Author: Editor

စစ်တိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက ၁၅ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ “၂၆ ရက်နေ့က လူငယ် ၄ ယောက်ကို ပြန်လွတ်ပေးခဲ့ပြီ၊ သူတို့က ဘာအပြစ်မှမလုပ်ထားလို့နေမှာ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့က ၃-၄ လလောက် အပြင်မထွက်ခိုင်းဘူး၊ အိမ်မှာပဲနေဖို့ပြောတယ်၊ ကျန်းမာရေးတော့ကောင်းကြတယ်၊ သူတို့မေးမြန်းတာတွေအရ PDF တွေနဲ့ ပက်သက်မှုရှိတယ်ဆိုတဲ့ သံသယစိတ်နဲ့ ဖမ်းတာနေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျွန်းပင်သာကျေးရွာက အဖမ်းခံရသည့် ချင်းလူငယ် ၄ ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့ကြသည်။ ကျွန်းပင်သာကျေးရွာသည် တမူးမြို့မှ ၁၉ မိုင်ခန့်ကွာဝေးပြီး ကူကီးချင်းမျိုးနွယ်စု အများဆုံးနေထိုင်ကြကြောင်းလည်း သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်းရှိ IDP Camp ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့ပေးရသည်ဟု သိရသည်။ “အခု ရေတက်နေဆဲပဲ၊ အိမ်ခြေ ၅ ဆောင်လောက်တော့ မြုပ်ပြီ၊ စိုက်ပျိုးရေးကွင်းမှာရှိတဲ့ Camp လူဦးရေက ခန့်မှန်းခြေ ၂၀ ကျော်တော့ရှိမယ်၊ အခုက ရေက တက်နေဆဲပဲဖြစ်သေးတယ်၊ မိုးအရမ်းရွာတယ်ဆိုလို့ရှိရင် နောက်ထပ် ပြောင်းရမဲ့အနေအထားဖြစ်မယ်၊ အခု တိုင်းရင်ဆေးပေးခန်းကို ပြောင်းရွေ့ပေးထားတယ်၊ ဒီအဆောင်က အများဆုံးဆံ့ရင်တောင် ၁ဝ ဆောင်လောက်ပဲဆံနိုင်မယ်၊ အခုက ၅ ဆောင်လောက်က ရောက်နေပြီဆိုတော့ တကယ်လို့ရေမြုပ်မယ်ဆိုရင်တော့ နေရာအနေအထားတော့မရှိဘူး၊ နည်းနည်းအခက်အခဲ စိုးရိမ်စရာတော့ရှိတယ်” ဟု ပလက်ဝမြို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးကျော်ရှိန်းက ပြောသည်။ ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်းသည် ကုလားတန်မြစ်ကမ်းဘေးတွင်ရှိပြီး အိမ်ခြေ ၂၁၉ အိမ်ထောင်စု၊ လူဦးရေ ၁၀၆၅ ဦးနေထိုင်ကြသည်ဟု သိရသည်။ ပလက်ဝမြို့တွင် မိုးများရွာသွန်းမှုသည် ရက်သတ္တပတ်ခန့်ရှိလာပြီး ကုလားတန်မြစ်ရေသည် လက်ရှိတွင် အမြင့်ပေ ၂၀ အထိ ရေတက်နေကာ ဆက်လက်မိုးများ ရွာသွန်းမှုရှိလာပါက ယခုထက် ရေကြီးရေလျှံမှုများဖြစ်လာနိုင်ပြီး IDP Camp လူနေအိမ်တွေအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။ ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

Read More

ချင်းပြည်နယ်၊ ကန်ပလက်နှင့် မင်းတပ်မြို့နယ်အကြားတွင် ဇူလိုင်လ ၂၇ ရက်နေ့က အဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ “တိုက်ပွဲက ခါနန်းနဲ့ ရန်စဲကြားကဖြစ်တယ်ဆိုတော့ အနီးအနားကရွာတွေကအစ အခုက ကြောက်နေကြတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီခါရိုင်း စစ်ဘေးရှောင်စခန်းမှာတော့ ၅၀၀ ဝန်းကျင်တော့ရှိနေပြီ အခု၊ အခု ရန်စဲရွာကဆိုရင် သူတို့ဟိုရွာလည်းမရောက် ဒီရွာလည်းမရောက် ကြားထဲမှာပျောက်နေကြတဲ့သူတွေ၊ မိသားစုတွေ တရွာလုံးနီးပါး ဘယ်နေရာမှာ ရှောင်လို့ရှောင်ကြမှန်းမသိဘူး၊ ပျောက်နေတယ်။ ရန်စဲ၊ မြောင်၊ ခါနန်း၊ မုလောင်း၊ ချောင်းမု၊ မသာဒါ၊ ရှင်ဘောင်၊ ပြီးတော့ လက်နက်ကြီးအသံတွေကြားပြီး စိုးရိမ်စိတ်နဲ့ ရှောင်နေကြတာ ၁၀ ရွာဝန်းကျင်ရှိတယ်၊ ရွာလုံးကျွတ်ထွက်ပြေးကြတယ်၊ လူဦးရေက အားလုံးပေါင်းရင် ထောင်ဂဏန်းလောက်ရှိမယ်။ လက်ရှိမှာ တောထဲ၊ ချောင်းထဲမှာ ဖြစ်ဖို့များတယ်။ လုံးဝ ရွာထဲမှာလည်းမရှိကြဘူး၊ ပျောက်နေကြတယ်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။ ခါရိုင်းကျေးရွာသည် ကန်ပလက်မြို့နှင့် မိုင် ၄၀ ဝန်းကျင်ကွာဝေးပြီး ယခုရက်ပိုင်း တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် ခါရိုင်းကျေးရွာ ရပ်မိ/ရပ်ဖနှင့် ဘာသာရေးအဖွဲဲ့အစည်းမှ စစ်ဘေးရှောင်စခန်းတစ်ခုဖွင့်လှစ်ကာ လက်ရှိတွင်…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ CDF-Hakha တပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။ “စစ်တပ်နဲ့ အဲဒီ Father (ကက်သလစ်ဘုန်းတော်ကြီး) က အဆက်အသွယ်ရှိတယ်၊ ခုထိပဲ၊ Father ကို စစ်တပ်ကခေါ်လို့ သွားနေတာကို သတင်းရတယ်၊ အဲဒါကြောင့် ကျနော်တို့က ရန်သူနဲ့ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ကို ဖမ်းဆီးပြီးတော့ မေးမြန်းတဲ့အခါမှာ သူ့ဘက်ကလည်း ဝန်ခံတယ်၊ လုံခြုံရေးအရ လောလောဆယ် ထိန်းသိမ်းထားတာဖြစ်ပါတယ်” ဟု CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့သည် ဇူလိုင် ၂၆ ရက်နေ့က ဆူရ်ခွါမြို့မှ ဟားခါးမြို့သို့ စစ်တပ်နှင့်တွေ့ဆုံရန် သွားရောက်စဉ် လမ်းခုလတ်တွင် CDF-Hakha တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆူရ်ခွါမြို့တွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရဲစခန်းကို CDF-Hakha တပ်ဖွဲ့မှဝင်သိမ်းပြီး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ မေလ ၃၁ နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းနဘေးရှိ ကျေးရွာ ၁၀ ရွာကျော်ခန့်က ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထို့ကဲ့သို့ ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးတို့သည့် မြို့မှာကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသူဖြစ်သည်ဟု CDF အဖွဲ့ထံမှ သိရသည်။ ယခုအဖမ်းခံရသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့သည့် စစ်ကောင်စီနှင့် အမှန်တကယ် အဆက်အသွယ်ရှိ/မရှိ၊ မည်ကဲ့သို့ ဆက်သွယ်မှုရှိသည်ကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်တော့ မရှိသေးပေ။

Read More

ကလေးမြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အသက် (၆၀) ကျော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteers များ၏ နာမည်စာရင်း စတင်ကောက်ယူနေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးမှ သိရသည်။ “အသက်ကြီးပိုင်း ၆၀ ကျော်နဲ့ Volunteers တွေအတွက် နာမည်စာရင်းကောက်တယ်၊ နာမည်စာရင်းသွင်းမယ်၊ စုပေါင်းရုံး သို့မဟုတ် တခြား သူတို့စီစဉ်နေတဲ့နေရာမှာ ထိုးမယ်၊ ထိုးနှံမယ့်နေ့တော့ မသိသေးဘူး၊ စာရင်းအရင်ကောက်ထားတယ်” ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် နာမည်စာရင်းကောက်ယူမှုမှာ ဇူလိုင် ၂၆ ရက်နေ့က ကလေးမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် Volunteers များထံ အကြောင်းကြားပြီး ယနေ့နောက်ဆုံးထားပြီး နာမည်စာရင်းသွင်းရန် အကြောင်းကြားထားသည်ဟု သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် CDF–Mindat နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “အဓိက တိုက်ပွဲဖြစ်တဲ့ အနားတဝိုက်ကရွာက စစ်ဘေးရှောင်ကြတာပေါ့၊ အဓိက စစ်ပွဲဖြစ်တဲ့နေရာက မကွေးတိုင်းနဲ့ ကျွန်တော်တို့ ချင်းပြည်နယ် နယ်စပ်၊ သူကတော့ ထီးလင်းနားက ရွှေအောင်သာနားကနေ စကစကတက်လာတယ်။ ရွှေတွင်းတူး၊ ဒန့်တီး၊ စွန်တောင်၊ တောင်ကုန်း၊ ပီးဟူ အဲ့ရွာတွေက အဓိက တိုက်ပွဲလမ်းကြောင်းဖြစ်တဲ့နေရာက ရွာတွေဆို ရွာလုံးကျွတ်မရှိတော့ လူတွေက တောင်ယာတွေကို ပြေးကြတယ်၊ တချို့ကလဲ တောထဲမှာ တာလပတ်တဲထိုးပြီးမှ နေကြတယ်၊ လူဦးရေအားဖြင့် ခန့်မှန်းဖို့ခက်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့က ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရွှေတွင်းတူးရွာဘက်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မင်းတပ်မြို့နယ်တွင် ယခုကဲ့သို့ တကျော့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော လူဦးရေ ယခင်ကထက် တိုးများလာနေပြီး ၎င်းတို့အတွက် စားသုံးကုန်နှင့်ဆေးဝါးများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်ကူညီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အခက်အခဲတွေက ပြောမပြနိုင်အောင်ကိုများတယ်၊ အဓိက ဆန်လိုတယ်၊ ပြီးတော့ ဆေးဝါးလိုတယ်၊ စစ်ကောင်စီက ဆန်ကိုလည်း သတ်မှတ်တဲ့ပမာဏထက်ကျော်ရင် ဖမ်းတယ်၊ ခွင့်ပြုချက်မရရင် သယ်လို့မရဘူး၊ ဆန်ဝယ်ချင်ရင်တောင် ဝယ်လို့မရဘူး၊ ဆေးဝါးက ဝယ်တာတွေ့ရင် တန်းဖမ်းတယ်၊ သယ်ယူခွင့်မရှိဘူး၊ ကျွန်တော်တိို့မှာ…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် Assam ပြည်နယ်စပ်တွင် ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့က နှစ်ဖက်ရဲများအကြား နယ်နိမိတ်အရေး တင်းမာမှုဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် မိနစ် ၅၀ ကြာ ပစ်ခတ်ခဲ့ကြပြီး မီဇိုရမ်ပြည်ဘက်၌ သေဆုံးသူမရှိကြောင်းနှင့် Assam ပြည်နယ်ရဲများ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများရှိနေကြောင်းသိရပြီး တိကျခိုင်လုံသည့် သတင်းအချက်အလက်မရရှိသေးကြောင်း ဒေသသတင်း Zonet တွင် ဖော်ပြသည်။ ဖြစ်ပုံမှာ နှစ်ဖက်နယ်နမိတ်ပြဿနာနဲ့စပ်လျဉ်း၍ ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လည်တွင် Assam ပြည်နယ် လက်နက်ကိုင်ရဲတပ်ဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်ပြီး မီဇိုရမ်ပြည်နယ် Vairengte ကျေးရွာ သုံးဘီးဂိတ်ရှိသည့်နေရာအထိ ဝင်ရောက်လာသည့်အပြင် မီဇိုရမ်ပြည်နယ် နယ်စပ်လုံခြုံရေးစခန်း Duty post ကိုလည်း အတင်းကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ရဲများနှင့် ဒေသခံမီဇိုးလူငယ်များက ထွက်သွားဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း Assam ပြည်နယ်ရဲများက လှည့်မပြန်ခဲ့ကြသည့်အတွက် အခြေအနေတဖြေးဖြေးတင်းမာလာပြီး ယခုလို ညနေ ၄ နာရီခွဲလောက်တွင် နှစ်ဖက်လက်နက်ကိုင်ရဲများ မိနစ် ၅၀ ကြာ ပစ်ခတ်ခဲ့ကြပြီးနောက် Assam ပြည်နယ်ရဲများ ပြန်လှည့်ထွက်သွားခဲ့ကြကြောင်း သိရသည်။

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည့် ချင်းလူငယ် ၅ ဦးကို ယနေ့ရုံးမထုတ်ဘဲ ဩဂုတ်လ ၂ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။ “ကျမတို့ ၂၆ ရက်နေ့မှာ ရုံးချိန်းဆိုတော့ ကျမတို့အကုန် လာရမှာလားဆိုပြီး ကျမတို့မေးကြည့်တယ်၊ ၂၆ ရက်နေ့မှာ သူတို့က ရုံးပိတ်တာဆိုတော့ ရုံးကိုလာလို့မရပါဘူး၊ ဒီနေ့ ရုံးမထုတ်ရပါဘူးတဲ့၊ သူတို့က ရုံးပိတ်ထားတယ်၊ သြဂုတ် ၂ ရက်နေ့မှပဲ ရုံးပြန်ထုတ်ပေးပါမယ်လို့ အကြောင်းကြားလာပါတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရသည့် လူငယ် ၅ ဦးမှာ ယခုလက်ရှိ ပလက်ဝမြို့ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံထားရပြီး ရာသီတုတ်ကွေးမိကာ ဖျားနာနေကြသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “သူတို့ကိုလည်း စစ်ဆေးပြီးပြီ၊ စစ်ဆေးသင့်သလောက်ကို အများကြီးစစ်ဆေးပြီးပြီ၊ အပြစ်မရှိဘူးဆိုတာလည်းသိပြီ၊ မြန်မြန်လေးကို လွှတ်ပေးစေချင်ပြီ၊ ဘာပဲဖြစ်ဖြစကလေးတွေက သူတို့က ပလက်ဝမှာလည်း စစ်ဆေးပြီးပြီ၊ နောက်ပြီးတော့ စစ်တွေကိုလည်း ခေါ်သွားပြီ၊ အပြစ်မရှိဘူးဆိုတာလည်း…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့် ရဲစခန်းမှ စကစဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၇ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇူလိုင်လ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင့်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်လာပြီး CDF-Mindat တပ်ဖွဲ့ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့ အနောက်တောင်ဘက်တွင်တည်ရှိသည့် မကွီအိမ်နူးမြို့ ရှေ့တန်းရဲစခန်းတွင် စကစတဖွဲ့နှင့် ရဲတပ်သား ၁၂ ဦးရှိသည့်အနက် ၅ ဦးမှာ လက်နက်နှင့် ထွက်ပြေးသွားပြီး ၇ ဦးမှာ CDF-Mindat နှင့် ဝင်ရောက်ပူးပေါင်းသည်ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီလ ၂၄ ရက်နေ့က ကျနော်တို့ CDF အနေနဲ့ သူတို့စခန်းကိုသွားတယ်၊ CDM လုပ်ပေးဖို့ပြောတယ်၊ သူတို့နဲ့ ညှိနှိုင်းဖို့ခေါ်တယ်၊ သူတို့လာတယ်၊ CDM လုပ်ပေးဖို့ လိုချင်တဲ့အကြောင်းပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် ပစ်ရခတ်ရတာမကောင်းဘူး၊ အဲဒီမှာ တချို့ကကျတော့ ကျနော်တို့နဲ့ပူးပေါင်းတယ်၊ ၅ ယောက်လောက်က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ စခန်းကလက်နက်တွေယူပြီး ထွက်ပြေးသွားတယ်၊ ၇ ယောက်က ကျနော်တို့နဲ့ပူးပေါင်းတယ်” ဟု CDF-Mindat တာဝန်ရှိသူက ပြောသည်။ CDF-Mindat နှင့် ပူးပေါင်းလာသူများမှာ မကွီးအိမ်နူးမြို့ရဲစခန်းမှ တာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်နှင့် ရဲဘော် ၂ ယောက်၊ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သား ၃ ယောက် စုစုပေါင်း ၇ ယောက်ဟု သိရသည်။ ယခုကဲ့သို့ စကစတပ်ဖွဲ့ဝင်များ ပူးပေါင်းလာသည့်ကိစ္စနှင့်ပတ်သက်၍ CDF-Mindat…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်စာနာထောက်ထားမှု အကူအညီပေးအပ်ရောက်ရှိလာသည့် ကမ႓ာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူများ စစ်ကောင်စီ၏ ပိတ်ပင်ကန့်သတ်ချက်ကြောင့် စစ်ဘေးရှောင်ပြည်သူအများစုအား ထောက်ပံ့ခွင့်မရှိဘဲ ဇူလိုင် ၂၂ ရက်ညနေပိုင်းက မင်းတပ်မြို့မှ ပြန်လှည့်သွားပြီဟုသိရသည်။ “UNHCR ကတော့ ပြန်သွားပြီ၊ သူ့တို့ပစ္စည်းတွေကတော့ မြို့ပေါ် Camp ၅ ခုမှာရှိတဲ့ အိမ်ထောင်စု ၆၆ စုကိုပေးပြီး၊ ကျန်တာပေးလို့မရဘူး၊ ဖြန့်ဝေလို့မရတော့ဘူး၊ သူတို့ကတော့ မနေ့ညနေပိုင်းလောက်က ကားတွေနဲ့ပြန်လှည့်သွားပြီ” ဟု မင်းတပ်မြို့မိမြို့ဖတစ်ဦးက ပြောသည်။ UNHCR ရုံးမှတာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် စသည့်ပစ္စည်းများကို မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၁၀၀၀ လူဦးရေ ၅၀၀၀ စာအတွက် ထောက်ပံ့ရန် ဇူလိုင် ၁၉ ရက်နေ့က မင်းတပ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ၎င်းတို့ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း ၅ ခုတွင်နေထိုင်သော စစ်ဘေးရှောင်အိမ်ထောင်စု ၆၆ စု လူဦးရေအားဖြင့် ၅၀၀ ဝန်းကျင်ခန့်သာ ထောက်ပံ့ခွင့်ပြုခဲ့ပြီး စစ်ဘေးရှောင်အများစု ခိုလုံကြသော ကျေးရွာဘက်နှင့် တောထဲရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ဖြန့်ဝေခွင့်မပြုသည့်အတွက် ထောက်ပံ့ပစ္စည်းများအားချန်ထားကာ ပြန်လှည့်သွားခဲ့ခြင်းဖြစ်သည်။ “သူတို့ပစ္စည်းတွေကို အခု လုံခြုံတဲ့နေရာ ဘုန်းကြီးကျောင်းတနေရာမှာ လှောင်ထားတယ်၊ စခန်းမှာ နောက်ထပ် အသစ်ရောက်လာမဲ့သူတွေကို စာရင်းဇယားနဲ့လုပ်ပြီးမှ ဘုန်းကြီးစီသွားထုတ်ရမယ်” ဟု မင်းတပ်မြို့မိမြို့ဖက…

Read More