ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကစပြီး လူနေအိမ် ၁၉ အိမ်လောင်းကျွမ်းပြာကျခဲ့သလို မီးငြိမ်းသတ်ဖို့သွားတဲ့ ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦးလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထန်ထလန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းက ထန်တလန်မြို့ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရင်ဆုံးပြောပြစေချင်ပါတယ်၊ ဘာကြောင့် ဘယ်လို မီးစတင်လောင်းကျွမ်းရတာပါလဲ။ ဖြေ။ ။ မနေ့ကတော့ မြို့တွင်းလှုပ်ရှားမှုလည်း နည်းနည်းရှိတာပေါ့နော်၊ CNA/CDF တို့ ပူးပေါင်းပြီးမှ လုပ်ထားတဲ့ ဟာရှိတယ်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိပေါ့ မြို့တွင်းမှာ ပစ်ခတ်မှု တွေရှိတယ်၊ ဒီလိုမျိုး အပြန်အလှန်ပစ်ခ တ်မှုတွေရှိတယ်၊ ဒီပစ်ခတ်မှုမှာတော့ စကစ ဖက်ကအယောက် ၃၀ လောက်တော့သေတယ်လို့သိရတယ်၊ CNA/CDF ဖက်က ဘာမှထိခိုက်မှုမရှိပဲ ပြန်သွားနိုင်တယ်။ အဲ့နောက်ပိုင်းမှာ သူတို့ (စကစ) က ထင်ရာစိုင်းပြီး မသင်္ကာတဲ့နေရာတွေကို အကုန်ရမ်းသမ်းပစ်တာပေါ့ သူတို့ရဲ့ လက်နက်ကြီးတွေကြောင့် လူနေအိမ်တွေထိပြီး မီးထလောင်တာပေါ့၊ လောင်တဲ့နေရာက အမှတ် (၁) ရပ်ကွက်၊ အရင်းတုန်းက ကျောင်းရပ်ကွက်လို့ခေါ်တယ်။ မေး။ ။ အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ဘယ်နှစ်လုံးပျက်စီးသွားလဲ။ လူတွေရော ထိခိုက်သေဆုံးမှုတွေရှိလား။ ဖြေ။ ။ အိမ်က ၁၉ အိမ်လောင်တာပေါ့၊ အမျိုးသမီးတယောက် နည်းနည်းဒဏ်ရာရ ထိမိတဲ့ပြည်သူတစ်ယောက်ရှိထားတယ်၊ သူကတော့ စိုးရိမ််ရလားဆိုတော့ ဒဏ်ရာကိုလည်း ကျွန်တော်တို့က တိတိကျကျ စုံးစမ်းလို့မရသေးဘူး၊…
Author: Editor
စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရက ကူညီထောက်ပံ့မည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီကိုရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Lalchhandama Ralte က Ministry of Education အောက်ရှိ Department of School Education and Literacy secretary Anita Karwal နှင့် တွေ့ဆုံ ပြီး မီဇိုရမ်ပညာရေးကိစ္စအသီးသီးဆွေးနွေးခဲ့သည့်အပြင် မီဇိုရောက် စစ်ဘေးရှောင်ကလေးများ၏ ပညာရေးကိစ္စကို လည်း ပြောဆိုဆွေးနွေးခဲ့ကြောင်း The Aizawl Post တွင် ဖော်ပြသည်။ Ministry of Education အတွင်းရေးမှူး Anita Karwal က အိမ်နီးချင်းမြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်ကလေးသူငယ်များ မီဇိုရမ်တွင်ဆက်လက်ပညာရေးသင်ကြားနိုင်ရေးအတွက် လိုအပ်သည့်အရာများကို ကူညီထောက်ပံ့သွားမည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံကြသော မြန်မာနိုင်ငံ လွတ်တော်ကိုယ်စာလှယ်များက မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးတို့ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ရာ မီဇိုရမ်ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်းများအနေဖြင့် မီဇိုရမ်တွင် လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ ပညာသင်ကြားခွင့်ရမည်ဟု တရားဝင်ကြေညာခဲ့ပြီးဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ကျောင်းနေရွယ်ကလေးငယ် ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား အရေးပေါ်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ထံ စာဖြင့် တင်ပြတောင်းဆိုထားသည်ဟု သိရသည်။ စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့သော ပူးဇိုးရမ်းထန်းငါး၏ စာတွင် မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များသည် အရေးတကြီး အကူအညီလိုအပ်နေကြောင်း၊ ယခုချက်ချင်းကူညီဆောင်ရွက်နိုင်ရန် အိန္ဒိယငွေ ရူပီး ၁၀ ကုဋေတောင်းခံခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ခန့်ရှိနေပြီး၊ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ပြည်နယ်ဘတ်ဂျက်အခြေအနေ ယိုင်နေသည့်အတွက် မြန်မာစစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ရန် မီဇိုရမ်ပြည်နယ်တစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ယခုကဲ့သို့ အိန္ဒိယဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။ ယင်းကိစ္စအတွက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာများ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ရူပီးငွေ ၅ ကုဋေ၊ စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ရူပီးငွေ ၃ ကုဋေနှင့် ကျန်းမာရေးကဏ္ဍများကူညီဆောင်ရွက်နိုင်ရေးအတွက် ရူပီးငွေ ၂ ကုဋေ စုစုပေါင်း ရူပီးငွေ ၁၀ ကုဋေ အရေးပေါ်ချပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အလားတူ စက်တင်ဘာ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် အိန္ဒိယအထက်လွှတ်တော်အမတ် Lok Sahba MP Pu C.Lalrosanga က Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush…
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက စစ်ကောင်စီနှင့် CDF တပ်ဖွဲ့အကြား မြို့တွင်း တိုက်ပွဲဖြစ်ပွားကာ မြို့ပေါ်နေပြည်သူထက်ဝက်နီးပါးခန့် ကျေးလက်ဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြသည့်အချိန် တွင် စစ်ကောင်စီတပ်သားများက ၎င်းတို့၏ နေအိမ်မွေနှောက်ခြင်း အိမ်မွေးတိရိစ္ဆာန်များအား ခိုယူမှုများရှိနေသည်ဟု ထန်လတန်မြို့ခံများထံမှသိရသည်။ “ထန်တလန်မှာက နေအိမ်တချို့က အိန္ဒိယဘက်မှ ရွာမှာ သူတို့ထွက်ပြေးရတယ် စစ်သားတွေက သော့ခတ်ထားတဲ့ အိမ်တွေကို ရိုက်ဖောက်ပြီးမှ သူတို့လိုချင်တဲ့ပစ္စည်းတွေယူနေတယ် သူတို့က ပြည်သူ့အိုးအိမ်ကာကွယ်နေတယ် အလကားပဲ လျှောက်ပြောနေတာ စစ်သားတွေက သူတို့စစ်ဆေးသလိုလို ဘာလိုလိုနဲ့ တော်တော်များများမှာ သူတို့ခိုးပြီးမှ အိမ်မွေးတိရိစ္ဆာန်တွေ သတ်စားနေပြီ မနေ့တနေ့ညဆိုလည်းပဲ ကျနော်အိမ်နားက ကြက် ၁၅ ကောင် အကောင် ၂၀ လောက်ရှိမယ်ထင်တယ် အဲဒါလည်း သူတို့ပဲ ခိုးသွားတာ အဲလိုအနေအထားဖြစ်နေတယ်” ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးရေးတင်းကြပ်မှုများရှိလာသကဲ့သို့ သေနတ်သံများလည်း ကြားရေရဆဲရဟုသိရပြီး လက်နက်ကြီးပစ်ခတ်မှုလည်း ရှိနေသည်ဟု သိရသည်။ “မနေ့ကလည်း ၈ နာရီကျော်ကျော်လောက်ကနေ ၁၁ နာရီလောက်ထိ ဒုန်းဒုန်းဒိုင်းဒိုင်းချတာ CDF နဲ့ဖြစ်လားဆိုလည်းမဟုတ်ဘူး သူတို့ တမင်သက်သက်ကို ရမ်းသန်းပစ်ပြီး ပြည်သူတွေကြောက်အောင်လုပ်ကြတာလား မနေ့ကဆိုရင် ဗုံးကော သေနတ်ကော” ဟု ထန်တလန်ဒေသခံတစ်ဦးကပြောသည်။…
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများနှင့် မြန်မာနိုင်ငံရှိ ဇိုး (ချင်း) လူမျိုးများအကြား ကိုဗစ်-၁၉ ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ရံပုံငွေရှာဖွေသည့်အနေဖြင့် Zofate Gospel Charity for Myanmar ကို စက်တင်ဘာ ၁၅ ရက် ည ၈းဝ၀ နာရီက မီဇိုရမ်တွင် ပြုလုပ်ခဲ့ကြသည်။ ထိုအစီအစဉ်ကို Breakthrough Believer Ministries နှင့် မီဇိုရမ်ပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူ အနုပညာရှင်များ အဖွဲ့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ Breakthrough Believer Ministries အဖွဲ့မှ ဥက္ကဌ Vanlalsailova က “ချင်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ ချင်းညီအကိုတွေ စစ်ဘေးဒဏ်ကြောင့် မီဇိုရမ်ကို များစွာ ထွက်ပြေးတိမ်းရှောင်လာကြတာ အားလုံးအသိဖြစ်တယ်။ အဲ့မတိုင်ခင် ကျနော်တို့ညီအကိုအများအပြားနေထိုင်တဲ့ တာဟန်မှာလည်း ဟိုတလောက ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်မလုံလောက်မှုများသလို၊ သေဆုံးမှုနှုန်းကလည်း အတော်ကိုများတာဖြစ်တယ်။ ဒါကြောင့် အဲဒီအရာကို ရည်ရွယ်ပြီး ဒီ Charity ကို ပြုလုပ်ရခြင်းဖြစ်တယ်။” ဟုပြောသည်။ ဆက်လက်ပြီး Vanlalsailova က “ဒီ Charity ကနေ ရရှိတဲ့ ငွေကြေးဟာ မြန်မာနိုင်ငံ ပြည်တွင်းမှာရှိနေကြတဲ့ ဇိုး(ချင်း) မျိုးနွယ်စုများနှင့် မီဇိုရမ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များအတွက် လိုအပ်သလို ကူညီ ဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု ပြောသည်။ အဆိုပါ Zofate Gospel Charity for Myanmar ရံပုံငွေရှာဖွေပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အဆိုတော် ချင်းအမျိုးသား Benjamin Sum…
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော အိန္ဒိယအထက်လွှတ်တော်အမတ် Lok sabha MP Pu C. Lalrosanga က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အမြန်ဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။ Pu C.Lalrosanga သည် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့ကို တွေ့ဆုံးခဲ့ပြီး ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။ Pu C.Lalrosanga က လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ပြီးနောက် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများနှင့် အခြားလိုအပ်ချက်များ အကူအညီရရှိနိုင်သမျှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များ ပျက်စီးမှုတွေရှိနေသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။ “၇ နာရီနောက်ပိုင်းကဖြစ်တာ အခုထိပစ်နေတုန်း၊ လူတွေလဲ အိမ်ထဲကအိမ်ပြင်ကို မထွက်ရဲကြဘူး၊ အိမ်တွေတော့ လက်နက်ကြီးတွေ ထိမှန်တာရှိတယ်၊ ဘဏ်နား၊ လျှပ်စစ်ရုံး၊ ဆေးရုံဖက်တို့မှာ၊ လူတွေတော့ လောလောဆယ်ထိ ထိခိုက်တာမရှိဘူး။ အခုကတော့ လူငယ်တွေ ပစ်တဲ့ပုံစံတော့မဟုတ်ပါဘူး၊ တပ်က ရမ်းသမ်းပစ်တဲ့ပုံစံပဲ” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။ ကန်ပက်လက်မြို့ပေါ်တွင် ယနေ့ နံနက် ၇ နာရီနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၈ လုံးမှာ မြို့တွင်း (၃) နေရာတွင်ကျရောက်ခဲ့ပြီး လူနေအိမ်တွေကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့အကြားတွင် ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံအနီးက Mytel Tower တိုင်တစ်တိုင်ကို စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တီးတိန်မြို့နယ်တွင် ၅ ရက်အတွင်း Mytel Tower တိုင် ၄ တိုင်မြောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ “မနေ့ညကဟာနဲ့ဆိုရင် ၄ တိုင်မြောက်ပေါ့ ဖျက်ဆီးတာ နေ့တိုင်းနီးပါးဖျက်ဆီးတယ် နေရာကတော့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံနားမှာ” ဟု တီးတိန်မြို့ဒေသခံတစ်ဦး ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကစ၍ တီးတိန်မြ်ို့နယ်အတွင်းရှိ Mytel Tower တိုင်များကို PDF-Zoland တပ်ဖွဲ့က ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တီးတိန်မြို့အဝင်၊ ကနေဒီတောင်ခြေနှင့် ခိုင်ကမ်းမြို့အနီး စသည့် ၃ နေရာတွင် Mytel Tower တိုင်များကို ဖေါက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။ တီးတိန်မြို့နယ်တွင် Mytel tower ဖျက်ဆီးခံရခြင်းကြောင့် Mytel အင်တာနက်လိုင်း အသုံးပြု၍မရတော့ကြောင်းသိရပြီး ဖုန်းလိုင်းမှာမူ ပြောဆို၍ရသေးကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ဆောမြို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်ထားသည်။ “မနေ့က ဆောနဲ့ ကန်ပက်လက်ကြားမှာ ဆောကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက်ဖက်ကနေ ကျွန်တော်တို့က ဖြတ်တိုက်တဲ့သဘောပါပဲ၊ စစ်ကောင်စီဖက်က ၁၀ ဦးထက်မနည်း ကျတာပေါ့၊ ဒီနေ့မှာတော့ ကျွန်တော်တို့ကို မြေပြင်အခြေအနေကို တိုက်ပွဲလက်တွေ့ဝင်နေတဲ့ ကျွန်တော်တို့စီကို သတင်းမပို့သေးဘူး၊ ထိတွေ့မှုတွေရှိတယ်လို့ပြောတယ်၊ အထိအခိုက်တွေ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို မသိရသေးဘူး” ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက တစ်ဦးကပြောသည်။ CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပြီး ပစ်ခတ်မှုတွေရှိခဲ့သော်လည်း CDF-Kanpetlet ဘက်မှ အထိအခိုက်မရှိကြောင်းလည်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်လည်း CDF-Kanpetlet နှင့် စစ်ကောင်စီ ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု သိရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ကန်ပက်လက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို လတ်တလော မသိရှိရသေးပေ။
ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း တဖက်အိမ်နီးချင်း မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်ရှောင်းလာသူ စစ်ဘေးရှောင်ဦးရေ တစ်ရက်ပြီးတစ်ရက်တိုးလာနေပြီး လူဦးရေ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှာင်များမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင်၊ Hnahthial ခရိုင်နှင့် Lawngtlai ခရိုင်တို့တွင် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။ မီဇိုရမ်အစိုးရနှင့်ဒေသခံပြည်သူများက အစိုးရကျောင်း၊ ခန်းမများတွင်းထားရှိကာ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အစား၊ စောင်၊ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြပြီး စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ကိုးစက်ခံရသူ မရှိသေးကြောင်း The Aizawl Post တွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဝင်ရောက်လာမှု တစ်ရက်ပြီးတစ်ရက် တိုးများလာသည့်အတွက် လူဦးရေ အတိအကျ မသိရှိနိုင်သော်လည်း Hnahthial ခရိုင်တွင် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်နေပြီဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ Hnahthial ခရိုင် Thingsai ကျေးရွာတွင် (၅၀၄)၊ Cherhlun ကျေးရွာတွင် (၁၀၅)၊ Ngharchhip ကျေးရွာတွင် (၁၀၃)၊ Ngharchhip ရွာသစ်တွင် (၃၀၀)၊ Khawhri ကျေးရွာတွင် (၈၀)၊ Tarpho ကျေးရွာတွင် (၈၀)၊ Chawngtui ကျေးရွာတွင် (၂၀)…
