Author: Editor

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် UN တို့ပူးပေါင်းပြီး နယူးဒေလီရောက် ဒုက္ခသည်များကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးအပ်ပေးခဲ့ကြကြောင်း သိရသည်။ နယူးဒေလီမြို့Chin Refugee Committee (CRC) CRC ဥက္ကဌ Pu Ruata က “နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေမှာလည်း ကိုဗစ်ကူးစက်မှုအရမ်းများတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ အဲဒီကာကွယ်ဆေးရနိုင်အောင် ဒေလီ ဝန်ကြီးချုပ်ကိုလည်း တောင်းဆိုခဲ့တယ်။ နောက်ပြီး NGO အသီးသီနဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောသည်။ ဆက်လက်ပြီး Pu Ruata က “ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အသက် ၄၅ နှစ်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ယူတာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူအရမ်းများတယ်။ အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိတယ်။ မနက်ဖြန်မှာ လည်း ထပ်ယူကြမယ်။ ဇွန်လ ၁၆ ရက်နေ့ကြရင်တော့ အသက် ၁၈ ကနေ ၄၄ နှစ်ကြားမှာရှိတဲ့ သူတွေက ထိုးကြမှာ ဖြစ်တယ်”ဟု ပြောသည်။ ယခုလို နယူးဒေလီမြို့မှာရှိတဲ့ ချင်းဒုက္ခသည်များရဲ့အခက်အခဲကိုနားလည်ပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးအပ်လာ တဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကိုလည်း နောက်ပိုင်းတွေမှာ ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ်ဖြစ်ကြောင်း CHRO တာဝန်ခံ Salai Cung Dawt က ယခုလို ပြောပါသည်။ “ဒုက္ခသည်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူမြောက်များစွာရှိတယ်။ တချို့က သက်သာလို့ ဆေးရုံကနေ ဆင်းကြပြီ၊ အိမ်မှာကုသနေတဲ့သူတွေတော်တော်များများလည်း သက်သာလာကြပြီ။ အခု ကိုဗစ်ကာကွယ်ဆေးပေး တာက ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကိုဘဲပေးတာဖြစ်တယ်။…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်ကူးဆက်ခံရမှုကြောင့် လက်ရှိအချိန်ထိ (၃၆) ဦး သေဆုံးသွားပြီဖြစ်ပြီး အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအမှားစုမှာ အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လူငယ်ပိုင်းထက်အသက်ကြီးပိုင်းများဖြစ်နေကြောင်း သိရသည်။ “အောက်ဆီဂျင်မလောက်တာလည်းဖြစ်တယ် ဒါပေမဲ့ တချို့တွေကလည်း အိမ်မှာနေတယ် ရောဂါအခြေအနေဆိုးမှ ဆေးရုံတွေမှာသွားကြတယ် အောက်ဆီဂျင်မလိုပဲနဲ့ တစ်ခြားကြောင့် သေတဲ့သူလည်းရှိတယ် ရောဂါအခြေအနေဆိုးမှဝင်တာဆိုတော့ ကယ်ဖို့အချိန်နောက်ကျသွားတာလည်းရှိတယ် အဲဒီထဲမှာ အသက်ကြီးပိုင်းတွေကသေဆုံးတာများတယ်” ဟု Volunteer လုပ်ကိုင်နေသူ Biakhminga ကပြောသည်။ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးအဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် ရောဂါပိုးရှိမရှိ စစ်ဆေးမှုမှာ လွန်ခဲ့သည့် ရက်ပေါင်း (၂၀) မှ စတင်စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့ ချိန်ထိ လူအယောက် (၃၆) ထိ သေဆုံးကြောင်းသိရသည်။ ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်ပျက်လပ်သည်အထိ ကြုံနေရပြီး လက်ရှိတွင် မန္တလေးမှ အနည်းငယ်ပြန်ဝင်လာမှုရှိသော်လည်း ယနေ့ထိ လုံလောက်မှုမရှိကြောင်းသိရသည်။

Read More

ချင်းပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် Chinland Defense Force နှစ်ဘက်ကြား ဧပြီ ၂၄ ရက်မှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့အထိ စစ်ကောင်စီဘက်မှ ၁၆၅ ဦး သေဆုံးပြီး CDF ဘက်မှ အယောက် ၃၀ ကျဆုံးခဲ့ရကြောင်း သိရသည်။ CDF နှင့် စစ်ကောင်စီ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ကောင်စီဘက်မှ ၁၆၅ ဦး၊ CDF မှ အယောက် ၃၀ နှင့် သာမာန်အရပ်သားပြည်သူ ၉ ဦး ကျဆုံးခဲ့ရကြောင်းသိရသည်။ ထို့ပြင် နှစ်ဘက်တိုက်ပွဲကြောင့် ဒဏ်ရာရသူစာရင်းမှာ စစ်ကောင်စီဘက်မှ ၁၂၃ ဦး၊ CDF ဘက်မှ ၄၅ ဦး နှင့် အရပ်သား ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း CDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ ချင်းပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် CDF တို့မှာ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ ထန်တလန်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ခွာဟရိန်းတောင်ကြောတွင် ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာ(၃)ရွာမှ ပြည်သူ ၆၀၀ နီးပါးမှာ တောထဲသို့ထွက်ပြေးနေရကြောင်း သိရသည်။ “မနေ့က တိုက်ပွဲဖြစ်တဲ့ ခွါဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းတဲ့အတွက်ကြောင့် ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်တယ်၊ အခုချိန်မှာတော့ အသေးစိတ် အချက်အလက်တွေမသိရသေးဘူး၊ မနေ့က တိုက်ပွဲစဖြစ်တဲ့ချိန်ကနေစပြီး အဲဒီအနီးနားက ကျေးရွာသုံးရွာက ပြည်သူတွေအနေနဲ့ ဗုံးသံတွေ သေနတ်သံတွေနဲ့ဆိုတော့ တောထဲကို ထွက်ပြေးကြပြီ၊ အားလုံးက ၄၀၀ ကနေ ၆၀၀ ကြားလောက်ရှိမယ်၊ သေချာစာရင်းမကောက်နိုင်သေးဘူး”ဟု CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခွါဟရိန်းတောင်ကြောရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးအနားမှရွာသူရွာသား အားလုံးနီးပါးမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစပြီး စစ်ရှောင်နေကြခြင်းဖြစ်ပြီး မိုးများလည်း ဆက်တိုက်ရွာသွန်းနေကာ အစားအသောက်နဲ့ဆေးဝါးများလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ အကူအညီလိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်သို့ စစ်အင်အားများတိုးချဲ့လာမှုကြောင့် ယမန်နေ့မှ စတင်ကာ CDF-Thantlang နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့တွင် ဇွန်လ ၁၀ ရက်နေ့က ရိရ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများနှင့် ရပ်ကွက်အတွင်းနေထိုင်သူများကို ကျန်မားရေးဌာနနှင့် Volunteer များက ကိုဗစ်ပိုးရှိ/မရှိ လိုက်လံစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆၁ ဦး ဆေးကုသမှုခံယူနေကြောင်း ရိခေါ်ဒါရ်မြို့ခံတစ်ဦးက ပြောသည်။ ”မနေ့ကတော့ အယောက် ၃၀ တွေ့တယ်၊ အမှတ် (၂) ရပ်ကွက် ၂ရ ယောက်၊ အမှတ် (၁) ရပ်ကွက်မှာ ၃ ယောက်တွေ့တယ်၊ ကျွန်တော်တို့က အိန္ဒိယနယ်စပ်ဖြစ်တော့၊ RDT Test kit လဲမရှိတဲ့အခါကြတော့ စစ်လို့မရဘူး၊ အခု RDT Test kit ရောက်လာတဲ့အခါကြတော့ အကုန်လုံးကို သံတယလူနာတွေ၊ သံတယဖြစ်တဲ့သူတွေကို လိုက်စစ်ပြီးတော့တွေ့တာပါ၊ ဘယ်လိုစကူးစက်ခံရသလဲဆိုတာတော့ မသိရဘူး၊ ကျွန်တော်တို့ နေ့တိုင်းလဲစစ်တယ်၊ မနေ့ကအထိတော့ ၆၁ ဦးထိရှိပြီ အခုပိုးတွေ့တဲ့သူတွေရဲ့ ကျန်းမာရေးကတော့ ကောင်းကြတယ်” ဟု ရိခေါ်ဒါရ်မြိုိ့ခံတစ်ဦးကပြောသည်။ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၁ ဦးအထိရှိပြီး လက်ရှိဆေးရုံတွင်မှု အတွင်းလူနာဖြင့် ကုသမှုခံနေသူ ၄ ဦးရှိပြီး ၎င်းတို့မှာ ဖျားနာသဖြင့် ဆေးရုံတတ်နေစဉ် ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိသူများကြပြီး ကျန် ကိုဗစ်ပိုးတွေ့လူနာများကိုမှု မိမိနေအိမ်တွင် Home Quarantine အဖြစ်ထားရှိပြီး ၎င်းတို့အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက ဆေးဝါးနှင့် အားဖြည့်အစာတို့ကိုမှု ထောက်ပံ့ပေးပြီး ရပ်ကွက်လူငယ် Volunteer များက သွားရောက်ပို့ဆောင်ပေးကြရသည်ဟုလည်း ပြောသည်။ ရိခေါ်ဒါရ်မြို့တွင်…

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ် Sopum ကျေးရွာသို့ ယမန်နေ့က ရောက်ရှိခဲ့သည့် စစ်သားများမှ ယနေ့မနက်တွင် ပြန်လည်ဆုတ်ခွာသွားပြီး မည်သည့်နေရာသို့ သွားရောက်မည်ကို မသိရှိရသေးကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ “မနေ့က ရောက်လာတဲ့ စစ်သားတွေက ဒီနေ့မနက်ဘဲ ပြန်ဆုတ်သွားပြီ၊ သူတို့အားလုံးပေါင်းက ၁၀၃ ယောက်ရှိတယ်၊ စစ်သားတွေက ခြေကျင်နဲ့ဘဲ ထန်တလန်ဘက်ကိုသွားတာ၊ ပစ္စည်းတွေတော့ကားနဲ့သယ်သွားတယ်၊ ဘယ်ကိုသွားတာလည်းဆိုတာတော့မသိဘူး” ဟု Sopum ရွာသားတစ်ဦးထံမှသိရသည်။ စစ်ကောင်စီမှ ယခုရက်ပိုင်းတွင် ထန်တလန်ဘက်သို့ စစ်သားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်မှာ CNF ဌာနချုပ်တည်ရှိရာ ဒေသဖြစ်သဖြင့် စစ်ရေးတင်းမားမှုများရှိလာမည်ကိုလည်း ဒေသခံများမှ စိုးရိမ်နေကြကြောင်းသိရသည်။ စစ်ကောင်စီတပ်များ ယန်မနေ့တွင်သွားရောက်ခဲ့သည့် Sopum ကျေးရွာမှာ CNF ဌာနချုပ်သွားရာလမ်းတွင်တည်ရှိပြီး Sopum ကျေးရွာအကျော် Vanzang ကျေးရွာမှ စတင်ကာ CNF နယ်မြေစတင်ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇွန်လ ၈ ရက်​နေ့က ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၇ ဦး​တွေ့ရှိ​ကြောင်း သိရသည်။ ပလက်ဝဒေသခံတစ်ဦးက “ မနေ့ည ပိုးတွေ့တာ ၇ ဦးရှိတယ်၊ သူတို့က ပလက်ဝမြို့နယ် မြိတ်ဝရွာကပါ၊ ပြည်သူတစ်ဦးကို ဆေး ခန်းလာပို့တာ သူ့မှာပိုးတွေ့လို့ သူနဲ့ထိစပ်သူတွေကိုလည်း ဆေးစစ်တော့ အကုန်လုံးပိုးတွေ့တာ၊ ဆေး ရုံက နိုက်တင်ဂေးခန်းမမှာ ရယောက်စလုုံး သူ့အခန်းနဲ့အတူထားတယ်၊ စိုးရိမ်ရတာက ဆေးခန်း လာပြတဲ့သူက နည်းနည်းအသက်ရှုကြပ်တာတို့ရှိတယ်၊ တခြား ၆ယောက်ကတော့ ကောင်းတယ်” ဟု ပြောသည်။ မြိတ်ဝ ​ကျေးရွာသည် အိန္ဒိယနှင့်နီးစပ်​သော ​ကျေးရွာ တစ်ရွာဖြစ်သည်။ ပလက်ဝမြို့နယ်၊ မြိတ်ဝကျးရွာကနေ ဆေးခန်းလာပြသူ ထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ပလက်ဝမြို့ပေါ်တွင် စာသင်ကျောင်းများ၊ စျေးများ၊ အများနှင့် သက်ဆိုင်ရာနေရာများကိုလည်း ပိတ်ထားရကြောင်းလည်းသိရသည်။

Read More

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူများအနက် ၃ ဦးကို ယမန်နေ့ (ဇွန်လ ၇ ) ရက်ည ပြန်လွှတ်ပေးခဲ့ပြီး ယခုလက်ရှိတွင် ၆ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။ “မနေ့ညက ၃ ဦးလွတ်တယ်၊ နောက်ဆုံးမှာ ခေါ်သွားတဲ့ ၃ ယောက်တော့လွတ်ပြီ၊ ခု ၆ ယောက်တော့ကျန်သေးတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။ အဆိုပါ ပြန်လွတ်လာသူ (၃) ဦးမှာ အိုက်အောင်သီဟ၊ အောင်နိုင်ထွန်း၊ အိုက်ဂျွန်ဉာဏ်လင်းထွန်း(ခ) အပုစူတို့ဖြစ်ကြပြီး ကျန် ၆ ဦးကိုမူ ပလက်ဝမြို့ ၂ ဖွဲ့ခွဲပြီးထားရှိကြသည်ဟု အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။ “မြို့နယ်မှုးရုံးဖက်ကို တချို့ထားတယ် ဟိုဖက်ရဲစခန်းဖက်ကို တချို့ထားတယ်၊ သူတို့ကိုပြောတာ ဘယ်လိုဖြစ်လို့ သူတို့ကို မလွတ်သေးတာလဲ၊ စစ်လဲမစစ်ပဲ ဒီလိုပဲထားမှာလားလို့မေးတော့ သူတို့ဖြေထားတာတွေကို အထက်ကိုတင်ထား တယ်အဲ့ကနေအဖြေလာမှ သိရမယ်လို့ပြောတယ်၊ အခုအဖမ်းခံထားရတာ ၁၁ ရက်ရှိပြီ၊ တခုတော့စိုးရိမ်တယ် သူကဘာမှလည်းမလုပ်ထားဘူးဆိုတော့ အဲ့လိုမျိုးစစ်မေးတယ်၊ တော်ကြာကြရင်ပုဒ်မတွေ တပ်မှာပဲစိုးရိမ်တယ်၊ သူဘာမှ မလုပ်ထားဘူးဆိုတာလည်း သူ့ဇနီးအနေနဲ့အားလုံးသိတယ်” ဟု အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။ ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ ၆ ဦးကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Chinland Defense Force–CDF (Mindat) တပ်ဖွဲ့ဝင်များအကြားဖြစ်ပွားခဲ့သောတိုက်ပွဲတွင် CDF-Mindat တပ်ဖွဲ့မှ ၂၁ ဦးကျဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးက ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီနှင့် CDF-Mindat အကြား မေလ ၁၂ ရက်နေ့က ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပြီးနောက် တကျော့ပြန်တိုက်ပွဲဖြစ်ပွားရာတွင် မေလ ၁၃ ရက်နေ့ကစ၍ ဇွန်လ ၇ ရက်နေ့အထိ CDF-Mindat ဘက်မှ တပ်ဖွဲ့ဝင် ၂၁ ဦးကျဆုံးခဲ့သည်။ CDF-Mindat ဘက်မှ ကျဆုံးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဆလိုင်း ထန်းဟုန်းထန်း (မေ ၁၃၊ ဂေါက်ကွင်းတိုက်ပွဲ) ၂။ ဆလိုင်း မာန်ကီးထန်း (ဂေါက်ကွင်းတိုက်ပွဲ) ၃။ ဆလိုင်း ဟုန်းအွမ်ဟုန်း (ဂေါက်ကွင်းတိုက်ပွဲ) ၄။ ဆလိုင်း ထန်းပက် (ဂေါက်ကွင်းတိုက်ပွဲ) ၅။ ဆလိုင်း ခွီရှိန်းနင် (မေ ၁၄၊ ဂေါက်ကွင်းတိုက်ပွဲ) ၆။ ဆလိုင်း ဟာခွီရှိန်း (ဂေါက်ကွင်းတိုက်ပွဲ) ၇။ ဆလိုင်း ကီးတမ် (မေ ၁၃၊ ၃၅ မိုင် တိုက်ပွဲ) ၈။ ဆလိုင်း ကီးရှိန်း (အနောက် ၃၈ မိုင်တိုက်ပွဲ၊ မေ ၁၇) ၉။ ဆလိုင်း လိန်းကီး (အနောက်တိုက်ပွဲ) ၁၀။ ဆလိုင်း လိန်းရွှီ (အနောက်တိုက်ပွဲ) ၁၁။ ဆလိုင်း ထန်းနိုင်း (ပူကွန်းတိုက်ပွဲ ၂၁.၅.၂၀၂၁) ၁၂။ ဆလိုင်း တမ်လိန်း (ပူကွန်းတိုက်ပွဲ ဗုံးထိ -…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် Mindat-CDF အကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အယောက် ၅၀ ခန့်သေဆုံးမှုရှိခဲ့ပြီး CDF ဘက်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ချောင်းဆုံအနီးတဝိုက်တွင် ဖြစ်သောတိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်များ ၄၀ ခန့်ကျဆုံးခဲ့ပြီး ယှက်ရွာတိုက်ပွဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်ကျဆုံးမည်ဟု ခန့်မှန်းရပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ချောင်းဆုံတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ ပစ်ကူသည့်အပြင်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကြဲခဲ့သည်။ CDF မင်းတပ်မှလည်း ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိပြီး ချောင်းဆုံတိုက်ပွဲတွင် ၂ ဦး (ထန်းမာန် – စိချဲ့နှင့် ဟာဖေ – မရှိန်းလှော်) တို့ကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိပြီး ယှက်ရွာတိုက်ပွဲ မင်းတပ် CDF ဘက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် – ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိသည်ဟုသိရသည်။

Read More