Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ စက်မှုဇုန်တံတားအနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရ အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံး

ကလေးမြို့ စက်မှုဇုန်တံတားအနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရ အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံး

0
By Editor on August 29, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့မနက်ပိုင်းက အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

ကလေးမြို့တက္ကသိုလ်ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကို ခြေလျှင်ဖြင့်ဆင်းလာသော အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်မှုဇုန်တံတားအနီးတွင် PDF (Kalay) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့က အသင့်တတ်ဆင်ထားသော မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးဆေသုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒရာရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှ ပန်းရံလုပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ရာနေရာအနီးတွင် ဖြတ်သန်းသွားလာသော ပြည်သူတစ်ဦး မိုင်းထိမှန်ခဲ့ပြီး ယင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီတပ်ဖွဲ့ကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြပါရန်လည်း PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.