Author: Editor

မြန်မာ့ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်မှ ပုံဖော်ဖန်တီးထားသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ နေ့တွင် ပြသခဲ့ကြပြီး ရုံအပြည့် အားပေးမှုရှိခဲ့သည်။ ယင်းအစီစဉ်ကို မီဇိုရမ်ပြည်နယ်အခြေစိုက် မြန်မာအရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများမှ ပူးပေါင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့ Dawrpui Multipurpose ခန်းမတွင် ယနေ့ မွန်းလွဲပိုင်း တစ်နာရီတွင် ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူ ပရိတ်သတ် ၅၀ဝ ဝန်းကျင်ခန့်ရှိခဲ့သည်။ ယနေ့ရုပ်ရှင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေး ဒု-ဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ NUG ၏ အိန္ဒိယနိုင်ငံဆိုင်ရာ သံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်တို့က တော်လှန်ရေးအမှာစကားများ ပြောကြားခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်လမ်းတိုကို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူ အနုပညာရှင်တစ်ဦးဖြစ်သည့် ဒါရိုက်တာကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။

Read More

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများ ကြားဝင်ဖြေရှင်းဆောင်ရွက်ရန် မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်ဟု ဝန်ကြီးချုပ်ပူးဇိုးရမ်းထန်းငါက ပြောဆိုသည်။ မီဇိုရမ်ပြည်နယ်အရှေ့ဘက်တကျောကို ခရီးနှင်နေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါသည် အောက်တိုဘာလ ၂၆ ရက်နေ့က Khawzawl ခရိုင်ရုံးတည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့နိုင်ငံရေးအခြေ အနေနှင့်ပတ်သက်၍ ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည် မီဇိုရမ်အစိုးရပြန်ကြားရေးဌာနကထုတ်ပြန်ထားသည်။ “မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့်ဒေသဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံများအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန်အရေးကြီးကြောင်း မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍လည်း အိန္ဒိယဗဟိုအစိုးရထံ ကြားဝင်ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ပြီး မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်” ဟု ပူးဇိုးရမ်းထန်းငါက ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်ဆိုခြင်းမှာ “ပူးဇိုးရမ်းထန်းငါအနေဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးနိုင်ကြောင်း ပြောဆိုခြင်းလော၊ သို့မဟုတ် အိန္ဒိယက မြန်မာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် သူ့ကို တာဝန်ပေးအပ်မည့်အတွက် မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်ဟု ပြောဆိုခြင်းလော” ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရပေ။ ပူးဇိုးရမ်းထန်းငါသည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကို စက်တင်ဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့တွင် သွားရောက်တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်ကလည်း ငြိမ်းချမ်းရေးသည် လူသားများလုပ်ဆောင်ရမည့်အရာဖြစ်သောကြောင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်ထားပြီး စစ်ကောင်စီနှင့်လည်း ဆက်ဆံမှုရှိနေ သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့စ စ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံနေကြရပြီး ဘာသာရေး၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ကူညီထောက်ပံ့ပေးလျှက်ရှိကြသည်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းတွင် အကြီးဆုံးနှင့် သြဇာအရှိဆုံးအဖွဲ့စည်းဖြစ်သော မီဇိုး လူငယ်အသင်း (Central Young Mizo Association) ၏ တတိယအကြိမ်မြောက် အထွေထွေညီလာခံကြီးကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြရာ မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ တတိယအကြိမ်မြောက် မီဇိုးလူငယ်အသင်း၏ အထွေထွေညီလာခံကြီးကို Thingsulthliah ကျေးရွာတွင် ကျင်းပခဲ့ကြပြီး ယင်းညီလာခံအစည်းအဝေးကြီးတွင် ဆွေးနွေးရမည့်အကြောင်းအရာ ၁၀ ခုကျော်ထဲတွင် မီဇိုရမ်ပြည်နယ် အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ကောင်းမွန်သော စစ်ဘေးရှောင်စခန်းများ စနစ်တကျဆောင်ရွက်ကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်များအားလုံးကိုထားရှိရန် အစိုရအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန်ဆိုသည့် အကြောင်းအရာလည်းဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြသည်။ “မြန်မာနိုင်ငံကနေ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ နေရာအနှံ့အပြားမှာရှိနေကြတာ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုရှိလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ ဒီထက်ကောင်းမွန်တဲ့ စစ်ဘေးရှောင်စခန်း (Relief Camp) တွေ ဆောက်လုပ်ပြီး အဲဒီစခန်းမှာ အကုန်လုံးနေရာချထားရေး အစိုးရထံ CYMA အနေဖြင့်တိုက်တွန်းဆောင်ရွက်ရန်” ဟု ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု Vanglaini သတင်းစာတွင်ဖော်ပြထားသည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော်ခန့် ဝင်ရောက်ခိုလုံလျှက်ရှိကာ အများစုမှာချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးရှောင်စခန်းများနှင့် စခန်းပြင်ပများတွင် အိမ်ငှါး၍ နေထိုင်ကြလျှက်ရှိကြသည်။ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို အိန္ဒိယဗဟိုအစိုးရက အသိမှတ်ပြု တရားဝင်လက်ခံခြင်းမရှိသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း၊ ဘာသာရေးအသင်းအဖွဲ့များက လက်ခံကြိုဆိုကာ လိုအပ်သည့်အကူအညီများလည်း ထောက်ပံ့ပေးလျှက်ရှိကြသည်။ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍…

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် Niawtlang ကျေးရွာတွင် စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းနှင့် အတူ ပတ်သက်ဆက်နွယ်သူ ၄ ဦးကို အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီးရ မိခဲ့သည်ဟု Times of India တွင်ဖော်ပြသည်။ IG Assam Rifles (အရှေ့ပိုင်း) လက်အောက်ခံ 23 Sector AR ၏ Lunglei တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးတွင် အောက်တိုဘာလ ၂၆ ရက်နေ့က 125/Kenbo ဆိုင်ကယ် ၄ စီးနှင့်အတူ အမျိုးသား ၄ ဦးကို စစ်ဆေးရှာဖွေရာတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဂြိုလ်တုဖုန်းတစ်လုံး၊ ကျည်ကာအကျီငါးခု၊ လက်ထိတ်၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆင်းမ်က တ်ရှစ်ကတ်၊ .၂၂ ရိုင်ဖယ်ကျည် ၁၀၀ ကျော်၊ လေသေနတ်၊မြန်မာငွေကျပ် ၂,၇၉,၇၀၀၊ စင်္ကာပူငွေ (၂ဒေါ်လာ)၊ ဒစ်ဂျစ်တယ် အာရုံခံကိရိယာများနှင့် အခြားပစ္စည်းများဟုသိရသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင် လုံခြုံရေးတင်းကြပ်ကာ ယခင်ကလည်း လက်နက်ခဲယမ်းအမြောက် အများ မကြာခဏဖမ်းဆီးလေ့ရှိသည်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီး တစ်ပါတ်နီးပါး ဆက်တိုက် ပြတ်တောက်နေတာကြောင့် ဒေသခံပြည်သူများ နေထိုင် စားသောက်ရေးမှာ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ “အခက်ခဲတော့ များတယ်၊ ထမင်းချက်လို့ အဆင်မပြေဘူး။ ဖုန်းတေပေါ့နော် အားသွင်းလို့မရတော့ သုံးလို့မရတော့ဘူး၊ တကယ်ခက်တယ်။ အများအားဖြင့် မီးမလာလို့ ရေလဲမတင်နိုင်၊ အဝတ်လဲ မလျှော်နိုင်၊ ရေချိုးဖို့တောင်ခက်ခဲနေပြီ အခုချိန်မှာတော့။”လို့ ဒေသခံအိမ်ရှင်မ တစ်ဦးက ပြောပါတယ်။ ဟားခါးမြို့နဲ့ အနီးတစ်ဝိုက်မှာ မီးပျက်တာအပြင် ကုန်စျေးနှုန်ဒါဏ်ကိုလည်း ခံနေကြရပါတယ်။ ဟားခါးမြို့ရှိ ပြည်သူများအနေဖြင့် မီးမရသည့် အတောအတွင်း ထမင်းဟင်းချက်ရာမှာ မီးသွေးကို အဓိကသုံးကြတာဖြစ်ပြီးတော့ မီးသွေးတစ်အိပ်ဟာ ကျပ်ငွေ တစ်သောင်းခွဲနဲ့ ဝယ်ယူနေရပြီး တစ်ပါတ်မှာ မီးသွေးတစ်အိပ် မလောက်ဘူးလို့လဲ သူကပြောပါတယ်။ အလားတူ ဖယောင်းတိုင်တစ်ထုပ်မှာ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူနေကြရတယ် လို့သိရပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ညမှစပြီး ယနေ့ထိ လျှပ်စစ်မီး ဆက်တိုက် မီးပြတ်တောက်နေတာဖြစ်ပြီး ဘယ်ချိန်မီးပြန်ရနိုင်မယ်ဆိုတာ မသေချာဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဟားခါးမြို့မှာ လျှပ်စစ်မီးပြတ်တောက်ရတဲ့ အကြောင်းရင်းကို အတိကျမသိရပေမယ့်လည်း ဟားခါး-ဂန့်ဂေါ ကားလမ်းမ နီပီးကျေးရွာအနီးမှာ လျှစ်စစ် ဓာတ်အားပေးတာဝါတိုင်များ ပျက်စီးမှု ဖြစ်ပေါ်နေတဲ့အတွက်လို့သိရပြီး ဘယ်အချိန်မှာ မီးပြန်ရမယ်ဆိုတာလည်းမသိရဘူလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်သော ရေလမ်းကြောင်းပြန်လည်ဖွင့် ပေးရန် ဘာသာရေး အသင်းအဖွဲ့နှင့် ရပ်မိရပ်ဖများက တာဝန်ရှိသူများထံစာရေးသားတောင်းဆို ခဲ့ကြသည်ဟု သိရသည်။ ပလက်ဝမြို့အတွက် အခြေခံစားသောက်ကုန်များ အဓိကသယ်ယူသည့်လမ်းကြောင်းဖြစ်သော ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားသည်မှာ ၂ လနီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုလက်ရှိတွင် ဆန်၊ ဆီ၊ ဆား နှင့် လောင်စာ ဆီများပြတ်လပ်သည့် အခြေအနေဆိုက် ရောက်နေပြီဟု ပလက်ဝမြို့က ဘာသာရေးဆရာတော် တစ်ပါးက ပြောသည်။ ထို့ကြောင့် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးကာ ကုန်ပစ္စည်များသယ်ယူခွင့်ပြု ရန် စစ်ကောင်စီ ဘက် နှင့် ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးက တာဝန်ရှိသူများထံ စာရေးသားတောင်းဆိုထားသည် ဟု ဘာသာရေးဆရာ တော်တစ်ပါးကပြောဆိုသည်။ “စာတော့တင်ထားတယ် နှစ်ဖွဲ့စလုံးကို၊ ဒီနေ့နဲ့ဆိုရင် ၃ ရက်ပဲရှိသေးတယ်ဆိုတော့ လောလောဆယ်အ ထိ တော့ အကြောင်း တော့မထူးသေးဘူး၊ ဘာမှမကြားရသေးဘူး။” ဟု ပလက်ဝမြို့က ဆရာတော်တစ်ပါးက ပြောသည်။ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းပြန်လည်ဖွင့်ပေးရန်အတွက် ပလက်ဝမြို့က ခရစ်ယာန်ဆရာ တော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြကြခြင်းဖြစ်သည်ဟု သိရသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ပင်လိုက်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ပလက်ဝ မြို့ပေါ်တွင် ကုန်ဈေးနှုန်းများပြတ်လပ်ကာ ကျန်ရှိသည့် ကုန်ပစ္စည်းများမှာလည်း အဆမတန်ဈေးမြင့်တက်လာခဲ့သည်။ ထို့အပြင် နယ်ဝေးခရီးသွားမည့် ပြည်သူများမှာ မှောင်ခိုလမ်းကြောင်းဖြင့်…

Read More

FactCheck ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ Myanmar Local News Digital ကနေ “လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေနဲ့ နယ်မြေတည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးတို့အတွက် လိုအပ်တဲ့ သောင်းကျန်းသူ ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံတဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိတဲ့ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း(Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိတယ်”လို့ရေးသားဖော်ပြ ထားတာပဲဖြစ်ပါတယ်။ ဒါဟာ ကချင်းပြည်နယ် ဖားကန့်မြို့နယ် KIO ၏ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်းရှိ အနန့်ပါ (A Nang Pa) ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လူအုပ်ကြားထဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအမြောက်အများသေဆုံးခဲ့မှု အပြီးမှာ စစ်ကောင်စီထောက်ခံတဲ့ မီဒီယာအမည်ခံများက အထက်ပါကဲ့သို့ ဝါဒဖြန့်ရေးသားလာတာဖြစ်ပါတယ်။ အဲဒီဗုံးကြဲတိုက်မှုကြောင့် သေဆုံးတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း Myanmar Local News Digital က ခုလိုဆက်လက်ဖော်ပြခဲ့ပါတယ်။“Khit Thit Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြနေကြတဲ့ သတင်းဌာနများမှာ ဖော်ပြခဲ့တဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်များသေဆုံးခဲ့ရဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကောလဟလသာဖြစ်ပြီး အတည်ပြုနိုင်တဲ့ မြေပြင်သတင်းများနဲ့ လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်ရဲ့ အတွင်းသတင်းများအရ တပ်မဟာမှူး အဆင့်ရှိ ဒူကဘာ လအောင်၊ သယံဇာတတိုင်းတာရေး တာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA…

Read More

ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချိုင်းကုန်းအနီးရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နေ့လယ် ၁၂ နာရီကျော်ကျော်ခန့်က မီးရှို့ခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းတို့တပ်စွဲရာတောင်ကုန်းအနီး အမှတ် ၂ ရပ်ကွက်အပေါ်ပိုင်း သချိုင်းကုန်းအနီးတွင်ရှိသော လူနေအိမ်ကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် နေအိမ်မည်မျှလောင်ကျွမ်းခဲ့သည်ကိုမူ မသိရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဒေသခံတချို့မှာ တဖက်မီဇိုရမ်ဘက်သို့ ပြေးသွားသူလည်းရှိသည်ဟု ဒေသခံကဆိုသည်။ ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသည်ဟုယူဆရသော တပ်သား ၂ ဦး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်သားများက သယ်ဆောင်သွားကြသည်ဟုသိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် ၂ ရပ်ကွက် တောင်ကုန်းတွင် စခန်းချတပ်စွဲ ထားသော စစ်ကောင်စီတပ်သားများ ယနေ့မနက်ပိုင်းက မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (MEDF) မှ မိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုရှိနိုင်သည်ဟုသိရသည်။ ယနေ့မနက်ပိုင်း ၈ နာရီကျော်ကျော်ခန့်က မြို့ထဲဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ခါတိုင်းဆို စစ်ကောင်စီတပ်တွေ ၁၀ ယောက်လောက် မနက်တိုင်း မြို့ထဲဆင်းလေ့ရှိတယ်၊ သူတို့က ဘာမှတော့မလုပ်ဘူး ဈေးဝယ်တယ်ပြီးတော့ မေးမြန်တာတွေလဲရှိတယ်၊ ဒီမနက်ဆိုရင် ကျွန်တော်တို့ လည်းသူတို့မဆင်းလာခင်ဆိုပြီး စောစော ဈေးဝယ်တာ မိုင်းဆွဲသံကြားရတယ် ပြီးတော့ လက်နက်ကြီးသံ နဲ့ သေနတ်သံကြားရတယ်” ဟု အမည်မဖော်လိုသူ ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအချက်အချာကျသော ရိခေါဒါရ်မြို့ တောင်ကုန်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲထားသည်။

Read More

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကာလအတွင်း အဘက်ဘက်ကကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းများ တစ်ချို့ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ကုန်ဈေးနှုင်းမြင့်တက်နေပေမဲ့ တွက်ချက်ပြီး စာရင်းအတိုင်း မပြောင်းလဲတာကြောင့် ဆုံးရှုံးနစ်နာမှုတွေများလာပြီး လက်ရှိ လုပ်ငန်းရဲ့ ထက်ဝက်ကျော် ရပ်ဆိုင်းခဲ့ရတယ်လို့ ကလေးဒေသခံ ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုရဲ့ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ အရင်ကဈေးနှုန်းနဲ့ ဆောက်ထားတဲ့အိမ်တွေက အခုဈေးနဲ့ မရတော့တာပေါ့နော်။ကုန်ဈေးနှုန်း တက်နေပေမဲ့ အိမ်ရှင်တွေကို ငွေကြေးထပ်တောင်းတာမရှိဘူး စာချုပ်အတိုင်းပဲသွားတယ်၊ ဘိလပ်မြေ၊ သံပင်က အစဈေးထိုးတက်နေတာဆိုတော့ အဓိကအဲဒီပစ္စည်းတေအပေါ် ဆုံးရှုံးမှုများတာပေါ့။ ဆိုတော့ အိမ်ရှင်တွေ နား လည်အောင် ရှင်းပြပြီးတော့ လုပ်ငန်းတွေ ရပ်ဆိုင်ခဲ့ရတာပေါ့နော်။” အိမ်ဆောက်လုပ်ရာမှာ အဓိကကျတဲ့ ဘိလပ်မြေတစ်အိပ်ဟာ ကိုဗစ်မတိုင်ခင်က ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားရှိခဲ့ပြီး ကိုဗစ်နောက်ပိုင်းမှာ ၈၀ဝ၀ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ကျပ် ၁၃၀ဝ၀ ထိ ဈေးနှုန်းတွေ တက်နေခဲ့တာပါ။ အလားတူ သံပင်တွေကလည်း အစားစားရှိပြီးတော့ ၃ မူး ၆ မူးတေဟာ အရင်က တစ်တန်ကို ၇သိန်းကနေ အခု ၁၈ သိန်းနဲ့ သိန်း ၂၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ ယခင်ကနဲ့ လက်ရှိ ကုန်ဈေးနှုန်းကွာခြားတာကြောင့် တွက်ချက်မကိုက်တော့ဘဲ ကုမ္ပဏီလုပ်ငန်း လည်ပတ်မှု ရပ်တန့်သွားရမယ်ဆိုရင် ကိုယ့်ဘက် သူ့ဘက် အကုန်လုံး ဒုက္ခရောက်နိုင်တာကြောင့် လုပ်ငန်းများကို ကြိုးစား ပြီးလုပ်ဆောင်နေရတယ်လို့လည်း သူကေပြာပါတယ်။ “အခုလက်ရှိပြောရရင် လုပ်ငန်းက ၂၀%…

Read More