Author: Editor

အာဏာသိမ်းစစ်ကောင်စီမှ “အိမ်စောင့်အစိုးရ” အသစ် ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှ ထူးခြားပြောင်းလဲမှုရှိလာမှာမဟုတ်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “အရင်ဓာတ်ပြား‌ဟောင်းကို ပြန်သွားတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေပြီး အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲလိုက်ပေမယ့် ဘာမှထူးခြားမှာမဟုတ်ဘူး၊ အဓိက, ကတော့ စစ်ကောင်စီတို့ အိမ်စောင့်အစိုးရတို့ဆိုတာက အားလုံးက အတူတူပါပဲ၊ မူလည်းအတူတူ လူလည်းအတူတူ နာမည်ပြောင်းတာပဲရှိတယ်၊ စစ်ကောင်စီကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အသိမှတ်ပြုနိုင်ဖို့ စစ်ကောင်စီက သဘောပေါက်တယ်၊ သိလာတယ်လို့ ကျနော်မြင်တယ်၊ အဲ့ဒါကြောင့် ဗိုလ်ချုပ်နေဝင်းအစိုးရတုန်းကလိုမျိုးပဲ ဓာတ်ပြားဟောင်းကြီးကို ပြန်ပြီးလုပ်လာတာဖြစ်တယ်၊ အစိုးရတစ်ရပ်ဖြစ်လာဖို့ လုပ်တာဖြစ်တယ်၊ ဘာမှ ထူးခြားမှာတော့မဟုတ်ဘူး၊ အိမ်စောင့်အစိုးရ အစိုးရပုံစံမျိုးလုပ်တော့ ဝန်ကြီးတွေဘာတွေ ထပ်လုပ်ချင်တာတွေရှိတယ်၊ ဘာမှထူးခြားမှာမဟုတ်ဘူး၊ လူကအတူတူ မူကအတူတူပါပဲ” ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောသည်။ ၁၉၅၈ ခုနှစ်တုန်းကလိုမျိုး ဗိုလ်ချုပ်ကြီးနေဝင်းမှ “အိမ်စောင့်အစိုးရ” အား ဖွဲ့စည်းလိုက်သည့်ပုံစံမျိုး ယခုအချိန်တွင် ထပ်တူလုပ်လို့မရတော့‌ကြောင်း၊ Generation Z ခေတ် သတင်းဆက်သွယ်ရေးနှင့် နည်းပညာခေတ်တွင် ဘာမှပြောင်းလဲလာစရာမရှိကြောင်း ဆလိုင်းထက်နီမှ ယခုလို ဆက်လက်သုံးသပ်ပြောဆိုသည်။ “အခု Genaration က ဟိုအရင် ၈၈ ကလို မဟုတ်တော့ဘူး၊ သူတို့ သတင်းဆက်သွယ်ရေးကအစ နည်းပညာကအစ သူတို့မှာ တော်တော်စုံနေတယ်၊ ၈၈ တုန်းက အားလုံး သတင်းအမှောင်ချထားတယ်ဆိုတော့ အခု Genaration Z တွေလောက် ကျနော်တို့ သတင်းဆက်သွယ်ရေး၊ နည်းပညာတို့ ဘာမှမရှိခဲ့ဘူး၊ အခု Genaration Z…

Read More

ကလေးမြို့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှင့် ရောဂါကူးစက်မှု အနည်းငယ်လျော့နည်းလာခြင်းကြောင့် တာဟန်းရပ်ကွက်၊ အိတ်စွတ်ကျေးရွာရှိ ကွာရန်တင်းစင်တာအား နောက်ရက်အနည်းငယ်တွင် ဖျက်သိမ်းမည်ဟု ကွာရန်တင်းစင်တာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ကျနော်တို့ ပိတ်တော့မပိတ်သေးဘူး၊ ကုသဆဲ ၂ ယောက် ၃ ယောက်လောက်ပဲ ကျန်တော့တယ်၊ ၂ ရက် ၃ ရက်လောက် စောင့်ကြည့်အုံးမယ်၊ နောက်ထပ် ရောက်မလာတော့ဘူးဆိုရင် ပိတ်လိုက်တော့မယ်၊ အခုလက်ရှိ ၂ ယောက်လည်း အပြင်ဆေးရုံဘက်ပြောင်းကြမလား မသိသေးဘူး၊ သူတို့ကလည်း အပြင်ဆေးခန်းမှပဲ နေမယ်လို့တော့ သူတို့ကလည်းပြောတယ်၊ ပိုးတွေ့လူနာတွေကလည်း ရောက်လာရင်လည်း တိုင်းရင်းဆေးရုံကိုပဲ သွားချင်ကြတယ်၊ သူတို့မှာက ဆရာဝန်ပုံမှန်စောင့်ကြည့်ခံရတယ်၊ ကျနော်တို့မှာတော့ ဆရာဝန်ပုံမှန်စောင့်ကြည့်ရတာ သိပ်မရှိတာပေါ့” ဟု အိတ်စွတ်ကွာရန်တင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကွာရန်တင်းစင်တာ (၃) ခုထားရှိပြီး အိတ်စွတ်ကွာရန်တင်းစင်တာတွင် (၃) ဦး၊ အာမာန် ကွာရန်တင်းစင်တာတွင် (၁၀) ဦးကျော်နှင့် တိုင်ရင်းဆေးရုံတွင် (၂၀) ဦးခန့်ထားရှိကြောင်း သိရသည်။ ကလေးမြို့ ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံးကွာရန်တင်းစင်တာအဖြစ် အိတ်စွတ်ကွာရန်တင်းစင်တာအား မေလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကိုဗစ်ရောဂါကူးစက်ခံရသည့် လူနာများ လျော့နည်းလာခြင်းကြောင့် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်။ အိတ်စွတ်ကွာရန်တင်းစင်တာဖွင့်လှစ်ခဲ့သည့် ၃ လနီးပါးကာလအတွင်း အရေးပေါ်အတွင်းလူနာ ၃၀၀ ကျော်၊ ကိုဗစ်ရောဂါမှပြန်ကျန်းမာလာသူ ၂၀၀၀ နီးပါးနှင့် သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး သေနတ်များပစ်ဖောက်ခဲ့သည့်အပြင် ကန်ပက်လက်မြို့မှ ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ ပြန်မလွတ်ပေးသေးကြောင်း သိရသည်။ “မနေ့က မြို့ထဲက ၂ ယောက် အဖမ်းခံရတယ်၊ မြို့ပတ်လမ်းဖက်က ကားလမ်းဆိုင်ကယ်နဲ့ သွားလာနေတဲ့သူတွေဆိုတော့ အိမ်ကဘယ်မှာဆိုတာမသိရဘူး၊ အခုထိပြန်မလွတ်သေးဘူး၊ မနေ့က ရွာထဲကသူတွေလည်းပါသွားတယ်၊ အရင်နေ့တွေကလည်း ၁ဝ ယောက်ကျော်ပါတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာကို မသိရတာ၊ လမ်းမှာတွေ့ရင် တွေ့သလိုဖမ်းသွားကြတာ၊ အကြောင်းမဲ့ကို။ အခု သူတို့ကို ရဲစခန်းမှာပဲထားတယ်” ဟု ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက ပြောသည်။ ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်ကလည်း ကန့်သာရုံကျေးရွာအနီးတွင် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်ထဲတွင်ရှိနေသော အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ကို ကျည်ဆံထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် လက်ရှိတွင် မကွေးမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူနေရသည်ဟုလည်း သိရသည်။ ထို့အပြင် ကန်ပက်လက်မြို့ အနောက်ရပ်ကွက်ရှိ မသန်စွမ်းသူတစ်ဦး၏ နေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင််ရောက်ရှာဖွေပြီး ပစ္စည်းများကို ဖျက်ဆီးယူဆောင်ခဲ့သည့်အပြင် နေမကောင်း၍ အိပ်ယာထဲလဲနေသော အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်ကာ ငွေ ၃ သိန်း၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ညတွင်လည်း ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များနှင့် မြို့မနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံပျက်စီးမှုများ ရှိခဲဲ့သည်။ ယနေ့တွင်…

Read More

ချင်းပြည်နယ်တောင်းပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသော မိခင်နှင့် ကလေးသူငယ်များအတွက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် ယနေ့ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရသည်။ “ဒီမနက် ၉ နာရီ ၁ဝ နာရီလောက်က လာပေးတယ်၊ နည်းနည်းပါးပါးလောက်တော့ လာပေးသေးတယ်၊ အကုန်လုံးတော့ လာမပေးသေးဘူး၊ အခု သူတို့ပေးတာကြတော့ အမျိုးအမည် တအားများတယ်၊ ကိုယ်ဝန်ဆောင်တွေအတွက်ဆေး၊ နို့တိုက်မိခင်တို့၊ ၅ နှစ်အောက်ကလေးနဲ့ ၁၀ နှစ် ၁၈ နှစ်ဆိုပြီးခွဲတယ်၊ ကျွန်တော်တို့ Camp က ၅ နှစ်အောက်က ကလေးတွေပဲရသေးတယ်၊ ၁၀ အိမ်ကျော်ကျော်လောက်တော့ ရအုံးမယ်ထင်တယ်။ သူတို့လာမယ်လို့မသိတော့ တောင်ယာသွားတဲ့သူတွေ ဖြစ်နေတော့ မရှိတဲ့သူတွေကိုတော့ မပေးဘူး၊ သူတို့လာတဲ့အချိန် Camp မှာရှိတဲ့သူ တွေပဲရတယ်၊ တခြား ဘယ် Camp တွေကို သွားပေးမယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး၊ သူတို့ပြောတာတော့ ဘဝသစ် RC ကို သွားမယ်လို့ပြောတယ်” ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက ခွင့်ပြုထားသော စစ်ဘေးရှောင်စခန်း ၁၀ ခုခန့်ရှိသည်ဟုသိရပြီး စစ်ဘေးရှောင်စခန်းတွင် စာရင်းပြုစုချက်အရ အိမ်ထောင်စု ၁ ထောင်ကျော်နှင့် လူဦးရေ ၆ ထောင်ဝန်းကျင်ခန့်ရှိဟု သိရသည်။ သို့သော်လည်း ယင်းစစ်ဘေးရှောင်ပြည်သူများအစုမှာ နေအိမ်သို့ပြန်သွားကြပြီး လက်ရှိ Camp ၃ ခု ၄ ခုလောက်တွင်သာ စစ်ဘေးရှောင်ပြည်သူ အနည်းစုသာ နေထိုင်ကြကြောင်းလည်း…

Read More

ကလေးမြို့နှင့် ချင်းပြည်နယ် နယ်စပ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များနှင့် PDF (Kalay) တပ်ဖွဲ့များယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖက်မှ ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိကြောင်း သိရသည်။ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်း ဘက်သို့ ရွှေ့ပြောင်းလာရာတွင် PDF (Kalay) တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဦးကို အသေပစ်ခတ်ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် PDF (Kalay) တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ရာ ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် ကလေး-ဂန့်ဂေါအကြား ကားများ မှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေး အသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန် အသိပေးအပ်ခဲ့ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရန်ကုန်-မန္တလေး ကားလိုင်းမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့အဝင်ဂိတ်တွင် ရှာဖွေစစ်ဆေးခြင်းများ တင်းကြပ်စွာပြုလုပ်နေသည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဟားခါးအဝင် ဂိတ်မှာ ရန်ကုန်-မန္ထလေးကနေလာတဲ့ကားတွေကို စစ်ဆေးရေးကြမ်းတယ်၊ မန္တလေးကနေ ဒီမနက်ထွက်ရင် ဟားခါးကို ညနေလောက်ရောက်ရမယ့်ကိစ္စကို ဒါပေမယ့် နောက်နေ့ မနက်မှရောက်တာတို့ရှိတယ်၊ အဲ့ဂိတ်မှာ ညအိပ်သွားပြီးစစ်တာ၊ ပစ္စည်းတွေတော်တော်များများကို ချခိုင်းပြီတော့ အသေးစိတ်စစ်တာ၊ ၂-၃ ပတ်လောက်တော့ရှိတော့မယ်၊ အရင်တုန်းက မကြပ်ဘူး၊ အခုကတော့ တော်တော်လေးကို အသေးစိတ်စစ်တာ၊ ပစ္စည်းတွေ တချို့ဟာကို ဂိတ်မှာဖောက်ပြီးတော့ကို စစ်တာ၊ ကားကလည်း နှစ်မျိုးနဲ့ စစ်တာထင်တယ်၊ အိမ်စီးကားတွေကို ခနပဲစစ်ပြီး မြို့ထဲကိုဝင်ခိုင်းတာပေါ့။ အဓိက ကုန်ပစ္စည်းတွေကို တင်တဲ့ကားတွေကိုစစ်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ဟားခါးမြို့တွင် ယခင်က ကုန်တင်ကားလိုင်းများကို ပုံမှန်ပြေးဆွဲနေပေမယ့် စစ်ကောင်စီတပ်များ၏ တင်းကြပ်စွာ စစ်ဆေးလာမှုကြောင့် လက်ရှိတွင် ရက်သတ္တ ၁ ပတ်တွင် ၂-၃ ကြိမ်သာ ပြေးဆွဲနေရသည့်အပြင် မြို့တွင်းရှိ ဆန်ဆိုင်များတွင်လည်း ဆန်အတင်အချ အရေအတွက်ကို အတိအကျ စာရင်းကောက်ယူမှုများလည်းရှိကြောင်း သိရသည်။ သြဂုတ်လ ၁၁ ရက် ယမန်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်းဖြင့် အိမ်ထောင်စုစာရင်း မှန်/မမှန် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေလည်းရှိကြောင်း သိရသည်။

Read More

ချင်းတို့၏ စစ်သမိုင်းကို ဆက်လက်လေ့လာရာတွင် ပုန်ကန်ခြင်း (Rebellion) နှင့် တော်လှန်ခြင်း (Revolution) ဆိုသည့် စကားလုံးနှစ်လုံး၏ အနက်အား ဦးစွာအနက်ဖွင့်ရန် လိုအပ်လေသည်။ တော်လှန်ရေး (Revolution) ဆိုသည်မှာ အုပ်ချုပ်သူတစ်ရပ်ရပ်၏ လက်အောက်မှ အပြီးတိုင် လွတ်မြောက်လိုသော အမျိုးသားရေးဝါဒတစ်မျိုးမျိုးအား အခြေခံကာ စနစ်တကျစီမံကာ တိုက်ခိုက်တော်လှန်ခြင်းဖြစ်လေသည်။ ပုန်ကန်မှု (Rebellion) ဆိုရာတွင် အုပ်ချုပ်သူတစ်ရပ်အား လတ်တလောမကျေနပ်မှု အကြောင်းတစ်ခုခုဖြင့် တိုက်ခိုက်ပုန်ကန်ခြင်းဖြစ်လေသည်။ တခါတရံတွင် ပုန်ကန်မှုသည် အားကောင်းလာပြီး တော်လှန်ရေးပုံစံအသွင်ပြောင်းကာ လွတ်မြောက်ရေးအကြောင်းဖြစ်စေသော သာဓကများလည်းရှိပေသည်။ သို့သော် အများအားဖြင့် ပုန်ကန်မှု (Rebel) သည် တော်လှန်ရေး (Revolution) လောက် အားမကောင်းသကဲ့သို့ ရေရှည်လည်းမခံပေ။ တခါတရံ အုပ်ချုပ်သူများဖက်မှ ပုန်ကန်မှုဟု သတ်မှတ်သော်လည်း တိုက်ခိုက်သူများဖက်မှ တော်လှန်ရေးဟုမြင်သောသူများလည်း ရှိလေသည်။ ကိုလိုနီခေတ်ဦးတွင် ချင်းမျိုးနွယ်စုများသည် အုပ်ချုပ်သူ အင်္ဂလိပ်များအား ပြင်းထန်စွာပုန်ကန်ခဲ့ကြပါသည်။ မြန်မာကိုလိုနီခေတ်ဦးတွင် ချင်းတို့ပုန်ကန်မှုသည် အပြင်းထန်ဆုံးဟုဆိုလျင် မှားမည်မထင်ပေ။ ပုန်ကန်သည့် သမိုင်းအဖြစ်အပျက်များအား အသေးစိတ်မဖော်ပြတော့ဘဲ အနှစ်ချုပ်နားလည်စေရန်သာ ဖော်ပြပါသည်။ ခုနှစ်များအားလည်း လိုအပ်သလောက်သာဖော်ပြပါသည်။ ဖြည့်စွက်ရန်လည်းလိုအပ်ပေလိမ့်အုံးမည်။ (၄) ချင်းမျိုးနွယ်စုများပုန်ကန်သည့်ခေတ် (Tribal Rebellion Period) က] စီယင်း-ငွန်ငါလ်ပုန်ကန်မှု (Siyin-Ngunngal Rebellion) ချင်းလူမျိုးတို့၏ ပထမဦးဆုံးသော ပုန်ကန်သည့် စီးယင်း-နွယ်ငါလ် ပုန်ကန်မူအား Siyin-Nwengal Rebellion (1892) ဟုမှတ်တမ်းတင်ခဲ့ကြလေသည်။ Nwengal မှာ Ngunngal ငွန်ငါလ်ဟုအသံထွက်လေသည်။ ချင်းတောင်တန်းအား အင်္ဂလိပ်တို့သိမ်းပိုက်ပြီး နှစ်မကြာမှီပင် ပုန်ကန်မှုကြီးစတင်လာခဲ့ရာ ထိုတော်လှန်ပုန်ကန်မှုကြီးသည် ချင်းသမိုင်းတွင် အုပ်ချုပ်သူများအားတော်လှန်ရာ…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ၆ မိုင်ခန့်ဝေးသည့် လုံးပီး (လုံရန်း) ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ရွာအတွင်း သေနတ်ပစ်ခတ်မှုကြောင့် အေဂျီအသင်းတော် သင်းအုပ်ဆရာကတော် အသက် ၆၀ အရွယ် Pi Ngeih Tling သေဆုံးခဲ့သည်ဟု သိရသည်။ လုံပီး (လုံရန်) ရပ်ကွက်တွင် ယမန်နေ့ညကတည်းက စစ်ကောင်စီတပ်ဖွဲ့သည် တစ်နေကုန်နီးပါး သေနတ်ပစ်ဖေါက်ခဲ့ကြကာ နောက်နေ့မနက်တွင် ရွာသားများသည် ဇာလိုင်ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် ပစ္စည်းသယ်နေကြစဉ်တွင် သေနတ်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။ “ပစ္စည်းသယ်တဲ့အချိန်မှာ သေနတ်ထိမှန်တာလို့သိရတယ်၊ ဖလမ်းဆေးရုံကိုရောက်လာပြီး မကြာခင်မှာပဲ ကွယ်လွန်သွားတာ” ဟု ဖလမ်းဒေသခံက ပြောသည်။ ချင်းအမျိူးသားအဖွဲ့ချုပ်၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများရှိနေပြီး ဖလမ်းမြို့မှ တလန်ရောရန်ကျေးရွာသို့ ဆေးကုသပြီး ပြန်သွားသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းအား တင်ဆောင်သည့် ဆိုင်ကယ်သမားကို စကစတပ်မှ ပစ်ခတ်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိူးသမီးပေါင်တွင် ကျည်ဆံထိမှန်ကာ ဆိုင်ကယ်သမားကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ ထို့အပြင် ဇလိုင်ကျေးရွာမှ အမယ်အိုတစ်ဦးမှာလည်း နေအိမ်အောက်တွင် ကြောက်လန့်ကာပုန်းနေစဉ် ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ဖလမ်းမြို့အနီးကျေးရွာများမှ အပြစ်မဲ့ပြည်သူများကိုလည်း စကစတပ်မှ ဖမ်းဆီးမှုများရှိကာ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါးလမ်းသို့ ခရီးသွားလာခြင်းမပြုကြရန် ချင်းအမျိူးသားအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ဝန်းကျင် ခိုလုံကြရသော စစ်ဘေးရှောင်စခန်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာ အခက်အခဲကြုံနေကြရသည်ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များထံမှ သိရသည်။ “လူဦးရေအားဖြင့် ၁၀၀၀ ဝန်းကျင်ရှိတယ်၊ အခု သူတို့စားဖို့ သောက်ဖို့ အရမ်းခက်ခဲနေတယ်၊ သူတို့ကို လက်ခံပေးတဲ့ရွာတွေက သူတို့အိမ်ကနေပြီး ဆန်တွေ ခွဲပေးတယ်၊ ပြီးတော့ ကျင်တွေးလမ်းက ရွာသားတွေက လောလောဆယ် အဝင်/အထွက်ပိတ်တော့ တအားခက်တယ်၊ အခုက မိုးတွင်းလည်းဖြစ်တော့ လမ်းတွေ အရမ်းဆိုးတယ်၊ အခုလောလောဆယ် ဝိတိုရိယလမ်းကနေပဲ သွားလို့ပဲရတော့ ဟိုအရောက်ဆိုရင် ဆန်တအိတ်ကို ပိုက်ဆံနဲ့ ၁ သိန်းကျော်ကျော်လောက်ကို တန်ဖိုးရှိသွားတယ်၊ သယ်ယူရေးက တော်တော်လေးခက်တယ်၊ စစ်ဘေးရှောင်တွေတွက်က ရိက္ခာက ခက်ခဲတာထက် တော်တော်လေးကို ခက်ခဲတဲ့အနေအထားပါ၊ ဆေးဝါးတွေ၊ စောင်တွေလည်း အလုံအလောက်မရှိကြဘူး တအားကို အဆင်မပြေကြတာ” ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါးနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွား ၁၀ ရွာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။ ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံသော ကျေးရွာများသည် ကန်ပက်လက်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဇူလိုင်လပိုင်းက ဖြစ်ပွားသောတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် ကျေးရွာ ရပ်မိ/ရပ်ဖ ဘာသာရေးအဖွဲ့အစည်းများက လက်ခံဖွင့်လှစ်ပေးသော စစ်ဘေးရှောင်စခန်းဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၆…

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခွဲလုံသာကျေးရွာတွင် သြဂုတ်လ ၈ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်ကစပြီး လူနေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အသက် ၇၈ အရွယ် အဘိုးအိုနှင့် မြေး ၂ယောက် သေးဆုံးသွားသည်ဟု သိရသည်။ “ မီးလောင်တာက မနေ့ညက ၁၂နာရီလောက်ကနေစလောင်တယ်လို့ ခန့်မှန်းကြတယ်၊ ရွာကလူ တွေက ၂ နာရီလောက်မှာပဲသိရတော့ အိမ်တခုလုံး မီးကျွမ်းပြီိး။ အဲ့အိမ်မှာက အဖိုးရယ် မြေး ၂ယောက်ရယ် ၃ယောက်ပဲနေတာ မီးလောင်တဲ့ထဲမှာပဲ ၃ယောက်စလုံး သေဆုံးသွားကြတယ်၊ ကလေးရဲ့ မိဘတွေက ဥယျာဉ်သွားကြတာလို့ သိရတယ်၊ အဲ့အိမ်ကလည်း ရွာထိပ်မှာပဲ သီးသန့် လေးဖြစ်တယ်၊ ဆိုလာ ဘက်ထရီကနေပြီး ရှော့ခ်ဖြစ်ပြီးလောင်တာလို့ပြောကြတယ်” ဟု ကန်ပလက်မြို့နယ် ကြက်ခြေနီအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ် အဖိုးအိုနှင့် မြေး ၂ ယောက်ဖြစ်သည့် ၁၂ နှစ်အရွယ် မိန်းကလေး နှင့် ၉ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြသည်ဟု သိရသည်။ ခွဲလုံသာကျေးရွာသည် ကန်ပက်လက်မြို့နှင့် မိုင် ၃၀ ကျော်ဝန်းကျင် ခန့်ကွာဝေးပြီး ၎င်းမီးဘေးသင့် မိသားစုဝင်အတွက် ကန်ပလက်မြို့နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့မှုများလည်း ရှိသည်ဟု သိရသည်။

Read More