#Unicode ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။ ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “ အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်၊ အခုပထမ အကြိမ် မနေ့ကရုံးထုတ်တယ်၊ တဖက်ခါဒုတိယအကြိမ်ပြန်ချိန်းထားတယ်၊ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ၊ ရှေ့နေတွေငှားဖုုိ့ပြင်ဆင်နေတယ်၊ ရှေ့နေတွေ ငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်၊ ဆန္ဒပြကိစ္စကြောင့်ပါ၊ အခုသူတို့ကို ရဲစခန်းအချုပ်ထဲမှာ ထားတယ်” ဟု ပြောသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖလမ်းမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏အကူအညီဖြင့် ဆန္ဒပြပြည်သူများအားလူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းစွာလူစုခွဲရန်သဘောတူခဲ့ကြပြီး လူစုခွဲမည့် နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံး ၃ ချက်ပြစ်ဖောက်ကာ လူ ၃ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည်အာမခံ ပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။ #Zawgyi ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့်…
Author: Editor
#Unicode ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များမှ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် သတင်းသမားတစ်ဦးနှင့် အမျိူးသမီး ၈ ဦးအပါအဝင် ၂၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟုသိရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ ကျွန် တော်တို့ခေါင်း ဆောင်တွေ မနေ့ညက စခန်းမှာသွားပြီးတော့ သူတို့စာရင်းကိုတောင်းတာ နာမည်စာရင်း အတိအကျ ကို မပေးချင်ဘူး၊ ဒါပေမယ့် ဘယ်နှစ်ယောက်လည်းဆိုတာကတော့ သူတို့ဖက်ကနေပြောတာကတော့ အမျိုးသမီး ၈ ဦး၊ အမျိုး သား ၁၅ ဦးဖြစ်တယ်၊ မနေ့ညမိုးချုပ်တဲ့အထိတော့ ရဲစခန်းမှာပဲ ထမင်းနဲ့ ည အိပ်စောင်တွေရဲစခန်းမှာသွွားပေးတော့ ကျွန် တော်တို့ အထင်ကတော့ ရဲစခန်းမှာပဲထင်တယ်။ အာဏာ သိမ်းစစ်ကောင်စီရဲ့ အကြီးအကဲလို့ပြောလို့ရမယ်ထ င်တယ်သူ နဲ့ စကားပြောတာကတော့ များသော အားဖြင့် ဒီနေ့ပြန်လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ဖက်ကနေပြီး စစ်ဆေး ချင်တဲ့ဟာ တခုခုရှိတယ်ဆိုရင်တော့ ၁ယောက် ၂ယောက်လောက်ထိန်း သိမ်းခံနိုင်တယ်လို့ပြောတယ်” ဟု ပြောသည်။ ယမန်နေ့ ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူများအား လူနေအိမ်းများအထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြသည့်အပြင် လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်များလည်း ဖမ်းဆီးယူဆောင်သွားကြသည်ဟုသိရသည်။ ဆလိုင်း ဆန်နှင်းလျန်က“ ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အတင်းအဓမ္မ၊ အကြမ်းဖက်နည်းနဲ့ အာဏာပိုင်တွေဖက်ကနေပြီး ဖြိုခွင်းနေတယ်၊ အာဏာကို အသုံးပြုပြီးတော့ လူတွေကို ဒီလိုမျိုးဖြိုခွဲတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့…
#Unicode တပ်မတော်က အရပ်သားအစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌအပါအဝင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးငါးဦးသည် ယနေ့မနက်ပိုင်း ၈ နာရီ အချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ဝန်ကြီးအိမ်ယာတွင် နေအိမ်အကျယ်ချုပ်သဘောဖြင့် ထားရှိသည်ဟု သိရသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ ဒီနေ့မနက် ၈ နာရီပြန်ရောက်လာကြတာ အားလုံးပေါ့ (၅) ယောက်၊ ဝန်ကြီးအိမ်ယာမှာ နေကြရတယ်၊ လောလောဆယ်က အားလုံးပါပဲ ကျွန်တော်တို့ အပါအဝင် အိမ်ယာမှာပဲ အေးဆေးနေလို့ရတယ်။ အပြင်ထွက်ခွင့်တော့မပြုဘူး၊ ကိုယ့် အိမ်ထဲမှာပဲ လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ပုံမှန်လေးပါပဲ ဖုန်းကိုင်ခွင့်မရှိတာပဲရှိတယ်၊ သူတို့က ဘာမှလုပ်လို့ မရလောက်ဘူးထင်တယ်သတ်မှတ််ချက်တခုနဲ့နေရတယ်ဆိုတော့” ဟု ပြောသည်။ ယနေ့ပြန်လည်လွတ် မြောက်လာကြသူများမှာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စည်းပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် လွတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ဒုတိယ လွတ်တော် ဥက္ကဌ ဦးတိတ်ထန်း၊ ပြည်နယ်လူမှုဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဖွေအား တို့ဖြစ်ကြ သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က စစ်အာဏာ သိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွ င်လည်း ချင်းလူမျိုး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌများအားလုံးပြန်လည်လွတ်မြောက်ပြီ ဆိုသော်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာဝန်ရှိသူ ၂၅…
#Unicode ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အစိုးရဝန်ထမ်း အင်အား ၁၂၅၄ ဦးခန့်ရှိသည့်အနက် ယနေ့အထိ ၂၈၅ ဦးမှ CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။ တီးတိန်မြို့၊ လူငယ်ခေါင်းဆောင်တစ်ဦးက “ တီးတိန်မြို့ပေါ်မှာက အစိုးရဝန်ထမ်းက ၁၂၅၄ ဦး ရှိ တယ်၊ ဌာနတစ်ခုမှာ အကုန်လုံးမဟုတ်ပဲ ၈ယောက် ၄ယောက်တို့ပါဝင်ကြတယ်၊ ပါဝင်မှုဆိုရင် ကျန်း မာရေးက ပါဝင်မှုပိုများမယ်၊ ကုသရေးပိုင်းကလည်း CDM မှာ အယောက် ၄၀၊ ၅၀ ဝန်းကျင်လောက်ပါဝင်တယ်” ဟု ပြောသည်။ CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပြည်သူ့ကျန်းမာရေးမှ ဝန်ထမ်းအင်အား ၂၁၆ ဦးဖြင့် အများဆုံးပါဝင်နေပြီး အခြားအစိုးရဝန်ထမ်းများသည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေကြေ ကြာင်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့် အနေဖြင့် အစိုးရဝန်ထမ်း အများအပြားမှ အလုပ်အဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြခြင်း ဖြစ်သည်။ တီးတိန်မြို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသော ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံအုပ်မှ ဝန်ထမ်းလစာများကို လွဲပေးခြင်းများပြုလုပ်ပေးမည် မဟုတ်ကြောင်း ခြိမ်ခြောက်မှုများ ရင်ဆိုင်နေရသည့်အပြင် ဌာနဆိုင်ရာ အရာရှိများမှ ဖိအားပေးမှုများရှိနေကြောင်းသိရသည်။ #Zawgyi ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အစိုးရဝန်ထမ်း အင်အား ၁၂၅၄ ဦးခန့်ရှိသည့်အနက် ယနေ့အထိ ၂၈၅ ဦးမှ CDM…
#Unicode By Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် အစိုးရ ဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် ဝန်ထမ်း ၁၉၂၈ ဦးမှ CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Hakha ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။ “ဟားခါးမှာက ဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင်ရှိမယ်ထင်တယ်၊ အတိအကျတော့ ပြောလို့မရဘူး၊ ဘာလို့လဲဆိုရင် ခန့်အပ်နဲ့ အင်အားပြ စာရင်းကမတူဘူး၊ ၃၀၀၀ ဝန်းကျင်တော့ရှိမယ်၊ အခုက ၁၉၀၀ ကျော် CDM ပါဝင်ပြီဆိုတော့ သုံးပုံနှစ်ပုံ နိုင်သွားပြီလို့ ပြောလို့ရတယ်၊ ခုလည်းဆက်ကောက်နေတယ်၊ ၂၅၀၀ ဝန်းကျင်ထိတော့ ကျမတို့မှန်းထားတယ်” ဟု CDM Supporting Hakha တွင် ပါဝင်ဆောင်ရွက် နေသူတစ်ဦးမှ ပြောသည်။ CDM Supporting Hakha ၏ ထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပညာရေးဌာနမှ ဝန်ထမ်းအင်အား ၄၅၈ ဦးဖြင့် အများဆုံးပါဝင်ပြီး ဒုတိယအနေဖြင့် ကျန်းမာရေးဌာနမှ ၄၂၇ ဦး ဖြင့် ပါဝင်ပြီး အစိုးရဌာနအကုန်လုံးနည်းပါး CDM လှုပ်ရှားမှုတွင် ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီ အစိုးရ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့်အနေဖြင့် အစိုးရဝန်ထမ်း အများအပြားမှ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြပြီး ဌာနဆိုင်ရာ အရာရှိများမှ ဖိအားပေးမှုများရှိနေသော်လည်း ဝန်ထမ်းများမှ အရပ်သားအစိုးရ မတက်မချင်း အလုပ်ဆင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် ပြန်လည်ထုတ်ပြန်မှုများလည်း ရှိနေကြောင်းသိရသည်။ #Zawgyi…
#Unicode ရစ်ချက် – မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။ အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကျင်းပသည့် (၈) ကြိမ်မြောက် Assembly Budget Session လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မြန်မာပြည်သားများဟာ အနယ်နယ်အရပ်ရပ်ကို ထွက်ပြေး တိမ်းရှောင်နေမှာကို ကျနော်တို့ အထူးစိုးရိမ်တယ်။ အကယ်၍ မြန်မာပြည်သားများအနေနဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိရင်တော့ မီဇိုရမ်အစိုးရအနေနဲကက နွေးထွေးစွာလက်ခံမယ် အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်သွားမယ်” လို့ ပြောသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြည်သူ့အစိုးရကို တပ်မတော်က အဓမ္မအာဏာသိမ်းယူခဲ့သည့်အပေါ် ကျွန်ုပ်တို့အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ပြန်လည်ရရှိနိုင်ရေးအတွက် အထူးလိုလားကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ဆက်ပြောပါသည်။ “မြန်မာနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မီဇိုရမ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိပါက မီဇိုရမ်အစိုးရ အနေနဲ့က တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပြီဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယ ဗဟိုအစိုးရကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်အစိုးရအနေဖြင့် တိုက်တွန်း တောင်းဆိုသွားမယ်” လို့ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံကို စစ်တပ်မှအာဏာသိမ်းလိုက်သည့်နေ့ကစပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်သားများ လာရောက်ခိုလုံမှုများရှိလာနိုင်သည်ဟုဆိုကာ မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့…
#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လက်ရှိမြ န်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ဦးဆောင်လှုပ်ရှားမည့် NGO United for Democratic Myanmar အဖွဲ့ကို မီဇိုရမ်ရောက်မြန်မာနိုင်ငံသားများနှင့် ဒေသတွင်းအစိုးရမဟုတ်သော NGO များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပူးပေါင်း ဖွဲ့စည်းလိုက်ကြသည်ဟု သိရသည်။ အဆိုပါအဖွဲ့မှ ပြောဆိုခွင့်ရှိသူတစ်ဦးက “အဓိကတော့ မီဇိုရမ်ရောက်မြန်မာပြည်သားများအနေဖြင့် ကိုယ့်နိုင်ငံအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့လည်း တစ်ခုခု လုပ်မှဖြစ်တယ်ဆိုပြီး ဖွဲ့စည်းတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အရင်ကတော့ ယာယီသဘောမျိုးနဲ့ဖွဲ့စည်းပြီးတော့ ဆန္ဒပြတာတွေလုပ်တယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်တဲ့ အခါမှာ ဆက်လက်လုပ်ဆောင်ရမဲ့ ကိစ္စတွေ အများကြီးရှိနေသေးတာကြောင့် ခုလို အတည်တကျ ပြန်လည်ဖွဲ့စည်း ထားတာဖြစ်တယ်”ဟု ပြောသည်။ ဆက်လက်၍ “ဤအဖွဲ့အစည်းက အဓိကအနေဖြင့် မီဇိုးဒေသခံ NGO များနှင့်ပူးပေါင်းပြီး လုပ်ငန်းတွေ အများကြီး လုပ်ဆောင်သွားဖို့ရှိတယ်။ ဥပမာ- စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ ယခုလက်ရှိနိုင်ငံရေးကြောင့်ဖြစ်ဖြစ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့သူရှိရင် မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပေးဖို့အတွက် မီဇိုရမ်အစိုးရ၊ ဗဟိုအစိုးရအထိ တောင်ဆိုသွားဖို့ရှိတယ်။” ဟု သူကဆက်ပြောသည်။ အဆိုပါအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့်အနေဖြင့် မီဇိုးဒေသခံ NGO အဖွဲ့များ အဆိုတော်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး CDM ရန်ပုံငွေကိုလည်း ရှာဖွေသွားရန်ရည်ရွယ်ထားကြောင်း သိရသည်။ “ကျနော်တို့ ရည်ရွယ်ထားတာက CDM အတွက်ဆိုပြီး မီဇိုရမ်ရောက်မြန်မာပြည်သားများတွင် အလှူငွေကောက်ခံ သွားဖို့ ရှိတယ်။ နောက်ပြီး မီဇိုရမ်အစိုးရက ခွင့်ပြုရင်…
#Unicode By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ ယတိပြတ်မပြောနိုင်သေးကြောင်းသိရသည်။ CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ကျနော်တို့ဆီကို ဖိတ်စာတော့ ရောက်ပြီးပြီ၊ တက်ဖို့ မတက်ဖို့ မဆွေးနွေးရသေးဘူး”ဟု ပြောသည်။ ယခုရွေးကောက်ပွဲကောက်မရှင်မှ ကျင်းပမည့်ပွဲမှာ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံရန် ကမ်းလှမ်းမှုလည်းပြီး ဖေဖော်ဝါရီ လ ၂၆ရက်နေ့မှာ နေပြည်တော်မှာ လာရောက်နိုင်ခြင်းရှိမရှိ တည်းခိုရေးစီစဉ်နိုင်ရန် ကြိုတင်စာရင်းပေးကြရန် ကော်မရှင်မှ ထုတ်ပြန်ထားကြောင်းသိရသည်။ ZCD ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က “ကျနော်တို့ပါတီကိုတော့ ဖိတ်စာတော့မရောက်သေးဘူး၊ ဒါပေမယ့် ဥက္ကဌ ကတော့ တက်ဖို့ မှာထားတာတော့ရှိတယ်၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတစ်ခုအနေနဲ့ ရွေးကော်က ဖိတ်တာဖြစ်တဲ့အတွက် ဒီပွဲက တက်သင့်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။ CNLD ပါတီ နှင့် ZCD ပါတီကို အာဏာသိမ်း စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုနှင့် ပြည်နယ် မံအုပ်ချုပ်ရေး ကောင်စီတွင်ပါ၀င်ရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကြသည်။ #Zawgyi By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) နှင့်…