Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»COVID-19 ေၾကာင့္ အိႏိၵယတြင္ေသာင္တင္ေနေသာ ျမန္မာေက်ာင္းသားမ်ား ျပည္ေတာ္မျပန္ႏုိင္ေသး

COVID-19 ေၾကာင့္ အိႏိၵယတြင္ေသာင္တင္ေနေသာ ျမန္မာေက်ာင္းသားမ်ား ျပည္ေတာ္မျပန္ႏုိင္ေသး

0
By Editor on May 20, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – အိႏိၵယႏိုင္ငံတြင္ က်မ္းစာေက်ာင္းတက္ေရာက္ၿပီး COVID-19 ကယက္ Lockdown ေၾကာင့္ ေသာင္တင္ေနၾကသည့္ ျမန္မာႏိုင္ငံမွ က်မ္းစာေက်ာင္းသား (၃၂) ေယာက္တို႕သည္ အိႏိၵယဗဟိုအစိုးရ ခြင့္ျပဳခ်က္အမိန္႕ကို ေစာင့္ဆိုင္းေနျခင္းေၾကာင့္ မျပန္ႏိုင္ေသးေၾကာင္း Chin Pawlpi Mizoram ဒု-ဥကၠဌ Pu Van Neih Cem က ေျပာသည္။

“မျပန္ႏိုင္ၾကေသးဘူး။ ခ်င္းျပည္နယ္အစိုးရမွပို႕လိုက္တဲ့စာမွာေတာ့ ေမလ (၁၆) ရက္ေန႕ျပန္ပို႕ဖို႕ျဖစ္တယ္၊ ဒါေပမယ့္ ဒီဘက္မွာ ဒီကိစၥကို အဓိက ေဆာင္ရြက္ေနတဲ့ Pu H.Rammawi က မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Pu Zoramthanga ႏွင့္ Chief Secretary ထံ စာကို ပို႕လိုက္ၿပီျဖစ္တယ္။ ဒါေပမယ့္ Chief Secretary ကေနတဆင့္ ေဒလီမွာရွိတဲ့ ဗဟိုထံ Approver ေတာင္းခံခဲ့တယ္။ ဒါေၾကာင့္ အခ်ိန္အနည္းငယ္ ၾကန္႕ၾကာေနတာျဖစ္တယ္။ ဘယ္အခ်ိန္မွာျပန္ပို႕ျဖစ္မယ္ မသိရေပမဲ့ မၾကာေလာက္ေတာ့ဘူးလို႕ေတာ့ ေမ်ာ္လင့္ပါတယ္’’ ဟု Pu Van Neih Cem က ေျပာသည္။

အဆိုပါ က်မ္းစာေက်ာင္းသား (၃၂) ဦးတို႔ကို မီဇိုရမ္ႏွင့္ ခ်င္းျပည္နယ္အစိုးရတို႔၏အစီစဥ္ျဖင့္ ေမလ (၁၆) ရက္ေန႔က ျမန္မာႏုိင္ငံသို႔ ပို႔ေဆာင္ရန္စီစဥ္ခဲ့ ၾကျခင္းျဖစ္သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္က “က်ေနာ္တို႔ဘက္ကေတာ့ အဆင္သင့္ျဖစ္ ၿပီ ႀကိဳဆိုဖို႔နဲ႔ သူတို႔ျပန္လာရင္ နယ္စပ္မွာ Quarantine ထားမယ့္ေနရာလည္း အဆင္သင့္ဘဲ ဒါေပမယ့္ ဂိုးဟာတီးနဲ႔ အိုင္ေဇာလ္မွာေနတဲ့သူေတြကို ေပါင္းၿပီးပို႔မယ့္ကိစၥမွာ သူတို႔ဘက္က နည္းနည္းအခက္အခဲရွိေန ေသးတယ္ထင္တယ္’’ ဟု ေျပာသည္။

ျမန္မာက်မ္းစာေက်ာင္းသားမ်ားသည္ အို္င္ေဇာလ္ၿမိဳ႕တြင္ (၁၇) ဦးႏွင့္ အာသန္ျပည္နယ္ ဂိုးဟာတီးၿမဳိ႕တြင္ ၁၅ ဦး စသျဖင့္ အသီးသီး ေသာင္တင္လ်က္ရွိၾကၿပီး မီဇိုရမ္အစိုးရအေနျဖင့္ အဆိုပါေက်ာင္းသားမ်ားကို အိုင္ေဇာလ္ၿမိဳ႕မွ အိႏိၵယ-ျမန္မာနယ္စပ္ အမွတ္ (၂) ကုန္သြယ္ေရး စခန္း ရိ-ဇိုေခါထားဂိတ္အထိ ပို႔ေဆာင္ကာ ခ်င္းျပည္နယ္အစိုးရအဖြဲ႔မွ ႀကိဳဆိုရန္လက္ခံရန္စီစဥ္ထားၾကျခင္းျဖစ္သည္။

#Unicode

By ရစ်ချက် – အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်ပြီး COVID-19 ကယက် Lockdown ကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား (၃၂) ယောက်တို့သည် အိန္ဒိယဗဟိုအစိုးရ ခွင့်ပြုချက်အမိန့်ကို စောင့်ဆိုင်းနေခြင်းကြောင့် မပြန်နိုင်သေးကြောင်း Chin Pawlpi Mizoram ဒု-ဥက္ကဌ Pu Van Neih Cem က ပြောသည်။

“မပြန်နိုင်ကြသေးဘူး။ ချင်းပြည်နယ်အစိုးရမှပို့လိုက်တဲ့စာမှာတော့ မေလ (၁၆) ရက်နေ့ပြန်ပို့ဖို့ဖြစ်တယ်၊ ဒါပေမယ့် ဒီဘက်မှာ ဒီကိစ္စကို အဓိက ဆောင်ရွက်နေတဲ့ Pu H.Rammawi က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် Chief Secretary ထံ စာကို ပို့လိုက်ပြီဖြစ်တယ်။ ဒါပေမယ့် Chief Secretary ကနေတဆင့် ဒေလီမှာရှိတဲ့ ဗဟိုထံ Approver တောင်းခံခဲ့တယ်။ ဒါကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေတာဖြစ်တယ်။ ဘယ်အချိန်မှာပြန်ပို့ဖြစ်မယ် မသိရပေမဲ့ မကြာလောက်တော့ဘူးလို့တော့ မျော်လင့်ပါတယ်’’ ဟု Pu Van Neih Cem က ပြောသည်။

အဆိုပါ ကျမ်းစာကျောင်းသား (၃၂) ဦးတို့ကို မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရတို့၏အစီစဉ်ဖြင့် မေလ (၁၆) ရက်နေ့က မြန်မာနိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ခဲ့ ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ် ပြီ ကြိုဆိုဖို့နဲ့ သူတို့ပြန်လာရင် နယ်စပ်မှာ Quarantine ထားမယ့်နေရာလည်း အဆင်သင့်ဘဲ ဒါပေမယ့် ဂိုးဟာတီးနဲ့ အိုင်ဇောလ်မှာနေတဲ့သူတွေကို ပေါင်းပြီးပို့မယ့်ကိစ္စမှာ သူတို့ဘက်က နည်းနည်းအခက်အခဲရှိနေ သေးတယ်ထင်တယ်’’ ဟု ပြောသည်။

မြန်မာကျမ်းစာကျောင်းသားများသည် အိ်ုင်ဇောလ်မြို့တွင် (၁၇) ဦးနှင့် အာသန်ပြည်နယ် ဂိုးဟာတီးမြို့တွင် ၁၅ ဦး စသဖြင့် အသီးသီး သောင်တင်လျက်ရှိကြပြီး မီဇိုရမ်အစိုးရအနေဖြင့် အဆိုပါကျောင်းသားများကို အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေး စခန်း ရိ-ဇိုခေါထားဂိတ်အထိ ပို့ဆောင်ကာ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြိုဆိုရန်လက်ခံရန်စီစဉ်ထားကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.