ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကိုစက်တင်ဘာလ ၂၃ ရက်နေ့ညနေ ၆ နာရီခန့်ကစ၍ စစ်ကောင်စီကဖြတ်တောက်ထားပြီး ယနေ့ထိ အင်တာနက်အသုံးပြု၍မရသေးကြောင်း ဒေသခံများထံမှ သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်ကလွဲ၍ ကျန် ၈ မြို့နယ်ဖြစ်သည့် ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်တို့တွင် ဆက်သွယ်ရေးအင်တာနက်လိုင်း ဖြတ်ထားခြင်းဖြစ်သည်။ တီးတိန်မြို့ဒေသခံတစ်ဦးက “မနေ့ညနေပိုင်း ၃ နာရီကျော်လောက်က ဒေတာလည်းမရဘူးအခုထိ ကျွန်တော်တို့ လိုင်းမရတော့ ဘာသတင်းမှမရတော့ဘူး၊ ဒေတာဖွင့်ရင်လိုင်းက အပြည့်ပေါ်တာလေ အခုက ၁ တုံးလောက်ပဲပေါ်တာ လိုင်းတွေပြတ်တော့ ဘာဖြစ်နေလဲဆိုတာလည်း မသိရဘူး” ဟု ပြောသည်။ ချင်းပြည်နယ်တွင် MPT ဖုန်းလိုင်းများကို အများစုအသုုံးပြုကြပြီး ယခုအင်တာနက်ဖြတ်တောက်မှုတွင်လည်း အဓိက MPT မိုးဘိုင်းဒေတာများဖြစ်ပြီး တချို့မြို့နယ်များတွင် ဖုန်းပြောဆိုရန်အ တွက်လည်း အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။ မတူပီမြို့ခံတစ်ဦးက “အင်တာနက်လိုင်း MPT က ဖြတ်ထားတော့ လိုင်းသုံးလို့မရဘူး၊ Telenor လည်း ၂ ရက်လောက် လိုင်းပြတ်တယ် တလှည့်စီပဲ၊ အခုပြန်ရပေမယ့် သုံးလို့တော့ သိပ်ပြီးအဆင်မပြေဘူး၊ MPT လည်း အခုက ဖုန်းခေါ်ဖို့လည်း သိပ်ပြီးတော့ မရဘူး ဆက်သွယ်မှုဧရိယာပြင်တို့လိုပဲပြောတာ” ဟု ပြောသည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှု ကြောင့် လူနေအိမ် ၁၉ လုံးလောင်ကျွမ်းသည့်အပြင် ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦးလည်းသေဆုံးခဲ့ပြီးနောက်…
Author: Editor
ချင်းပြည်နယ်၊ မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီခန့်က CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “မနေ့ည ၅ နာရီနောက်ပိုင်းမှာ ငလိုင်ရွာကလူတွေအကုန်လုံးနီးပါး တောထဲကို အကုန်လုံးပြေးကြပြီ ရွာထဲမှာ ကလေးငယ်အများကြီးရှိတဲ့သူ မပြေးနိုင်တဲ့သူတွေနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ ပြေးလို့ရတဲ့သူတွေ အကုန်ပြေးကြတယ်။” ၎င်းတို့နှင့် နီးစပ်သူ မတူပီဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့နယ် ငလိုင်ကျေးရွာရှိိ ရွာသား ၂ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတစ်နေရာတွင် CDF- Matupi နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိမည်ဟုသိရပြီး မတူပီမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သာ ကွာဝေးကြောင်း သိရသည်။ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၁ စင်း မတူပီမြိို့ပေါ်တွင် ၂ ကြိမ်ခန့် ပျံသန်းခဲ့ပြီးနောက် MPT အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးတွေလည်း ပျက်တောက်မှုဖြစ်ခဲ့ပြီး ညပိုင်းအချိန်တွင်လည်း သေနတ်သံများကြားနေရကြောင်းလည်း သိရသည်။ မတူပီမြို့ပေါ်တွင် ဂျက်လေယာဉ် ပျံသန်းမှုတွေရှိလာသောကြောင့် မတူပီဒေသခံများသည် ထန်တလန်မြို့ကဲ့သို့ လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုရှိလာမည်ကို စိုးရိမ်ကြောက်လန့်မှုရှိနေကြသည်ဟု မတူပီဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်းပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြရာ ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦးလည်း မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိထန်တလန်မြို့အခြေအနေသည် စစ်ကောင်စီကြောင့် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သည့်အတွက် ထန်တလ န်တစ်မြို့လုံးနီးပါးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးရွာများဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထန်တလန်မြို့တွင် ကလေးငယ်များအား ပြုစုပျိူးထောင်ပေးနေသည့် Peniel Children Home မှ ကလေးငယ် ၁၈ ဦးနှင့်အတူ ၎င်းတို့အား အုပ်ထိန်းသည့် ဇနီးမောင်နှံတို့သည်လည်း မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် ဘေးကင်းလုံခြုံစွာ ရောက်ရှိလာကြကြောင်း မီဇိုရမ်နေ့စဉ်သတင်း Zonet က ရေးသားဖော်ပြသည်။ အဆိုပါမိဘမဲ့ဂေဟာရှိ ကလေးငယ်များမှာ အသက် ၄ နှစ်မှ ၁၉ နှစ်ကြားအရွယ်များ ဖြစ်ကြောင်း သိရသည်။ ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာကို ပါစတာ Van Nei Cung နှင့် Bawi Tha Zing တို့ဇနီး မောင်နှံက ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မိဘမဲ့ဂေဟာဖြစ်သည်။ မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် စစ်ဘေးရှောင် အယောက် (၇၀) ရှိပြီး ဒေသခံပြည်သူလူထု များက နေရာထိုင်ခင်၊ စားဝတ်နေရေးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝချင်းလူငယ် (၅) ဦးအနက် တစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြန်လွတ်မြောက်လာကြောင်းသိရသည်။ “မနေ့က ပြန်လွတ်ပေးတယ်၊ ဦးရာကျော် တစ်ယောက်ပဲလွတ်သေးတယ်၊ သူက ပရဟိတလုပ်ငန်း တွေကို လုပ်နေပြီးတော့ ဒီအမှုမှာက ပါဝင်ပက်သက်မှုတွေလည်းမရှိပါဘူး၊ ဘာသာရေးခေါင်း ဆောင်တယောက်အနေနဲ့ရော နောက်ပြီး လူမှုဖွံ့ဖြိုးရေး ပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့သူ တယောက်အဖြစ် ပြန်ပြီးတော့ ထောက်ခံပြီးတော့လွတ်ပေးတာ။ သူကတော့ ကျန်းမာရေးကောင်း ပါတယ်။” ဟု ၎င်းနှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။ အဆိုပါ ပြန်လွတ်မြောက်လာသူ ဦးရာကျော်မှာ ပလက်ဝမြို့တွင် အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မှ ဒါရိုက်တာ တစ်ဦးဖြစ်ပြီး တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လွတ် မြောက်လာခြင်းဖြစ်သည်။ ပလက်ဝမြို့က ချင်းလူငယ် (၅) ဦးကို ၅၀၅ (က) ဖြင့်အမှုဖွင့်ခံရပြီး ဦးရာကျော် တစ်ဦးသာ ပြန်လွတ် မြောက်လာသေးသောကြောင့် အပြည့်အဝပျှော်ရွှင်မှု မရှိသေးကြောင်းနှင့် ကျန် (၄) ဦးကို်လည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းဆိုထား ကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။ “ကိုယ်ကတော့ ၅ယောက်ထဲမှာ ၁ယောက်ပဲ ပြန်လွတ်သေးတော့ တအားတော့ ပျှော်ရွှင်မှုမရှိပါဘူး၊ ကျန်တဲ့ သူတို့အတွက်ကိုတော့ စိတ်မကောင်းသေးဘူး၊ ကျန်တဲ့သူတွေလည်း ရင်ဆိုင်နေရသေးတော့ အဆင်ပြေမှာပါကောင်းမှာပါဆိုပြီးတော့ ထွက်တော့ထွက်တာပေါ့ဒါပေမယ့် ဘယ်လိုမျိုး ဘယ်လို ဖြစ်မလဲဆိုတာက လူကကြိုတင်ပြီးတော့မပြောနိုင်တော့ မသိနိုင်ဘူးလေ” ဟု ပလက်ဝမြို့ဒေ သခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် မေလ…
ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့ည ၇ နာရီကျော်ခန့်က အာဏာသိမ်းစစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် မြို့ပေါ် စံပြရပ်ကွက်နှင့် မင်းတပ်မြို့အရှေ့ဘက်ခြမ်းမှ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးမှုရှိကြောင်း ခရစ်ယာန်အမှုတော်ဆောင် ဆရာတော်တစ်ဦးထံမှ သိရသည်။ “အဆောက်အဦးတွေတော့ လက်နက်ကြီးလက်နက်ငယ်တွေကြောင့် ထိခိုက်ဖျက်ဆီးတာတွေတော့ရှိပါတယ် RC ကျောင်းရော ဘုန်းကြီးကျောင်းရော နောက်ပြီးတော့ န.တ.လကျောင်းတွေမှာရော နောက်ပြီးတော့အရှေ့ဘက်မှာတွေရောထိခိုက်တယ် လာပစ်တဲ့နေရာတော့ အတိအကျတော့ပြောလို့မရဘူး န.တ.လ ကျောင်းတွေမှာရော ရဲစခန်းတွေမှာရော နေရာယူထားတာဆိုတော့ အဲဒီအနီးအနားကနေပဲဖြစ်မယ်လို့ယူဆရတယ်တိုက်ခိုက်မှုတွေမရှိဘူးလို့တော့ယူဆတယ် ဒါပေမဲ့ တကယ်တိုက်ခိုက်မှုလက်တွေ့မြေပြင်မှာလည်းမတွေ့ရဘူး သေနတ်ကတော့ ပစ်ဖောက်သံတွေကြားနေရာတာပေါ့” ဟု ဆရာတော်ကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ယခင်ကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့အပါအဝင် ဖလမ်းနှင့် ထန်တလန်မြို့တွင် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကလည်း စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချကန့်ကွက်ခဲ့ပြီးဖြစ်သည်။ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ မြို့တွင်း လူမနေသည့် နေအိမ်များအား ဝင်ရောက်မွှေနောက်ခိုးယူမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ အရွယ် ဦးကျော်မင်းဦးသည် စက်တင်ဘာလ ၁၄ ရက်နေ့က အဖမ်းခံခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးတွင်သေဆုံးကာ ရုပ်အလောင်းကိုလည်း မိသားစုထံပြန်မပေးဘဲ မီးရှို့ဖျောက်ခံရသည်ဟု သိရသည်။ စက်မှုဇုန်ရပ်ကွက်တွင် တွင်ခုံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးကျော်မင်းဦးနှင့် အသက် ၄၀ အရွယ် ဦးရွှေလင်း၊ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်မင်းဦးသေဆုံးပြီဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှတဆင့် မိသားစုထံအကြောင်းကြားခဲ့သည်ဟု စက်မှုဇုန်ဒေသခံတစ်ဦးကပြောသည်။ “သေသွားတယ်လို့ အကြောင်းကြားလာတာ သူကအလောင်းတောင်ပါမလာဘူး မနေ့က မဏ္ဍပ်ထိုးပြီး ရက်လည်လု ပ်ပြီးသွားပြီး သူတို့(စစ်ကောင်စီ) ဘက်က အလောင်းကမီးရှို့ပစ်လိုက်ပြီလို့ ပြောတယ်” ဟု စက်မှုဇုန်ဒေသခံ ကပြောသည်။ ဦးကျော်မင်းဦးသည် ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်ကာ တွင်ခုံလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီးဖြစ်ကာ ဇနီးနှင့် သာသမီးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။ ကလေးတွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးတွင်သေဆုံးသူ ဦးကျော်မင်းဦးအပါအဝင် ကလေးမြို့ဒေသခံ ၅ ဦးရှိသွားပြီဟု သိရသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်လေယာဉ်အပြင် လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ထွက်ပြေးတိမ် းရှောင်ကြသော မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။ Farkawn ကျေးရွာသည် မြန်မာစစ်ဘေးရှောင် ၉၀၀ ကျော် ထွက်ပြေးခိုလှုံနေသည့် နယ်စပ်ကျေးရွာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ စစ်ဘေးရှောင် ၂၈ ဦးရှိသည်ဟု Farkawn ကျေးရွာဥက္ကဌ Village Council (VC) Pu C.Lalramliana က ပြောသည်။ “ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကွာရင်တင်းစင်တာမှာ ထားရှိတဲ့ အမျိုးသမီးတဦး မမျော်လင့်ဘဲ ကိုဗစ်ရောဂါပိုး စပြီးကူးစက်ခံရတယ်။ သူ့မိသားစုတွေကတော့ negative ဖြစ်တယ်။ Negative ဖြစ်ပေမယ့် ကွာရင်တင်းစင်တာမှာ (၅) ရက်ဆက်ထားတယ်။ ၅ ရက်မြောက် စက်တင်ဘာ ၂၀ ရက်နေ့မနက်က ပြန်စစ်တော့ (၇) ယောက် ရောဂါပိုး ထပ်တွေ့တယ်။ အဲဒီနေ့ကဘဲ ကျနော်တို့ Home Quarantine ထားရှိတဲ့ (၂၃) ယောက်လည်း စစ်ဆေးတော့ အယောက် (၂၀) က ကိုဗစ်ကူးစက်ခံရတယ်။ အဲဒီတော့ လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ စစ်ဘေးရှောင် အယောက် (၂၈) ဦးရှိတယ်။ ဒေသခံပြည်သူထဲက (၂) ယောက်နဲ့ဆိုရင် အားလုံး အယောက် (၃၀) ရှိတာပေါ့။” ဟု ပြောသည်။ ယခုလို စစ်ဘေးရှောင်များတွင်…
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှလက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် လူနေအိမ်လောင်ကျွမ်းကာ ခရစ်ယာန်သင်းအုပ်ဆရာ ပါစတာတစ်ဦးသေဆုံးမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားပြီးနောက် ထန်တလန်မြို့ဒေသခံအားလုံးနီးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်လည်း အခု ရွာတရွာမှာ စစ်ဘေးရှောင်ဘဝရောက်နေတယ်၊ ထန်တလန်မှာက လူတွေရှိရင်တောင်မှ တစ်မြို့ လုံးမှာ လူတစ်ရာတောင် ရှိမလားတောင်မသိဘူး၊ တခြားလူအားလုံးကတော့ ထန်တလန်မြို့ နယ်မှာရှိတဲ့ ရွာတွေ၊ တချို့ဆိုရင် အိန္ဒိယနိုင်ငံအထိကို စစ်ဘေးရှောင်တဲ့အခြေအနေရောက်နေတယ်။” ဟု ထန်တလန်မြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ ထန်တလန်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့က CNA/CDF ပူးပေါင်းတပ်ဖွဲနှင့် စစ်ကောင်စီတို့အကြား မြို့တွင်းပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဖက်က အယောက် ၃၀ ခန့်သေးဆုံးမှုရှိခဲ့့ပြီးနောက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထန်တလန်မြို့ပေါ်တွင် လူနေအိမ် ၁၉ လုံးမီးလောင်ပျက်စီးကာ TCBC အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာကျူံးဗျက်ဟုမ်း သေနတ်ထိမှန်သေဆုံးခဲ့သည်။ ထိုကဲ့သို့ စစ်ရေးတင်းမာမှုနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်တလန်မြို့ပေါ်တွင် ကျန်ရှိနေသည့် ဒေသခံအားလုံးနီးပါးသည် မြို့ကိုစွန့်ခွါကာ ကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်ထက်ဝက်ခန့်မှာ စက်တင်ဘာလ ဒုတိယပတ်ခန့်က ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်။ ထန်တလန်မြို့သည် ဟားခါးမြို့အနောက်မြောက်ဖက် ၂၃ မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး လူဦးရေ…
အာဏာသိမ်းစစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန်ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) မှ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိပြည်တွင်းစစ်ရေးတင်းမာမှုများနှင့် ထိတွေ့တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ချင်းပြည်အတွင်း ဒေသအသီးသီးရှိ ခရစ်ယာန်ဘုရားရှိခိုုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများအတွင်း အရက်သေစာသောက်စားခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များ ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဘုရားရှိခိုးကျောင်း အဆောက်အဦးများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲများတွင် အလွန်အကျွံ လက်နက်ကြီးများအသုံးပြုခြင်းဖြင့် မြို့ရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းခြင်း စသည့် ရိုင်းစိုင်း သောပြုမူဆောင်ခြင်းများသည် မိမိတို့ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကားပြီး ထိုဘာသာတရားကို သက်ဝင်ယုံကြည်သူလူမျိုးများကိုလည်း မထီမဲ့မြင်ပြုရာရောက်သည် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ကြေညာချက်တွင် ဖော်ပြထားသည်။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာလောဟာလိန်းက “ ဘုရားကျောင်းတွေ ကို ကြိုက်သလိုပစ်ခတ် ဖျက်ဆီး၊ ဘာသာရေးအထွဋ်မြတ်တွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ သီချင်းစာအုပ်တွေဖျက်ဆီးတာ တွေလုပ်ပေါင်းကများလှပြီ မင်းတပ်မှာလည်း Grace Baptist Church မှာလည်းဖြစ်ခဲ့ပြီးပြီ၊ ဖလမ်းမြို့နယ်က တာလ် နှစ်ခြင်းအသင်းတော်မှာလည်းဖြစ်ခဲ့ပြီးပြီ၊ နောက်ထန်တလန်မှာလည်း ဂျွန်ဆင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာလည်း ပဲပစ်ခတ်ဖျက်ဆီးတာရှိခဲ့ပြီးပြီ၊ ဒါတွေက လုံးဝမဖြစ်ရမယ့်ကိစ္စဖြစ်တယ်၊ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့အခါမှာ နိုင်ငံရေးပဋိပက္ခက နိုင်ငံရေးပဋိပက္ခပေါ့ ဒါပေမယ့် ဒီဟာတွေကို ဆက်ပြီးတော့ မိုက်မိုက်ရိုင်းရိုင်း လူမိုက်ဆန်ဆန်ဆက်ပြီးတော့ဖြစ်နေမယ်ဆို ရင်တော့ နိုင်ငံရေးပဋိပက္ခသာ မကဘဲနဲ့ လူမျိူးရေး၊ ဘာသာရေးပဋိပက္ခအသွင်သဏ္ဍာန်တွေရှိလာနိုင်တဲ့အတွက်ကြောင့် ဒါတွေကိုကျနော်တို့က ပြင်းပြင်း ထန်ထန်ရှုတ်ချတဲ့သဘောဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈…
“ ကိုဗစ်စင်တာရှေ့ အပြင်ဖက်မှာရောက်ပြီး ကားပေါ်ကနေအဆင်း သူမောလာပြီး ရုတ်တရက်ဆုံး သွားတာ၊ ကလေး တွေနဲ့လည်း ထပ်မတွေ့ရတော့ဘူး၊ ဘာမှလည်း ပြောချိန်မရလိုက်ဘူး။ သူ့အစ်မလဲ အဲ့စိတ်နဲ့ဖြစ်ပြီး သူ့မောင်နဲ့တောင် သိပ်ရက်မခြားဘူး ဆုံးသွားရှာတယ်” ကိုဗစ် ၁၉ ရောဂါကြောင့် ခင်ပွန်းသည်နဲ့ မရီးဖြစ်သူ သေဆုံးရတဲ့အကြောင်းကို မစန်းမေ (အမည်လွဲ)က ပြန်ပြောင်း ပြောပြရင်း မျက်လုံးအိမ်ကနေ မျက်ရည်တွေ ရေတံခွန်ပမာ တရစပ်စီးကျလာပါတယ်။ တာကျိူးသလို မျက်လုံးအိမ်ထဲကနေတလဟော စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ရင်း မစန်းမေတစ်ယောက် သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို ဆက်မပြောနိုင်တော့ပဲ သူ့ခြံဝင်းထဲက နှင်းဆီပျိူးခင်းဘက် ငေးကြည့်နေမိတော့တယ်။ မိသားစုဝင် ၄ ဦးရှိတဲ့ မစန်းမေတို့ဟာ ချင်းတောင်ခြေ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာနေထိုင်ကြပြီး မိသားစု စားဝတ်နေရေးအတွက် နှင်းဆီနဲ့ ပန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေပါ။ ပျိူးခင်းထဲက နှင်းဆီနဲ့ တခြားသောပန်းတွေပွင့်လာပြီဆိုရင် ကလေးမြို့စျေး၊ တာဟန်းစျေးကြီးတွေကို နေ့တိုင်း လက်လီ၊ လက်ကားနဲ့ သွားရောက်ရောင်းချပြီး မိသားစုစားဝတ်နေရေး ကို ဖြေရှင်းနေကြရတာပါ။ ပန်းရောင်းဝယ်တဲ့လုပ်ငန်းဟာ တခြားစီးပွားရေးတွေလို ဝင်ငွေကောင်းလှတာမဟုတ်ပေမယ့် သူတို့မိသားစု ဝမ်းစာဖြေရှင်း ဖို့အတွက်တော့ အဆင်ပြေတယ်လို့ဆိုရမှာပါ။ ကလေးမြို့မှာ သူတို့လို ပန်းအမျိူးမျိူးစိုက်ပျိူးပြီး တနိုင်တပိုင် စီးပွားဖြစ် လုပ်ကိုင်နေကြ တဲ့ မိသားစုပေါင်း ၅၀ ကျော်လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တတိယလှိုင်းဝင်ရောက်လာပြီး အထူးသဖြင့် ချင်းပြည်နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်မှာ မေလကုန်ပိုင်းကစပြီး ကိုဗစ်ကူးစက်မှုစံချိန်တင်မြင့်တက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့ရဲ့ တနိုင်တပိုင် ပန်းရောင်းဝယ် ရေးလုပ်ငန်းဟာလည်း ရိုက်ခတ်မှုရှိလာပါတော့တယ်။ ကလေးမြို့ရဲ့ ကိုဗစ်ကူးစက်မှုအခြေအနေဟာ…
