#Unicode By နှင်းကို – အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ရွေးကောက်ခံပိုင်ခွင့်ရှိတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာတဲ့ အနိုင်ရအမတ်လောင်းတွေရဲ့ အသက်အပိုင်းအခြားတွေကို လေ့လာကြည့်ကြပါစို့။ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အပါအဝင် လူမျိုးစုရေးရာနေရာများအတွက် အနိုင်ရ စားလှယ်အမတ်စုစုပေါင်း (၁၁၁၇) ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အားလုံးရဲ့ ပျမ်းမျှအသက်အရွယ်ကတော့ (၅၁) နှစ်ဝန်းကျင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အသက်အကြီးဆုံး (၁၁၁၇)ဦးသော ကိုယ်စားလှယ်များအနက် အသက်အရွယ်အကြီးဆုံးအမတ်အဖြစ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကျုံပျော်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်းကြီး ဦးစိန်လွင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျုံပျော်မြို့နယ် NLD ပါတီ ဥက္ကဌလည်း ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ကျုံပျော်မြို့နယ် NLD အလုပ်အမှုဆောင်ဖွဲ့စည်းစဥ်ကတည်းက အတွင်းရေးမှူးတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစိန်လွင်ရဲ့ အသက်ဟာ (၈၀)နှစ်ပြည့်ပြီဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ် (၁၉၄)အနက် အသက်အကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။ အသက် (၇၅)နှစ် ပြည့်ပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက်အငယ်ဆုံး အခြားတစ်ဖက်မှာတော့ အသက်အငယ်ဆုံးအမတ်အဖြစ် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ NLD မှ ကိုအောင်ဟိန်းမင်း ဖြစ်ပါတယ်။ သူဟာ သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးပြီး သင်တန်းဆရာတစ်ယောက်နေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ ၂၅နှစ် ဖြစ်ပါတယ်။ ကိုကောင်းဟိန်းမင်းနဲ့ အသက်ရွယ်တူညီပြီး လပိုင်းမျှအနည်းငယ်ပိုကြီးတဲ့ ကိုမိုင်ကယ်ကတော့ တစ်နိုင်ငံလုံးမှာ ရွေးချယ်ခံရတဲ့…
Author: Editor
#Unicode ဆလိုင်းကျဲအိုဘိခ်ထောင် မကြာသေးခင်က အနိုင်ရ NLD ပါတီ၏ တိုင်းရင်းသား (၄၈) ပါတီများထံ ပေးပို့သော စာသည် မြန်မာ့နိုင်ငံရေးမှာ အင်မတန်စိတ်ဝင်စားစရာ ဖြစ်လာပါသည်။ အနိုင်ရပါတီအနေဖြင့် လတ်တလောတွင် ကြုံတွေ့နေရသော ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အကျပ်အတည်းနှင့်ဖိအားကို လွှဲချနိုင်ဖို့သက်သက်အတွက် မဟုတ်ဘဲ စာထဲမှာ ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိင်ငံတော်တည်ဆောက်ရေးအတွက် အမှန်တကယ် စိတ်ရင်းဖြင့် ကမ်းလှမ်းမှုဖြစ်ပါက ကြိုဆိုသင့်သည့်အရာ ဖြစ်ပါသည်။ တိုင်းရင်းသားပါတီ များကလည်း အပြုသဘော တုန့်ပြန်ကြသည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်အထိ ဇဝေဇဝါဖြစ်နေသေးသည်မှာ မည်သည့်ရည်ရွက်ချက်ဖြင့် NLDပါတီက စာပို့သနည်းဆိုသည့်အချက်နှင့် မည်သည့်ပုံစံဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government)ကို ဖွဲ့စည်းရန် အနိုင်ရပါတီက စီစဉ်ထားသနည်းဆိုသည့်အချက်ဖြစ်ပါသည်။ အလားတူ တိုင်းရင်းသားပါတီများကလည်း သူတို့ပြောပြောခဲ့သလို UNA, NBF နှင့် ၅-ပါတီပေါင်းစည်းအဖွဲ့ စသည်ဖြင့် အစုအဖွဲ့အလိုက် ညှိနှိင်းဆောင်ရွက်မှာလား၊ ၄၈ ပါတီစလုံးပူးပေါင်းညှိနှိုင်းမှာလား၊ သို့မဟုတ် တစ်ပါတီချင်းစီဘဲ ဆုံးဖြတ်မှာလား၊ ထို့ပြင် ဖက်ဒရယ်ဆိုင်ရာမူဝါဒများကို အလေးပေးညှိနှိုင်းမှာလား၊ သို့မဟုတ် အစိုးရ (နိုင်ငံရေး) ရာထူးနေရာကို အဓိကထားညှိနှိုင်းမှာလား စသည့်အချက်များကို ထပ်ဆင့် စဉ်းစားရမှာဖြစ်ပါသည်။ အဘယ်ကြောင့် တိုင်းရင်းသားပါတီများ ကမ်းလှမ်းခြင်းခံရသနည်း အနိုင်ရ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဖိအားအကြီးအကျယ် ကြုံတွေ့လျက်ရှိသည်။ ရွေးကောက်ပွဲ မသမာမှု၊ ငွေကြေးအရှုပ်အရှင်းနှင့် တပ်မတော်၏ ဝေဖန်ထောက်ပြမှု စသည်ဖြင့် ၎င်းဖိအားများ လျှော့ချနိုင်အောင် လမ်းကြောင်းလှည့်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်းရှိသည်။ တစ်ချို့ကလည်း NLD ၏ တိုင်းရင်းသားများအပေါ်သဘောထားကြီးမြတ်မှုဟု တင်စားကြသည်။ မိမိအနေဖြင့် ၎င်းတို့ကို အဓိကဟု…
#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် Mask (နှာခေါင်းစည်း) နှင့် Hand Gel (လက်သန့်ဆေးရည်) များ ပြတ်လပ်နေ သည့်အတွက် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း ပလက်မြို့နယ်တိုက်ပွဲရှောင် နှင့် သဘာဝကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။ “ အခက်အခဲက Mask တွေပဲ။ ခုပလက်ဝမြို့မှာ Mask တွေလည်းဝယ်စရာမရှိဘူး။ အရင်တုန်းက တိုက်ပွဲရှောင်တွေ အတွက်ဝေပေးတာတွေလည်းကုန်ပြီ၊ တခါသုံးဆိုတော့ ပြန်လျှော်လို့လည်းမရဘူး ။လက်ဆေးရည်တွေလည်းပဲ တအိမ်ကိုတစ်ဗူးပေးတာကြာပြီဆိုတော့ ခုကုန်ပြီ၊မရှိတော့ဘူး” ဟု ဦးဇာနီ ကပြောသည်။ ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းပိတ်သည့်အပြင် အလှူရှင်များဖက်မှ ထောက်ပံ့ပေးမှသာလျှင်စစ်ဘေးရှောင်ပြည်သူများ အတွက်အဆင်ပြေနိုင်ပြီး လက်ရှိတွင်အလှူရှင်များ၏ထောက်ပံ့မှုမရှိသေးသောကြောင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများပြတ်လပ်မှုနှင့်ကြုံ တွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။ ပလက်ဝမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ပြီးနောက် စစ်ဘေးရှောင်စခန်းများရှိသည့် နေရာဖြစ်သဖြင့် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသည့်လူ နာ(၄)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်သည့်အပြင် လက်ရှိပလက်ဝမြို့စစ်ဘေးရှောင်စခန်းများတွင်လည်း ကိုဗစ်ကြိုတင်ကာကွယ်ရေးနှင့်ပက်သက်ပြီး ပြည်သူ့ကျန်းမာရေးဌာနမှဆေးခန်းကို နေ့တိုင်းသွားရောက်ဖွင့်ပေးနေကြောင်း ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်း ကပြောသည်။ “လက်ရှိမှာသူတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။ အနီးကပ်စောင့်ကြည့်လို့ရအောင် ဆေးရုံကွာရန်တင်းမှာခေါ်ထား တယ်။ ပုံမှန်အားဖြင့်စစ်ဘေးရှောင်စခန်းကို ပြည်သူကျန်းမာရေးဌာနကနေ နေ့တိုင်းဆေးခန်းသွားဖွင့်ပေးတယ် ၊ကိုဗစ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပညာပေး အစီစဉ်တွေဖြစ်တဲ့ လူတွေနဲ့ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့၊ တခါတည်းကျွန်တော်တို့ဘက်ကနေပြီးတော့ ပညာပေးအစီအစဉ်တွေကို…
#Unicode By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။ ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ “ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံအားနည်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေ့ါပေ့ါဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်” ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ အဆိုပါမသန်စွမ်းအမျိူးသမီးသည် မိဘများမရှိတော့သည့်အတွက် အဖေဘက်မှတောစပ်သော ဦးလေးမိသားစုနှင့်အတူ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူဖြစ်သည်ဟု သိရသည်။ ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလေးတော်စပ်သူမှ ကျပ်ငွေငါးသိန်းဖြင့် တောင်းပန်လျှင် အမှုကျေအေးနိုင်သည်ဟုပြောဆိုမှုရှိခဲ့သည့်အတွက် အမှုကျေအေးခွင့်မပြုဘဲ…
#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ခြေကုပ်ယူ လှုပ်ရှားလာတဲ့နောက်ပိုင်းကစပြီး တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာတာကြောင့် ပလက်ဝမြို့နယ်ဟာ စစ်တလင်းနယ်မြေဖြစ်ခဲ့ရသလို တိုက်ပွဲကြောင့် အပစ်မဲ့ပြည်သူအမြောက်အများ နေရပ်စွန်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တပ်မတော်နဲ့ AA တပ်ဖွဲ့ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ယခင်ကထက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ပလက်ဝမြ်ို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ အပစ်မဲပြည်သူ သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခတွေ ပိုပြီးပြင်းထန်လာနိုင်သလား၊ စစ်ရေးပဋိပက္ခကို ဘယ်လိုငြိမ်းသတ်ကြမလဲ၊ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ထားရှိပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ခုချိန်ထိ ပလက်ဝဒေသမငြိ်မ်းချမ်းသေးတဲ့အပေါ်မှာ ပလက်ဝသားတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ? ဖြေ။ ။ ကျွန်တော်တို့ဒေသက တော်လှန်ရေးလည်းမလုပ်ဘူး၊ သူများတွေလုပ်တဲ့တော်လှန်ရေးအပေါ်မှာ ဒေသခံတွေ သေဆုံး၊ ပျောက်ဆုံး အများကြီးဖြစ်တယ်။ အခုလည်းအဖမ်းခံရပြီးပြန်မလွတ်တဲ့သူတွေ အများကြီးရှိတယ်။ နောက်ပြီး တော့ လူတွေက လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူသူတွေပျောက်ဆုံး သွားတဲ့သူတွေလည်းအများကြီးရှိတယ်။ ဒီစစ်ပွဲတွေက ပြည်တွင်းစစ်ပွဲဖြစ်တာ နှစ်ပေါင်း ၇ဝ ကျော်သွားပြီ လက်နက်ကိုင်တော်လှန်နေလို့ကတော့ဒီလိုဟာ မျိုးကပြီးမှာမဟုတ်ဘူး။ ငြိမ်းချမ်းဖို့အတွက် တက်ညီလက်ညီ ဝိုင်းတည်ဆောက်မှရမှာ။ နိုင်ငံတော်အပိုင်းကရော၊ တပ်မတော်ပိုင်းကရော၊ သူတို့ငြိမ်းချမ်းရေးလုပ်ချင်ရင် ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ရမှာပေါ့။ ဒါပေမယ့် သူတို့လုပ်တဲ့ လမ်းစဉ်တွေအတွက် သူတို့ဖက်က…
#Unicode ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ရန်ကုန်မြို့မှ နေရပ်ပြန် ကျောင်းသား (၄) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ကိုဗစ်ရောဂါကာကွယ်နိုင်ရန်အတွက်အခက်အခဲနှင့် ကြုံနေရကြောင်း ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာကပြောသည်။ “သူတို ့(၄)ယောက်က ဒီမှာရောက်တော့ Facility Quarantine ကို မြို့မမှုလွန်ကျောင်းမှာထား လိုက်တယ်။ ရောက်ရောက်ချင်း ရောဂါလက္ခာစစ်ဆေးတော့မတွေ့ဘူး ရန်ကုန်ပြန်ဆိုတော့ကွာရန်တင်းထားတယ်။ဒီနေ့ (၃) ရက်မြောက်နေ့မှာထပ်စစ်တော့ ဒီမနက်ကျမှ ပိုးတွေ့တာ၊သူတို့ကကျောင်းသားတွေပါ။ ပိုးတွေ့လူနာရှိလာတော့ အခက်ခဲတွေကရှိတာပေါ့ ကျွန်တော်တို့စီမှာ ကုတင်တွေလည်းမရှိဘူး ကျန်းမာရေးဌာနကရသေ လာက်ယူတယ်၊ ပြီးတော့လူငယ်သင်တန်းကျောင်း န.တ.လ ကကျောင်းကပိတ်ထားတော့ သူတို့စီက ငှားရတယ်၊ စာသင်ကျောင်းမှာက ရေ၊မီး၊ အိမ်သာ၊ရေချိုးခန်း၊ တို့အပြည့်အစုံမရှိတော့ယာယီပြန်လုပ်ရ တာပေါ့၊” ဟု ဦးအောင်လောဟာကပြောသည်။ အဆိုပါကျောင်းသား (၄) ဦးမှာ ပလက်ဝမြို့၊မြို့မရပ်ကွက်တွင် နေထိုင်ကြသော သူများဖြစ်ကြပြီး လက်ရှိတွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံနှင့်အနီးဆုံးဖြစ်သောနိုင်တင်းဂေးခန်းမအဆောင်တွင်ဆေး ကုသမှုခံယူနေကြောင်း သိရှိရသည်။ပလက်ဝမြို့ပေါ်တွင် လမ်းကြောင်းများ ပိတ်ထားသဖြင့် ဒီဇယ်ဆီမလုံလောက်မှုကြောင့် တရက်လျှင်လျှပ်စစ်မီး (၃) နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်သည့်ကာလတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုရှိလာသောကြောင့် ဆေးကုသရာတွင် အခက်အခဲရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ကိုဗစ်တွေ့လူနာ များနှင့် ကွာရန်တင်းဝင်သူများထားရှိနိုင်ရန်အတွက်ကွာရန်တင်းစင်တာများ ကြိုတင်ပြင်ဆင်မှု၊ နေထိုင်စားသောက်ရေးအပိုင်းများပြင်ဆင်မှုတွေတွင်အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၎င်းက ဆက်ပြောသည်။ “စားရေးသောက်ရေးကလည်း ကျွန်တော်တို့ပြည်နယ်အစိုးရကိုပြန်တင်ပြရတယ်၊လူတ ယာက်ကိုတရက် (၃၅၀ဝ) နဲ့ပေးတယ်၊ကျွန်တော်တို့စီမှာတော့ ထမင်းဆိုင်မှာဈေးအသက်တာဆုံး တနပ်ကို(၂၀ဝ၀)နဲ့လူတစ်ယောက်က တရက်၂ခါစားရင် (၄၀ဝ၀) ကျတယ်ဆိုတော့ ကိုယ်က (၅၀ဝ) ပြန်စိုက်ရတယ်တရေစာတွေကမပါသေးဘူး၊” ဟု ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာ ကပြောသည်။ ပလက်ဝမြို့တွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု့ရှိလာသည့်အတွက် မြို့ပေါ်နေပြည်သူများသည် စိုးရိမ်ပူပန်မှု…
#Unicode By Benezer – ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ရာထူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်သူလူထုနှင့်အစိုးရမှ တာဝန်ပေးအပ်လာပါက လုပ်ဆောင်ရန်အဆင်သင့်ရှိနေပြီး မည်သည့်ရာထူး/နေရာတွင်မဆို တာဝန်ကျေရန် အဆင်သင့်ဖြစ်နေကြောင်း လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။ “ဝန်ကြီးချုပ်နေရာကို ပြည်သူလူထုကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ ပြည်တွင်း/ပြည်ပကပေးတဲ့ အတွေ့အကြုံတွေလည်းရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ နောက်တခုက အမြင့်ဆုံးရာထူးပဲဖြစ်ဖြစ်၊ ခုလို အစိုးရအဖွဲ့ဝင် ဝန်ကြီးပဲဖြစ်ဖြစ်၊ ဘယ်နေရာဘဲဖြစ်ဖြစ် ကျနော့်အနေနဲ့ တာဝန်ကျေဖို့ အဆင်သင့်ပါ။ လက်ရှိလည်း ပြည်နယ်အတွင်းမှာ လုပ်ရမဲ့အရာတွေကို ခွဲခြားမှုမရှိဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ရအောင်သွားပြီးမှ လက်ရှိဆောင်ရွက်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ၃၆ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရခဲ့ပြီးနောက် လူမှုကွန်ယက်တွင် လက်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်အား လာမည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ထင်ကြေးပေးမှုများ မြင့်တက်လာခဲ့သည်။ “စစ်ရေးပဋ္ဋိပက္ခဖြစ်တဲ့ဟာဆိုရင်လည်း စစ်ရေးဖြစ်တဲ့အတွက် သာမန်အားဖြင့် ဘယ်သူမှ ဒီဒေသမျိုးကို သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြားက ကိုယ့်ဒေသကိုသွားပြီး လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာ၊ နိုင်ငံတော်ကိုယ်စား၊ ပြည်နယ်အစိုးရကိုယ်စား၊ နယ်မြေအဖွဲ့အစည်းတွေမျိုး လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကိုခံရတဲ့ထိ ဖြစ်ဖူးပါတယ်။ အဲလိုဒေသကိုလည်း ဖွံံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင်လုပ်ဖို့ကလည်း အင်မတန်မှခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်…
#Unicode By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးနိုင်ခြင်းသည် နယ်မြေလုံခြုံရေးအရဟုဆိုသော်လည်း အစိုးရ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ပြည်သူလူထုအခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။ “အကြောင်းအရင်းကတော့ လုံခြုံရေးအရလည်းဖြစ်နိုင်တယ်၊ လမ်းပန်းဆက်သွယ်ရေးအရလည်းဖြစ်နိုင်တယ်၊ မဲပေးမယ့်ပြည်သူတွေက အများကြီးပဲ၊ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းကပဲ မဲပေးရတော့ တကယ်ကို ဆိုးဆိုးရွားရွားကွာဟတာပေါ့၊ သူတို့ မဲဆန္ဒရှင်တွေက အခွင့်အရေးဆုံးရှုံးတာပေါ့၊ တကယ်ဆိုရင် ပလက်ဝပြည်သူတွေက သူတို့လိုချင်တဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ပိုင်ခွင့်ကို ဆုံးရှုံးတယ်ဆိုတော့ သူတို့ဆန္ဒ သူတို့ကိုယ်စား ဖော်ထုတ်ပေးမဲ့လူရွေးဖို့ ဆုံးရှုံးနစ်နာမှုရှိတာပေါ့၊ လုံခြုံရေးအရ သူတို့ ဆန္ဒမပေးနိုင်တာက အစိုးရမှာ တာဝန်ရှိတယ်၊ အဲဒါတော့ အစိုးရရဲ့ အားနည်းချက်လို့ပြောချင်တယ် ပြည်သူတွေရဲ့အခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်သေးဘူးလို့ပြောချင်တယ် အစိုးရမှာတာဝန်ရှိတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။ ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၁၀၂) အုပ်စုရှိပြီး လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၉၄) အုပ်စုအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၆) သောင်းကျော်ရှိသည့်အနက် (၁) သောင်းခန့်သာ မဲပေးနိုင်ခဲ့သဖြင့် မဲဆန္ဒရှင်လူဦးရေ (၅) သောင်းခန့်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။ ပလက်ဝမြို့နယ်တွင် ယခုနှစ် ရွေးကောက်ပွဲပြီးမြောက်အောင် ကျင်းပနိုင်ခြင်းအပေါ်ကြိုဆိုသော်လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဟု ပြောလို့မရကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းဝေကပြောသည်။ “ကျမတို့ ယခင်အခြေအနေဆိုရင် စစ်ပွဲ/တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ ဒေသဖြစ်တဲ့အတွက်…
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ကမ႓ာ့မိသားစုဟုခေါ်သော (Family World) Local NGO အဖွဲ့က စောင်နှင့်ခြင်ထောင်များကို နိုဝင်ဘာလ ၁၇ ရက် နေ့ကစ၍ ကူညီထောက်ပ့ံပေးခဲ့သည်ဟု သိရသည်။ Family World အဖွဲ့မှ ကိုစောပိုင်က “ မနေ့က စပြီးဝေပါတယ်၊ စောင်၊ ခြင်ထောင်၊ ဆိုလာဓာတ်မီး နဲ့ ဖျာ ၄ မျိူးဖြန့်ေ ဝပါတယ်၊ စောင်နဲ့ဓာတ်မီးနဲ့တွဲတယ်၊ ခြင်ထောင်နဲ့ဖျာနဲ့တွဲတယ် အဲဒါကိုမဲနှိက်ခိုင်းပြီး ရတဲ့စာရင်းအတိုင်း ကျနော်တို့က ပေးတာပေါ့’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူအိမ်ထောင်စုပေါင်း (၉၀၀) ကျော်ခန့်ရှိသည့်အနက် ယခုလက်ရှိအချိန်ထိ စစ်ဘေးရှောင်အိမ်ထောင်စု ၄၀၃ ခုထံ အဆိုပါအထောက်အပံ့များပေးအပ်ပြီးဖြစ်ကာ မနက်ဖြန်တွင်လည်း ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်သော်လည်း စစ်ဘေးရှောင်အိမ်ထောင်စုအားလုံး ရရှိနိုင်မည်မဟုတ်ကြောင်း ၎င်းကဆက် ပြောသည်။ “ ကျနော်တို့အနေနဲ့ အားလုံးကိုပေးချင်တယ် ဒါပေမယ့်အကုန်လုံးတော့ရနိုင်မှာမဟုတ်ဘူး အိမ်ထောင်စုပေါင်း ၆၁၄ စုပဲ ပေးနိုင်မယ် အိမ်ထောင်စု ၃၀၀ လောက်ကရနိ်ုင်မှာမဟုတ်ဘူး၊ ကျနော်တို့ ပေးတဲ့နေရာမှာ တစ်ချိူ့ကစောင်တွေရတယ်၊ တစ်ချိူ့ကမရဘူးပေါ့နော်၊ တိုက်ပွဲရှောင်တွေဖြစ်ကြတော့ နေအိမ်တွေမီးရှို့ခံရပြီးတော့ ထွက်ပြေးလာတဲ့သူတွေလည်းရှိ တယ်၊ ဘာမှမပါလာတဲ့အတွက်ကြောင့် သူတို့မှာ အခုကဆောင်းရာသီလည်း ဝင်လာတော့ စောင်တွေကို ပိုလိုချင်ကြတာ ပေါ့နော် တခြားပစ္စည်းတွေထက် စောင်ကိုပိုလိုချင်ကြတယ်’’ ဟု ကိုစောပိုင်ကပြောသည်။ တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀)…
Ads for KMG