Author: Editor

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့နွေဦးတော်လှန်ရေး စတင်လာပြီးတဲ့နောက်မှာတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားသူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို သတင်းယူနေတဲ့ သတင်းမီဒီယာသမား အမြောက်အများကိုလည်း ဖမ်းဆီးထောင်ချခံခဲ့ကြရပါတယ်။ တချိူ့ သတင်းမီဒီယာသမားတွေကတော့ တော်လှန်ရေးနယ်မြေထဲကိုရောက်ရှိသွားပြီး ကလောင်တံကိုင်တဲ့လက်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်လာခဲ့ကြပါတယ်။ အဲဒီထဲမှာ ချင်းလူငယ်သတင်းသမား ဆလိုင်းဘင်နဇာလည်း ပါဝင်ပါတယ်။ ဆလိုင်းဘင်နဇာဟာ ပြည်မမီဒီယာတွေဖြစ်တဲ့ Eleven၊ DVB စတဲ့ သတင်းဌာနတွေအပြင် ချင်းသတင်းဌာနတွေဖြစ်တဲ့ The Chinland Post, Chin World, Khonumthung သတင်းဌာနတွေမှာလည်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နွေးဦးတော်လှန်ရေးဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ သတင်းသမားဘဝကို စွန့်လွှတ်ပြီး ချင်းအမျိုးသား တပ်ဦး (CNF/CNA) လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ သူအနေနဲ့ သတင်းသမားဘဝကို ဘာကြောင့်စွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဘာကြောင့်ရွေးချယ်ရတာပါလဲ။ သူ့ရဲ့ အနာဂတ်ရည်မှန်းချက် အိမ်မက်တွေက ဘာတွေပါလဲ။ ဆလိုင်းဘင်နဇာကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ သတင်းထောက်ဘဝကနေပြီးတော့ လက်နက်တော်လှန်ရေးလမ်းစဉ်ကို ဘာကြောင့် ရွေးချယ်ဖြစ်ရတာလဲ။ ဖြေ။ ။ အဓိကတော့ အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ သတင်းတွေ တောက်လျှောက်လိုက်ရတယ်။ လိုက်ရတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ နကိုယ်ကတည်းက ဒီစစ်အာဏာရှင်ကို လုံးဝအလိုမရှိတဲ့သူ ဖြစ်တဲ့အတွက် သတင်း ထောက်လုပ်နေရင်းနဲ့ အဲ့သတင်းတွေကို လိုက်ရတဲ့အခါမှာ၊ ပြီးတော့ ဆန္ဒပြတဲ့သူတွေကို တွေ့ရတဲ့အခါမှာ စိတ်က ဘယ်လိုမှ မခံစားရနိုင်ဘူးပေါ့။ ကျွန်တော်ကိုယ်တိုင် ဝင်ပါချင်တဲ့စိတ်က…

Read More

ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းက ဝင်ရောက်လာကာ စပါးကျီ တိုက်ကို မီးရသွားခဲ့ကြပြီး လူနေအိမ်များမီးမကူးစက်မီ ရွာသားများက အချိန်မှီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သံဖိုကျေးရွာ သားတစ်ဦးကပြောသည်။ “စကစဘက်က ခြေကျင်နဲ့လာကြတယ် တစ်ရွာလုံးကိုမွှေမယ်လို့ သတင်းရကြတယ်လေ အဲလိုကြားတဲ့အချိန်မှာ ကျနော်တို့ပြေးကြတာပေါ့ အဲဒီချိန်မှာ သူတို့က မမွှေဘူး ဒါပေမယ့် မီးရှို့သွားတာ သူတို့ရပြီး တအားလောင်နေပြီဆိုတဲ့ အချိန်မှာ သူတို့ကပြန်သွားကြတာ သေနတ်တွေလည်းဖောက်ကြတာပေါ့ သူတို့ပြန်ပြန်ချင်းကျနော်တို့ကလည်း လူငယ် တွေစုပြီးမှ မီးငြိမ်းကြတာ” ဟု သံဖိုဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဖိုကျေးရွာမှ ၁ မိုင်ကျော်ကျော်ခန့်ဝေးသော ရန်ကြီးအောင်ကျေးရွာတွင်တပ်စွဲထား ပြီး သံဖိုကျေးရွာသို့အချိန်မရွေးပြန်လာနိုင်သည့်အတွက် တစ်ရွာလုံးနီးပါးသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။ “ကလေးတွေ၊ မိန်းမတွေ၊ လူငယ်တွေရော လူကြီးတွေရောတိမ်းရှောင်ကြတယ် တောထဲမှာဘဲ ပုန်းကြတယ် မပြန်ရဲကြဘူး စကစဘက်က အချိန်မရွေးပြန်လာနိုင်လို့လေ” ဟု သံဖိုကျေးရွာဒေသခံကပြောသည်။ စစ်ကောင်စီတပ်သည် ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်းကျေးရွာဘက်တွင် ခရစ္စမတ်နေ့မတိုင်ခင်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ကာ လေကြောင်းအသုံးပြုပစ်ခတ်မှုများလည်းလုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူအနည်းဆုံး ၉ ဦးကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်ညနေပိုင်းကစ၍ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ပစ်ခတ်မှုဖြစ်ပွား ကာ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုရှိခဲ့သည်။ သံဖိုကျေးရွာသည် ကလေးမြို့မှ ၂၂ မိုင်ခန့်ဝေးပြီး နတ်ချောင်းကျေးရွာနှင့် ၉ မိုင်ခန့်ကွာဝေးသည်။

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နှင့် ချိပ်ပိတ်သိမ်းဆည်း လိုက်သည်ဟု သိရသည်။ နှကိုယ်ကတည်းက အဲ့အိမ္က လူမရွိဘူး၊ ဘာပစ္စည်း မှလည်းမရှိတော့ဘူး မိသားစုတွေက အရင်က တည်းက သိမ်းလိုက်တာထင်တယ်။ မှုကြိုကျောင်းလေး တခုကို ယာယီအဲ့မွာ ၂ ရက် ၃ရက်လောက်ရှိ ပြီဖွင့်တာ မနေ့ကတော့ ပိတ်လိုက်ပြီ။ ပိတ်တယ်ဆိုတာက သော့တွေခတ်တယ်၊ ခြံစည်းရိုးတွေ ပလ တ်စတစ်ကြိုးတွေချည်တာတွေ့လိုက်တယ်။ စစ်သားတွေ၊ ရဲတွေလာတာပေါ့။ ချိတ်ပိတ်တဲ့သဘော ပဲဖြစ်မှာပေါ့ ဆမီးဒေသခံတစ်ဦးက ပြောသည်။ ၎၏ နေအိမ်အပြင် ခြံဝန်းအတွင်းဆောက်ထားသော Mission Baptist အသင်းတော်လည်း ချိပ်ပိတ်ခံရသည်ဟု သိရသည်။ ဆလိုင်းမျိုးထိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှုးနှင့် ၂၀၂၀ ခုနှစ် ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိသူတစ်ဦးလည်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ဟားခါးမြို့ရှိ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ လည်းဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်း ဆာခေါင်း၏ နေအိမ်နှင့် ဟားခါးမြို့ကျောဘုတ်ရပ်ကွက်က သိက္ခာတော်ရဆရာတော် ဦးဗန်ကျဲမ်နေ အိမ်တို့ကိုလည်း စစ်ကောင်စီကချိတ်ပိတ်ခဲ့ပြီးဖြစ်သည်။

Read More

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါ်လမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကို မီးရခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်ကစ၍ နတ်ချောင်း ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)၊ CNDF ၊ PDF-Kalay ပူးပေါင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ မွန်းလွဲပိုင်းတွင် Mi35 အမျိုး အစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုကာလေကြောင်းမှ တဆင့်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု CNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ စဖြစ်တာက အ.ထ.က ကျောင်းနားမှာ၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဖက်ကေ တာ့ စနှိုက်ပါနဲ့ ၁ယောက်ကျတယ်။ နောက် ၁ယောက်ထပ်ကျတယ် နှစ်ယောက်ကျ တယ်လို့သိရ တယ်။ လောလောဆယ်အထိ။ သူတိို့ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဆက်တိုက်ပ စ်နေ တာတော့ရှိတယ်။ ” CNDF တာဝန်ရှိသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်ကစပြီး နတ်ချောင်းကျေးရွာရှိ လူနေအိမ်များ ကိုမီးရှို့ခဲ့ကြပြီး ရွာထဲ တွင်ပိတ်မိနေသော ပြည်သူများလည်းရှိသည်ဟု သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသား (၃) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ယနေ့ တွင်လည်း နတ်ချောင်းစာသင်ကျောင်းရှေ့ဆိုင်ကယ်ဖြစ်ဖြတ်မောင်းသော အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု Voice oF Kalay…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat) တို့ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်က တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။ “ဟိုတနေ့က ဝမ္မသူးရွာမှာဖြစ်တယ် ဝမ္မသူးရဲ့အပေါ်နားလေးမှာ ခွီးရိန်ရွာဆိုတာရှိတယ် အဲဒီခွီးရိန်ရွာမှာ မနေ့က ၂ နာရီခွဲ ၃ နာရီဝန်းကျင်လောက်မှာဖြစ်တာ၊ စကစတွေက ရွာထဲဝင်လာတော့ ရွာထဲကဘုန်းကြီးကျောင်းရှေ့ဘက်ကိုတက်လာတာ ကျနော်တို့အဖွဲ့ကစောင့်နေတာပေါ့နော် အဲဒီမှာတိုက်ပွဲဖြစ်ကြတယ်’’ ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမန် ကပြောပါတယ်။ တစ်နာရီကျော်ကြာဖြစ်ပွားတဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး အနည်းဆုံး ၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြ တယ်လို့ ဆလိုင်းယောမန်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ မင်းတပ်မြို့နယ်ထဲကို ထိုးစစ်ဆင်လာပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ လှိရုံးကျေးရွာဘက်မှာ CDF-Mindat နဲ့ နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ယမန်နေ့က ခွီးရိန်ကျေးရွာမှာ လာပေါင်းသွားပြီဟုယူဆရပြီး အင်အား ၁၅၀ ကျော်ခန့်ရှိမယ်လို့သိရပါတယ်။

Read More

ရေးသူ – ဆလိုင်းထန် တစ်နှစ်တာလုံးတွင် အပျော်ရွှင်ဆုံးနေ့အဖြစ် သတ်မှတ်ထားရသည့် ဒီဇင်ဘာလ (၂၅) ရက်၊ ခရစ္စမတ်နေ့ ရောက်တော့မည်။ သို့သော် ယခင်နှစ်များကလို မပျော်ရွှင်နိုင်ဟု ဒေသကိုစွန့်ခွာရင်း နေထိုင်ရသည့် ချင်းလူမျိုး ကိုဆလိုင်းက ပြောသည်။ အသက် (၃၀) ကျော်အရွယ် ကိုဆလိုင်းသည် ထန်တလန်ဇာတိဖြစ်ပြီး ပြီးခဲ့သည့် သုံးလကျော်ခန့်မှစတင်၍ ထန်တလန်မြို့ကို စွန့်ခွာကာ မိဘဆွေမျိုးများနှင့်အတူ ကျေးလက်ဒေသများတွင် စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေ့နေထိုင်ရသူလည်း ဖြစ်သည်။ “ဒီလိုနေ့ဆိုတာ ကျွန်တော်တို့က အမျှော်လင့်ဆုံး၊ အပျော်ဆုံးနဲ့ ဝမ်းအသာဆုံးနေ့ပါ” ဟု ကိုဆလိုင်းက ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ သူ့ခံစားချက်ကို ပြောဆိုသည်။ ထို့အတူ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်နေရသည့် အသက် (၄၀) နှစ်ဝန်းကျင်ရှိ မင်းတပ်မြို့ဒေသခံ မပန်းပန်းကလည်း ခရစ္စမတ်ကာလ ပျော်ရွှင်ကြရမည့်အစား ရင်ထဲတွင် သောကအပူများသာ ပြည့်နေသည်ဟု ပြောသည်။ “ကလေးတွေဆို အရမ်းပျော်ကြတာ၊ သူတို့အတွက် အဝတ်အစား အသစ်တွေ ရတယ်။ စားချင်တာတွေ စားကြရတယ် ဆိုတော့ ဒီလိုကာလဆိုရင် ပျော်နေကြတာပဲ၊ ဒါပေမယ့် အခုတော့ မနက်ဖြန် ဘာဖြစ်ဦးမယ် ဆိုတာတောင် မပြောနိုင်ဘူးဆိုတော့ သူတို့အတွက်လည်း စိတ်မကောင်းဘူး။ ဖြစ်နေတဲ့ အခြေအနေတွေ အတွက် သူတို့ကို နားလည်အောင်လည်း မပြောတတ်ဘူး” ဟု အသက် (၁၀) နှစ်အောက် ကလေးနှစ်ဦး၏ မိခင်လည်းဖြစ်သည့် မပန်းပန်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ စစ်အာဏာသိမ်းလိုက်ချိန်မှစပြီး တစ်နိုင်ငံလုံးရှိ လူတန်းစားအလွှာအသီးသီးက စစ်အာဏာရှင်စနစ်ကို လက်မခံ ကန့်ကွက်ကြောင်း ဆန္ဒပြမှုများကို…

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့စကလို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့နယ် ရှစ်မွေး၊ လာပန်း နဲ့ ဝမ္မသူး လှိရုံးကျေးရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် CDF-Mindat နဲ့ တိုက်ပွဲဖြစ်ပွားရတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် ကပြောပါတယ်။ “စစ်ကြောင်း ၂ ကြောင်းရှိတာပေါ့နော် တိုက်ပွဲက ၂ နေရာဖြစ်တယ်၊ ပထမစစ်ကြောင်းဆိုရင် ရှစ်မွှေးရွာမှာတိုက်ပွဲဖြစ်တယ်၊ လွန်ခဲ့တဲ့ ၂ ရက်ကတော့ ဝမ္မသူးဘက်ကိုကူးလာတယ် ဝမ္မသူးမှာအဲဒီညနေမှာတိုက်ပွဲပြန်ဖြစ်တယ်၊ မနေ့ကမနက်မှာ လည်း ဝမ္မသူးမှာပဲတိုက်ပွဲပြန်ဖြစ်တယ် တိုက်ပွဲက ၃ ရက်ဆက်တိုက်ဖြစ်တယ်ပေါ့နော်’’ ဟု ဆလိုင်းယောမန်က ပြောပါတယ်။ မင်းတပ်မြို့နယ်မှာ ၃ ရက်ဆက်တိုက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေ လည်းရှိတယ်လို့ ဆလိုင်းယောမန်ကဆက်ပြောပါတယ်။ “စကစဘက်က ၂ ယောက်တော့ကျသွားတယ်၊ ရှစ်မွှေးတိုက်ပွဲမှာတစ်ယောက်၊ ဝမ္မသူးတိုက်ပွဲ မနေ့ကမနက်မှာ တစ်ယောက်ပေါ့နော်၊ ဒဏ်ရာရတဲ့သူလည်းရှိတယ် မနေ့ကမနက်ဆိုရင် သူတို့ပစ်လိုက်တော့ စကစတစ်ယောက် ခေါင်းပွင့်သွားတယ်၊ ကျသွားတဲ့စကစကို အလောင်းလာကောက်တဲ့အဖွဲ့က ထပ်ပစ်ခံရတာပေါ့နော် အဲလိုဆိုတော့ အနည်းဆုံးတော့ ၂ ယောက်တော့ကျဆုံးသွားတယ်’’ ဟု ဆလိုင်းယောမန်က ပြောပါတယ်။ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ္မသူးကျေးရွာမှာ စခန်းချတပ်စွဲထားပြီး နောက်ထပ်အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း လှိရုံးရွာမှာ တပ်စွဲထားကြတယ်လို့ သိရပါတယ်။ ဒီကနေ့…

Read More

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ် တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးတဲ့ ဂေါ်ဆင်းကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဇိုမီး တော်လှန်ရေး တပ်မတော် ZRO/ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒါဟာ ZRA နဲ့ CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပထမဆုံးကြိမ်ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအကြားမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်လာရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ ရှင်းပြစေချင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်ပွားရတာပါလဲ။ ဖြေ။ ။ ဒီဇင်ဘာ ၁၇ မှာ ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Hualngo, Zoland PDF,ZNDF ပူးတွဲပြီးတော့မှ တဖက် ZRO နဲ့ ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာမှန်ပါတယ်၊ အဲဒီလိုတိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းခံက ဟားခါးစစ်ဗျူဟာနဲ့ ZRA နဲ့ကြားမှာသော်လည်းကောင်း ပြီးတော့ တီးတိန်အခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ZRA ကြားမှာသော်လည်းကောင်း၊ ထိတွေ့ဆက်ဆံမှုတွေရှိတယ် ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကိုချေမှုန်းဖို့ဆိုတဲ့ CDM ဝင်လာတဲ့သတင်းထဲကကြားသိရပါတယ်၊ အဲဒါကြောင့် ဒီဇင်လာ ၁၇ မှာ သူတို့က ကျနော်တို့လှုပ်ရှားနယ်မြေကို ဝင်လာတယ်လို့ ကျနော်တို့ကမှတ်ချက်ပြုပါတယ် အဲဒါကြောင့် သူတို့နဲ့ကျနော်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ မေး။ ။ အဲဒီတိုက်ပွဲမှာ…

Read More

ကလေးမြို့နယ်၊ အနောက်တောင်ပိုင်း စီးစံကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay / CNDF ပူးပေါင်းတပ်ဖွဲ့အကြား ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်၊ ကျောက်ဂူဘက်မှ ချင်းတောင်ခြေ တလျှောက် စစ်ကြောင်းလျှောက်ဝင်လာပြီး ယမန်နေ့ မနက်ပို်င်းက PDF-Kalay တပ်ရင်း ၅ ၏ စခန်း ဟောင်းနေရာတစ်နေရာကို မီးရှို့ခဲ့ရာမှ စီးစံကျေရွာအနောက်ဘက် ဆုတောင်းကုန်း အနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဟု PDF-Kalay က ထုတ်ပြန်သည်။ ကလေးမြို့၊ တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက် ကြီးများဖြင့်ပစ်ကူ ခဲ့ကြပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ စက်လက်နက်များကို အဓိကထား အသုံးပြုပြီး တရစပ်ပစ်ခတ်သော ကြောင့် ညနေ ၅ နာရီအချိန်တွင် စီးစံကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့ကာ လူနေ အိမ် ၂ လုံးမီးရှို့သည့်အပြင် လက်နက်ကြီးထိမှန်မှုဖြင့် နောက်ထပ် လူနေအိမ်၂ လုံးနှင့် ဆင်တော ကျေးရွာ လူနေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်ဟု သိရသည်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးခဲ့ပြီး PDF-Kalay တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည့်အြ ပင် အဖွဲ့ဝင်တစ်ဦး နှင့်…

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၄) အတွင်းရှိ ဆောက်လက်စဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခိုင်းနေသည်ဟုဒေသခံများထံမှသိရသည်။ “စာလာပို့သွားတာတယ် ထပ်ပြီးဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ သူတို့ကတော့ တပ်န ယ်နမိတ်မလွတ်ဘူး လို့ပြောတယ်။ တဝက်နီးပါးတော့ ပြောင်းရွေ့သွားပြီ အိမ်တွေကို မဖျက်ကြသေး ဘူး၊ လူနဲ့ ပစ္စည်းတွေပဲရွေ့ သွားတာ၊ အခုလောလောဆယ် ပြောင်းရွေ့ဖို့ ဖျက်နေတာ။ စာထဲမှာက မရွေ့ပေးရင် တရားဥပဒေနဲ့ အရေးယူ မယ်လို့ပါတယ်” ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောသည်။ အဆိုပါနယ်မြေသည် အမှတ် (၉၄၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၁၃ ရက်မှ ၂၆ ရက်နေ့အတွင်း ဖယ်ရှားပေးကြရန်နှင့် အကယ်၍ ဖယ်ရှားခြင်းမရှိပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မူးကိုယ်တိုင်လက်မှတ်ရေးထားသည့် အကြောင်းကြားစာကို ဒေသခံပြည်သူများ ထံ ပေးအပ်ခဲ့သည်။ ၎င်းနယ်မြေကို ယခင် NLD အစိုးရလက်ထက်ကတည်းက ကျူးနယ်မြေဖြစ်သည်ဟုဆိုကာ စစ်တပ်ဖက်က တရားစွဲဆိုသည့်အတွက် အမှုရင်ဆိုင်ခဲ့ကြရာတွင် ဒေသခံပြည်သူများဖက်က အနိုင်ရရှိပြီးနောက် ဆက်လက်နေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

Read More