#Unicode ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကနေခွင့်ပြုလိုက်ပြီနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည််းရုံးရေးလုန်ငန်းတွေ အပူတပြင်းလုပ်ဆောင်ကြနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှုအရှိန်အဟုန်မြင့်တက်လာတဲ့ဂယက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးလုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံရေးလုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံ တွေ့နေကြပါသလဲ။ ကိုဗစ်ကာလနဲ့ အပြိုင်ကျင်းပပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုအမြင်သဘော ထားရှိကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကို ယ်စားလှယ်လောင်းတစ်ချိူ့၏ သဘောထား အမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ ဒေါက်တာမှုထန် (ဥက္ကဌ) – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ် “ ကိုဗစ်ရှိတော့ ကျနော်တို့ လူ (၅၀) ထက်မနေရ တစ်ယောက်ကို ခြောက်ပေအကွာတို့ မတ်စ်တပ်တဲ့ကိစ္စတွေ ကျနော်တို့ သွားတဲ့နေရာတိုင်းမှာလည်း မတ်စ်လည်းပေးရတယ် ထိုင်ခုံကစ စီစဉ်ရတယ် လူက ရာကျော်လာချင်ကြတယ် လာခွင့်ရတာ (၅၀) ပဲ (၆) ပေအကွာနေရမယ်ဆိုတော့ အိမ်ထဲမှာလည်း ဘယ်လိုမှမဆံ့ဘူး၊ တကယ်လို့ နွေရာသီမှာဖြစ်ရင် လဟာပြင်မှာလုပ်လို့ရမယ် အခုကကျနော်တို့တော်တော်လေးကို ဒုက္ခဖြစ်တယ် မိုးရွာတာနဲ့ဆိုတော့ တခါတလေကားသွား လို့မရဘူး ဆိုင်ကယ်လည်းသိပ်အဆင်မပြေဘူး၊ တော်တော်လေးဒုက္ခရောက်တာ၊ ကျနော်ကတော့ ဘာလဲဆိုရင်တော့ အာဏာလွှဲတာလည်း အရင်တုန်းကတော့ ဧပြီလမှာလွှဲတာကို အခုကလည်း ဗိုင်းရစ်လည်းဖြစ်တော့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင် နွေရာသီမှာလုပ်စေချင်တယ် ကျနော်တို့ ဒီဇင်ဘာလ ဇန်နဝါရီလလောက်ထိကို မဲဆွယ်စည်းရုံးရေးကာလလို့ သတ်မှတ်လိုက်ရင် အဆင်ပြေမယ် အခုက စက်တင်ဘာဆိုတော့ ချင်းပြည်နယ်မှာက မိုးများတဲ့အချိန် ရွေးကောက်ပွဲကို ပွင့်လင်းရာသီမှာဖြစ်စေချင်တယ်” ဦးအောင်လျန်း…
Author: Editor
#Unicode ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မတူပီမြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ ဒေါ်နူးတီာလ် (မတူပီမြို့နယ်တာဝန်ခံ – ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ) တိုင်းပြည်အကျိုးကို လုံးဝပီပီပြင်ပြင်နဲ့ ထမ်းဆောင်နိုင်မယ့်သူ၊ လူမျိုးချစ်စိတ်ဓာတ်ရှိတဲ့သူ၊ တာဝန်ယူတာဝန်ခံမှုရှိတဲ့သူကို ရွေးချယ်မှာပါ၊ အစိုးရသစ်ကို လုပ်ပေးစေချင်တာတော့ အများကြီးဘဲ၊ အဓိကအနေနဲ့ အဆောက်အဉီပိုင်းနဲ့ ပတ်သတ်ပြီး လုပ်ပေးစေချင်တယ်၊ ဘာလို့လဲဆိုရင် မသန်စွမ်းတဲ့သူတွေ အတွက် ထည့်သွင်းစဉ်းစားမှု ရှိစေချင်တယ်၊ အခုက မသန်စွမ်းသူတွေအတွက် မရှိဘူး၊ မသန်စွမ်းတွေရယ် ကလေးသူငယ်တွေရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သက်ကြီးရွယ်အိုတွေအတွက် အဆောက်အဉီးပိုင်းမှာ အခက်အခဲရှိတော့ ဒါကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ဘွေအုပ်ထန်း (လူငယ်အတွင်းရေးမှူး – MCDO) လာမယ့်ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီးတော့မှ လုပ်ငန်းဖော်ဆောင်နိုင်မယ့် လူကိုလည်းကြည့်မယ်၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားဖြစ်တဲ့အတွက် ချင်းတွေရဲ့ လိုလားတဲ့နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ပါတီကို ရွေးချယ်ပြီးတော့ မဲပေးသွားမှာပေါ့၊ အခုတက်လာမယ့်အစိုးရကို အဓိကအနေနဲ့ ပညာရေးကိုလုပ်စေချင်တယ်၊ ပညာရေးမှာက ဆယ်တန်းအောင်စာရင်းမှာဆိုလည်း အောက်ဆုံးကိုရောက်နေတယ်၊ ဖြစ်နိုင်ရင်တော့ ဆရာ/ဆရာမတွေ လုံလုံလောက်လောက်ရှိစေချင်တယ်၊ ပညာရေးဘက်မှာ စနစ်သစ်ကိုလည်း သွားနေတယ်ဆိုတော့ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ တွေလည်း ရှိစေချင်တယ်၊ အရည်ချင်းရှိတဲ့ ကျောင်းသားလူငယ်တွေလည်း ထွက်စေချင်တယ်၊ နောက်ပြီးတော့ ကျနော်နေတဲ့ စံဘောင်ရပ်ကွက်မှာဆိုရင် ရေလုံလောက်မှုမရှိဘူး၊…
#Unicode By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်နိမိတ်အနီး ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာ တွင်တည်ရှိ သော ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ ခရိုမိုက်သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွ က်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရကို သဘောထားမှတ်ချက်တစ်စုံတစ်ရာတောင်းခံ ခြင်းမရှိခဲ့ ကြောင်း ကလေးမြို့နယ်အမှတ်(၁) တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်သော (၂၄) ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးပုံမှန်အစည် းအဝေးတွင် ဒေါ်သန့်ဝေကျော်က ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ သတ္တုတူးဖော်ရန်ဆောင်ရွက်နေမှုအပေါ် တိ်ုင်းအစိုးရအနေဖြင့် ပြည်ထောင်စုနှင့် ချိတ်ဆက်၍ မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် စစ်ကိုင်းတိုင်းအစိုးရကိုယ်စား ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။ “ဝန်ကြီးအနေနဲ့ကတော့ အဓိက ကျမတို့စစ်ကိုင်းတိုင်းဘက်ခြမ်းမှာပါတဲ့ (၄၆) ဧက ညွှန်းထားတာကတော့ ပြည်နယ်မြေစာရင်းအနေနဲ့ကတော့ အဲလိုညွှန်းထားတာရှိတယ် ဒါပေမဲ့ ဒီ (၄၆) ဧကနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီဘက်ကလည်း စမ်းသပ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတာမရှိပါဘူး ပြည်ထောင်စုကနေလည်း သဘောထားမှတ်ချက်တောင်းခံထားတာလည်းတစ်ခုမှမရှိပါဘူး အကယ်၍ စစ်ကိုင်းတိုင်းဘက်ခြမ်းနဲ့ ပတ်သက်ပြီးတော့မှ ဒီလိုမျိုးတင်ပြလာတာ သဘောထားမှတ်ချက်တောင်းခံလာတယ် ဆိုလို့ရှိရင်တော့ ဒေသခံတွေရဲ့ သဘောဆန္ဒတွေကိုရယူပြီးတော့ တုံ့ပြန်ပါမယ်လို့ဖြေသွားပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ ဝေဘူလတောင်သည် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာတွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးတွင်တည်ရှိသည်။ ဖိုးလမင်းသာသာ ကုမ္ပဏီမှ ဝေဘူလတောင်တွင် ခရိုင်မိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်း လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးနိုင်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဘက်ခြမ်း ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြသည်။ ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းဖောက်လုပ်ခြင်း…
#Unicode By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ချင်းလူငယ် (၄) ဦးအနက် (၃) ဦးသည် သြဂုတ်လ ၂၅ နေ့က ပြန်လည်လွတ်မြောက်လာကြပြီဟု Chin IDPs Support Committee (CISC) အဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။ “သူတို့နဲ့ကျွန်တော်စကားပြောပြီးပြီ သြဂုတ်လ ၂၅ ရက်နေ့မနက်ပိုင်းကနေ လွတ်လာတယ် ညနေပိုင်းကို ပလက်ဝမှာရောက်တယ်’’ ဟု ကိုကျော်အောင်ကပြောသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ နေရပ်ပြန်သွားကြသည့် ချင်းလူငယ် (၄) ဦးကို ရက္ခိုင့်တပ်တော် (AA) က ငသရိုင်းကျေးရွာတွင် ဇူလိုင်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါလူငယ် (၄) ဦးထဲမှ ကိုခင်မောင်ထွန်း၊ ကိုဘင်ဂျမင်၊ ကိုအောင်ထွန်းကိုတို့ (၃) ဦး ပြန်လွတ်ပေးလိုက်သော်လည်း ပလက်ဝမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် ကိုအောင်စိုးကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ကိုကျော်အောင်က “ကိုအောင်စိုးကိုတစ်ယောက်တည်းကိုပဲ ဘာလို့မလွှတ်ပေးသလဲဆိုတာတော့ မပြောတတ်ဘူး၊ အရင်ကတော့ သူတို့သူငယ်ချင်း ၄ ယောက်ဆိုတော့ ခံသာသေးတယ် အခုတော့ သူ့သူငယ်ချင်းတွေက လွတ်တယ် သူပဲကျန်တယ်ဆိုတော့ သူ့အတွက် ကျနော်တို့စိုးရိမ်မိတယ်’’ ဟု ပြောသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါလူငယ် ၄ ဦးကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းရသည်ကိုမူ မသိရသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ခြိမ်းခြောက်ရိုက်နှက်ခြင်းမျိူး မပြုလုပ်ခဲ့ကြောင်း ဦးကျော်အောင်က ဆက်ပြောသည်။ Photo – Khumi Media Group #Zawgyi By…
#Unicode By Benezer – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာသောကြောင့် ရောဂါကာကွယ်ထိန်းချူပ်နိုင်ရန်အတွက် ချင်းပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စနစ်တကျစစ်ဆေးမှု ပြန်လည်လုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်-၁၉ လူနာထံမှတဆင့် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေသောကြောင့် ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှ ပြောသည်။ “ကိုရိုနာဗိုင်းရပ်စ်က ဖြစ်တာနည်းလာတဲ့အခါကျတော့ လူတွေကပေါ့ဆလာတယ်၊ ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေမလုပ်တော့ဘူး၊ အခုကျတော့ ဒီရက်ပိုင်းမှာ ရခိုင်မှာလည်းဖြစ်တယ် အခြားနေရာတွေမှာလည်း ပိုးတွေ့ပြီးတော့ ရောဂါပိုပိုဖြစ်လာတဲ့အတွက်ကြောင့် ထိန်းချုပ်တာတွေ ပိုပြီးတော့ စနစ်ကျအောင်ပြန်လုပ်ဖို့ အဓိကဆွေးနွေးကြတာပါ၊” ဟု ဉီးစိုးထက် (စည်ပင်ဝန်ကြီး) စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။ ရောဂါထိန်းချုပ်ရေး ပြန်လည်လုပ်ဆောင်ရာတွင် မြို့ဝင်မြို့ထွက်များတွေ အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းခြင်း၊ ကိုဗစ်-၁၉ ကူးစက်နေသည့်နေရာမှ လာရောက်သူဖြစ်ပါက Quarantine ဝင်ခိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စားသောက်ဆိုင်နှင့် စျေးဆိုင်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ထားမှု ရှိ/မရှိ ပြန်လည်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ ကိုဗစ်ရောဂါ ပြန်လည်ထိန်းချုပ်ရေးနှင့်ပတ်သတ်ပြီး Covid-19 Emergency Committee –Tedim CSO အဖွဲ့မှ ကိုမုန်နိုးက “ကျနော်တို့ကတော့ အရင်လိုမျိုး Volunteer တွေ အကုန်လုံးစုပြီးတော့ လုပ်ဖို့အစီအစဉ်တော့ မရှိတော့ဘူး၊ ဒါပေမယ့် အဖွဲ့အစည်းတွေကနေလှူတဲ့ Mask တွေကို ကျောင်းဖွင့်ပြီဆိုတော့ ကျောင်းသူ/ကျောင်းသားတွေအတွက် လှူမယ်၊ အခုဟာက ရခိုင်ကနေစလာပြီ၊ ကျောင်းကလည်းဖွင့်ပြီဆိုတော့ ကျောင်းကနေ စကူးခဲ့လို့ရှိရင် တော်တော်လေးခက်ခဲမှာဖြစ်တဲ့အတွက် ကျောင်းကိုဘဲ…
#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း( ၁၁) ဦးရှိသည်ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ (၈) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၃) ဦး စုစုပေါင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့မှာ ဦးမောင်လွင် (ညီညွှတ်သောဒီမိုကရစ်တစ်ပါတီ)၊ ဦးအေးထွန်းမင်း (ချင်းတိုင်းရင်းသားများပါတီ)၊ ဦးသန်းဌေး (ခ) ဦးဂါဘီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဆလိုင်းအောင်မင်းလှိုင် (အရှို ချင်းအမျိုးသားပါတီ)၊ဆလိုင်းနောလ်ကြုံအဲရ် (ခ) ဦးဝေလျန် (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ)၊ ဆလိုင်းသန်းဝင်းလှိုင်(ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)၊ ဆလိုင်းအောင်ထွန်းမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသန်းထွန်း (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးတီာလ်ကမ်း (တစ်သီးပုဂ္ဂလ)၊ ဦးမြင့်တိုး တစ်သီးပုဂ္ဂလနှင့် ဦးညီခံ တစ်သီးပုဂ္ဂလ တို့ဖြစ်ကြသည်ဟု မကွေးတိုင်းဒေကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးမှ သိရသည်။ အရှိုချင်းအမျိူးသားပါတီမှ ကိုယ်စားလှယ်လောင်း ဆလိုင်းအောင်မင်းလှိုင်ကတော့ မကွေးတိုင်းတွင် နေထိုင်ကြသည့် ချင်းလူမျိူးများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် နိုင်ငံရေးအရ ရပိုင်ခွင့်များကို ရရှိနိုင်ရန်အတွက် ယခုကဲ့သို့ ချင်းရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောပါသည်။ “မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အကျိုးစီးပွားရေးတွေအတွက် နောက်ဖွံ့ဖြိုးရေးတွေကို ချင်းလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဒီထက်မကလုပ်ဆောင်နိုင်အောင် နိုင်ငံရေးအရ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတက်ပြီးတော့ ကျနော်တို့ဒီလာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ကျနော်တို့မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေပေါ့နော် နိုင်ငံရေးကိုယ်စားပြုခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ…
#Unicode ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသူများတွင် အရည်အချင်းမကိုက်သဖြင့် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူစုစုပေါင်း (၂၁၂) ဦးရှိသည့်အနက် (၂) ဦးမှာ မိမိသဘောဖြင့်ပြန်နှုတ်ထွက်သွားကာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) သာကျန်ရှိတော့ပြီး ၎င်းတို့အားလုံးသည် လည်း အရည်အချင်းသတ်မှတ်ချက်များနှင့် အားလုံးကိုက်ညီကြသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “ကျနော်တို့ စီစစ်တာတော့ ပြီးသွားပြီ ကျနော်တို့ (၂၁၂) ဦး နာမည်စာရင်းတင်တယ် တစ်ဦးက သူဟာသူ ပြန်ရုတ်သိမ်းတယ် အဲဒါကြောင့် (၂၁၁) ပဲကျန်တယ် အဲဒီမှာတော့ နောက်တစ်ဦးကျတော့ မတူပီမြို့နယ်က စီစစ်တဲ့အချိန်မှာ သူ့ဟာသူပြန်ကန့်ကွက်တယ် ကျန်တဲ့လူက ကန့်ကွက်တာတော့မဟုတ်ဘူး ဌာနတစ်ခုမှာ တာဝန်ပေးခြင်းခံရလို့ ပြန်ရုတ်သိမ်းတယ်၊ (၂၁၀) ကျန်တာပေ့ါ စီစစ်တဲ့လုပ်ငန်းတွေကတော့ ပြီးသွားပါပြီ စီစစ်တဲ့အခါမှာတော့ အရည်အချင်းမကိုက်ညီတဲ့သူကိုတော့ မတွေ့သေးဘူး မတွေ့ဘူးပေ့ါနော်” ဟု ဦးလင်းကျော်ကပြောသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီအသီးသီးတို့မှ ပြီးခဲ့သည့်ဇူလိုင် ၂၅ ရက်နေ့ကစ၍ တင်သွင်းခဲ့ကြပြီး ယင်းအမည်စာရင်း တင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစစ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နိုင်ငံသားဖြစ်သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနို််င်ငံတွင် အနည်းဆုံး…
#Unicode ချင်းပြည်နယ်တွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်သူ ၃ သောင်းနီးပါးရှိ ချင်းပြည်နယ်တွင် ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့်အနက် မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၃ သောင်းနီးပါးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ မဲစာရင်းတွင်အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃) ဖြင့်လျှောက်ထားသူ ၁၄၄၃ ဦး၊ မဲစာရင်းတွင်မ ပါသင့် သူပါနေသောကြောင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၄၆၇ ဦးနှင့် မဲစာရင်းတွင် အချက်အလက်မှားယွင်းနေေ သာကြောင့် ပုံစံ (၄-ဂ )ဖြင့် ပြင်ဆင်သူ ၁၆၀၄၀ ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၂၉၉၅၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကာက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကပြောသည်။ “ အထွေထွေဦးစီးဌာနက လူဦးရေစာရင်းကိုကောက်ပေးတယ် ၂၀၁၉ မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေရှိမှာပေါ့ အိမ်မှာလူမရှိတာ ၊ စာရင်းယူတဲ့အခါမှာ အချက်အလက်တွေကို တိတိကျကျ မပြောနိုင်တာတွေရှိမယ်၊ တချို့ဆိုရင်လည်း ကိုယ့်သားသမီးတွေ ကွယ်လွန်သွားပြီဆိုရင်လည်း အိမ်ထောင်စုစာရင်းကနေလည်း မထုတ်ကြဘူးလေ ၊ တချို့အိမ်ထောင်စုကနိုင်ငံခြားသွားတဲ့သူတွေကိုလည်း ထည့်ပေးလိုက်တာမျိုးပေါ့ ၊ ပါသင့်တဲ့သူတွေမပါပဲ မပါသင့်တဲ့သူတွေပါတာပေါ့ ”ဟု ဦးလင်းကျော်ကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးရုံးများတွင် အသီးသီးကပ်ထားကြေညာခဲ့ကြခြင်းဖြစ်သည်။ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၂၁၄၂) ရှိသည့် အနက် မဲစာရင်းလာကြည့်သူ(၁၁၀၄၅၉) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂.၄ ဝန်းကျင်ခန့်ရှိသည်။ “ခုကျွန်တော်တို့ပုံစံ (၃) ၊ (၄) ၊…
#Unicode စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ရွေးကောက်ပွဲထက် နှစ်ဆခန့် များပြားလာကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ အဆိုပါ ခရိုင်ရှိ လွှတ်တော်မဲဆန္ဒနယ်များတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ထက် နှစ်ဆနီးပါးတိုးလာခြင်းဖြစ်သည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတွင် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးပါဝင်ကြောင်း ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်ကပြောသည်။ ကလေးခရိုင်တွင် ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ပါဝင်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ကလေးဝမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ငါးဦး၊ မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ငါးဦး၊ကလေးခရိုင်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် ကလေးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) အတွက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) နေရာအတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာ အတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးနှင့် မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်ငါးဦး စုစုပေါင်း…
#Unicode ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုနည်းပါးသွားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၁ ဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားပြီး ယင်းအနက် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးသာ ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ “၂၀၂၀ က အားလုံးသိတဲ့အတိုင်း ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အမြန်ရွေးချယ်ရတဲ့အနေအထားတွေ ကျနော်တို့တွေ့ရတယ်၊ နောက်ကိုဗစ်ကြောင့်ပဲ အမျိုးသမီးတွေကတော့ ဒီမိသားစုတွေနဲ့ အနီးကပ်ရှိနေတာကို အဲဒီတော့ စိတ်အေးလက်အေးနဲ့ ဝင်ပြိုင်နိုင်ဖို့အတွက် ဟန့်တားမှုတွေရှိတယ်၊ ကိုဗစ်ရဲ့ အကျိုးအဆက်ကလည်းအဟန့်အတားဖြစ်စေတယ် အမှန်ဆိုရင်တော့ ကျနော်ထင်တယ် ပိုများလာဖို့ကျနော်က ယုံတယ်လေ အခုကျတော့နည်းနည်းလျော့သွားတာပေါ့။ လျော့သွားတာကတော့ အခုနကပ်ရောဂါတစ်ခုကြောင့်လို့ပဲ မြင်တယ်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။ အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် နှစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ချင်းအမျိူးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေမှုသည် ချင်းအမျိူးသမီးများကိုယ်တိုင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရန်လိုအပ်သည့်အပြင် နိုင်ငံရေးပါတီကိုဦးဆောင်နေကြေသာ အမျိူးသားများကလည်း နိုင်ငံရေးတွင် အမျိူးသမီးများပါဝင်မှုများလာစေရန် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ကျား/မတန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသော NiNu ၏ ဒါရိုက်တာ…
