလင်းရင်းနဲ့ တခါတည်းထိုးစစ်ဆင်တာ သုံးမျိုးပေါင်းပြီးမှ တခါတည်းလာ လိုက်တာသူတို့က။ မနေ့က သုံးရက်အတွင်းမှာ ၂၀ အထက်ရှိမယ် သူတို့ဖက်က ကျတာ။ မနေ့ကဆိုရင် လက်ဖြောင့်တပ်သားပစ်တဲ့ဟာ ၇ ယောက်ကျတယ်။ အဓိက မိုင်းဆွဲတိုက်ခိုက်တာ များတယ်။” ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို လမ်းကြောင်းတလျှောက်တွင် PDF-Kalay၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ ယနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ထပ်မံတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့တို့ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းဝင်ရောက်ပြီး တိုက်မိုင်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်…

Read More

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ မတ်လ ၁၅ ရက်ညနေပိုင်းက ထောင်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးအပါအဝင် အကျဉ်းသား အနည်းဆုံး ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရှိခဲ့တယ်လို့သိရပါတယ်။ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့သူတွေကို ထောင်အာဏာပိုင်တွေက ခွဲခြားဆက်ဆံမှုရှိရာကနေ မကျေမနပ်ဖြစ်မှုကြောင့် မတ်လ ၁၅ ရက် ညနေပိုင်း ၄ နာရီလောက်ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စတင်စကားများ ပြသနာတက်တာကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံးအကျဉ်းသား ၇ ဦးသေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရရှိနိုင်တယ်လို့ ကလေးမြို့က ထောင်နဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။ “ထောင်ထဲမှာနိုင်ငံရေးအရရောက်နေတဲ့သူတွေကို ထောင်ဝန်ထမ်းတွေ၊ ထောင်မှူးတွေ ထောင်ပိုင်တွေက ခွဲခြားဖိနှိပ်ပြီး တော့ ဆက်ဆံတဲ့ပုံစံမျိုးပေါ့နော် အဲဒီမှာ စကားများရင်းနဲ့ပြသာနာတက်တာကို ကင်းစောင့်တဲ့တဲတွေကနေ လှမ်းပစ်တယ် ပြောတယ် အဲလိုလှမ်းပစ်တော့ ၇ ယောက်လို့သူတို့ထုတ်ပြန်တယ် အဲဒီထက်လည်းမကလောက်ဘူးဖြစ်နုင်တယ်ပေါ့နော် ဒဏ်ရာရတဲ့သူတွေကလည်းတော်တော်များများ အယောက် ၃၀ လောက်တောင်ထိတာလို့သိရတယ်၊ သေတာကတော့ ၇ ယောက်ထက်မနည်းရှိနိုင်တယ်’’ သေဆုံးသူတွေထဲမှာ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ CNDF က ရဲဘော် ရှလွန်ရှန်းထန်းလျန် ခေါ် ဗန်ဒိန်း လည်း ပါဝင်တယ်လို့သိရပါတယ်။ ဆလိုင်း ရှလွန်ရှန်းထန်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန် ရေး အစီအစဉ်တစ်ခု တာဝန် ထမ်းဆောင်နေစဉ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကလေး အကျဉ်းထောင်တွင် အချုပ်ကျနေသူဖြစ်ပါတယ်။ ရှလွန်ရှန်းထန်းလျန်ကျဆုံးမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။ “စစ်ကောင်စီက စာထုတ်ထားတဲ့ပုံစံအရတော့ ထောင်ထဲကထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့…

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာ သည့်အတွက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ယနေ့ချိန်ထိ CDF-Kanpetlet တပ်ဖွဲ့နှင့် တိုက်ပွဲတောက် လျှောက်ဖြစ်ပွားနေပြီး လက်နက်အင်အားမမျှမှုကြောင့် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-Kanpetlet က ယနေ့ထုတ်ပြန်လိုက်သည်။ “မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် တပ်မ ဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်’’ ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၁ ရက်နေ့က CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာရာ CDF-Kanpetlet တပ်ဖွဲ့နှင့် ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ထို့နောက် မတ်လ ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpetlet ၊ CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF တို့မှ တောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်မှ ၂ ဦး သေဆုံးခဲ့ပြီး မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှအထိအခိုက်အကျအဆုံးမသိရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။ CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force…

Read More