Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖမ်းဆီးခံလူငယ် ၅ ဦးပြန်မလွှတ်ပေးသည့်အတွက် စစ်ကောင်စီနှင့်အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

ဖမ်းဆီးခံလူငယ် ၅ ဦးပြန်မလွှတ်ပေးသည့်အတွက် စစ်ကောင်စီနှင့်အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

0
By Editor on May 12, 2021 Headline
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် မင်းတပ်မြို့မှ လူငယ် ၅ ဦးကို ယနေ့မေလ ၁၂ ရက်နေ့ ၁၂ နာရီအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသည့်အတွက် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ် သွားပြီဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကပြောဆိုလိုက်သည်။
မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးမှ နှင့် စစ်ကောင်စီဘက်မှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီး စစ်ကောင်စီဘက်က ပလက်ဝမြို့နယ် ဆမီးမြို့မှ တပ်အင်အား ၂၀၀ ကျော်ပါရှိသော စစ်ကား ၁၇ စီးကို မင်းတပ်မြို့ သို့ဖြတ်သန်းခွင့်ပြုပြီးမှ ဖမ်းဆီးခံရသူများမှ ၄ ဦးကို လွှတ်ပေးမည်ဟု ပြောဆိုသည့်အတွက် သဘောတူညီချက်မရဘဲ ယခင်က သဘောတူထားသည့်အချက်များလည်း အကုန်ပျက်ပြယ်သွားပြီဟု အဆိုပါဆွေးနွေးပွဲတွင်ပါဝင်သူ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။
“ ကျနော်တို့အရင်ပိုင်းက ဆွေးနွေးထားတာက ထောက်ပို့ဆိုပြီး ဆမီးကိုသွားတဲ့ စစ်ကား ၁၃ စီးရှိတယ်လေ အဲဒီ ၁၃ စီးထွက်သွားရင် ဒီ ၅ ယောက်ကိုလွှတ်ပေးမယ်ဆိုပြီး သဘောတူထားတာလေ အဲဒါကိုသူတို့ဆက်စွဲထားပြီး ဘာဆွေးနွေးလာလဲဆိုတော့ ၄ ယောက်ကိုပဲလွှတ်ပေးမယ် တစ်ယောက်ကတော့ လူသတ်မှုဖြစ်တဲ့အတွက်မလွှတ်ပေးနိုင်ဘူးတဲ့ နောက်ပြီး အပေးအယူက ဆမီးကနေ ပြန်လာတဲ့ စစ်သား အယောက် ၂၀၀ ကျော်ပါတဲ့ စစ်ကား ၁၇ စီးကို မင်းတပ်ကိုဖြတ်သွားရမယ်တဲ့ ကျနော်တို့ဘက်ကတော့ ဒီအင်အားနဲ့ ကျနော်တို့မြို့ကို ဖြတ်သွားဖို့က လုံးဝခွင့်မပြုနိုင်ဘူး ဒါကျနော်တို့ကို တမင်တကာ သက်သက်အကြပ်ကိုင်တာဖြစ်တယ်၊ လူ ၄ ယောက်ကို လွှတ်ပေးမယ် စစ်ကား ၁၇ စီး စစ်သားအယောက် ၂၀၀ ဖြတ်သွားမယ်ဆိုတာက အပေးအယူတအားကြီးလွန်းတယ်၊ မဖြစ်နိုင်ဘူး လူအယောက် ၂၀၀ မင်းတပ်မှာတပ်စွဲသွားရင် ဘယ်လိုလုပ်မလဲ ဒါကြောင့် လောလောဆယ်တော့ သူတို့နဲ့ သဘောတူထားတဲ့ အပစ်ရပ်စဲမှုကတော့ ပျက်ပြယ်သွားပြီ’’ ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီနှင့် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကြား သဘောတူညီချက်များ ပျက်ပြယ်သွားသည့်အတွက် မင်းတပ်မြို့တွင် အချိန်မရွေး ပစ်ခတ်မှုများပြန်လည်ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများအနေဖြင့် အိမ်တွင်း၌သာနေအိမ်ရန် (၂၇၄ တပ်၊ စုပေါင်းရုံး၊ ရဲစခန်း) စသည့်နေရာများအနီးတွင် သွားလာခြင်း ရှောင်ရှားကြရန် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်းသိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂၄ ၊ ၂၆၊ ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အနည်းဆုံးအယောက် (၂၀) ခန့်သေဆုံးမှုရှိခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကာ ယာယီအပစ်ခတ်ရပ် စဲထားကြခြင်းဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.