Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်ထံ မီဇိုရမ်ဝန်ကြီးချုပ် တင်ပြတောင်းဆို

မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်ထံ မီဇိုရမ်ဝန်ကြီးချုပ် တင်ပြတောင်းဆို

0
By Editor on September 17, 2021 Khonumthung

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား အရေးပေါ်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ထံ စာဖြင့် တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့သော ပူးဇိုးရမ်းထန်းငါး၏ စာတွင် မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များသည် အရေးတကြီး အကူအညီလိုအပ်နေကြောင်း၊ ယခုချက်ချင်းကူညီဆောင်ရွက်နိုင်ရန် အိန္ဒိယငွေ ရူပီး ၁၀ ကုဋေတောင်းခံခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ခန့်ရှိနေပြီး၊ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ပြည်နယ်ဘတ်ဂျက်အခြေအနေ ယိုင်နေသည့်အတွက် မြန်မာစစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ရန် မီဇိုရမ်ပြည်နယ်တစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ယခုကဲ့သို့ အိန္ဒိယဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းကိစ္စအတွက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာများ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ရူပီးငွေ ၅ ကုဋေ၊ စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ရူပီးငွေ ၃ ကုဋေနှင့် ကျန်းမာရေးကဏ္ဍများကူညီဆောင်ရွက်နိုင်ရေးအတွက် ရူပီးငွေ ၂ ကုဋေ စုစုပေါင်း ရူပီးငွေ ၁၀ ကုဋေ အရေးပေါ်ချပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် အိန္ဒိယအထက်လွှတ်တော်အမတ် Lok Sahba MP Pu C.Lalrosanga က Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့အား တွေ့ဆုံခဲ့ပြီး မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များကို လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.