စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ကင်းလှည့်နေသောစစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၇ နာရီခွဲခန့်က ကလေးမြို့ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းအတိုင်း ကင်းလှည့်သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီးကို PDF (Kalay) ၏ မြို့ပြပျောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က ဆင်ရွာလမ်းခွဲအနီးတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အနီးနားပတ်ဝန်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦး ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဒါဏ်ရာရရှိသူတစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မောင်တွောလ်ဆွမ်းပေါင်သည် သင်တန်းတက်ရန်သွားနေစဉ် ခြေထောက်တစ်ဘက်တွင် ကျည်ထိမှန်ခဲ့ပြီး အသက်အန္ဓာရယ်မစိုးရိမ်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သင်တန်းတက်ဖို သွားနေတာ သူ့ခြေသလုံးမှာ သေနတ်မှန်ထားတယ်၊ ဒါတောင် ကလေးက သူငယ်ချင်းတွေစတယ် ထင်လိုက်သေးတယ်၊ ကျည်ဆံကိုတော့ ချက်ချင်းထုတ်လိုက်နိုင်တယ် အနာကိုဆေးထဲ့ပြီး သင်တန်းဆက်တက်နိုင်တယ်၊ ဆိုတော့ ဒါဏ်ရာကတော့ မစိုးရိမ်ရဘူး။” ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနေသော အမျိုးသမီးတစ်ဦးလည်း မေးရိုးရှပ်ထိ၊ ဘယ်ပုခုံးကျည်ဖောက်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာအနီးက Denko ဆီဆိုင်စောင့်အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက်ကျည်ထိမှန်ခဲ့သည်ဟု သိရသည်။ ထို့အပြင် နေအိမ်နှစ်လုံး ကျည်ထိပြီး နေက်အိမ်တစ်လုံးမှာ မိုင်းထိကာ အနည်းငယ် ပျက်ဆီးမှုရှိသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Kalay (PDF) ကထုတ်ပြန်သည်။ ကလေးမြို့နယ်အတွင်းရှိ…
Author: Editor
Salai Vakok “မချမ်းသာသော်လည်း ပျော်ပါသည်”ဟူသော တောင်ပေါ်မြို့ကလေး၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် အသင်းတော်မှာ အာဏာသိမ်းစစ်တပ်က မီးရှို့သောကြောင့် မီးလောင်ပုံထဲ အခွံမျှသာ ကျန်ရှိတော့သည်။ မြို့ရှိ ဘုရားကျောင်း အားလုံး၏ မိခင်၊ သက်တမ်း ၁၁၇ ခုနှစ်ရှိ၊ ရှေးအကျဆုံး ကနေဦး အသင်းတော်၏ ဘုရားကျောင်းကို စစ်အာဏာသိမ်းမှု၏ တစ်နှစ်ကျော်အကြာတွင် စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်သည်။ မြို့သူ/သားထောင်ပေါင်းများစွာ ထိုဘုရားကျောင်းရှိ ဘုရားရှေ့တွင် ကတိသစ္စာပြုခြင်း၊ လက်ထပ်ပွဲပြုလုပ်ခြင်းအပါအဝင် မြို့နယ်၏ သာရေး၊နာရေးနှင့် အမျိုးသားရေးအထိ မပါမပြီးသော ဘုရားကျောင်းတော်ဖြစ်သည်။ ယခုတော့ ဘုရားကျောင်းသည် တိမ်ညိုတိမ်မဲများ၏ ငွေနားကွပ်ကဲ့သို့သာ တွေ့နိုင်တော့သည်။ ချင်းလဲန်းဒေသ၏ အကြီးဆုံးဘုရားကျောင်းထဲတွင် ပါဝင်သော၊ သာသနာပြုအသင်းတော်ဖြစ်သော ထန်တလန် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းသည် ၂၀၂၂ ဇွန် ၉ ရက် ညနေ ၄ နာရီခွဲက အာဏာသိမ်းတပ်၏ မီးရှို့ခြင်းကြောင့် ပြာပုံသာကျန်သည်။ ထန်တလန်နှစ်ခြင်းအသင်းတော်သည် ထန်တလန်မြို့နယ်အတွက်သာမက ချင်းပြည်နယ်၏ ကနဦး အသင်းတော်လည်းဖြစ်သည်။ ထန်တလန်မြို့နယ်တွင် တည်ရှိသော အသင်းတော် အားလုံးမှာ ယခုဘုရားကျောင်းမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လာခြင်းဖြစ်သည်။ မြို့၏ လူဦးရေ တစ်သောင်းဝန်းကျင်တွင် လူထု၏ ၃ပုံ၊ ၁ပုံကျော်မှာ ထန်တလန်နှစ်ခြင်းအသင်းတော်၏ ဘုရားကျောင်းတွင် ဝတ်ပြုကြသည်။ မီးရှို့မခံရခင်က တောင်ပေါ်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်းသည် လှပခန့်ထယ်၍ ဂုဏ်သရေပြည့်ဝလျက် ဝတ်ပြုဆုတောင်းသူများဖြင့် စည်ကားသော ဘုရားကျောင်းဖြစ်သည်။ “ဒီလို မီးရှို့တာကိုတော့ ကျနော်တို့ အင်မတန်မှကို နာကျည်းပါတယ်။ တကယ်တန်းဆိုရင် ဘုရားကျောင်းက မီးရှို့စရာ မလိုပါဘူး။ အဲဒီစကစတွေကလည်း…
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်က ချမ်းမြေ့အောင်စည်ရပ်ကွက် သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာလမ်းဘက်မှ ချမ်းမြေ့အောင်စည်လမ်းအတိုင်း အရှေ့ဘက်ကိုမောင်းနှင်လာသော စစ်ကောင်စီကား ၂ စီးကို ပတ်လွှသစ်စက်ဝန်းအနီးတွင် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင်းစောင့်ဆိုင်း၍ မိုင်း ၃ လုံးဖြင့် ဆက်တိုက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အရာရှိအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအမြောက်အများထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း PDF (Kalay) က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထိုကဲ့သို့မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်းရှိ လမ်းအချိူ့ကိုပိတ်ဆို့၍ လူနေအိမ်များအား ဝင်ရောက်မွှေနှောက်သောင်းကျန်းမှုများပြုလုပ်ပြီး ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးအာခိုင်သည် CDF-Paletwa ၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့လေ့ရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းစဉ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ CDF-Paletwa က အသိပေးရှင်လင်းချက်ကို ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လာသည်။ ဦးအာခိုင်သည် CDF-Paletwa တပ်ဖွဲ့၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့နေသည်ကို မကြာခဏသိရှိရပြီး ၎င်းကို ဒလန်အဖြစ်သတ်မှတ်၍ ၂၀၂၁ ခုနှစ် ဇွန်လတွင် ပထမအကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်စသည်ဖြင့် အကြိမ်ကြိမ် သတိပေးထားသည့်ကြားမှ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီထံ သတင်ပေးမှုများ ဆက်လက်တွေ့ရှိရသည့်အတွက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု CDF-Paletwa ၏ ရှင်းလင်းချက်တွင်ဖော်ပြသည်။ CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ CDF ထိန်းချုပ်နယ်မြေအတွင်းမှာ အစည်းအဝေးလုပ်တဲ့အခါမှာ သူတို့ရွာကနေ တက်ရောက်လာတဲ့သူတွေရဲ့စာရင်းတွေကို ဘယ်လိုဘယ်လိုအစည်းအဝေးခေါ်တယ်ဆိုတဲ့ဟာတွေကို သူကစစ်ကောင်စီကို အမြဲတမ်းသတင်းပေးတယ် အဲဒါကို ကျနော်တို့ခိုင်ခိုင်လုံလုံသတင်းရရှိလို့ သူ့ကိုလည်း အကြိမ်ကြိမ် သတိပေးတာမျိုးတွေရှိတယ် ကျနော်တို့လှုပ်ရှားမှုလို့ပြောတဲ့နေရာမှာ ကျနော်တို့ပြည်သူလူထုကိုအစည်းအဝေးခေါ်ပြီး မှ စည်းရုံးရေးဆင်းတဲ့ဟာလိုမျိုး ပြည်သူလူထုတွေဆီဟောပြောပွဲသွားလုပ်တဲ့အချိန်ခါလိုမျိုးမှာ သူ့အနေနဲ့ ရက်စွဲတွေသတ်မှတ်ပြီးတော့မှ သက်ဆိုင်ရာစစ်ကောင်စီတွေဆီမှာအမြဲအကြောင်းကြားတယ်ဆိုတာ ကျနော်တို့က တိတိကျကျရထားတာဖြစ်တယ် အဲဒါကြောင့်ပါပဲ” ဟု ပြောသည်။ ၎င်းကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ဖြင့် ထိန်းသိမ်းထားသော်လည်း ဇူလိုင်လ ၁၆ ရက်ညသန်းခေါင်ယံတွင် ထွက်ပြေးကာ နောက်တနေ့ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ ယင်းကဲ့သို့ထိန်းသိမ်းထားစဉ်ကာလတွင် ၎င်း၏ကျန်းမာရေး အမောဆို့ရောဂါအခံကြောင့် ဇူလိုင်လ…
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ကျေးရွာအတွင်း ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများမပြုရန် ပိတ်ပင်ထားသည်ဟု သိရသည်။ Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်ထဲမှ ဆိုင်ဖွင့်ကာ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူ ၈ ဦးခန့်ရှိပြီး ယင်းဆိုင်များမှာ အဝတ်အထည်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်ဆီ၊ ဆံသနဲ့ ကုန်စိမ်း စသည့်ဆိုင်များဖြစ်ကြသည်ဟု သိရသည်။ ယခုကဲ့သို့ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလာသည့်အတွက် ကျေးရွာအတွင်း ကုန်ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေသည်သာမက မူးယစ်ဆေးဝါး များပြားလာသည်ဟုဆိုကာ Farkawn ကျေးရွာ ဆိုင်ရှင်များအသင်းက ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာကော်မတီတွင် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘေးရှောင်များ ဈေးဆိုင်ဖွင့်လှစ်ခြင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု Mizo Special Report အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။ Farkawn ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က ယခုလက်ရှိအခြေနေတွင် ကျေးရွာအတွင်း ခိုလုံနေကြသော စစ်ဘေးရှောင်များအနေဖြင့် ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းသည် ရပ်ရွာအေးချမ်းခြုံလုံမှုအပေါ် ထိခိုက်လာနိုင်သောကြောင့် ပိတ်ပင်ရန်နှင့် ဆိုင်အတွင်းရောင်းချရန် သိုလှောင်ထားသော ပစ္စည်းများကိုလည် တစ်လအတွင်း အကုန်ရောင်းချရှင်းလင်းရမည်ဟု အမိန့်ထုတ်ထားသည်ဟု Mizo Special Report တွင် ဖော်ပြသည်။ ယခုလက်ရှိ Farkawn ကျေးရွာတွင် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၇၈ စု၊ လူဦးရေ ၈၀၀ ကျော်နေထိုင်ကြပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်နေကြသော ကျောင်းသူ/ကျောင်းသား ၂၃၀ ခန့်ရှိသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်လာသည်နဲ့အမျှ အဖက်ဖက်က ကျဆင်းလာနေသော တိုင်းပြည်စီးပွားရေးအခြေနေကြောင့် တနိုင်ငံလုံးမှာ ကုန်ဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှမြင့်တက်နေပြီး ချင်းလူမျိုးအများစုနေထိုင်တဲ့ ကလေးမြို့မှာလည်း ကုန်ဈေးနှုန်းအတက်ကြမ်းနေလို့ ဒေသခံပြည်သူတွေ စားရေးသောက်ရေးမှာ ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ကလေးမြို့မှာ စားသောက်ကုန်ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ အကျမရှိဘဲ အတက်ဘက်ကိုသာ ဦးတည်နေပြီး အချို့သောကုန်ပစ္စည်းမှာ ယခင်ထက် ၃ ဆ နီးပါး မြှင့်တက်မှုလည်းရှိတယ်လို့ သိရပါတယ်။ “ဒီခေတ်ကြီးမှာ အလုပ်ကရှား၊ ကုန်ဈေးနှုန်းက တက်ဆိုတော့၊ ဘာလုပ်လို့ ဘာစားရမှန်း မသိတော့ဘူး။ ကုန်ဈေးနှုန်းတွေက ဒီမနက်ဈေးနဲ့ နေ့လယ်ဈေးတောင်မတူတော့၊ ကျဖို့ မမျှော်လင့်နဲ့ အတက်ပဲရှိတယ်။ ကုန်ဈေးနှုန်းတွေတက်လို့ မဝယ်နိုင်ဘူးဆို၊ ငတ်ဖို့ပဲကျန်တော့တာ၊ ဘယ်လိုတက်လဲ ဆိုတာ တခြားဟာတေထားလိုက်အုံး အရင်က premier coffee တစ်ထုပ် ၁၀ဝ ကို အခု တစ်ထုပ် ၂၅၀ ပါ၊ ခုတော့ မသောက်နိုင်တော့ပါဘူး” လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ဝင်ငွေကျဆင်းပြီး အလုပ်လက်မဲ့ များလာနေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီးသွားပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဆိုးရွားလာခဲ့တာလို့ သုံးသပ်ပြောဆိုကြပါတယ်။ ယခုလို ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်နေမှုကြောင့် တချိူ့ဆိုရင် မိသားစုအတွင်း နေ့စဉ်စားသောက်နေထိုင်မှုလည်း ပြောင်းလဲလာနေတယ်လို့သိရပါတယ်။ “အခုတော့ မိသားစုထမင်းဝိုင်းမှာ အရင်လို စားသောက်လို့မရတော့ဘူး၊ ဟင်းတစ်ခွက်နဲ့ ကျေနပ်နိုင်အောင် ကြိုးစားနေရပါတယ်၊ အရင်လို မနက်တိုင်း သွားရည်စာ မုန့်နဲ့ လဘ္လက်ရည်တောင် နေ့တိုင်း ဝယ်စားဖို့ ခက်လာပြီ” ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက…
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၉၀၀ ကျော်ခန့် တန်ဖိုးရှိသော စိတ်ကြွဆေးပြား Methamphetamine အလုံး ၄ သောင်းနီးပါးကို ယမန်နေ့က မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မီဇိုရမ်ရဲတပ်ဖွဲ့အနေနှင့် သတင်းပေးချက်အရ အိုင်ဇောလ်မြို့ Armed veng ရပ်ကွက်အတွင်းရှိ လဘ္လရည်ဆိုင်အတွက် ငှါးရမ်းထားသောဆိုင်ထဲကို ရှာဖွေရာမှာ ပလပ်စတစ်အိတ်ဖြင့်ထုတ်ထားသော စိတ်ကြွဆေးပြားအထုတ်ပေါင်း ၃၈ ထုတ် (တစ်ထုတ်တွင်အလုံးတစ်သောင်းပါရှိသည်) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းမူးယစ်ဆေးဝါးနှင့်အတူ မြန်မာနိုင်ငံသား အသက် ၅၂ နှစ်အရွယ် Laldika ကိုဖမ်းဆီးပြီး ပစ္စည်းထားရှိသည့် လဘ္လရည်ဆိုင်ပိုင်ရှင် ဒသေခံအမျိူးသား Laldinsanga ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာပေါက်ဈေးအရေ အဆိုပါဆေးပြားများသည် အိန္ဒိယ ရူပီးငွေ သိန်း ၉၅၀ ခန့်တန်ဖိုးရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ဖော်ပြထားသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယခု စက်တင်ဘာလဆန်းပိုင်းကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀ဝ ကျော်ဟာ တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ထဲကို ထပ်မံထွက်ပြေးခိုလုံကြရတယ်လို့ သိရပါတယ်။ အိန္ဒိယနယ်စပ်အနီးမှာတည်ရှိတဲ့ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာက စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေ ယာဉ်နဲ့တိုက်ခိုက်မှုတွေရှိလာတာကြောင့် မြိတ်ဝဒေသခံပြည်သူတွေဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်းမြို့နယ်ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ “သူတို့ရွာမှာတိုက်ပွဲတွေဖြစ်တယ် အဲဒါကြောင့်ထွက်ပြေးလာကြတာ စစ်လေယာဉ်နဲ့ဗုံးတွေ ၂ ခေါက်လာကျဲတယ် အခု တော့ သူတို့နီးစပ်တဲ့ဆွေမျိုးအိမ်မှာပဲတည်းခိုနေကြတယ်” လို့ သူကပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ လောင်တလိုင်မြို့နယ်ထဲက Zochachhuah ကျေးရွာမှာ ၁၁၅ ဦး၊ Hmawngbuchhuah ရွာမှာ ၂၁၀ ဦး၊ Laitlang ရွာမှာ ၁၂၇ ဦး နဲ့ Dumzautlang ရွာမှာ ၁၃၇ ဦး စုစုပေါင်း ၅၈၉ ဦးရှိတယ်လို့ လောင်တလိုင်ခရို င်စစ်ဘေးရှောင်ကော်မတီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ လောင်တလိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ထပ်မံဝင်လောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး Lawngtlai District Level Committee on Myanmar Refugees ကလည်း အစည်းအဝေးတရပ်ခေါ်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ယခု အသစ်ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ဖို့ ယာယီစစ်ရှောင်စခန်းအတွက် မိုးကာတွေပေးအပ်ဖို့၊ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် Doctors without Borders အဖွဲ့နဲ့ လိုအပ်ရင်လက်တွဲလုပ်ဆောင်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် စောင်…
မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလုံလာကြတဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေအတွက် မီဇိုရမ်ဟာ အမြဲတခါးဖွင့်ထားပြီး ယခုလက်ရှိမှာလည်း အစိုးရအနေနဲ့ဖြစ်စေ၊ အသင်းတော်အနေနဲ့ဖြစ်စေ၊ အရပ်ဖက်အ ဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ အကူအညီတွေပေးအပ်နေတယ်လို့ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲက ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ Chin Community USA (CCUSA) ရဲ့ ဦးဆောင်မှုနဲ့ စက်တင်ဘာလ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ချင်းနှစ်သစ်ကူးပွဲတော်အခါသမယမှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးက မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ဖို့ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ပေးခဲ့သလို ယခုဆိုရင် စစ်ဘေးရှောင်ကလေးငယ်အယောက် ၆၀၀၀ နီးပါးကိုလည်း ပညားရေး မဆုံးရှုံးစေဖို့ ပညာသင်ကြားခွင့်ပြုခဲ့ပြီး ဒါတွေလုပ်ဆောင်ရတာဟာ တခြားကြောင့်မဟုတ်ဘဲ ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်ကြလို့ပါပဲလို့ မီဇိုရမ်ပညာရေးဝန်ကြီးကပြောပါတယ်။ “ဒီကနေ့မှာ တချိူ့ဆိုရင် သူတို့နေထိုင်ဖို့ နေရာတွေပြင်ဆင်ပေးတယ်၊ စားဝတ်နေရေးအတွက်ကူညီပေးနေပါတယ်၊ ဒီနေရမှာ ပညာရေးဝန်ကြီးဖြစ်တဲ့ ကျနော့်အနေနဲ့ပြောချင်တာက မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာတဲ့ ကျောင်းနေရွယ် ကလေးငယ်အားလုံးကို ကျောင်းပညာသင်ကြားပေးနေပါတယ် အခုလက်ရှိမှာလည်း မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ကျောင်းနေရွယ်ကလေးငယ် ၆၀၀၀ နီးပါးကိုကြည့်ရှု့စောင့်ရှောက်နေပါတယ် ကျောင်းဝတ်စုံတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ နေ့လည်စာတွေပါ ကျွေးမွေးကြပါတယ် အဲဒါတွေအားလုံးကို ဘာကြောင့်လုပ်ရတာလဲလို့ မေးရင် ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်လို့ပါပဲ၊ ကျောင်းပညာရေးတွေဆုံးရှုံးနေရတဲ့အကြောက်တရားနဲ့နေနေကြရတဲ့ ကျနော်တို့ညီအကိုတွေ ဘေးကင်းလုံခြုံစွာနဲ့ကျောင်းပညာရေးသင်ကြားနိုင်ဖို့ မီဇိုးလူထုတွေ၊ မီဇိုရမ်အစိုးရတွေက ခင်ဗျားတို့အတွက် တံခါးဖွင့် ထားပါတယ် တတ်နိုင်သမျှနဲ့ဆက်လက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာ ဒီနေရာမှာပြောချင်ပါတယ်” လို့ မီဇိုရမ် ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲက ပြောပါတယ်။ ရှည်လျားတဲ့သမိုင်းကြောင်းအရ…
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ အမှတ် (၂) အထက်တန်းကျောင်းဝန်းတွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘူးဟု သိရသည်။ “မနေ့ည ဗုံးပေါက်ကွဲမှုကြောင့် လူတေ ထိခိုက်တာမရှိဘူး၊ ကျောင်းဆောင်လဲ ပျက်ဆီးတာ မရှိဘူး၊ အဲကျောင်းကတော့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်က ကျောင်းတက်တဲ့သူရှိတယ်၊ အခုတော့ ကျောင်းမတက်ရဲကြတော့ဘူး။ ကျောင်းမဖွင့်ခင်တုန်းက ကျောင်းမတက်ဖို့ ဝေစာတေလဲ အဲကျောင်းမှာ ကပ်တာတွေရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ခမ်းပတ်မြို့ အမှတ်(၂) ခြေခံအထက်တန်းကျောင်းသည် ကျောင်းတက်နှုန်း ၁၀၀% မှာ ၃၀% အထိ ရှိခဲ့တယ်လို့ သိရသည်။ ဗုံးပါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘယ်အဖွဲ့မှ လာရောက်ဖောက်ခွဲကြောင်း သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
