Author: Editor

ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ ဇွန်လ ၁၂ ရက်ည ၉ နာရီကစ၍ ည ၁၀ နာရီအချိန်အထိ မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံးထိခိုက်ဖျက်စီးခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ “မနေ့ညကတော့ သေလုနီးပါးပဲ တစ်နာရီလောက်ကြတယ်။ လူထိခိုက်တော့ အခုအချိန်ထိ မသိရသေးဘူး။ ဒါပေမယ့် အိမ်တော့တော်တော်လေးထိခိုက်တယ် သူတို့က (စစ်ကောင်စီ) အမြောက်နဲ့ပစ်တာကိုး။ အိမ်ထိတာ ကတော့လေးအိမ်၊ ငါးအိမ်လောက်တော့ထိမယ်။ တချို့အိမ် တွေကတော့ အိမ်ရှေ့မှာ ကွဲတာအိမ်တိုက်ရိုက်မ ထိပဲနဲ့ အစအနတွေကြောင့်မှန်ကွဲတာ၊ ပြတင်းပေါက်တွေထိ တာရှိတယ်။ တလုံးဆိုရင်မပေါက်လို့ ပေါက်ရင် တော့ အဲ့အိမ်ပြာကျလောက်တယ် အိမ်ရှေ့မှာ ထိုးကျပြီးတော့ မြေကြီးထဲမှာ စိုက်တာမပေါက်ဘူး။” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။ ယမန်နေ့ညက တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ၊ ရဲစခန်းနှင့် အ.ထ.က (၁) စာသင်ကျောင်းတို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်က မြို့ထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကလေးမြို့တွင်လည်း ယမန်နေ့ညက မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဇလပ် ရပ်ကွက်တို့တွင် လက်နက်ကြီးကျည် ရောက်ပေါက်ကွဲပြီး နေအိမ်များထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးပေ။

Read More

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်အင်အား မမျှမှုကြောင့် CDF-ကန်ပက်လက်တပ်ရင်း ၂ Vakok စခန်းကို စွန့်လွှတ်လိုက်ရသော်လည်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ မကွေးတိုင်း ကျောက်ထုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၉ ရက်နေ့က ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသောကြောင့် CDF- ကန်ပက်လက်အပါဝင် ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည်ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။ “ကန်ပက်လက်နယ်ထဲ အထက်လက်မွန်ကျေးရွာဝန်းကျင်မှာဖြစ်တာ။ အဲ့မှာ စစ်ကောင်စီဖက်က ၉ ယောက်ကျဆုံးတာ သေချာတယ်။ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်မရှိဘူူး။ မနေ့ကလည်း တောက်လျှောက်ဖြစ်တယ်။ စစ်ရေးတော့ တင်းမာ နေတယ်ဆက်ဖြစ်ဖို့ တောက်လျှောက်ဖြစ်ဖို့များတယ်။” ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့တို့သည် ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီမှ ၁၁ နာရီထိတစ်ကြီမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ စစ်ကောင်စီတပ်ဖွဲ့သည် အထက်လက်မွန်ကျေးရွာမှ ပြည်သူများ၏ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရ စ္ဆာန်များအား ခိုးယူသတ် ဖြတ်စားသောက်သည့်အပြင် အောက်လက်မွန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ဓားစာခံအဖြစ်ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့တွင် CDF-ကန်ပက်လက်တပ်ရင်း ၂ Vakok စခန်းတည်နေရာသို့ဦးတည်စစ်ကြောင်းထိုးလာပြီး…

Read More

စစ်ကို်င်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် မေလ ၂၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ပွားသည့် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု PDF-Kalay တပ်ဖွဲ့က ထုတ်ပြန်သည်။ ကလေးတောင်ပိုင်း တွင် စစ်ကြောင်းထိုုး ဦးတည်လာသည့် အင်အား ၅၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့တို့သည် ဟဲလုပ်ရွာအနီးတွင် မေလ ၂၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃ ဦးခန့် သေဆုံးသည့်အပြင် နတ်မြောင်၊ နတ်ချောင်းကျေးရွာအတွင်း တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ထောက်ကြံရွာ အနောက်ဘက်တွင်ရှိသော PDF Kalay တပ်ရင်း (၂) မှ စွန့်ခွာထားပြီးဖြစ်သည့် စခန်းသို့ အင်းအား၂၀၀ ကျော်ဖြင့် ဝင်ရောက်ခဲ့ရာ PDF Kalay မှ အသင့်တပ်ဆင်ခဲ့ထား သော တိုက်မိုင်းများဖောက်ခွဲသောကြောင့် စစ်ကောင်စီတပ်သားအများအပြားထိမှန်ခဲ့သည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကြောင်းများခွဲပြီးနောက် ဇောလ်ပီးကျေးရွာနှင့် သုံးအိမ်စုရွာများသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သုံးအိမ်စုရွာမှ စိတ်ကျန်းမာရေးချို့ယွင်းသည့် ပြည်သူ တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ မေလ ၃၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများသည် နတ်မြောင်းရွာရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့ပြီး အဆောက်အဦးတချို့မီးလောင်ပျက်စီးခဲ့သည့်အပြင် ဘုန်းကြီး ကျောင်းအတွင်းမှ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် စစ်ဘေးရှောင် ၄ ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်သည်ဟု…

Read More

စစ်ကောင်စီလက်အောက် ပြန်လည်စတင်မည့် ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်တွင် ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးဌာနမှ စုံစမ်းသိရှိရသည်။ “ကန်ပက်လက်နဲ့ ထန်တလန်တော့ မဖွင့်ဘူး၊ လုံခြုံရေး လိုအပ်တာလေး တွေလည်း ရှိရင်ရှိမှာပေါ့။ ကျန်တဲ့မြို့ နယ်မြို့နယ်တွေတော့ ဖွင့်ဖို့ရှိတယ်။ ကျွန်တော်တို့ ၇ မြို့ နယ်က လူဦးရေ တစ်သောင်းငါးထောင်ခုနှစ်ရာလောက် လက်ခံထားပြီးပါပြီ။” ဟု ချင်းပြည်နယ် ပညာရေးဌာမှ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ် ၇ မြို့နယ်တို့တွင်အခြေံပညာကျောင်းများဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ထန်တလန်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် ကျောင်းများဖွင့်နိုင်မည်မဟုတ်ပေ။ ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့က ၂၈ ကြိမ် မီးရှိုဖျက်ဆီးကာ အိမ်ခြေ တစ်ထောင်ငါးရာနီးပါး လောင်ကျွမ်းပြာကျခဲ့ရပြီး ပြည်သူအားလုံးသည်လည်း မြို့ကိုစွန့်ခွါ၍ နယ်စပ်နှင့် တဖက် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကန်ပက်လက်မြို့သည်လည်း စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေသည့် မြို့ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်းကြီးဌာနမှ အခြေခံပညာကျောင်းများတက်ရောက်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်ရာသီအဖြစ် သတ်မှတ်ကာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်ရန် စီစဉ်ထားသည်။ ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည့် တချိန်တည်းမှာဘဲ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမူ…

Read More

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထပ်မံမီးရှိုခဲ့မှုကြောင့်အိမ်ခြေ ၁၃၅ အိမ် ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ Thantlang Placement Affairs Committee-IDPs help (TPAC) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထန်တလန်မြို့ပေါ် ကျောင်းရပ်ကွက်နဲ့ ဇုန်မှုန်ရပ်ကွက်ထဲက လူနေအိမ်တွေကို ထပ်မံမီးရှိုခဲ့ကြတာဖြစ်ပြီး ကျောင်းရပ်ကွက်က အိမ်ခြေ ၁၁၆ အိမ်နဲ့ ဇုန်မှုန်ရပ်ကွက်က ၁၉ အိမ် စုစုပေါင်း ၁၃၅ အိမ်ထပ်မံပြာကျခဲ့တာလို့ TPAC ကဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ မေလ ၂၆ ရက်နေ့အထိ စုစုပေါင်း ၂၈ ကြိမ်မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ငါးရာနီးပါး မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။ အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်ခန့်နေထိုင်တဲ့ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းကနေ နယ်စပ်ဘက်နဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

Read More

ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့က ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း အုပ်ချုပ်ရေးမှူးမှာမူ ပြန်မလွတ်လာသေးကြောင်းသိရသည်။ “ဆယ်အိမ်မှုး နှစ်ယောက်တော့ ပြန်လွတ်ပြီ အုပ်ချုပ်ရေးမှုးက ၂၈၉ မှာ ကျန်သေးတယ်။ သူ့ကိုလည်း တစ်ရ က် နှစ်ရက်လောက် သတင်းမေးဖို့ရှိသေးတယ် ဒါပေမယ့် ပြန်လွတ်ပေးမှာပဲလို့ သူတို့ကပြောတယ်။ သူက ကျေးရွာမှာ အုပ်စုတွေရဲ့အုပ်ချုပ်ရေးမှုးဆိုတော့ ဘာဖြစ်ဖြစ်မသိလည်း ခဗျားသိသင့်တယ်လို့ဆိုပြီး သူ့ကိုစုံစမ်းဖို့ခေါ်ေ ဆာင်သွားဖြစ်မယ်” ဟု အဘောင်သားဒေသခံတစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍ အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေး မှုး ဦးသာထွန်းအောင်၊ ဆယ်အိမ်မှုးနှစ်ဦးဖြစ်သည့် ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက်သေ ဘာတူညီမှုဖြင့် အပစ်အခတ်ရပ်စဲထားသည့်တနှစ်ကျော်အကြာတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တင်းမာ မှုများမြင့် တက်လာခဲ့ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားသည့်အဘောင်သားကျေးရွာသည် ပလက်ဝမြို့မှ ၄ မိုင်ခန့်ကွာဝေးကာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် အဘောင်သား ကျေးရွာနှင့် ရွာအနီးအ နားပတ်ဝန်းကျင်တွင် နေရာယူပြီး တပ်စွဲထားကြောင်း သိရသည်။ ပလက်ဝမြို့နယ်တွင်…

Read More

ရေး – ဆလိုင်းရောဘတ် “ကျနော်တို့သေပေးရင် ငြိမ်းချမ်း သွားမယ်ဆိုရင် ကျနော်တို့အသက်တွေကို ပေးပါ့မယ် အဲဒီလောက်ထိတောင် ကျနော်တို့တွေဒုက္ခရောက်တာကို သူတို့တွေ သိစေချင်ပါတယ် စာနာစေချင်ပါတယ်” ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာက နေအိမ်မီးရှို့ခံထားရပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုဝင်းသူ (နာမည်လွဲ) က ပြောဆိုပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းဒေသ မြစ်သာမြစ်အနောက်ဘက်ကမ်းမှာ အရှေ့စည်းရွာအပါအဝင် ကျေးရွာပေါင်းအနည်းဆုံး ၁၀ ကျော်လောက်ရှိပြီး ဒေသခံပြည်သူတွေဟာ ရာသီပေါ်အလိုက် သီးနှံတွေကို စိုက်ပျိူးပြီး တောင်ယာလုပ်ငန်းကို အေးအေး ချမ်းချမ်းနဲ့ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ အဲဒီဒေသတဝိုက်ဟာ မြေဆီလွှာကောင်းပြီး သီးနှံတွေအထွက်ကောင်းတဲ့ဒေသဖြစ်သလို ဒေသခံတွေဟာ စပါး၊ နေကြာ၊ မြေပဲ၊ ကုလားပဲ၊ နှမ်း စတဲ့‌တောင်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ ဒီလိုအေးချမ်းစွာ ယာခင်း လုပ်ငန်း တွေလုပ်ကိုင်နေတဲ့အချိန်မှာ ကိုဝင်းသူတို့ ဘဝမှာ တခါမှတွေးထင်မထားဘူးတဲ့ အဖြစ်အပျက်တစ်ခုကြုံ လာခဲ့ရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့နယ်တောင်ပိုင်းဒေသ မြစ်သာမြစ်တဖက်ကမ်းကို ဧပြီလကုန်ပိုင်းလောက်ကနေ စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားလာခဲ့တာကြောင့် ကိုဝင်းသူတို့မိသားစုတွေလည်း တခြားရွာသားတွေနည်းတူ ကျေးရွာအိုးအိမ်တွေကို စွန့်ခွါပြီး တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒေသခံပြည်သူတွေဟာ တိုက်ပွဲကြောင့် တောတောင်တွေထဲကို အဝတ်တထည်ကိုယ်တခုနဲ့ထွက်ပြေးတိမ်းရှောင်နေကြ တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာထဲကိုဝင်ပြီး မေလ ၂ ရက်နေ့က အရှေ့စည်းကျေးရွာကို စတင် မီးရှို့ခဲ့ကြပါတော့တယ်။ “စစ်ကောင်စီတပ်က ကျနော်တို့ဘက်ကိုလာတာ ဧပြီလ ၂၇ ရက်နေ့ကပေါ့ အဲဒီမှာ ၅ ရက်ကြာတိုက်ပွဲတွေဖြစ်ကြတယ် ကျနော်တို့ ဒေသခံပြည်သူတွေကတော့ တောတောင်တွေထဲမှာ ထွက်ပြေးကြရတယ် ပုန်းနေကြတယ် အဝတ်တ ထည်ကိုယ်တခုနဲ့ ပေါ့နော် ကျနော်တို့တွေပြေးကြလွှားကြရတာပေါ့ မေလ…

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့ထဲတွင် သေနတ်ပစ်ခတ်သံများတရစပ်ထွက်ပေါ်ကာ စစ်ကောင်စီတပ် ဖက်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ်နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။ တာဟန်းဒေသခံကတစ်ဦးက “မနေ့ညက မီးကလည်းပြတ်တော့ အိမ်ဝရံတာလေးမှာ သူတို့ထွက်ထိုင်ကြတာ၊ အဲဒီချိန်မှာ လက်နက်ကြီးက အိမ်ရှေ့ကျလာပြီး ဗုံးအစတွေထိမှန်ပြီး သေဆုံးသွားတာ၊ နှစ်ယောက်က ပွဲချင်းသေတယ်၊ တစ်ယောက်ကတော့ မနက်ပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတာ” ဟု ပြောသည်။ သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်းဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြကာ ကျန်တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ခန့်ရှိပြီး ခင်ပွန်းနှင့် ၇ လသားအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ အလားတူ တာဟန်းရပ်ကွက်တစ်နေရာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။ ကလေးမြို့တွင် ယမန်နေ့ညကတည်းက ယခုသတင်းရေးသားနေသည့်အချိန်ထိ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားပြီး အင်တာနက် Wifi လိုင်းများလည်း အသုံးမရဖြစ်နေသည်ဟု သိရသည်။ တာဟန်းရပ်ကွက်တွင် မေလအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော…

Read More

ချင်းပြည်နယ် မင်းတပ်မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအား စစ်ကောင်စီမှဖွင့်လှစ်သော စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုကြရန် ပန်ကြားသည့် ကြေညာချက်တစ်စောင်ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ လက်ရှိမြို့တွင်းအခြေအနေအရ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီမှ ဖွင့်လှစ်မည့်ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် လုံခြုံရေးအန္တရာယ်များလည်းရှိနိုင်သည်ဖြစ်၍ မင်းတပ်မြို့ပေါ် စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုဘဲ မိမိတို့၏ သးသမီးများ ပညာရေး နောက်ကျကျန်ခြင်းမရှိစေရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သောကျေးလက်ဒေသရှိ ပြည်သူ့စာသင်ကျေင်းများတွင်သာ ကျောင်းအပ်နှံကြရန် မိဘပြည်သူများကို ပန်ကြားလိုသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မင်းတပ်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်လှည်လည်ကာ ကျောင်းအပ်နှံကြရန် လိုက်လံဆော်သြခဲ့ကြပြီး ယနေ့တွင် ကျောင်းအပ်နှံသူအချိူ့ရှိသော်လည်း သိပ်မများကြောင်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က မြို့ပေါ်မှာပတ်ပြီးတော့လိုက်ကြေညာတယ်၊ မင်းတပ်မှာ ၃ ကျောင်းဖွင့်ဖို့ရှိတယ်၊ ကျောင်းကတော့ ဒီနေ့ကစပြီးအပ်ကြတယ် အရင်တုန်းကစာရင်တော့ မများပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ကောင်စီမှ ဦးစီးဖွင့်လှစ်သော စာသင်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင် စစ်ကောင်စီ၏ ပညာရေးလည်ပတ်စေရန် ပါဝင်ကူညီအားပေးသူများကိုလည်း ပြည်သူ့ သစ္စာဖောက်များဟုသတ်မှတ်ပြီး ပြည်သူ့တော်လှန်ရေးပြီး ဆုံးလျှင် လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။ ထို့အပြင် မင်းတပ်မြို့နယ်အတွင်း လည်ပတ်မည့် စာသင်ကျောင်းများအနေဖြင့်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်ဆောင်ရွက်ခငြ်းမပြုကြရန်လည်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်ရန် မေလ ၂၆ ရက်နေ့ကစ၍ ကျောင်းသူ/ကျောင်းသားများအား ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်မည်ဟု သိရသည်။

Read More

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၂၄ ရက်နေ့က ရေးသားထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ Fifty Two News လူမှုကွန်ယက်စာမျက်နှာမှာ “ထန်တလန်မြို့တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF-Thantlang လက်မောင်းတံဆိတ်ပါ ကျား ၂ လောင်းနှင့်အတူ အိန္ဒိယနိုင်ငံထုတ်ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်’’ ဟု ဖော်ပြထားတာဖြစ်ပါတယ်။ ထန်တလန်မြို့မှာ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Thantlang တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မှန်ကန်ပေမယ့် CDF-Thantlang ဘက်က အကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်ကသာ ၆ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ CDF-Thantlang က တရားဝင်ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာကြည့်ရှုနိုင်ပါတယ်။ Link https://www.facebook.com/100491915475960/posts/375929524598863/ အဲဒီတိုက်ပွဲဖြစ်စဉ်မှာ CDF-Thantlang ဘက်က ကျဆုံးမှုမရှိဘဲ သူတို့ရဲဘော် ၄ ဦး မပြင်းထန်သောဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့အမှတ် ၁ ရက်ကွက်က မီးမလောင်သေးတဲ့နေအိမ်တွေကို အိမ်တိုင်း လိုလိုမီးရှိုခဲ့တာကြောင့် အိမ်အတော်များများလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ CDF-Thantlang ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။ ဒါကြောင့် Fifty Two News မှာတင်ထားတဲ့ “ ထန်တလန်မြို့ကို CDF တွေက ထပ်မံမီးရှို့’’ ဆိုတဲ့ပိုစ့်ဟာ သတင်းအမှား သာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုင်က မီးရှိှုခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ…

Read More