Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေဆိုတဲ့ သတင်းအမှား

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေဆိုတဲ့ သတင်းအမှား

0
By Editor on June 21, 2022 Khonumthung

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ Facebook အကောင့်မှာ “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။”

ဆက်လက်ပြီး “ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်နယ်စပ်သို ခိုးဝင်လာသည့် ဘင်္ဂလီများသည် ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းမှုများနှင့် လူမျိုးလိမ်အမည်ဖြင့် နိုင်ငံသားဖြစ်ရေး လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံတကာမှ အကူအညီ မရရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းကြောင်း ရခိုင်ပြည်နယ်သို တကြော့ပြန် ဝင်ရောက်ရန် ကြံစည်လာကြောင်း သတင်းရရှိသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှားမှာ ဖော်ပြထားသလို “ဇွန် ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း” ဒေသတွင်းသတင်းဌာတွေမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။

ဒီသတင်းအမှားကို Sithumyint Sithumyint၊ Minn Mg၊ Online၊ KyawGyi၊ Min Sitt Thar၊ Nay Min Khant၊ Min Naung Yoe စတဲ့အကောင့်များမှာသာရေးသာဖော်ပြထားတာဖြစ်ပြီးတော့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Narinijara၊ Development Media Group (DMG) တွေမှာလည်း ဖော်ပြရေးသာထားတာမျိုးမရှိသလို သတင်းဌာနကြီးဖြစ်တဲ့ BBC၊ DVB၊ Mizzima၊ VOA စတဲ့နေရာတွေမှာလည်း ဖော်ပြထားခြင်မရှိပါဘူး။

ဒါကြောင့်စစ်အောင်ဆိုတဲ့ Facebook အကောင့်ကနေ ရေးသားဖော်ပြထားတာဟာ သတင်းအမှားဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ကနေရေးတင်တဲ့ သတင်းတွေကိုမယုံပဲ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.