Author: Editor
Read More
#Unicode ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော် ဒုသမ္မတ (၂) ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်မှုကို ကြည့်ရှုစစ်ဆေးပြီးနောက် သူ၏မဲဆန္ဒနယ်မြေ ထန်တလန်မြို့တွင် ရွေးကောက်ပွဲပြီးဆုံးသည်အထိ ဆက်နေသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောင်ခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “သူကဒီမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၂ ရက် ၃ ရက်လောက်ကြည့်ရှုပြီးရင် ထန်တလန်ကိုသွားဖို့ရှိပါတယ်၊ ထန်တလန်မှာ သူလည်းရွေးကောက်ပွဲဝင်တယ်ဆိုတော့ သူ့ထန်တလန်မြို့နယ်ထဲမှာတော့ စည်းရုံးရေးလုပ်ငန်းစဉ် တွေအနေနဲ့သွားမှာ၊ ရွေးကောက်ပွဲပြီးတဲ့အထိ သူရှိနေမှာပေါ့ မဲဆွယ်ပြီး ဆန္ဒမဲပြီးမှပဲ ပြန်သွားမယ်ထင်တယ်” ဟုဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။ ဒုသမ္မတသည် အောက်တိုဘာလ ၂၅ ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ဝမ္မသူမောင်းအားကစားကွင်းပွဲကြည့်စင်အသစ်ဆောက်လုပ်သည့်လုပ်ငန်း၊ တရားလွှတ်တော်ချူပ်ရုံးဆောက်လုပ်သည့်လုပ်ငန်း၊ GTI၊ ပညာရေးကောလိပ် တက္ကသိုလ်များအပြင် ဘုံဇုန်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အခြေအနေများ ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။ “ တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်တာတွေကိုဖြည့်ဆည်းပေးတယ်၊ လိုအပ်တာတွေလမ်းညွန်တာပေါ့။ တည်ဆောက်ရေးလုပ်ငန်းမြန်မြန်ပြီးဖို့ ကြည့်တယ်၊ ပညာရေးကော်လိပ်ကို ပညာရေး ဒီကရေကော်လိပ်တိုးတယ်၊ ပညာရေးဒီကရေ ကော်လိပ်ကို ပညာရေးတက္ကသိုလ်လုပ်မယ်ဒီလိုမျိုးတွေလမ်းညွန်တာပေါ့’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်ကြည့်ရှုသည့်အပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကယခုကဲ့သို့ပြောဆိုသည်။ “ဒုသမ္မတက နိုင်ငံတော်အစိုးရရဲ့အစီအစဉ်နဲ့လာတာလား သူတို့ရဲ့ပါတီစည်းရုံးရေးအစီအစဉ်နဲ့လာ တာလား ဆိုတာကျွန်တော်လဲအတိအကျမသိဘူး၊ အထူးသဖြင့်နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ရွေးကောက်ပွဲအတွက် အသုံးမပြုသင့်ဘူး ၊အမှတ်မယူသင့်ဘူး။ ပြိုင်ဖက်ပါတီတွေကအစိုးရယန္တရားတွေကိုအသုံးမပြုတဲ့ အတွက် နစ်နာတယ် အဲ့နှစ်ခုကိုရောပြီးမလုပ် စေချင်ဘူး ၊ ဒါကြောင့်ဒီတခေါက်ခရီးစဉ်ကို ခွဲခွဲခြားခြားနဲ့ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဖို့လိုတယ်။ နောက်ပြီးခုCOVIDလိုင်းကဆိုးနေတယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်နေရာကနေလာလာ ကိုဗစ်နဲ့ပက်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို…
Read More
#Unicode By Benezer – တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နယ်မြေအားလုံးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း မဟုတ်သဖြင့် ပလက်ဝ တစ်မြို့နယ်လုံး၏ ၇၈.၄၃ ရာခိုင်နှုန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိနေကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။ “ပလက်ဝမှာ ရွေးကောက်ပွဲကျင်းပဖို့က ဖြစ်နိုင်ပါတယ်၊ ပြည်ထောင်စုကိုလည်း တင်ပြပြီးသွားပြီ၊ တိုက်ပွဲဖြစ်တာလည်းမှန်တယ်၊ နယ်မြေမအေးချမ်းတာလည်းမှန်တယ်၊ ဒါပေမယ့် တစ်နယ်လုံး မအေးချမ်းတာမဟုတ်ဘူး၊ တစ်နယ်လုံး တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊ ပြည်ထောင်စုကိုလည်း ၇၅ရာခိုင်နှုန်းလောက် ကျင်းပနိုင်မယ်လို့ တင်ပြထားတယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဝေဖန်တာတစ်ချို့လည်းရှိနေတယ်၊ ကော်မရှင်ကနေပြီးတော့ အမ်းနဲ့ ပလက်ဝကို ပြန်သုံးသပ်မယ်လို့ပြောတယ်၊ အဲဒီအပေါ်မှာတော့ ကော်မရှင်က ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး၊ ဒါပေမယ့် လုံးဝကျင်းပလို့မရတဲ့ အခြေအနေမဟုတ်ဘူး၊ ကျင်းပလို့ရတဲ့ အတိုင်းအတာတစ်ခုထိရှိပါတယ်” ဟု ဝန်ကြီးဉီးစိုးထက်ကပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများကိုကြေညာရာတွင် စစ်မဖြစ်ပွားသည့် မြို့နယ်အချို့ပါဝင်ခဲ့ပြီး စစ်ဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုပေးလိုက်သည့်အပေါ် ဝေဖန်မှုတစ်ချို့ရှိခဲ့သည်။ ပလက်ဝမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး မဲဆန္ဒနယ် အမှတ် (၁) အုပ်စုတွင် ၄၅ အုပ်စု၊ အမှတ် (၂) တွင် (၅၇) အုပ်စုရှိပြီး ရက္ခိုင့်တပ်မတော် (AA) အဖွဲ့လှုပ်ရှားနေသည့် ကျေးရွာအုပ်စုမှာ ၂၂အုပ်စု ရှိသဖြင့် ကျေးရွာအုပ်စုပေါင်း ၈၀ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိသည်ဟု ဝန်ကြီး ဉီးစိုးထက်ကပြောသည်။ ပလက်ဝမြို့နယ်ရှိ…
Read More
#Unicode By လားနွန် – စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများထံသို့ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က အတင်းအဓမ္မ ဆန်တောင်းယူမှုများရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလဝက်လောက်ကစ၍ ပလက်ဝမြို့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးက ငါးရှားကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာထံမှ တစ်အိမ်ထောင်လျှင်ဆန် (၂) တင်းနှုန်းဖြင့် အတင်းဓမ္မကောက်ခံကာ ထိုကဲ့သို့ကောက်ယူသော ဆန်များကို တစ်ရွာလျင် ရွာသား (၁၀) ဦးစီဖြင့် ၎င်းတို့စခန်းနှင့် အနီးတစ်ဝိုက်သို့ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ “ AA တွေက စက်တင်ဘာလ ၁၄ ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီပေးရ တယ်လို့ သိရတယ်၊ ဆန်ကိုတစ်တင်းအတွက် ကျပ်(၁၀၀၀၀) တော့ပြန်ပေးတယ်လို့ပြောတယ်ပြီးတော့ ဆန်ကို ငသိန်းရွာ အကျော်အထိ ထမ်းပို့ပေးရတယ်၊ ထမ်းအနေနဲ့တစ်တင်းအတွက် ကျပ် ၂၀၀၀ ပေးတယ်လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာအထိအကုန်ပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကား၍ CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပြတ်လပ်မှုကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည့်အချိန်တွင် ယခုကဲ့သို့ ဒေသခံပြည်သူများထံ…
Read More
#Unicode နှင်းနှင်း – အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၄ ဦးထပ်မံတွေ့ရှိပြီး ယခုအခါတမူးမြို့တွင် ပိုးတွေ့လူနာစုစုပေါင်း ၆ ဦးရှိပြီဟု စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန် ရေးကော်မတီ၏ အောက်တိုဘာ ၂၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ “အခုထပ်တွေ့တဲ့သူတွေထဲက ၃ ယောက်က တမူး Case 1 နဲ့ ထိတွေ့တဲ့သူတွေပါ။ ကျန်တဲ့၁ယောက်ကတော့ သူ့ဘာသာကျန်းမာ ရေးမကောင်းလို့ အနံ့မရလိုဆိုပြီး ဆေးရုံလာပြတာ ခရီးသွားရာဇဝင်လည်းမရှိဘူး ။ ဒါပေမယ့် ပိုးတွေ့ တယ်။ လက်ရှိမှာတော့ တမူးပြည်သူ့ဆေးရုံ ICU သီးသန့်အဆောင်မှာထားတယ်။”ဟု တမူးခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတွယ်ဆွင်းဗန်ကပြောသည်။ တမူးမြို့တွင် အသစ်တွေ့ရှိသည့် လူနာ ၄ဦးမှာ မြို့မ(၁၂/က)ရပ်ကွက်မှ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၀)လသား အရွယ် ကလေးငယ် တစ်ဦး၊ မြို့မ(၁၃)ရပ်ကွက်မှအသက်(၆၁)နှစ် အမျိုးသား တစ်ဦး နှင့် အနံ့မရသဖြင့် တမူးခရိုင် ပြည်သူ့ဆေးရုံတွင် အာခေါင်တို့ဖတ် နမူနာ ယူပြီးပေးပို့သူ မြို့မ(၅)ရပ်ကွက်မှ အသက်(၂၃)နှစ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။ ပြည်ပခရီးသွားရာဇဝင်မရှိပဲ အနံ့မရသူနှစ်ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၁၃)ဦးကိုလည်း တမူးမြို့အဝင် စော်ဘွားကွာရန်တင်းစင်တာတွင်ထားရှိ ပြီးဖြစ်ကြောင်းသိရသည်။ လက်ရှိတမူးမြို့တွင် Facility Quarantine ဝင်သူ အယောက် (၅၀) ဝန်းကျင်ရှိသည်ဟုသိရသည်။ယြခု လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၅ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၂၇၅ ဦးအထိရှိခဲ့ပြီး…
Read More
#Unicode ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာရန်တင်းဝင်ရောက်နေကြသည့် ပြည်သူများအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲတစ်ချိူ့ရှိနေသည် ဟု သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက “သူတို့အနေနဲ့ ပုံစံ ၁၅ ကိုလျှောက်ထား တဲ့နေရာမှာ ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်ကိုယ်တိုင်ကလက်မှတ်ထိုး ရတယ်၊အဲ့တာတွေကို ကြားထဲကနေပြီး မှဆောင်ရွက်ပေးတာ နည်းနည်းအခက်အခဲရှိတယ်၊ သက်ဆိုင်ရာ ကွာရန်တင်းစင်တာ ကြီးအမှုးတွေကလည်း ဆောင်ရွက်ပေးဖို့ကသူတို့လည်း နည်းနည်းလန့်နေတဲ့အနေအထားမှာရှိတယ်၊ ကွာရန်တင်းစင်တာကို ကြိုတင်မဲရယူဆက်သွယ်ဆောင်ရွက််တဲ့နေရာမှာ ပုံမှန်လုပ်ငန်းစဉ်အ တိုင်းမဟုတ်ပဲ ကိုဗစ်ကာကွယ််ရေးလုပ်ငန်းစဉ်တွေကုုိ ထပ်ပြီးတော့လုပ်ဆောင်ရတဲ့အတွက် အဲ့ဒီအပိုင်းမှာဝန်ထုပ်ဝန်ပိုး ကပိုပြီးတော့များသွားတာပေါ့” ဟု ပြောသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ကွာရန်တင်း(အသွားအလာကန့်သတ်ထားသူ)ဝင်ရောက်နေသူများအားလုံးကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ကွာရန်တင်းစင်တာရှိတာဝန်ရှိပုဂ္ဂိုလ်တို့မှ ဆောင်ရွက်သွားကြ မည်ဖြစ်သည်။ “ ဒီလ ၂၅ ရက်နေ့ကနေ ဝင်တဲ့သူတွေကို စပြီးတော့ ကျွန်တော်တို့ ကြိုတင်မဲဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကွာရန်တင်းဝင်တဲ့ကာလက ၁၄ ရက်ဆိုတော့ ဒီလ ၂၅ ရက်နေ့မှာ ကွာရန်တင်းထပ်ဝင်တဲ့သူက ရွေးကောက်ပွဲနေ့ကို မှီတော့မှာမဟုတ်တဲ့အတွက် ၂၅ ရက််နေ့နောက်ပိုင်းဝင်တဲ့သူအားလုံးကို ကျွန်တော်တို့ သူရဲ့သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေ နဲ့ချိတ်ဆက်ခိုင်းပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဦးထောင်းဇဆန်းကပြောသည်။ ကိုဗစ်-၁၉ ရောဂါမှကာကွယ်နိုင်ရန်နှင့် ကူးစက်နိုင်ခြေအနည်းဆုံးဖြစ်စေရန်အတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်ပြည်သူများသည်လည်း အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွွားမည်ဟု…
Read More
#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်အတွင်းရှိ ရွှေအောင်သာကျေးရွာ၏ မဲဆန္ဒရှင်လူဦးရေစာရင်းအချက်အလက်များ အား မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်ခရိုင် ထီးလင်းမြို့နယ်၏အခြေခံမဲဆန္ဒရှင်စာရင်းသို့ လွဲပြောင်းထည့်သွင်းမှုကို လက်မခံ နိုင်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကပြောဆိုလိုက်သည်။ ရွှေအောင်သာကျေးရွာသည် သမိုင်းအစဉ်အဆက် ချင်းပြည်နယ်နယ်နိမိတ်အစိတ်အပိုင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအထိ ချင်းပြည်နယ် မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် လှေ့ချမ်းအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းမဲပေးခဲ့ခြင်းဖြစ်ရာ NLD အစိုးရသက်တမ်းတွင် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ချင်းလူမျိူးအတွက်ဆုံးရှုံးနစ်နာမှု ကြီးဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာပိုင်များက မူလအတိုင်းပြန်လည်ဆောင်ရွက်ပေးရန် အောက်တိုဘာလ ၁၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။ CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ ဒီကိစ္စကို ကျနော်တို့ကတော့ လက်မခံနိုင်ဘူး သမိုင်းအစဉ်ဆက်ကိုပြန်ကြည့်ရင် ဦးသန်းရွှေကလုပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတောင်မှ ချင်းပြည်နယ်ပဲ၊ ဦးသိန်းစိန်လုပ်ပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ ချင်းပြည်နယ်ပဲ အခု ၂၀၂၀ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ဒီလိုဖြစ်သွားတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာလား၊ အဲလိုဆိုရင်တော့ ချင်းနယ်နိမိတ်အက်ကြောင်းကို သူတို့ဖန်တီးလိုက်ပြီပေါ့ဗျာ’’ ဟု ပြောသည်။ ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာတော့…
Read More
#Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကိုဗစ်ပိုးတွေ့လူနာများလာပြီး ပြည်သူ့ဆေးရုံတွင်မဆံ့ပါက ဟားခါးမြို့ရှိ တိုင်းရင်းဆေးရုံတွင်ထားရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် ပြည်နယ်ကျန်းမာရေးမှုး ဒေါက်တာအောင်ငွေစံကပြောသည်။ “လောလောဆယ်ဟားခါးပြည်သူ့ဆေးရုံမှာအတွင်းလူနာ ၅ယောက်ရှိနေပြီဆိုတော့ ကိုဗစ်ပိုးတွေ့လူနာများလာရင် ဆေးရုံ ထပ်မံလိုအပ်လာမယ်ဆိုပြီးတော့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့တိုင်းရင်းဆေးရုံအဖွဲ့တွေပူးပေါင်းပြီးတော့ တိုင်းရင်းဆေးရုံကိုကြိုတင်ပြီးတော့ လျာထားပါတယ်” ဟု ဒေါက်တာအောင်ငွေစံကပြောသည်။ COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်သာမက ချင်းပြည်နယ်ဒေသအတွင်း ကူးစက်မှုမြင့် တက်လာ သောကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွန်ချက်များ အတိုင်းပြည်သူများ အနေဖြင့် လိုိက်နာကြရန်လိုအပ်သည်ဟု ပြည်နယ်ကျန်းမာရေးမှုးက ဆက်ပြောသည်။ ဟားခါးမြို့နယ်ရှိ မြို့အဝင် အထွက်နေရာများတွင် ကုန်တင်ကားမောင်းသူများအား Rapid Test Kid ဖြင့် ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခြင်းအားဆောင်ရွက်နေပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် ဂန့်ဂေါဘက်မှ ပြန်လာသည့် ကုန်တင်ကားမောင်းသူနှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား စစ်ဆေးရာ ယာဉ်ပိုင်ရှင်ဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ဖလမ်းမြို့တွင်လည်း ကွာရင်တင်းဝင်နေသူများအား Rapid Test Kid ဖြင့် စစ်ဆေးရာ လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်နေသည့် တင်တန်းသားတစ်ဦး၊ အိန္ဒိယပြန်နှစ်ဦး နှင့် ချင်းပြည်နယ်ပြင်ပမှ ပြန်လာသည့် ဆရာမ တစ်ဦး တို့ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် ကိုဗစ်ပိုးဓာတ်ခွဲအတည်ပြုလူနာ (၆၀)ဦးထိရှိသည့်အနက် ၄၂ ဦးဆေးရုံမှဆင်းသွားပြီ ဖြစ်ကာ တစ်ဦးသေဆုံး၍ ယခုလက်ရှိ ၁၇ ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ #Zawgyi By နှင်းနှင်း – ချင်းပြည်နယ်၊…
Read More
#Unicode By လားနွန် – နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့် အဖမ်းခံရသော်လည်း ချင်းပြည်နယ်အတွင်းရှိ နှင်းဆီပါတီကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းအပေါ် အဟန့် အတားမရှိဘဲ ပါတီဝင်အင်အားတောင်တိုးလာသည်ဟု ချင်းပြည်နယ် ပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကေ ပြာသည်။ “ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ်ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး၊ သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိ်ုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ် တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ်နှင်းဆီပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။ UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ ချင်းပြည်နယ်အမျိူးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှ ဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်း တွေအပေါ် ရိုက်ခတ်မှုမရှိကြောင်း ပြောဆိုပါသည်။ “ ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိူး ဘာမှမရှိပါဘူး” ဟု ပြောသည်။ ယခုကဲ့သို့ ပါတီဥက္ကဌအဖမ်းခံရသော်လည်း ပါတီ၏မူဝါဒအတိုင်း ကိုယ့်နည်းကိုယ့်ဟန့်ဖြင့် ပါတီစည်းရုံးရေး များဆက်လက်လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် UDP ပါတီတာဝန်ခံကပြောသည်။ “ ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်၊ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ်…
Read More
#Unicode CNLD လွှတ်တာ်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်နဲ့ အင်တာဗျူး နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အမျိူးသား လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၅)ကနေ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်ကို ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး – လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။ ဖြေ – အနာဂတ်ပုံဖော်တဲ့အချိန်မှာ လူကြီးပိုင်းကြီးကပဲ ပုံဖော်ပြီးတော့ ပြောနေတဲ့ဟာတွေက အနာဂတ်မှာ တကယ်တမ်း ကြုံတွေ့ရတဲ့အဆိုးအကောင်းတွေ ကြုံရတဲ့သူဟာ လူငယ်တွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးဖြစ်ပါတယ်။ အဲလို မျိုးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာ ကျနော်တို့လူငယ်တွေလည်း ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိရမှာလဲ။ နိုင်ငံရေးသမားတွေကသော်လည်းကောင်း လွှတ်တော်ကသော်လည်းကောင်း သူတို့တစ်ခုခုဆုံးဖြတ်လိုက်တာ၊ ပြဌာန်းလိုက်တဲ့ဟာတွေရဲ့ အကျိုးအဆက်တော်တော် များများဟာ လူငယ်တွေလည်း ခံစားရတာပါပဲ။ အဲဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ပြောဆိုနေကြတဲ့ လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ အသံဟာ တိုက်ရိုက် ရောက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းနိုင်ငံရေးမှာ အပြင်ကနေပဲမဟုတ် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျေ ဆာင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်ဆိုတဲ့ဟာ ပြချင်တယ်။ မေး – လွှတ်တော်သုံးရပ်ရှိတဲ့အထဲက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ။ ဖြေ – ပုံမှန်အားဖြင့် ဒီမိုကရေစီတိုင်းပြည်မှာ အထက်လွှတ်တော်ဆိုတဲ့ ဒီအမျိုးသားလွှတ်တော် မြန်မာပြည်မှာတော့ အထက်လွှတ်တော်ပေါ့ဗျာ၊ လူမျိုးနဲ့ ဆိုင်တဲ့အရာတွေ သီးခြားကိုအာဏာပေးပြီးတော့ လူမျိုးတွေနဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့် ပြောဆိုခွင့် ဥပဒေပြုခွင့် ဒီအကြောင်းအရာတွေဟာ အထက်လွှတ်တော်က ပိုပြီးတော့ အာဏာယူရပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ (အထက်လွှတ်တော်)အမျိုးသားနှင့်…
Read More