Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်များ အခက်အခဲမရှိနေထိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

စစ်ဘေးရှောင်များ အခက်အခဲမရှိနေထိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

0
By Editor on March 3, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ အခက်အခဲမရှိနေထိုင်ရေးအတွက် အစိုးရအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော လွတ်တော်အစည်းအဝေး Assembly session တွင် အတိုက်ခံ INC ပါတီလွတ်တော်ကိုယ်စာလှယ် Lalrindika Ralte က မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“စစ်ဘေးရှောင်တွေ အခက်အခဲမရှိ၊ စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်နေနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွား မယ်၊ စားနပ်ရိက္ခာအတွက်သော်လည်းကောင်း အခြားသော လိုအပ်ချက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်၊ အိန္ဒိယဗဟိုအစိုးရကိုလည်း အကူအညီထပ်တောင်ခံထားပြီး ကူညီထောက်ပံ့ပေးမယ်လို့လည်း မျော်လင့်ရပါတယ်” ဟု ပူးဇိုးရမ်းထန်းငါက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့ထိုးလာနေပြီး အထူးသဖြင့် ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် က စစ်ဆင်ရေးအကြီးအကျယ်ဆောင်ရွက်နေခြင်းကြောင့် ချင်းတောင်တန်းမှ ပြည်သူများသည် မီဇိုရမ်ပြည်နယ်ဘက်သို့ ပိုမိုဝင်ရောက်လာနေပြီး ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းမှတ်တမ်းအရ စစ်ဘေးရှောင်ဦးရေ ၂၄၂၈၉ ဦးရှိ သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးတွင်ပြောဆိုသည်။

မြန်မာစစ်ဘေးရှောင်များသည် ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခုရှိ စစ်ဘေးရှောင်စခန်းများတွင် ဖြန့်ကျက်နေထိုင်ကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) များ၊ ဘာသာရေးအသင်းအဖွဲ့အစည်းများက ကူညီပေးလျှက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

“စစ်ဘေးရှောင်ဦးရေတိုးလာတယ်၊ ချင်းပြည်နယ်ကနေ လာတဲ့သူများတယ်၊ မီဇိုရမ်အစိုးရ၊ အသင်းတော်၊ NGO, ကျောင်း သားသမဂ္ဂနဲ့ ပြည်သူလူထုတွေက ကူညီဆောင်ရွက်ပေးနေကြပါတယ်၊ စစ်ဘေးရှောင် များကလည်း ကျေးဇူးတင်ကြောင်း ထပ်ခါတလည်းလည်း ပြောဆိုကြတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယနိုင်ငံသည့် ကမ႓ာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘောတူစာချုပ်တွင် (UN Convention on Refugees) လက်မှတ်ရေးထိုးထားခြင်းမရှိသော ကြောင့် ဗဟိုအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များအား တိုက်ရိုက်ကူညီ၍မရသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရ အဖွဲ့မှ တဆင့် ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားသည်ဟု ပူးဇိုးရမ်းထန်းငါကပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသက ပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.