Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင် မသန်စွမ်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို
စစ်ဘေးရှောင် မသန်စွမ်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို
0
By Editor on November 23, 2020 Headline
#Unicode
By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။
ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။
“ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံအားနည်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေ့ါပေ့ါဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်” ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။
အဆိုပါမသန်စွမ်းအမျိူးသမီးသည် မိဘများမရှိတော့သည့်အတွက် အဖေဘက်မှတောစပ်သော ဦးလေးမိသားစုနှင့်အတူ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူဖြစ်သည်ဟု သိရသည်။ ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလေးတော်စပ်သူမှ ကျပ်ငွေငါးသိန်းဖြင့် တောင်းပန်လျှင် အမှုကျေအေးနိုင်သည်ဟုပြောဆိုမှုရှိခဲ့သည့်အတွက် အမှုကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်းပြစ်ဒဏ်ချမှတ်ရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေါ်ပွီးပွီးကပြောသည်။
“ ဦးလေးတော်စပ်သူ၏ ငါးသိန်းကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကို ပိတ်ကျေအေးနိုင်သည်ဆိုသည့် အချက်သည် အမျိူးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမျှှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုုံးပြုခြင်းသည်လည်း ချင်းအမျိူးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။
ယခုအိပ်ဖွင့်ပေးစာပေးပို့သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ဧဒင်မသန်စွမ်းကလေးများပြုစုရာရိပ်မွန်-ဟားခါး၊ ဟားခါးတာရ် အမျိုးသမီးအဖွဲ့၊ မသူ အမျိုးသမီးအဖွဲ့အစည်း၊ ရီဇွာအမျိုးသမီးအဖွဲ့၊ ဆပ်သားအမျိုးသမီးအဖွဲ့၊ ဟားခါးချင်း အမျိုးသမီးအဖွဲ့အစည်း၊ ဒါရ်ဒီမ်ပါရ်အဖွဲ့၊ ဌာနေတိုင်းရင်းသူကွန်ယက်၊ ချင်းမိသားစုအဖွဲ့၊ Shine Di ၊ BOOM Women ၊ ရသေ့တောင်လူငယ်ကွန်ယက်စသည်တို့ဖြစ်သည်။
မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားစွဲဆိုရန် ပလက်ဝမြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။
#Zawgyi
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။ 
ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမ၀ကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေ အတိုင်းဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ 
“ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံ အားနည်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေါ့ပေါ့ဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်”  ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။
“ ဦးလေးတော်စပ်သူ၏ ငါးသိန်းကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကို ပိတ်ကျေအေးနိုင်သည်ဆိုသည့် အချက်သည် အမျိုးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမျှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုံးပြုခြင်းသည်လည်း ချင်းအမျိုးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။ 
မသန်စွမ်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားစွဲဆိုရန် ပလက်ဝမြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်
CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
September 17, 2026
Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ
September 4, 2026
ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ
August 26, 2026
“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”
June 26, 2026
တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026
CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်
October 30, 2026
မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး
October 29, 2026
စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်
October 29, 2026
CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.