Author: Editor

#Zawgyi By လားနွန် – Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာသည် ယခုအခါဖျားနာမှုမရှိတော့ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “လူနာကကျန်းမာပါတယ် လောလောဆယ်တော့သူ Stable (တည်ငြိမ်၊ ခိုင်ခံ့၊ မဖောက်ပြန်) လည်းဖြစ်ပါတယ်၊ အပူချိန်လည်းတက်တာမရှိဘူး၊ တီးတိန်ပြည်သူ့ဆေးရုံ ၀န်ထမ်းနေထိုင်မယ့်နေအိမ်၊ ကွာတာအိမ်အသစ်မှာ သီးသန့်ထားတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်သည့် အဆိုပါချင်းအမျိုးသားသည် မင်္ဂလာဆောင်ရန်အတွက် မတ်လ (၁၃) ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ကလေးမြို့တွင်လည်း (၂) ရက်တည်းခိုနေထိုင်ခဲ့သည်ဟု သိရသည်။ ထို့နောက် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် ဧည့်ခံပွဲများကျင်းပပြုလုပ်ပြီးနောက် ကိုယ်အပူချိန်မြင့်တက်ဖျားနာသဖြင့် မတ်လ (၂၁) ရက်နေ့တွင် တီးတိန်ပြည်သူ့ဆေးရုံသို့ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ (၂၂) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ (၂၃) ရက်နေ့က စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ သူနှင့်အတူ ရန်ကုန်မြို့မှ ကလေးမြို့သို့ လေယာဉ်အတူစီးလာသည့် ပုဂ္ဂိုလ်များ၊ ကလေးမြို့တွင် သူတည်းခိုနေထိုင်ခဲ့သည့်နေအိမ်မှ မိသားစုဝင်များ၊ မင်္ဂလာဆောင်ရန်အတွက် ဓာတ်ပုံရိုက်ခဲ့သည့် ဓာတ်ပုံတိုက်မှ မိသားစုများကို (၁၄) ရက်ကြာ Home Quarantine (နေအိမ်တွင်ရောဂါခြေချူပ်ခြင်း) ဆောင်ရွက်ထားပြီဟုသိရသည်။ အဆိုပါလူနာသွားရောက်နေထိုင်ခဲ့သည့် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကိုလည်း Lockdown ချထားလိုက်သော်လည်း မိမိနေအိမ်များတွင်နေထိုင်ကြရန် ပညာပေးမှုများလည်းလုပ်ဆောင်နေသည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ကပ်တဲလ်ကျေးရွာသည် တီးတိန်မြို့မှ…

Read More

#Zawgyi By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝဆိပ်ခံတံတားတည်ဆောက်ရေးစီမံကိန်းလုပ်သား (၁၅) ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ယမန်နေ့၊ မတ်လ (၂၂) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့တွင် ပြန်လွှတ်လိုက်ပြီဟုသိရသည်။ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လုပ်သားတွေက ပလက်ဝမြို့အရှေ့ဖက်ကမ်းမှာရှိတဲ့ ဇိုရမ်ပွီးလမ်း အိန္ဒိယဆိုဒ်မှာနေတယ်၊ ညပိုင်းကိုလာဖမ်းသွားတယ်၊ သူတို့ကို ညပိုင်းခေါ်သွားပြီးတော့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ငွေကျပ်သိန်း (၅၀) ပေးထားပြီးတော့ ပစ္စည်းတစ်ချို့လည်း ယူသွားတယ်လို့ပြောတယ်၊ အခုတော့ ပလက်ဝဖက်မှာ လာနေပြီးတော့ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး အမေးအဖြေဆွေးနွေးတာတွေ လုပ်နေတယ်၊ နောက်ဆုံးအခြေအနေတော့ အဲဒီလောက်ပဲသိတယ်’’ ဟု ပြောသည်။ AA တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည်ဆောက်နေသည့် ပလက်ဝဆိပ်ခံတံတားစီမံကိန်းတွင် အလုပ်လုပ်နေကြသော အိန္ဒိယနိုင်ငံသား (၈) ဦး၊ ဒေသခံအလုပ်သမား (၇) ဦး၊ စုစုပေါင်း (၁၅) ဦးကို ကြက်ဥ၀ရွာအနီးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့နက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အဲဒီလူတွေကို ကျနော်တို့ ခဏလေး ထိန်းသိမ်းထားတာ၊ ဘာကြောင့်လဲဆိုလို့ရှိရင် အဲဒီ အိန္ဒိယဆိပ်ခံတံတား အဆောက်အဦးတွေကိုနေရာယူပြီးတော့မှ မြန်မာစစ်တပ်ကနေပြီးတော့ ဒီလက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပြီးတော့ ပစ်နေတာရှိတယ်၊ အဲဒီမှာ သူတို့လောင်ချာတွေ ရိုကက်တွေနဲ့ လှမ်းပစ်တာရှိတယ်၊ အဲဒီအဆောက်အဦးတွေကနေပြီးတော့ပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီစစ်သားတွေ သေနတ်ပစ်တဲ့နေရာတွေကို မနေ့ကညနေပိုင်းမှာ ၀င်ရောက်ပြီးတော့ ရှင်းလင်းပေးတာရှိတယ်၊ အဲဒီမှာက လက်နက်ကျည်ခွံတွေ၊ နောက်စစ်သားတွေနေရာယူပြီးတော့…

Read More

#Zawgyi လားနွန် – ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် ချင်းပြည်နယ်နှင့် နယ်နိမိ တ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံရှေ့မြောက်ပြည်နယ် မီဇိုရမ်တစ်ပြည်နယ်လုံးကို မတ်လ ၂၂ ရက် (တနင်္ဂနွေ) နေ့ကစ၍ အသွားအလာကန့်သတ်ပြီး Lockdown ချလိုက်ပြီဖြစ်သည်။ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်အရ မတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆေးဆိုင်နှင့် ပြည်သူများ အတွက်မရှိမဖြစ်အခြေခံလိုအပ်သောကုန်ပစ္စည်းအရောင်းဆိုင်များမှလွဲ၍ ဈေး၊ ကုန်တိုက်များနှင့် အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ဘတ်စ်ကားလိုင်းများ၊ မြို့တွင်းဘတ်စ်ကား၊ တက္ကစီ၊ ပုဂ္ဂလိကကိုယ်ပိုင်ကား၊ မော်တော်ဆိုင်ကယ်များပြေးဆွဲမှုများကို တစ်ပတ်ကြာပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ အဆိုပါပိတ်ပင်တားမြစ်မှုတွင် အရေးပေါ်လူနာတင်ကား၊ မီးသတ်ကား၊ ပြည်သူများအသိပေးကြေငြာချက်များပေးသည့် ယာဉ်၊ သတင်းစာဆရာများ၊ အီလက်ထရောနစ်မီဒီယာများအသုံးပြုသည့် ယာဉ်၊ COVID-19 တိုက်ဖျက်ရေးယာဉ်၊ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောကုန်သွယ်ရေးနှင့် မရှိမဖြစ်ဝန်ဆောင်မှုလုပ်ဆောင်နေသည့် ယာဉ်များပါဝင်ခြင်း မရှိကြောင်း ယင်းအမိန့်တွင်ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံတစ်ဦးက “ မနေ့ကစပြီး အပြင်ထွက်လို့ မရဘူးဆိုတော့ စားသောက်ကုန်တွေကြိုတင်ဝယ်မထားတဲ့သူတွေအတွက်တော့ ကြာလာရင်ပြသာနာဖြစ်လာနိုင်တယ်၊ မနေ့ကပဲစပိတ်တာဆိုတော့ လောလောဆယ်တော့ အဆင်ပြေနေသေးတယ် ကြာလာရင်တော့မပြောတတ်ဘူး၊ ဒီတိုင်းပဲ ကိုယ်အိမ်မှာဘဲ နေနေကြတယ်’’ ဟုပြောသည်။ အိုင်ဇောလ်မြို့သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ သောင်းနှင့်ချီနေထိုင်ကြသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ COCID 19 ကြောင့် တစ်ပြည်နယ်လုံး Lockdown ချလိုက်သည့်အတွက် ၎င်းတို့၏ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ၀င်ငွေများ ထိခိုက်လာနိုင်သည်ဟု ၎င်းကဆက်ပြောသည်။ “အိုင်ဇောလ်မှာက ကျနော်တို့မြန်မာနိုင်ငံသားတွေက နေ့စားအလုပ်သမားတွေရှိတယ်၊ ဈေးမှာ…

Read More

#Zawgyi မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က တောင်းဆိုလိုက်သည်။ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား ဖြစ်ပွားသော စစ်ရေးပဋိက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုများရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေရောက်နေပြီး ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တပ်မတော်နှင့် AA ကို ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ်မြောက်ညီလာခံက တောင်းဆိုလိုက်သည်။ ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု CNF ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး Salai Thla Hei က “ကျနော်တို့ညီလာခံမှာလည်းဘဲ အဲဒီကိစ္စအချိန်ယူပြီးဆွေးနွေးကြတယ်၊ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့နှစ်ဖက်သဘောတူညီစာချူပ်မှာလည်းပဲ ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်မတော်ဘဲရှိရမယ်လို့ပါတာကိုး၊ အဲဒါကြောင့် ပထမအကြိမ် Bilateral ကတည်းက ပလက်ဝမြို့နယ်မှာ (CNF) အခြေချဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဒါပေမယ့် အစိုးရဘက်က လက်မခံခဲ့ဘူး ဒီကနေ့ထိဆွေးနွေးနေဆဲပဲ၊ အစိုးရဘက်ကတော့ တာဝန်ယူပါလိမ့်မယ်လို့ပြောတယ် ဒါပေမယ့် ဒီကနေ့ထိ ကျနော်တို့ချင်းပြည်သူလူထုတွေ လုံခြုံမှုမရှိတော့ဘူး ဒါကြောင့် Bilateral Ceasefire Agreement (ပဏာမ အပစ်အခတ်ရပ်စဲရေးစာချူပ်) ကို အကောင်အထည်ဖော်ဖို့လိုအပ်တယ် လုံခြုံမှုမပေးနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ကို နေရာချပေးပါလို့ ကျနော်တို့ကြိုးစားနေဆဲဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူလူထုရဲ့တောင်းဆိုချက်အရသော်လည်းကောင်း၊ ညီလာခံတက်ရောက် လာတဲ့ကိုယ်စားလှယ်အားလုံးရဲ့ ဆွေးနွေးချက်အရသော်လည်းကောင်း စစ်ပွဲတွေလည်းချက်ချင်းရပ်တန့်ပြီးတော့ စစ်ရာဇ၀တ်မှုတွေလည်းရပ်တန့်ပြီးတော့ ချင်းပြည်နယ်ကနေထွက်ခွါပေးဖို့ ညီလာခံကနေတောင်းဆိုရခြင်းဖြစ်ပါတယ်’’ ဟု ပြောသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့်…

Read More

#Zawgyi နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး (Second Lady of Myanmar) Dr. Anna Sui Hluan သည် အဖ အမှုတော်ဆောင် Dr. Ralbawi နှင့် Pi Mary Sung Pui တို့မှ ချင်းပြည်နယ် ထန်တလန်မြို့နယ် Vuangtu ကျေးရွာတွင် မွေးဖွားခဲ့သည်။ (၂) နှစ်သမီးအရွယ်ကတည်းက ဖခင်တာဝန်ထမ်းဆောင်ရာ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ရန်ကုန်တွင်ကြီးပြင်းခဲ့သည်။ Dr. Anna သည် D.Min ဟုခေါ်သော Ministry Doctorate ဘွဲ့ကို ၂၀၀၇ ခုနှစ်က Asian Graduate School of Theology Philippine မှရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် Doctor of Philosophy in New Testament ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးလည်းဖြစ် ဒုသမ္မတကတော် Dr. Anna Sui Hluan ကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံးမေးမြန်းခဲ့သည်။ မေး။ ။ အန်တီတို့က နိုင်ငံခြားမှာဘဲ အခြေစိုက်ကြတယ်လို့ သိရတယ်ပေါ့နော်၊ ဘယ်မှာအခြေစိုက်နေထိုင်ကြလဲ၊ မြန်မာပြည်ကနေ ဘယ်ချိန်ကနေ ထွက်သွားကြလဲ။ ဖြေ – ၂၀၀၉ မှာပေါ့နော် ဒါပေမဲ့ ဖိလစ်ပိုင်မှာ နှစ်နှစ်လောက်ကြာသွားတာပေါ့နော်၊ နယူးဇလန်မှာနေတယ်၊ မြန်မာပြည်ကနေ မိသားစုအနေနဲ့ ထွက်သွားတာက ၂၀၀၉ ဖိလစ်ပိုင်မှာ Visa တွေနဲ့ ဘာတွေနဲ့ စောင့်နေတာဆိုတော့ နယူးဇလန်ကိုရောက်သွားတာကတော့ ၂၀၁၁…

Read More

#Zawgyi ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူ နှစ်ထောင်ကျော်ရှိနေပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟုသိရသည်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေသည့် ပလက်ဝမြို့နယ်၊ မီးချောင်းတလျှောက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကစ၍ ဆမီးမြို့ပေါ်သို့ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပြီး ယနေ့နံနက်ပိုင်း စာရင်းအရ စစ်ဘေးရှောင်ပြည်သူ (၂၂၆၅) ရှိပြီဟု ပြည်သူ့မျှော်လင့်ချက် (People Hope Org) လူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဦးဇော်လီအောင်က ပြောသည်။ “ဆန်အိတ်က အိတ် (၁၀၀) လောက်တော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ပေးထားတာရှိတယ်၊ တစ်ရက်ကို ကျနော်တို့ အိတ် (၄၀) လောက်တော့မှန်းတယ်၊ အဲဒီတော့ အဓိကတော့ ဆမီးမှာ လက်လီလက်ကား ၀ယ်လို့မရတဲ့အခါကျတော့ နံပတ်တစ်မှာ ဆန်လိုမယ်၊ ဆီ၊ ဆား အဲဒါကအဓိကလိုမယ်၊ အခုက ရေပြသနာဖြစ်တယ်၊ မီးပြသနာလည်းဖြစ်တယ်၊ သောက်သုံးရေလိုတယ်၊ အိမ်သာဆောက်ဖို့လည်း တာလပတ်တွေဝယ်မရဘူး၊ ပြီးတော့ ချက်ပြုတ်ဖို့အတွက် ထင်းမရှိဘူး၊ လူငယ်တွေက ထင်းရှာဖို့သွားကြတယ်ဆိုတော့ လိုအပ်တာကအရမ်းများတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။ စစ်ဘေးရှောင်ပြည်သူများထဲတွင် ၁၅ နှစ်အောက် ကလေး/လူငယ် ကျား (၃၆၇)၊ မ (၃၇၂) နှင့် ကိုယ်ဝန်ဆောင် (၂၄) ဦးပါရှိပြီး၊ ဆမီးမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် ၂…

Read More

#Zawgyi By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွင် မြန်မာ့တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂၁) ဦးသေဆုံးခဲ့ရသည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုံချသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က ပြောဆိုလိုက်သည်။ တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်သည့် ကျေးရွာများသည် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်လူမျိုးများ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းလူမျိုးများသာနေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုံ့ချကန့်ကွက်သည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က မတ်လ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြည်သူလူထုကို ကာကွယ်ရန်တာဝန်ရှိသည့် မြန်မာ့တပ်မတော်အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ဗုံးကျဲတိုက်ခိုက်မှုသည် လုံးဝလက်ခံလို့မရကြောင်း CNLD ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။ “အပြစ်မဲ့ပြည်သူတွေနေတဲ့ရွာမှာ ဘယ်သူပဲဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ သောင်းကျန်းသူဖြစ်ဖြစ်၊ တော်လှန်ရေးသမားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ခိုအောင်းနေတယ်ဆိုရင်တောင်မှ ရွာမှာမပစ်ရဘူး၊ အစိုးရတပ်ဆိုတာက ပြည်သူဖက်မှာပါနေရမယ်၊ ပြည်သူတွေနစ်နာမှုဖြစ်စေမယ့်အရာကို ရှောင်ရမယ်၊ တကယ်လို့ အဲဒီမှာ AA ပုန်းအောင်းနေရင်တောင်မှ အဲဒီအခိုက်အတန့်တော့ ရွာသားတွေကို တနည်းတဖုံနဲ့ ချည်းကပ်ဖို့လိုတယ်၊ တစ်ခါတည်း ဗုံးသွားကြဲတာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်ပြီးတော့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်ကြီးတွေ တစ်အားသုံးနေတာကလည်း မသင့်တော်ဘူးလို့ ကျနော်တို့မြင်တယ်” ဟု ပူးနိုထန်ကပ်ကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူလျော်ကြေးပေးရန်နှင့် ထိခိုက်နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ပလက်ဝမြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိသည့် မိတ်စာဝ…

Read More

#Zawgyi ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးကြောင့် နှစ်ရက်အတွင်း အရပ်သား (၂၁) ဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရရှိခဲ့သည်။ ပလက်ဝမြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိသည့် မိတ်စာဝ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြသည်။ မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ၀က်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိကြောင်း၊ ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောသည်။ “(၁၄) ရက်နေ့ မိတ်စာဝ ၂ နဲ့ ၃ မှာ ပွဲချင်းသေတာက (၁၂) ယောက်ရှိတယ်၊ ဒဏ်ရာရတာက (၁၅) ယောက်ရှိတယ် (၁၅) ယောက်ထဲမှာ (၁၃) ယောက်ကို မတူပီဆေးရုံကိုပို့တယ်၊ (၂) ယောက်ကတော့ ဒဏ်ရာမပြင်းထန်လို့ ဆမီးမှာပဲထားတယ်၊ မတ်လ (၁၅) ရက်နေ့မှာဖြစ်တဲ့ဟာက ၀က်မအုပ်စု၊ ၀က်မရွာ၊ ညနေပိုင်းမှာဖြစ်တဲ့ဟာမှာ (၈) ယောက်က ပွဲချင်းသေတယ်၊ (၁၂) ယောက် ဒဏ်ရာရတယ်၊ ပြိုင်တိန်ကျေးရွာမှာက ၅ တန်းကျောင်းသူလေးတစ်ယောက် ပွဲချင်းပြီးသေတယ်၊ သူ့အဒေါ်က ဒဏ်ရာရတယ်’’ ဟု ဆလိုင်းမျိုးထိုက်ကပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့တို့ဖြစ်ပွားသည့်တိုက်ပွဲအတွင်း တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် (၂) ရက်အတွင်း အရပ်သားပြည်သူစုစုပေါင်း…

Read More

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ် အ၀င်အထွက်များ ပိတ်ထားသည့်ကိစ္စ နှင့်ပတ်သက်၍ နယ်စပ်နေဒေသခံ လူငယ်များအကြား ခိုက်ရန်ဖြစ်ပွားမှု မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ချင်းပြည်နယ် မတူပီမြို့နယ် လုံကျွဲသဲကျေးရွာသားတစ်ဦးသည် မတ်လ ၁၅ ရက်နေ့က တဖက် မီဇိုရမ်ပြည်နယ် ဆိုင်ဟား ခရိုင် Chakei ကျေးရွာတွင်နေထိုင်သော ညီမအားတွေ့ဆုံရန် နယ်စပ်ဖြတ်ကျော်သွားလာစဉ်တွင် Siasi (ဆိုင်ဟားခရိုင်ဘက်) ကျေးရွာအနီး ဘွေနူးမြစ်နဘေးတွင် လုံခြုံရေးတာဝန်ယူထားကြသည့် မရာလူငယ်အဖွဲ့ (Mara Thyutlia Py) မှ ဖြတ်သန်းသွားလာခွင့်မပြုရာ မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုကဲ့သို့ နယ်စပ်ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် လုံကျွဲသဲရွာသားသည် ကျေးရွာသို့ပြန်လှည့်ကာ လူငယ်များအား စုစည်း၍ မရာလူငယ်အဖွဲ့တို့လုံခြုံရေးတာဝန်ယူထားသည့်နေရာသို့ပြန်သွားပြီး အဖွဲ့လိုက်ဖြင့် ထိုးနှက်ခဲ့ကြခြင်းဖြစ်သည်ဟု Mizo Special Report တွင်ဖော်ပြသည်။ ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားကြသည် ရုပ်သံသည်လည်း မတ်လ ၁၅ နေ့က လူမှုကွန်ယက်စာမျက်နှာတွင်ပြန့်နှံ့လာခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံကျွဲသဲကျေးရွာမှ ရပ်မိရပ်ဖများက Siasi ကျေးရွာသို့သွားရောက်ြ ပီး ကျေအေးပေးကြရန် တောင်းဆိုလာသည့်အတွက် အပြန်အလှန်ဆွေးနွေးကြပြီးနောက် ပြန်လည်ကျေအေးကြသည်ဟု သိရသည်။ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆိုင်းဟားခရိုင်အတွင်း နယ်စပ်ကျေးရွာ (၁၀) ရွာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki နှင့် Khopa စသည့် ကျေးရွာတို့မှတဆင့် နှစ်နိုင်ငံသားများ ၀င်ထွက်သွားလာခွင့်ကို ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူးက မတ်လ (၇) ရက်နေ့ကပိတ်ပင်လိုက်ပြီးနောက် နယ်စပ်…

Read More

#Zawgyi By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာတွင် မြန်မာ့တပ်မတော်မှ ယနေ့နေ့လည် (၁၁) နာရီဝန်းကျင်ခန့်၌ အမှတ်မထင်စစ်လေယာဉ်ဖြင့် လာရောက်ပစ်ခက်မှုဖြစ်ပွားပြီး ဒေသခံ (၁၁) ဦးသေဆုံးခဲ့ကြောင်း မိတ်စာဝကျေးရွာနေ ဦးလိုင်ပကပြောသည်။ “စဖြစ်တာက လေယာဉ်တစ်ခါဝှေ့တယ်၊ လေယာဉ်ဝှေ့ဝှေ့နေပြီးတော့ တစ်ခါတည်းပစ်ချတာပဲ၊ ဘာမှမသိပဲနဲ့ ဒီတိုင်းပစ်ချတာ၊ လက်နက်ကြီးနဲ့ (၂) ချက်ပစ်တာ၊ သေတဲ့သူက စုစုပေါင်းအားလုံး (၁၁) ယောက်ရှိတယ်၊ ဒဏ်ရာရတဲ့သူက (၆) ယောက်ရှိတယ်၊ အခုအားလုံး ဆမီးဆေးရုံကိုပို့လိုက်ပြီ၊ ဆမီးကနေ ကားနဲ့ မတူပီိကို ဒီညပို့မယ်၊ အဲဒီကို ပြည်နယ်အစိုးရအကူအညီနဲ့ ပို့မယ်” ဟု ဦးလိုင်ပကပြောသည်။ မြန်မာ့တပ်မတော်မှ စစ်လေယာဉ်ဖြင့်ပစ်ခတ်ခဲ့သည့် မိတ်စာဝကျေးရွာသည် အိမ်ခြေ (၇၀) ကျော်ရှိသည့် ကျေးရွာဖြစ်ကာ ပလက်ဝမြို့နဲ့ (၉) မိုင်အကွာတည်ရှိပြီး ယခုပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် (၇) နှစ်သားတစ်ဦးပါဝင်ကြောင်းနှင့် သေဆုံးသူများထဲတွင် အမျိုးသားပိုများကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “စစ်တပ်ရဲ့ ပစ်ခတ်မှုကိုတော့ အဖြေမပေးနိုင်ဘူး၊ ကျနော်တို့က အခုလောလောဆယ် အစိုးရအဖွဲ့အနေနဲ့တော့ တက်လာမယ့်သတင်းတွေကနေ အတည်ပြုတာကိုစောင့်နေတာ၊ တရားဝင်ကြေးနန်းရရင်တော့ သေဆုံးသူတွေနှင့် ဒဏ်ရာရတဲ့သူတွေအတွက်ကတော့ ထောက်ပံ့မှုရှိမယ်၊ လက်ရှိက ကျနော်တို့ မတူပီက လူမှုကူညီရေးအသင်းကကားတွေကို ကျနော်တို့ ဆမီးထိသွားပြီးတော့ သွားသယ်ခိုင်းနေတယ်၊ ကျနော်တို့ ဖြစ်စဉ်တွေကို ကြေးနန်းလည်းတင်ပြဖို့ရှိတယ်၊ မြို့နယ်ကနေတင်မယ်၊ တင်ပြီး ပြည်ထောင်စုအစိုးရကို တင်ဖို့ရှိတယ်၊ တင်ပြီးတော့ ကျနော်တို့ လက်ရှိဖြစ်တဲ့အပေါ်မှာ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ အဲဒါတွေကို ကျနော်တို့ ကူညီပြီးတော့…

Read More