Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

0
By Editor on September 15, 2021 Khonumthung

ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ဆောမြို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်ထားသည်။

“မနေ့က ဆောနဲ့ ကန်ပက်လက်ကြားမှာ ဆောကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက်ဖက်ကနေ ကျွန်တော်တို့က ဖြတ်တိုက်တဲ့သဘောပါပဲ၊ စစ်ကောင်စီဖက်က ၁၀ ဦးထက်မနည်း ကျတာပေါ့၊ ဒီနေ့မှာတော့ ကျွန်တော်တို့ကို မြေပြင်အခြေအနေကို တိုက်ပွဲလက်တွေ့ဝင်နေတဲ့ ကျွန်တော်တို့စီကို သတင်းမပို့သေးဘူး၊ ထိတွေ့မှုတွေရှိတယ်လို့ပြောတယ်၊ အထိအခိုက်တွေ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို မသိရသေးဘူး” ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက တစ်ဦးကပြောသည်။

CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပြီး ပစ်ခတ်မှုတွေရှိခဲ့သော်လည်း CDF-Kanpetlet ဘက်မှ အထိအခိုက်မရှိကြောင်းလည်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်လည်း CDF-Kanpetlet နှင့် စစ်ကောင်စီ ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု သိရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ကန်ပက်လက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို လတ်တလော မသိရှိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.