Author: Editor

ဗြိတိသျှကိုလိုနီအုပ်ချူပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် သုံးနိုင်ငံတွင် သီးခြားအုပ်ချူပ်မှုစနစ်အောက် ၌ နေထိုင်ခဲ့ကြရသောChin-Lushai-Kuki မျိုးနွယ်စုများအားလုံး အုပ်ချူပ်မှုတစ်ခုအောက်သို့ပြန် လည်ပေါင်းစည်းနေ ထိုင်ရေးအတွက်  အစဉ်တစိုက်ကြိုးပမ်း လုပ်ဆောင်လာခဲ့သူအသက် (၈၀) ရွယ် Pu R.Thangmawia သည် ဇူလိုင် ၂၀ ရက်နေ့ကဆွီဇာလန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organisation (ZoRO) အဖွဲ့၏ ဥက္ကဌလည်းဖြစ်သည့် Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂဗဟိုဌာနချူပ် ဆွီဇာလန်နိုင်ငံ Geneva တွင် ဇူလိုင်လ ၂၀ မှ ၂၄ရက်နေ့အထိ ကျင်းပလျက်ရှိသော UN 8th Session on Expert Mechanism on The Rights of Indigenous People အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့်အချိန်ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်(မြန်မာစံတော်ချိန်)တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Read More

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ ချူပ်(ZCD)ပါတီက လွှတ်တော် ကိုယ်စား လှယ်ေ လာင်း များ ကို ပဏာမရွေးချယ် ထား လိုက်ပြီဟုသိရသည်။ ချင်းပြည်နယ် တီးတိန်မြို့ ZCD ပါတီရုံးချူပ်၌ ယမန်နေ့က ကျင်းပသော ပါတီညီလာခံတွင် မြို့နယ် အသီးသီးမှ ပါတီ ကိုယ် စားလှယ်များ က လာမည့်ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်ဟု ZCD ပါတီမှ ပြောခွင့်ရ ပူး Anthony Kap Khan Khual ကပြောသည်။

Read More

နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေး ပါတီများ အချင်းချင်း ထိရောက်စွာ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက် ပွဲ ဆိုင် ရာ လက်တွဲဆောင်ရွက်ရေး မဟာဗျူဟာ မူကြမ်း တစ်ရပ် ရေးဆွဲပြီဟုသိရသည်။ ယင်းမဟာဗျူဟာမူကြမ်းကို Gender and Development Initiative – Myanmar အဖွဲ့မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင် နှင့် ချင်းနိုင်ငံရေးပါတီတစ်ခုချင်းစီမှ အတွင်းရေးမှူးတစ်ဦးစီပါဝင်သော မူကြမ်း ရေးဆွဲကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Read More

ချင်းမျိုးနွယ်စု တစ်ခုဖြစ်သော ဟွာလ်ငို ချင်းစာပေကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အတွင်းရှိ အစိုးရကျောင်း များ တွင် ဇူလိုင်လ ဒုတိယပတ်မှ စတင် သင်ကြားတော့ မည်ဟုသိရသည်။ ဟွာလ်ငိုချင်းစာပေ သင်ကြားရေးကိစ္စနှင့် ပတ်သက်ပြီး ကလေးခရိုင် ပညာရေးမှူးမှ ဇူလိုင် ၇ ရက်နေ့ က မြို့နယ် ပညာရေးမှူး ရုံးတွင် အစည်း အဝေးဖိတ်ခေါ်ကာ ယင်းအစည်း အဝေးပွဲတွင် မြို့နယ်ပညာရေးမှူး၊ ဟွာလ်ငိုင်ချင်းစာပေ သင်ကြားရေး ကော်မတီ၊ ကလေးမြို့နယ် အတွင်းရှိ ဟွာလ်ငို ချင်း စာပေသင်ကြား မည့်ကျောင်း အုပ်ကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြပြီး ဟွာလ် ငို ချင်းစာပေ ကို သက်ဆိုင် ရာကျောင်း များတွင် စတင်သင်ကြား ရန် နှင့် လိုအပ် သလိုဆောင်ရွက် ကြရန် ညွန်ကြားခဲ့ သည်ဟု ဟွာလ်ငိုချင်း စာပေ သင်ကြားရေးကော်မတီ ဥက္ကဌ ဦးဟွာလ် ဟူ ထန်းငါ ကပြောသည်။

Read More

အယ်ဒီတာချုပ်ခင်ဗျား – စစ်အစိုးရက ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်း ရိဒ်ကျေးရွာအား ရိဒ်မြို့အဖြစ် အခြေခံလျက် နယ်မြေတချို့ကို ဖဲ့ ထုတ်ပြီး  ၂၀၀၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ရိဒ် မြို့နယ်ခွဲ အဖြစ်  သတ်မှတ်ခဲ့သည့်အပေါ် ဒေသခံ ပြည်သူလူထုက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသော် လည်း အုပ်ချုပ်ရေး စနစ် မကောင်းလို့လား၊ အစိုးရက စီမံခန့် ခွဲမှု ညံ့ဖျင်းလို့လား၊  လူထု မျှော်လင့်ထားသလောက် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်မလာခဲ့ပေ၊ သို့သော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်နယ်နဲ့ အ၀ှမ်း စီးပွားရေး၊ လူမှုရေး ကဏ္ဍ ပေါင်းစုံ  အရှိန်အဟုန် မြင့်မြင့် လုပ်လာတာ အင်မတန်မှ အားရ လှပါသည်၊ ကျတော်တို့ အမှတ်(၁) ရပ်ကွက်၊ ရိဒ်ခေါ်ဒါရ်မြို့ သည်လည်း တနေ့နေ့မှာ အလှည့်ကျ လာမှာပဲ ဆိုတဲ့ မျှော်လင့် ချက်နဲ့ နွေလယ်နေ့အိပ်မက်တွေ မေ့ပေါင်းလည်း အခါခါပင်၊ သို့သော် မျှော်လင့်ချက်တွေ ရေစုန်မျောသွားခဲ့သည်၊ ဖြစ်ပုံက ဒီလို — ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ မြို့နယ်ခွဲ ဖွဲ့စည်းအုပ်ချုပ်မှု ဥပဒေ မပါတော့ယင် လက်ရှိ ရိဒ်မြို့နယ် ခွဲဖွဲ့စည်းမှု ပြန်လည် ရုတ်သိမ်းခြင်းခံလိုက်ရသည်၊ ယခု ရိဒ်မြို့နယ်ခွဲကို ဖလမ်းမြို့နယ် ကော်သုံး ကော်ကနေ တိုက်ရိုက်ကိုင် တွယ်ရတော့တဲ့ အနေ အထားသို့ ပြန်ရောက် သွားရ ပါတော့ သည်။ သို့ကြောင့်…

Read More

အယ်ဒီတာချုပ်ခင်ဗျား – အထက်ပါ ကိစ္စကို သတင်းဂျာနယ်တွင်ဖော်ပြပေးစေလိုသည်။ ကျတော်တို့ အမှတ် (၂) အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အိမ်ခြေ ၄၀၀ ကျော်ခန့် နေထိုင်သည့် အမှတ် (၂) ရပ်ကွက် ရိဒ်ခေါ်ဒါရ်မြို့ခံများ သောက်သုံးရေ ဖူလှုံရေး အတွက် ၂၀၀၇/၂၀၀၈ ခုနှစ်က R C အသင်းတော်မှ နေပြီး ကျပ်ငွေ သိန်းပေါင်း ၉၀ ထောက်ပံ့ခဲ့ ရာ ၄င်းငွေဖြင့် ရေကန် တလုံးကို လူထု လုပ်အားဖြင့် တည်ဆောက်ပြီး ၈ မိုင်ခန့်ဝေးသော နေရာက ချောင်းရေကို သွယ်ယူသုံးစွဲခဲ့ပါသည်။ ယခု တဖန် နိုင်ငံတော်အစိုးရက ကျပ်ငွေ သိန်းပေါင်း ၁၀၀ ခန့်ချပေးပြီး ရေလှောင်ကန် တလုံး တိုးချဲ့ပြီး ညနေ ၃ နာရီ မှ ငါးနာရီအကြား  ၇ အိမ်၊ ၁၀ အိမ်အတွက် ရေပိုက်ခေါင်းတခု စီဖြင့် ၁၅ မိနစ်စီ သောက်သုံးရေကို  မျှမျှတ တဖြင့် ဖြန့်ဝေးပေးလျက်ရှိသည်။ သို့သော် ယခု အခါ ရပ်ကွက်ထဲက Pu Lal Hming Liana, Pu Cung Lian Kim, Pu Ralthanzauva, Pu She Kee Awm, Pu Sang a, Pu Paki, Pu…

Read More

ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ အတွင်း တခုတည်းသော အမှတ် (၁) ရပ်ကွက် ရိဒ်ခေါ်ဒါရ်မြို့ အစိုးရအထက် တန်းကျောင်းတွင် တာဝန်ကျသော ကျောင်းဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများ နေထိုင်သည့် သွပ်မိုး၊ ပျဉ်ကာ အိမ်ယာများကို  ၁၉၉၄ – ၁၉၉၆ ခုနှစ်တွင် ကိုယ်ထူ ကိုယ်ထ ဖြင့် ဒေသခံလူထု က ဆောက်လုပ်ခဲ့ကြသည်။ အိမ်ယာ အရေအတွက်မှာ 30x12x9 ရှိ နှစ်ခန်းတွဲ လေးလုံး၊ 24x12x9 ရှိ ကိုး လုံး၊ 30x18x9 ရှိ တလုံး၊ 36x16x9 ရှိ ဘော်ဒါဆောင် နှစ်လုံး စုစုပေါင်း ၁၆ လုံးဖြစ်ပါသည်။ ယနေ့တွင်မူ အဆိုပါ ကျောင်းဆရာနေအိမ်များသည် ယိုယွင်း ပျက်စီးနေပြီဖြစ်ပြီး မိုးဒါဏ်လေဒါဏ်ပြင်းထန်လာပါက ပြိုလဲတော့မည် အနေအထားဖြစ်နေပါတော့သည်။ အမှတ် (၁) ရိဒ်ခေါ်ဒါရ် အထက ကျောင်းသည် နာမည်ကျော် သဘာဝ ရိဒ်ရေကန် သွားလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့်အခါ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ မကြာခဏဖြတ်သန်းသွားလာနေသည့် မြင်ကွင်းတွင် ရှိနေသည့်အခါ ရိဒ်ရေကန်ကို ကျက်သရေ ကင်းမဲ့စေခဲ့သည်ဟု ဆိုရမှာဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းဆရာများ နေအိမ်အား မနှေးအမြန်  ပြု ပြင်ပေးစေလိုကြောင်း ရေးသား ဖော်ပြလို ပါသည်။ ကိုထွန်းအောင် ရိဒ်ခေါ်ဒါရ်မြို့

Read More

ယခုတလော အစိုးရစစ်တပ်က နွားကုန်သည်များ ထံ ငွေကောက် ခံနေကြောင်း ပြည်တွင်းပြည် သူများထံမှ ကြားသိ ရသည်။  ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က အိန္ဒိယ – မြန်မာ နယ်စပ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ် မြို့သစ် အခြေစိုက် ခလရ ၂၆၈ မှ တပ်ကြပ်ကြီး မျိုးမြင့်၊ ဒုတိယ တပ်ကြပ် အာစိန်၊ တပ်သား ကျော်ဦးတို့သည် တီးနယ်မြို့နယ် နယ်စပ်ရွာ Tui Sen Phai တွင် နွားကုန်သည် တဦးထံမှ နွားကောင်ရေ ၂၀ အတွက် ကျပ်ငွေ သိန်း ၂၀ ကောက်ခံသွားသည်။

Read More

ကလေးမြို့နယ် တောင်ဖီလာရပ်ကွက် နယ်မြေ(၈)ရှိ ချင်းလူမျိုးများပိုင်ဆိုင်သော ဘာသာရေးသင်္ချိုင်းကို ခရိုင် နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းပြီး စက်ယန္တယားများဖြင့် ဖျက်ဆီးခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံချင်းလူမျိုး ၅၀၀ ကျော်တို့က ဇွန်လ ၂၉ ရက်နေ့တွင် လမ်း မပေါ်ထွက် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Read More

ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်သင်္ချိုင်းမြေ အား ကလေးမြို့  အာဏာပိုင်းများမှ ဖျက်သိမ်း သည့်လု ပ်ရပ် ကို ကန့်ကွ က်ကြော င်း ချင်း ဒီမိုကရေစီ အဖွဲ့ချူပ် (CLD) က ပြောဆို လိုက်သည်။ ကလေးခရိုင်စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမောင်ထူး  နှင့် ကလေးမြို့  စည်ပင်သာယာရေး အဖွဲ့တို့မှ ဇွန်လ ၄ ရက် နံနက် ပိုင်း ၂ နာရီတွင် မြေထိုးစက်များ အသုံးပြုပြီး အဆိုပါခရစ်ယာန်သင်္ချိုင်းရှိ အုပ်ဂူများ၊ ခြံစည်းရိုးများ၊ နှစ်ရှည်တရုတ် စကား ပင်ပေါင်း (၄၀၀)ကျော် နှင့် ဇရပ်တစ်ဆောင်ကို ဖျက်ဆီးခဲ့သည့်အပေါ် လုံးဝကန့်ကွက်သည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချူပ်က ဇွန် ၂၄ ရက်နေ့က ကြေညာချ က်တရပ်ထုတ်ပြန်ခဲ့သည်။

Read More