ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားရှိ ထလန်ရောန်နားတွင် စခန်းချထားသည့် ဟားခါးဖက်သို့တက်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့မနက်ပိုင်းက ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့မနက် ၁၁ နာရီဝန်းကျင်ခန့်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီက ယခုလိုပြောသည်။ “ဒီနေ့မနက် ၁၁ နာရီလောက်က ဟားခါး-ဖလမ်းကြား ထလန်ရောန်မှာ စခန်းချနေတဲ့ စစ်ကောင်စီစစ်တပ်၊ ဟားခါးကိုတက်ဖို့လုပ်နေတဲ့ စစ်တပ်ကို ကျွန်တော်တို့ဖက်ကနေ ပစ်လိုက်တယ်။ ပစ်လိုက်တော့ သူတို့ ဖလမ်းမြို့ပေါ်က ၁၆၈ စခန်းကနေ ၁၂၂ မမနဲ့ စစ်ကူပစ်လိုက်တယ်။ အခု တိုက်ပွဲကတော့ ခန နားသွားတာပေါ့။ ကိုယ့်ဖက်က အထိအခိုက်တော့မရှိဘူး။ သူတို့ဖက်က အထိအခိုက်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။” ဟားခါးဖက်သို့ စစ်ကူတက်မည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် ဖလမ်းမြို့ တောင်ကုန်းပေါ်ရှိ ၁၆၈ တပ်ကုန်းစခန်းမှ ၁၂၂ မမဖြင့် လက်နက်ကြီးပစ်ကူမှုများပြုလုပ်ခဲ့ပြီး ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။ ဆက်လက်ပြီး ပူးထက်နီက “သူတို့က မနက်ကတည်းက လုံပီး၊ ထလန်ရောန်နားတွေမှာ စခန်းချထားတယ်။ ဟားခါးဖက်ကိုတက်လာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတွေဖြစ်တယ်။ ဒီနေ့တိုက်ပွဲက မိနစ် ၃၀ လောက်ကြာမယ်။ ဆက်လက်ပြီးတော့ ဘာဖြစ်လာမလဲ မသိရသေးဘူးပေါ့။ ဟားခါးဖက်တက်လာပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်တယ်လို့တော့ ကျွန်တော်တို့က ခန့်မှန်းသုံးသပ်တာပေါ့။” ဟု ဆက်ပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ ရီလ်သီးကျေးရွာအနီး ထလန်ရောန်ကျေးရွာမှ နေအိမ် ၉…
Author: Editor
ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်းမပေါ်တွင်ရှိသော ထလန်ရောန်ရွာသစ်ရှိ လူနေအိမ် ၉ လုံးကို ယနေ့မနက် ၁၀ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်စီးပြီး ယင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သိရသည်။ “ထလန်ရောန်ရွာသစ်ကတော့ အိမ် ၉ လုံး လောင်သွားတယ်။ ဘုရားကျောင်းပိုင် ရိပ်သာတစ်လုံး၊ နောက်တိုက်ပွဲလည်းစပြီတဲ့ အဲ့ရွာနားလောက်မှာဖြစ်တဲ့သဘောပဲ။ အခုလူတွေက ၆၀ ပတ်ဝန်းကျင်က တနေရာနဲ့ တခြားသူတွေကတော့ တခြားတနေရာ တောထဲတွေမှာပဲ အကုန်လုံးထွက်ပြေးကြတယ် မနေ့ညနေက” ဖလမ်းမြို့မှ ၎င်းတို့နီးစပ်သူက ပြောသည်။ ထလန်ရောန်ကျေးရွာသစ်သည် ဖလမ်းမြို့မှ မိုင် ၁၀ ကွာဝေးပြီး အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည်ဟု သိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖလမ်းမြို့၊ ရီလ်သီးကျေးရွာ (ယခု လုံပီးရပ်ကွက်) မှ လူနေအိမ် (၁၀) လုံး၊ နှစ်ခြင်းဘုရားကျောင်း၊ ဂိုဒေါင်တို့ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် ကြက်၊ ဝက်၊ ဆိတ် ပစ်သတ်ပြီး ဆန်၊ ဆီ၊ ဆားများကိုလည်း ခိုးယူသွားကြသည်ဟု ဒေသခံထံမှ သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ အချုပ်ခန်းတွင် ၅ လအကြာ ချုပ်နှောင်ခံထားရပြီး အောက်တိုဘာလ ၁၂ ရက်နေ့က အပြစ်မရှိဟုဆိုကာ တရားရုံမှ ပြန်လွတ်ပေးခဲ့သော ပလက်ဝမှ ချင်းလူငယ် ၄ ဦးကို နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဲမှူးကြီးမှ အမှာစကားပြောမည်ဟုဆိုကာ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။ “မနေ့ကလည်း လွတ်လာပြီး သူတို့ကို ညနေပိုင်းလောက်က စစ်တပ်ကနေပြီးမှ အမှာစကားတွေပြောအုံးမယ်ဆိုပြီးမှ ခေါ်သွားတယ်။ ဒီနေ့လည်း ၁၀ နာရီခွဲလောက်က ရဲမှူးကြီးက အမှာစကားတွေပြောအုံးမယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ခေါ်သွားတာပဲ။ မိသားစုဝင်တွေကိုတော့ ရဲစခန်းဆက်သွယ်လာတယ်။ သူတို့ကို အချုပ်ထဲ ထည့်ထားလိုက်တယ်လို့ပြောတယ်။ လူကြီးတွေက ထည့်ခိုင်းလို့ထည့်တာ အကြောင်းအရင်းကို သူတို့လည်းမသိဘူး။” ဟု ပြောသည်။ အဆိုပါ ၄ ဦးတို့ကို မည်သည့်အကြောင်းကိစ္စဖြင့် ပြန်လည်ဖမ်းဆီးကြောင်းကိုလည်း မိသားစုဝင်များမှာ သိိရှိခွင့်မရရှိသည့်အပြင် ယနေ့ထပ်မံဖမ်းဆီးခံရပြီးနောက် ရဲစခန်းတွင် ဝင်ခွင့်မရခြင်းနှင့် တွေ့ခွင့်ပါ မရရှိကြောင်းကိုလည်း ၎င်းက ထပ်မံပြောကြားသည်။ စက်တင်ဘာလ ၂၂ ရက်နေ့က အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သော ဦးရာကျော်ကို တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လည်လွတ်ပေးခဲ့သော် ၎င်းနှင့်အတူဖမ်းဆီးခံရသော အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ အောင်ထွန်းစိုး (ခ) အားလူးတို့ကိုမူ ယနေ့တွင် ပြန်လည်ဖမ်းဆီးခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့်…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများကို တောင်ယာခြံထဲမသွားကြရန်နှင့် မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်ဗုံးထောင်ထားသည်ဟု လိုက်လံကြေညာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြရသည်ဟု မတူပီမြု့ဒေသခံများထံက သိရသည်။ “စစ်သားတွေက ဒီနေ့ဆော်သြတာက အကုန်လုံး ဘယ်မှမသွားရဘူး၊ အကုန်လုံး မြို့ပတ်ပတ်လည်မှာ မိုင်းထောင်းထားတယ်။ မြို့ပြင်ထွက်တာတို့ ခြံသွားတာတို့၊ မတူပီနှင့် မင်းတပ်ကို မသွားရဘူး၊ ဒီဖက်မှာ ခြံမသွားရရင် စားစရာကမရှိ၊ ဟင်းကမရှိဘူး ခက်ခဲတယ်။ အခုက ဘယ်မှသွားလို့မရဘူးဆိုတော့။ နောက်ပြီိး လူငယ်တွေနဲ့ ပြည်သူတွေက ပူးပေါင်းရင် ဥပဒေအရ တရားစွဲမယ်ဆိုပြီး ဆော်သြတာ။” ဟု ပြောသည်။ ချင်းပြည်နယ် မင်းတပ်-မတူပီ ကားလမ်းကြား မြေပြိုမှုများရှင်းလင်းနေစဉ် လာရောက်ပစ်ခတ်ခြင်းမပြုလုပ်ရန်နှင့် တောင်ယာခြံများတွင် မသွားရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လိုက်လံဆော်သြနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတို့သည် ယမန်နေ့ညက လည်မျိုးချောင်းတွင် ညအိပ်ကြသည့်အပြင် မတူပီမြို့ပေါ်တွင် လုံခြုံရေးအသုံးပြုရန်အတွက် ရဲတပ်ရင်း ၁ဝဝ ကျော်ချထားမည်ဖြစ်မည်ဟု သိရပြီး လက်ရှိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်တပ်နှင့်ရဲ တပ်ရင်း အင်အားအများအပြား ဆက်လက်ပို့ဆောင်မှုများရှိနေကြောင်းလည်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီမှ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်ကို ဆက်သွယ်ရေး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် စစ်အင်အားလည်း တိုးချဲ့ဖြည့်တင်းလျှက်ရှိသည်။
ယနေ့မနက်ပိုင်းမှစတင်ကာ ချင်းအမျိုသားတပ်ဦး (CNF/CNA)၊ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့မနက် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ယခုလိုဖြေကြားသည်။ “ဟားခါးမြို့အထွက် နှရီယာလောန်ထာရ်ကျေးရွာမှာ ဒီမနက် ၁၀ နာရီလောက်ကဖြစ်တယ်။ စစ်ကောင်စီဖက်က ၅ ဦး တိုက်ပွဲမှာကျတယ်။ ကျွန်တော်တို့ CNA, CDF ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိဘူး။ နောက် ၆ မိုင်အကွာမှာ သူတို့ (စစ်ကောင်စီ) ဖက်က လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတော့ရှိတယ်။ ထိပ်တိုက်တွေ့တယ်လို့တော့ ပြောလို့မရဘူး။ သူတို့ဖက်က ရမ်းသမ်းပစ်ခတ်နေတာပဲဖြစ်တယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် အဆက်အသွယ်တော့မရသေးဘူး။ ဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်” ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ နှရီယာလောန်ထာရ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ပဲန်အုပ်ထန်အပါအဝင် ဒေသခံ ၄ ဦး အဖမ်းခံရသည့်အပြင် SKAT ကားတစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီမှ အနောက်မြောက်ပိုင်းစစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းဖက်မှကော တောင်ပိုင်းဖက်မှပါ စစ်အင်အားများ ဆက်တိုက်တို့ချဲ့လာနေကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ချေရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ရိက္ခာသယ်ယူရန် ဝင်လာသော မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်နေမှုကြောင့် ပြည်သူများ မြို့တွင်းကိုမဝင်ရဲကာ ရိက္ခာသယ်ယူခွင့်မရသောကြောင့် စစ်ဘေးရှောင်ပြည်သူများ နောက်လထဲတွင် စားနပ်ရိက္ခာပြတ်လတ်လာဖွယ် အခြေအနေကြုံနေရကြောင်း ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။ “အရင်တုန်းကဆိုလို့ရင် ဒီရွာတွေမှာလည်း ထန်တလန်ကနေပြီး စားနပ်ရိက္ခာတွေကို သယ်ယူလာတာဆိုတော့ အခု ထန်တလန်မြို့ကို ဝင်လို့မရတဲ့အတွက်ကြောင့် ရိက္ခာပိုင်းမှာ နည်းနည်း အခက်အခဲရောက်နေတယ်။ ထန်တလန်မြို့ ရဲစခန်းနဲ့ တပ်ကုန်းမှာ တပ်စွဲထားတဲ့အခါကြတော့ ရွာတွေဖက်ဝင်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို တစ်တခါတလေကြရင် သူတို့က ပစ်ကြတယ်ဆိုတော့ မြို့ထဲကို မဝင်ရဲကြတော့ဘူး၊ လူတွေလည်း ရွာထဲမှာ စစ်ရှောင်နေရတော့ စျေးတွေ၊ စျေးဆိုင်ကြီးတွွေလည်း မရှိတော့ဘူး။ ရိက္ခာနည်းနည်းတော့ရှိသေးတယ်၊ ရေရှည်အတွက်တော့ မလုံလောက်တော့ဘူး။ ဒီတလနေကြပြီဆိုတော့ နောက်တလလောက်ဆိုရင် ပြတ်လတ်တော့မှာ။” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် နေရပ်စွန့်ခွာကာ နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို စစ်ဘေးရှောင်နေထိုင်နေကြခြင်းဖြစ်သည်။ ထန်တလန်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ၏ လက်ရှိ စစ်ဘေးရှောင်စာရင်းအရ တောင်ကြော ၅ ကြောမှ ကျေးရွာပေါင်း ၅၀ တွင်နေထိုင်ကြသော လူဦးရေ ခုနှစ်ထောင်ကျော်စာရင်းသာ ကောက်ယူရရှိပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်တောင်ကြော ၂ ခုမှ လူဦးရေစာရင်း ကောက်ယူရန်ကြိုးစားကြောင်းလည်း သိရသည်။ လက်ရှိတွင် စစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ဒေသခံများအနေဖြင့် စစ်ဘေးရှောင်နေရသည်မှာ တစ်လခန့်ရှိလာပြီဖြစ်သောကြောင့်…
မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များနှင့် သူတို့၏ မိသားစုဝင်များနေထိုင်သော R.Dengthuama Indoor Stadium ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄ ဦးရှိကြောင်း သိရသည်။ R.Dengthuama ခန်းမတွင် မြန်မာနိုင်ငံ လွှတ်တော်အမတ်များနှင့် သူတို့၏မိသားစုဝင်များ ၅၄ ဦးရှိသည့်အနက် ၃၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောသည်။ “အောက်တိုဘာ ၁၂ ရက်နေ့ မနက်က R.Dengthuama ခန်းမမှာရှိတဲ့ ကလေးသူငယ်တစ်ဦးကို ရောဂါပိုးစတွေ့ တယ်။ ဒါနဲ့ ရပ်ကွက်လူကြီးတွေနဲ့တိုင်ပင်ပြီး အဲဒီညနေပိုင်းမှာဘဲ အားလုံးကို ကိုဗစ်စစ်ဆေးခဲ့တယ်။ ၃၃ ဦး ထပ်တွေ့တယ်။” လို့ ပြောသည်။ R.Dengthuama ခန်းမသည် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော လွှတ်တော်အမတ်များနှင့် မိသားစုဝင်များ နေထိုင်ဖို့အတွက် အစိုးရမှ စီစဉ်ထားသောနေရာဖြစ်ပြီး လက်ရှိတွင် လွှတ်တော်အမတ် ၁၉ ဦးရှိပြီး စိုးရိမ်ရသည့်အနေအထားမှာမရှိကြောင်း ပူးလောမ်မာက ယခုလို ဆက်ပြောပါသည်။ “အမတ် ၁၉ ဦးရှိတယ်။ ရောဂါကူးစက်ခံရသူ အမတ်ဘယ်လောက်ရှိသလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး။ အများစုတော့ ရောဂါကူးစက်ခံရတယ်လို့တော့ သိရတယ်။ နာဆီး၊ ချောင်းဆိုး၊ ဖျားနာတာတွေတော့ ဖြစ်ကြတယ်။ အရမ်းကြီး စိုးရိမ်ရတာတော့မဟုတ်ဘူး။” လို့ ပြောသည်။ NGO United for Democratic Myanmar အဖွဲ့မှ ရပ်ကွက်လူကြီးများနှင့် တာဝန်ရှိလူကြီးများတိုင်ပင်ပြီးနောက် လိုအပ်သည့် ဆေးဝါးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။…
ချင်းပြည်နယ်၊ ပလက်ဝမြို့မေလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသော ပလက်ဝ ချင်းလူငယ် ၄ ဦးကို ယနေ့ တရားရုံးထုတ်အပြီး မနက် ၁၁ နာရီအချိန်တွင် ပြန်လည်လွတ််မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။ “ဒီမနက် ၁၁ နာရီမှာ ပြန်လွတ်တယ်၊ ၄ ယောက်စလုံးပါ၊ သူတို့ကို တရားစွဲတဲ့လူက တရားဆွဲတာမှားသွားတယ်၊ တရားသူကြီးထွက်ဆိုချက်အရ အမှုမမြောက်တဲ့အတွက် အဲ့တာနဲ့ လွတ်ပေးလိုက်တာလို့ပြောတယ်။ သူတို့ ကျန်းမာရေးအခြေအန အားလုံးကောင်းကြတယ်၊ အားလုံး အိမ်ပြန်ရောက်နေကြပြီ၊ ကျွန်တော်တို့တော့ ပြောမရအောင် ပီတိတွေဖြစ်ရပါတယ်” အုပ်ထိန်းသူတစ်ဦးကေ ပြာသည်။ အဆိုပါပြန်လွတ်မြောက်လာသူများမှာ ကိုအိုက်မင်း (အဆိုတော်)၊ ကိုအိုက်ထွန်းမင်း (ကုမ္ပဏီ)၊ ကိုအိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အားလူး တို့ဖြစ်ကြပြီး ၎င်းတို့ကို တရားသေ ပြန်လွတ်ပေးခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၂ ရက် နေ့တွင်လည်း အဂ္ဂါပေလူမှုဖွ့ံဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သော ဦးရာကျော်ကို တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းတို့ (၅) ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်းအနီးရှိ သာယာကုန်းကျေးရွာတွင်် အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာကာ လူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာယာကုန်းရွာသားများကို ဖမ်းဆီးခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ပြည်သူများ စိုးရိမ်ကြောက်ရွပြီး ရွာ၏အနောက်ဖက်ရှိ ကျေးရွာ၊ တောထဲနှင့် ကလေးမြို့တွင်ရှိသော ဆွေးမျိုးများထံ ထွက်ပြေးခိုလှုံနေကြရသည်ဟု သာယာကုန်းကျေးရွာမှ ကလေးမြို့တွင် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။ “ဒီမနက်ပိုင်း စစ်သားတွေရွာထဲဝင်လာတယ်၊ အိမ်တွေလည်းမီးရှို့တယ် ရွာအပြင်က အိမ် ၃ လုံး၊ ရွာထဲက ၁ လုံး၊ အသိ ၁ ယောက်လည်း အဖမ်းခံရတယ်၊ ကျန်အဖမ်းခံရတာ အတိအကျတော့မသိဘူး။ ကျမတို့လည်း ကလေးမြို့ ဆွေမျိုးတွေစီမှာ ပြောင်းပြီးလာနေတယ်၊ အိမ်မှာ ပစ္စည်း တွေ ဒီအတိုင်းပဲထားခဲ့ရတယ်။” ဟု ပြောသည်။ အဆိုပါမီးလောင်မှုကြောင့် ပျက်ဆီးသည့်အိမ်မှာ ကလေး-ဂန့်ဂေါကားလမ်းဘေးတွင်ရှိသော ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ သီဟထွန်း ဆန်စက် ၂ ပိုင်ရှင်၏ တိုက်အိမ် ၁ အိမ်၊ အလုပ်သမားအဆောင်၊ အလုပ်သမားများနေအိမ်နှင့် အိမ်သာအပြင် ဆိုင်ကယ် ၂ စီး ခိုးယူသွားကြသည်ဟု သိရသည်။ အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၂ ပတ်အတွင်း ချင်းပြည်နယ်အားလုံး ကို စစ်ရေးအပြတ်ချေမှုန်းမည်ဟု အမိန့်ပေးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များက တပ်အင်အား တိုးချဲ့ခြင်းများပြားလာပြီး အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း…
ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ပညာသင်ကြားသူ စစ်ဘေးရှောင်ကလေးငယ် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါကိစ္စကို အောက်တိုဘာ ၉ ရက်နေ့က သတင်းမီဒီယားများမှ မေးမြန်းချက်ကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “မီဇိုရမ်ပြည်နယ်မှာ ကျောင်းတက်တဲ့ စစ်ဘေးရှောင်ကလေးဦးရေမှာ အမြဲတမ်း အပြောင်းအလဲရှိနေသည့်အတွက် တိတိကျကျပြောဆိုလို့မရဘူးဖြစ်တယ်။ ခရိုင်းတိုင်းလိုလိုမှာ ကျောင်းတက်တဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ ရှိတယ်။ Champhai, Hnahthial, Lawngtlai နှင့် Siaha ခရိုင်တို့မှာ အများဆုံးရှိကြတယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျောင်းခန်းနှင့် ခုံမလုံလောက်မှုတွေလည်းရှိတယ်။” လို့ ပြောသည်။ ဆက်လက်ပြီး Pu Lalchhandama Ralte က မီဇိုရမ်ရောက် စစ်ဘေးရှောင်ကလေး ကျောင်းတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရကိုလည်း တင်ပြထားပြီဖြစ်ကြောင်းနှင့် လိုအပ်တဲ့ငွေကြေးများကိုလည်း တောင်းဆိုထားပြီဖြစ်ကြောင်း ဗဟိုအစိုးရကလည်း ချပေးမယ်လို့မျော်လင့်ကြောင်း ပြောသည်။ မီဇိုရမ်တွင် ကျောင်းတက်ရောက်သည့် စစ်ဘေးရှောင်ကလေးများကို ကျောင်းအတွက်လိုအပ်သည့် ကျောင်းဝတ်စုံ၊ စာအုပ်၊ နေ့လည်စာများကိုလည်း မီဇိုရမ်အစိုးရက ပြင်ဆင်ပေးထားကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိနေပြီး ကျောင်းနေအရွယ် ကလေး အယောက် ၂၀၀၀ ကျော်ရှိသည်။
