Author: Editor

#Unicode Benezer – ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး စစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် အလှူရှင်ရှားပါးလာမှုကြောင့် အခက်အခဲရှိလာကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ချင်းလူသားချင်း ကူညီထောက်ထားရေးအသင်း (Chin Humanitarian Assistance Team- Rakhine State)မှ ဆလိုင်းဇော်မင်းထွန်းထံမှ သိရသည်။ “အခုကတချို့တွေက အခက်အခဲကတော့ရှိတာပေါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတွင်း ရွေးကောက်ပွဲမတိုုုင်ခင်ပေါ့ ၊အကူအညီမရတာရှိတယ်။ အဲဒီနောက်ပိုင်းကြတော့ ဒီရွေးကောက်ပွဲ ပြီးတော့ချင်းအဖွဲ့အစည်း CNO က ထောက်ပံ့ ထားတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကပေးရင် မျှမျှတတနဲ့ ရကြတယ်ပေါ့ အကုန်လုံးက။ အဲလိုမျိုးမျှမျှ တတမရတာက ခုဆို ၃ လလောက်တောင်ရှိပြီ၊ အခုလည်း CNOပေးတယ်ဆိုတာကလည်း သက်ကြီးရွယ်အို အသက်(၆၀)အထက်နဲ့ မိခင်နို့တိုက် ကလေးအရွယ်ပေါ့ သူတို့ပဲရတယ် အကုန်လုံးမရဘူး”ဟု ဆလိုင်းဇော်မင်းထွန်းမှ ပြောသည်။ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား လတ်တလောတွင် ကိုဗစ်နှင့်ပါတ်သတ်၍ လှူဒါန်းငွေအချို့နှင့် သက်ကြီးရွယ်အို၊ ကလေးငယ်များအားထောက်ပံ့မှုအချို့ရှိသော်လည်း စစ်ဘေးရှောင်များအားလုံး ထောက်ပံ့မှုမရှိသဖြင့် လုံလောက်မှု မရှိကြောင်း ဆလိုင်းဇော်မင်းထွန်းကဆက်ပြောသည်။ အစိုးရအနေဖြင့် အမ်းစစ်ဘေးရှောင်များအတွက် သုံးလစာ စားသောက်စာရိတ် ကျပ်သိန်း ၁၅၀၀ ထုတ်ပေးထားသော် လည်း ပထမလဖြစ်သည့် သြဂုတ်လအတွက်သာ ရရှိခဲ့ပြီး နောက်နှစ်လအတွက် ရရှိခဲ့ခြင်းမရှိခြင်းကြောင်း သိရသည်။ ဆလိုင်းဇော်မင်းထွန်းက “အစိုးရအနေနဲ့က ၇ လပိုင်းမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး လာတော့ တစ်အိမ်ကို ဆန်တစ်အိတ်စီပေးတယ်၊ ၈ လပိုင်းကျတော့ ၃လစာအတွက် သိန်း…

Read More

#Unicode By လားနွန် – စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေးအသုံးဆောင်များ အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဌ ဦးဇာနီက “ပလက်ဝမြို့မှာ ကိုဗစ်ပိုးတွေပြီဆိုတော့ စိုးရိမ်ရတာပေါ့ တိုက်ပွဲရှောင်တွေကိုတော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့ မလိုအပ်ရင်အပြင်သိပ်မထွက်ခိုင်းဘူး၊ လက်ဆေးရည် (Hand Gel) တို့ဆိုတာက ဟိုးတခေါက်တိုက်ပွဲရှောင်တွေကို တစ်အိမ်ကို တစ်ဗူးနှုန်းပေးနိုင်တာရှိတယ် အခုနောက်ပိုင်း မပေးနိုင်တော့ဘူး Mask (နှာခေါင်းစည်း) တွေလည်းပဲ တစ်ချိူ့တွေကမဝယ်နိုင်ဘူး နည်းနည်းပါးပါးတော့ရှိတယ် ရောင်းတာတွေ တစ်ခါသုံးတွေ၊ အဲဒါလည်းလည်း တိုက်ပွဲရှောင်တွေမှာ ဝင်ငွေကမရှိတော့ အဲဒါလည်း မဝယ်နိုင်ကြဘူးလေ’’ ဟု ပြောသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်မြင့်မားနေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်။ အလားတူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေ သည့် People Hope အဖွဲ့ဒါရိုက်တာ…

Read More

#Unicode Benezer – ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေပိုင်ရှင်များ၏ သဘောတူညီမှုမရှိဘဲ ဟားခါးမြို့တွင် နွယ်ချောင်းဆည်ရေေ လှာင်တမံစီမံကိန်းအကောင်အထည်ဖော်ဆောင်ရန် ဆက်လက်လုပ်ဆောင်နေမှုမှာ ယခုလက်ရှိအစိုးရသည် အာဏာရှင်အစိုးရဖြစ်ကြောင်းကို ဖော်ပြနေသည်ဟု လယ်ယာမြေပိုင်းများက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ လယ်ယာမြေပိုင်ရှင်များ၏ အဆိုပါထုတ်ပြန်ချက်တွင် “ဟားခါးမြို့ရှိ Nawi လွင်ပြင်ရှိ လယ်မြေပိုင်ရှင်များမှ Nawi ရေလှောင်တမံစီမံကိန်းအပေါ်ကန့် ကွက်ခြင်း Nawi ရေလှောင်တမံ ပြုလုပ််မည့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့အနေဖြင့် သဘောတူညီချက် မရှိဘဲ ကန့်ကွက်ကြောင်း အကြိမ်ကြိမ်စာတင်ပြီး ဖြစ်ပါသည်။ လယ်ပိုင်ရှင်အမည်ခံ သက်သက်မ ဟုတ်ပဲ ဤလယ်မြေယာမြေဖြင့် ၁၉၂၀ ခုနှစ်ကတည်းက သားစဉ်မြေးဆက် အသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြောင်းလည်း အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဆောင်ရွက်လုပ်ကိုင် နေဆဲဖြစ်တဲ့ လယ်ယာမြေကို လယ်ယာမြေပိုင်ရှင်မှ သဘောတူညီမှုမရှိဘဲ အတင်းအဓ္ဓမသိမ်းဆည်းပြီး ရေလှောင်တမံပြုလုပ်မည်ဆို ခြင်းမှာ ချင်းပြည်နယ် အစိုးရသည် အာဏာရှင်အစိုးရဖြစ်နေဆဲဟု ဖော်ပြနေသည်နှင့်တူပါသည်” ဟု ထည့်သွင်းဖော်ပြထားသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့သည် နွယ်ချောင်းဆည်ရေလှောင်တမံစီမံကိန်းကို ဟားခါးမြို့ရှိ ပြည်သူများ သောက်သုံးရေ လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက်ဟုဆိုကာ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၀၀၀) ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (ခန့်မှန်း) တွင် စတင်တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း လယ်မြေပိုင်ရှင်များမှ ယခုအချိန်ထိ သဘောတူခြင်းမရှိသေးကြောင်းသိရသည်။ လယ်မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ဖါရ်ချင်းဆုန်မှ “သူတို့ စီမံကိန်းစဖို့ ပြင်ဆင်တုန်းကတော့ အိမ်ကိုလာပြီး လွှတ်တော်ဥက္ကဌအပါအဝင် လူကြီးတွေကလာပြောတာတော့ရှိတယ်၊ နောက်တစ်ခါ လွှတ်တော်ရုံးကို လာဖို့လည်းခေါ်သေးတယ်၊ သူတို့က လျှော်ကြေးပေးပြီး သဘောတူခိုင်းမှာသိလို့ ကျမတို့မသွားတော့ဘူး၊ လယ်ပိုင်ရှင်ထဲက တစ်ချို့ကိုကျတော့ လျှော်ကြေးယူမလား လယ်အဆုံးခံမလားဆိုပြီး…

Read More

#Unicode နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင်သည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့်ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေး ရာနိုဝင်ဘာလ (၂၃) ရက်နေ့က မော်တော်ယာဉ်နောက်လိုက် (၁)ဦးထံ ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ ကလေးခရိုင်ပြန်ဆက်ဦးစီးမှူး ဦးညီညီဇော်က “သူ့ကို Test Kit နဲ့စစ်တာကနေပိုး တွေ့တာ။ချင်းပြည်နယ်အဝင် ခိုင်ကမ်းမှာ ပြည်သူ့ကျန်းမာရေးက အထူးကုန်စည်ပို့ဆောင် ရေးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးတဲ့ အခါမှာသူကေ ညာင်ပင်သာ ရပ်ကွက်မှာနေတဲ့အမျိုးသား(၁)ဦး။လက်ရှိဆေးကုသနေတဲ့သူက (၂၅) ယောက်ရှိတယ် ကျန်းမာရေးအခြေ အနေကကောင်းပါတယ်၊စိုးရိမ်ရတဲ့လူနာမရှိပါဘူး” ဟုပြောသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသော မော်တော်ယာဉ်နောက်လိုက်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက် နယ်မြေ (၂) တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားဖြစ်သည်။ ကလေးမြို့တွင်ကိုဗစ်ပိုးတွေ့ရှိသည့် လူနာများနှင့်ကွာရန်တင်းဝင်ရောက်သူအများစုသည် ပြည်တွင်းကူးစက်မှုမှ အများဆုံးဖြစ်ကာ လက်ရှိကလေးမြို့ပေါ်တွင်ကွာရန်တင်း စင်တာ (၅) ခု ဖွင့်လှစ်ထားပြီး ကွာရန်တင်းဝင်ရောက်သူ (၄၃၈) ဦးရှိသည်ဟု ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးတင်မြို့ကပြောသည်။ “လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့ထိမှာ ပြည်တွင်းမှာက ၃၄၂ ယောက်၊ ပြည်ပက ၉၆ ယောက်ရှိတယ်။ အားလုံးပေါင်း (၄၃၈) ယောက်ရှိတယ်။ ကလေးမြို့ပေါ်မှာကွာရန်တင်းစင်တာ (၅) ခုရှိတယ်၊ ကွာရန်တင်းအဆင်မပြေတဲ့ နေရာမှာတော့ Home Quarantine အဖြစ်သီးခြားထားတဲ့သူတွေလည်းရှိတယ်”…

Read More

#Unicode By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြရသည့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ သည် အာရဟာဓာတ်ချိူ့တဲ့မှုနှင့်ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ သိရသည်။ စစ်ဘေးရှောင်စခန်း (၅) ခုရှိသည့် ဆမီးမြို့တွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်များနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များကိုသာ အာဟာရမှုန့်များပံ့ပိုးပေးနိုင်ပြီး အသက် (၅) နှစ် အထက်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အာဟာရချိူ့တဲ့မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု ဆမီးမြို့ စစ်ဘေးရှောင်ပြည်သူများကို အနီးကပ်ကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။ “တိုက်ပွဲရှောင်က ကလေးတွေကတော့ ကျနော်တို့ဆီက အာဟာရမှုန့်တွေရထားတော့လုံလောက်တယ်လို့တော့ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဖျားတာနာတာသိပ်မရှိဘူး မိခင်တွေဆိုလည်း ကိုယ်ဝန်ပျက်ကျတာတို့ မိခင်တွေကလေးမွေးတဲ့ခါမှာ ဗိုက်မခွဲတာတို့ ကောင်းတဲ့ရလပ်တွေကတော့ကျနော်တို့တွေ့ရပါတယ် ဒါပေမဲ့သက်ကြီးရွယ်အိုတွေကျတော့လည်း အာဟာရလက်လှမ်းမမှီတဲ့အခါမှာ သက်ကြီးရွယ်အိုတွေကအားပျက်ပြီးမှ ဖျားတာနာတာတို့ ပြီးတော့ တခြားရောဂါတွေ အာဟာရမပြည့်ဝတဲ့အခါမှာတော့ အသက် (၆၀) အထက်ပိုင်းတွေဆိုရင်တော့ အာဟာရပြတ်လပ်မှုကတော်တော်လေးရှိ တယ် (၅) နှစ်အထက်ကလေးတွေ မိဘတွေကလည်းဘဲ ကျနော်တို့ပေးနိုင်တာက ဆန်တစ်လစာ ဆီတစ်လစာ မိသားစု လူဦးရေအလိုက် ပဲ ဆား အဲလောက်ပဲပေးနိုင်တယ် တိုက်ပွဲရှောင်မိသားစုအများစုမှာတော့ အာဟာရပြတ်လပ်မှုတွေတော့ ကြုံတွေ့နေရတယ် အသားလည်းပုံမှန်မစားနိုင်ဘူး သူတို့မှာစားတဲ့အစားအစာကလည်း အာဟာရရှိတဲ့အစားအစာ မဟုတ်ဘူး” ဟု ဦးဇော်လီအောင်ကပြောသည်။ ဆမီးမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် အသက် (၆၀) အထက်သက်ကြီးရွယ်အို (၅၀၀) နီးပါးခန့်ရှိပြီး အာဟာရပြတ်လပ်မှု ကြောင့် ရောဂါပိုထူလာပြီး အသက်ဆုံးရှုံးသူ ယခုနှစ်အတွင်း…

Read More

#Unicode By နှင်းကို – အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ရွေးကောက်ခံပိုင်ခွင့်ရှိတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာတဲ့ အနိုင်ရအမတ်လောင်းတွေရဲ့ အသက်အပိုင်းအခြားတွေကို လေ့လာကြည့်ကြပါစို့။ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အပါအဝင် လူမျိုးစုရေးရာနေရာများအတွက် အနိုင်ရ စားလှယ်အမတ်စုစုပေါင်း (၁၁၁၇) ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အားလုံးရဲ့ ပျမ်းမျှအသက်အရွယ်ကတော့ (၅၁) နှစ်ဝန်းကျင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အသက်အကြီးဆုံး (၁၁၁၇)ဦးသော ကိုယ်စားလှယ်များအနက် အသက်အရွယ်အကြီးဆုံးအမတ်အဖြစ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကျုံပျော်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်းကြီး ဦးစိန်လွင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျုံပျော်မြို့နယ် NLD ပါတီ ဥက္ကဌလည်း ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ကျုံပျော်မြို့နယ် NLD အလုပ်အမှုဆောင်ဖွဲ့စည်းစဥ်ကတည်းက အတွင်းရေးမှူးတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစိန်လွင်ရဲ့ အသက်ဟာ (၈၀)နှစ်ပြည့်ပြီဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ် (၁၉၄)အနက် အသက်အကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။ အသက် (၇၅)နှစ် ပြည့်ပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက်အငယ်ဆုံး အခြားတစ်ဖက်မှာတော့ အသက်အငယ်ဆုံးအမတ်အဖြစ် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ NLD မှ ကိုအောင်ဟိန်းမင်း ဖြစ်ပါတယ်။ သူဟာ သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးပြီး သင်တန်းဆရာတစ်ယောက်နေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ ၂၅နှစ် ဖြစ်ပါတယ်။ ကိုကောင်းဟိန်းမင်းနဲ့ အသက်ရွယ်တူညီပြီး လပိုင်းမျှအနည်းငယ်ပိုကြီးတဲ့ ကိုမိုင်ကယ်ကတော့ တစ်နိုင်ငံလုံးမှာ ရွေးချယ်ခံရတဲ့…

Read More

#Unicode ဆလိုင်းကျဲအိုဘိခ်ထောင် မကြာသေးခင်က အနိုင်ရ NLD ပါတီ၏ တိုင်းရင်းသား (၄၈) ပါတီများထံ ပေးပို့သော စာသည် မြန်မာ့နိုင်ငံရေးမှာ အင်မတန်စိတ်ဝင်စားစရာ ဖြစ်လာပါသည်။ အနိုင်ရပါတီအနေဖြင့် လတ်တလောတွင် ကြုံတွေ့နေရသော ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အကျပ်အတည်းနှင့်ဖိအားကို လွှဲချနိုင်ဖို့သက်သက်အတွက် မဟုတ်ဘဲ စာထဲမှာ ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိင်ငံတော်တည်ဆောက်ရေးအတွက် အမှန်တကယ် စိတ်ရင်းဖြင့် ကမ်းလှမ်းမှုဖြစ်ပါက ကြိုဆိုသင့်သည့်အရာ ဖြစ်ပါသည်။ တိုင်းရင်းသားပါတီ များကလည်း အပြုသဘော တုန့်ပြန်ကြသည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်အထိ ဇဝေဇဝါဖြစ်နေသေးသည်မှာ မည်သည့်ရည်ရွက်ချက်ဖြင့် NLDပါတီက စာပို့သနည်းဆိုသည့်အချက်နှင့် မည်သည့်ပုံစံဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government)ကို ဖွဲ့စည်းရန် အနိုင်ရပါတီက စီစဉ်ထားသနည်းဆိုသည့်အချက်ဖြစ်ပါသည်။ အလားတူ တိုင်းရင်းသားပါတီများကလည်း သူတို့ပြောပြောခဲ့သလို UNA, NBF နှင့် ၅-ပါတီပေါင်းစည်းအဖွဲ့ စသည်ဖြင့် အစုအဖွဲ့အလိုက် ညှိနှိင်းဆောင်ရွက်မှာလား၊ ၄၈ ပါတီစလုံးပူးပေါင်းညှိနှိုင်းမှာလား၊ သို့မဟုတ် တစ်ပါတီချင်းစီဘဲ ဆုံးဖြတ်မှာလား၊ ထို့ပြင် ဖက်ဒရယ်ဆိုင်ရာမူဝါဒများကို အလေးပေးညှိနှိုင်းမှာလား၊ သို့မဟုတ် အစိုးရ (နိုင်ငံရေး) ရာထူးနေရာကို အဓိကထားညှိနှိုင်းမှာလား စသည့်အချက်များကို ထပ်ဆင့် စဉ်းစားရမှာဖြစ်ပါသည်။ အဘယ်ကြောင့် တိုင်းရင်းသားပါတီများ ကမ်းလှမ်းခြင်းခံရသနည်း အနိုင်ရ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဖိအားအကြီးအကျယ် ကြုံတွေ့လျက်ရှိသည်။ ရွေးကောက်ပွဲ မသမာမှု၊ ငွေကြေးအရှုပ်အရှင်းနှင့် တပ်မတော်၏ ဝေဖန်ထောက်ပြမှု စသည်ဖြင့် ၎င်းဖိအားများ လျှော့ချနိုင်အောင် လမ်းကြောင်းလှည့်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်းရှိသည်။ တစ်ချို့ကလည်း NLD ၏ တိုင်းရင်းသားများအပေါ်သဘောထားကြီးမြတ်မှုဟု တင်စားကြသည်။ မိမိအနေဖြင့် ၎င်းတို့ကို အဓိကဟု…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် Mask (နှာခေါင်းစည်း) နှင့် Hand Gel (လက်သန့်ဆေးရည်) များ ပြတ်လပ်နေ သည့်အတွက် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း ပလက်မြို့နယ်တိုက်ပွဲရှောင် နှင့် သဘာဝကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။ “ အခက်အခဲက Mask တွေပဲ။ ခုပလက်ဝမြို့မှာ Mask တွေလည်းဝယ်စရာမရှိဘူး။ အရင်တုန်းက တိုက်ပွဲရှောင်တွေ အတွက်ဝေပေးတာတွေလည်းကုန်ပြီ၊ တခါသုံးဆိုတော့ ပြန်လျှော်လို့လည်းမရဘူး ။လက်ဆေးရည်တွေလည်းပဲ တအိမ်ကိုတစ်ဗူးပေးတာကြာပြီဆိုတော့ ခုကုန်ပြီ၊မရှိတော့ဘူး” ဟု ဦးဇာနီ ကပြောသည်။ ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းပိတ်သည့်အပြင် အလှူရှင်များဖက်မှ ထောက်ပံ့ပေးမှသာလျှင်စစ်ဘေးရှောင်ပြည်သူများ အတွက်အဆင်ပြေနိုင်ပြီး လက်ရှိတွင်အလှူရှင်များ၏ထောက်ပံ့မှုမရှိသေးသောကြောင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများပြတ်လပ်မှုနှင့်ကြုံ တွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။ ပလက်ဝမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ပြီးနောက် စစ်ဘေးရှောင်စခန်းများရှိသည့် နေရာဖြစ်သဖြင့် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသည့်လူ နာ(၄)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်သည့်အပြင် လက်ရှိပလက်ဝမြို့စစ်ဘေးရှောင်စခန်းများတွင်လည်း ကိုဗစ်ကြိုတင်ကာကွယ်ရေးနှင့်ပက်သက်ပြီး ပြည်သူ့ကျန်းမာရေးဌာနမှဆေးခန်းကို နေ့တိုင်းသွားရောက်ဖွင့်ပေးနေကြောင်း ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်း ကပြောသည်။ “လက်ရှိမှာသူတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။ အနီးကပ်စောင့်ကြည့်လို့ရအောင် ဆေးရုံကွာရန်တင်းမှာခေါ်ထား တယ်။ ပုံမှန်အားဖြင့်စစ်ဘေးရှောင်စခန်းကို ပြည်သူကျန်းမာရေးဌာနကနေ နေ့တိုင်းဆေးခန်းသွားဖွင့်ပေးတယ် ၊ကိုဗစ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပညာပေး အစီစဉ်တွေဖြစ်တဲ့ လူတွေနဲ့ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့၊ တခါတည်းကျွန်တော်တို့ဘက်ကနေပြီးတော့ ပညာပေးအစီအစဉ်တွေကို…

Read More

#Unicode By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။ ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ “ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံအားနည်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေ့ါပေ့ါဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်” ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ အဆိုပါမသန်စွမ်းအမျိူးသမီးသည် မိဘများမရှိတော့သည့်အတွက် အဖေဘက်မှတောစပ်သော ဦးလေးမိသားစုနှင့်အတူ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူဖြစ်သည်ဟု သိရသည်။ ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလေးတော်စပ်သူမှ ကျပ်ငွေငါးသိန်းဖြင့် တောင်းပန်လျှင် အမှုကျေအေးနိုင်သည်ဟုပြောဆိုမှုရှိခဲ့သည့်အတွက် အမှုကျေအေးခွင့်မပြုဘဲ…

Read More

#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ခြေကုပ်ယူ လှုပ်ရှားလာတဲ့နောက်ပိုင်းကစပြီး တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာတာကြောင့် ပလက်ဝမြို့နယ်ဟာ စစ်တလင်းနယ်မြေဖြစ်ခဲ့ရသလို တိုက်ပွဲကြောင့် အပစ်မဲ့ပြည်သူအမြောက်အများ နေရပ်စွန်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တပ်မတော်နဲ့ AA တပ်ဖွဲ့ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ယခင်ကထက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ပလက်ဝမြ်ို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ အပစ်မဲပြည်သူ သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခတွေ ပိုပြီးပြင်းထန်လာနိုင်သလား၊ စစ်ရေးပဋိပက္ခကို ဘယ်လိုငြိမ်းသတ်ကြမလဲ၊ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ထားရှိပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ခုချိန်ထိ ပလက်ဝဒေသမငြိ်မ်းချမ်းသေးတဲ့အပေါ်မှာ ပလက်ဝသားတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ? ဖြေ။ ။ ကျွန်တော်တို့ဒေသက တော်လှန်ရေးလည်းမလုပ်ဘူး၊ သူများတွေလုပ်တဲ့တော်လှန်ရေးအပေါ်မှာ ဒေသခံတွေ သေဆုံး၊ ပျောက်ဆုံး အများကြီးဖြစ်တယ်။ အခုလည်းအဖမ်းခံရပြီးပြန်မလွတ်တဲ့သူတွေ အများကြီးရှိတယ်။ နောက်ပြီး တော့ လူတွေက လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူသူတွေပျောက်ဆုံး သွားတဲ့သူတွေလည်းအများကြီးရှိတယ်။ ဒီစစ်ပွဲတွေက ပြည်တွင်းစစ်ပွဲဖြစ်တာ နှစ်ပေါင်း ၇ဝ ကျော်သွားပြီ လက်နက်ကိုင်တော်လှန်နေလို့ကတော့ဒီလိုဟာ မျိုးကပြီးမှာမဟုတ်ဘူး။ ငြိမ်းချမ်းဖို့အတွက် တက်ညီလက်ညီ ဝိုင်းတည်ဆောက်မှရမှာ။ နိုင်ငံတော်အပိုင်းကရော၊ တပ်မတော်ပိုင်းကရော၊ သူတို့ငြိမ်းချမ်းရေးလုပ်ချင်ရင် ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ရမှာပေါ့။ ဒါပေမယ့် သူတို့လုပ်တဲ့ လမ်းစဉ်တွေအတွက် သူတို့ဖက်က…

Read More