ဖလမ်းမြို့နယ် ထန်နှီာရ်ကျေးရွာတွင် တည်ရှိသော အာဇာနည်သူရဲကောင်း ဗိုလ်မှူးကြီး စည်သူ ဟရန်ထီးယိုး၏ အုတ်ဂူကို လုံပီးရွာဖက်သို့ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ ထန်နှီာရ်ကျေးရွာသည် ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် ကျေးရွာနေဒေသခံပြည်သူများသည် လုံပီးဖက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ အုတ်ဂူကိုလည်း ၎င်းတို့ပြောင်းရွှေ့သည့်ဒေသသို့ ရွှေ့ပြောင်းထားရန် ဗိုလ်မှူးကြီး၏ မိသားစုဝင်များမှ စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ တူတော်စပ်သူ သိက္ခာတော်ရဆရာတော် ဦး Don Hre Dun က “ရွာက မုန်တိုင်းကြောင့် အကုန်လုံး၊ တရွာနည်းပါးလုံး ပြိုကျသွားတာကိုး အဲဒီတော့ တစ်ရွာလုံးဟာ ရွာသစ်မှာအကုန်လုံးပြောင်းရွှေ့သွားကြပြီ ကြည့်ရှုစောင့်ရှောက်မယ့်သူလည်းမရှိဘူး နောက်ပြီးတော့ အုတ်ဂူတွေကလည်းပြိုသွားတယ် အဲဒါကြောင့်ပါ၊ မြို့သစ်မှာ စည်ပင်တွေရဲ့ပန်းခြံမှာ သူတို့ကိုအကူအညီတောင်းထားတယ် ကျွန်တော်တို့က အဲဒီရွာသစ်မှာ မြေတွေတူးပြီးသား အကုန်လုံးစီစဉ်ပြီးသားပေါ့ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ တခြားနေရာပေးပါမယ်ဆိုလို့ သူတို့လိုချင်တဲ့နေရာမှာရွှေ့ပေးဖို့ သဘောတူထားတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ပြောင်းရွှေ့ရန်လျာထားသည့် မြေနေရာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်ဆောက်လုပ်ရန်လျာထားသည့် မြေနေရာနှင့် မလွတ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ဗိုလ်မှူးကြီး၏ မြေးများနှင့် အောက်တိုဘာ (၂၉) ရက်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါရုံးတွင် တွေ့ဆုံကာ ဗိုလ်မှူးကြီးအုတ်ဂူအတွက် မြေနေရာအသစ် ချထားပေးရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယင်းအစားထိုးမြေနေရာအတွက် လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများက စီစဉ်ပေးထားခဲ့ပြီဖြစ်ပြီး မြေနေရာအတိအကျကိုတော့ မကြာခင်သိရမည်ဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။ ဗိုလ်မှူးကြီးဟရန်ထီးယိုး၏အုတ်ဂူကို ကျပ်ငွေသိန်း (၁၀၀) အကုန်အကျခံကာ ဆောက်လုပ်မည်ဖြစ်ပြီး လာမည့် ၂၀၁၉…
Author: Editor
ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်နိမိတ်အတွင်းရှိ ဇိန်မှုတောင်ကို ချင်းပြည်နယ်အစိုးရမှ အမျိုးသားဥယျဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် Lai tili ရေကန်ကာမှုကို လူထုကိုအသိမပေးဘဲ ဆောင်ရွက်နေမှုအား ကန့်ကွက်သည့်အနေဖြင့် ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ချွန်ကျူံးရွာသားများက ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြသော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ရက်ရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။ ချွန်ကျူံးရွာမှ ဒေသခံရွာလူကြီးတစ်ဦးက “ကျနော်တို့ကို ထွေအုပ်ကနေခေါ်ပါတယ်၊ လာမယ့် နိုဝင်ဘာလ (၃) ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းမှာ နည်းနည်းအလုပ်ရှုတ်ကြမှာဆိုတော့ ဒါကြောင့် လောလောဆယ်တော့ ဆန္ဒမပြကြဖို့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှသာ ဆန္ဒပြဖို့ဆိုပြီး ကျနော်တို့ကို ပြောပါတယ်၊ ဒါကြောင့် ကျနော်တို့ကလည်း ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကျမှ ဆန္ဒပြဖို့ သဘောဘူလိုက်တာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ချွန်ကျူံးရွာသားများသည် ယနေ့ညနေပိုင်းတွင် အစည်းအဝေးပြန်ထိုင်ပြီး ဆန္ဒဖော်ထုတ်မည့်နေ့ရက်ကို ထပ်မံ သတ်မှတ်သွားမည်ဟု ၎င်းကပြောသည်။ အဆိုပါဒေသတွင် ချွန်ကျူံးရွာသားများသည် ဘိုးဘွားစဉ်ဆက်ကတည်းက တောင်ယာလုပ်ငန်း၊ ရွေ့ပြောင်းတောင်ယာလုပ်ငန်းများ လုပ်ကိုင်လာခဲ့ကြသည့်နေရာဖြစ်သည့်ပြင် တီအိုချောင်းမြစ်ဖျားခံရာ Laitili ရေအိုင်ငယ်တစ်ခုလည်းရှိပြီး ဘိုးဘွားခေတ်ကတည်းက တန်းဖိုးထားသည့်နေရာဖြစ်သည်ဟု သိရသည်။ ထို့အပြင် ချွန်ကျူံးရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များ အဓိကကျက်စားရာ စားကျက်နယ်မြေတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။ ဇိန်မှုတောင်သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ် ဧရိယာတို့တွင်ရှိပြီး ပင်လယ်ရေပြင်အမြင့်ပေ (၈၄၁၄)၊ ဟားခါးမြို့နယ်အတွင်း (၇၇၅၆) ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက (၄၀၀၀) ကျော်နှင့် ဖလမ်းမြို့နယ်အတွင်း ဧက (၆၀၀၀) ကျော် စုစုပေါင်း (၁၉၉၃၇) ဧက ကျယ်ဝန်းသည့် အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ရန် အစိုးရမှ…
ကလေးမြို့မှ ဟားခါးမြို့သို့ တက်သွားသော ကိုယ်ပိုင်ယာဉ်ကားတစ်စီးသည် အောက်တိုဘာလ (၂၄) ရက်နေ့ ညနေပိုင်းက ဖလမ်းမြို့နယ်၊ လုန်ဘမ်းရွာမှ မဏိပူရမြစ်၊ ဗာရ်တံတားအဆင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀) ကျော်နက်သည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ ဟားခါးမြို့နေ ဦးဗန်ရာလ်ထန်သည် ၎င်း၏ဇနီး ဒေါ်မားချန်၊ သမီးနှစ်ယောက် မကယ်ရိုလိုင်း (၈) နှစ်၊ မကေသရိန်း (၄) နှစ်၊ ဒေါ်မာချန်၏ ညီမတို့သားအမိတို့နှင့်အတူ နိုင်ငံခြားမှရောက်ရှိလာသော ဆွေးမျိုးများထံ သွားရောက်လည်ပတ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ကားမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်သို့လိုက်ပါလာသည့် အသက် (၄) နှစ်အရွယ် မကေသရိန်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားကာ ယာဉ်မောင်းအမျိုးသားနှင့် အမျိုးသမီး (၄) ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသည့် ကလေးငယ်၏ ရုပ်အလောင်းကို ဟားခါးမြို့နေအိမ်သို့ ပို့ဆောင်ပြီး ယနေ့မွန်းလွဲပိုင်းတွင် သဂြိုင်္လ်ကြမည်ဟု သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အောက်တိုဘာလ (၂၃) ရက်နေ့မှ စတင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် မတူမျိုးနွယ်စုဖိုရမ်ကို အစိုးရမှ နှုတ်မိန့်ဖြင့်ရပ်ဆိုင်းလိုက်သော်လည်း ဆက်လက်ကျင်းပသည်ဟု သိရသည်။ အောက်တိုဘာလ (၂၃) မှ (၂၅) ရက်နေ့အထိကျင်းပမည့် အဆိုပါဖိုရမ် ဒုတိယမြောက်နေ့ညနေပိုင်းတွင် ဖိုရမ်ကျင်းပရေးကော်မတီများကို မတူပီမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးမှ ဆင့်ခေါ်ပြီး ဆက်လက်မကျင်းပရန် နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အစိုးရမှ တရားဝင်စာနှင့် အမိန့်ထုတ်ပြန်ချင်းမဟုတ်သည့်အတွက် တတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပသည်ဟု မတူပီမြို့ ချင်းလူငယ်အဖွဲ့ဥက္ကဌ ကိုအန်နိုးဘိခ်က ပြောသည်။ မတူဖိုရမ်ကျင်းပခြင်းသည် မတူပီမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မတူပီမြို့နယ် NLD အလုပ်အမှုဆောင်တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးရုံးထံ တိုင်ကြားသည့်အတွက် ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ “မတူဖိုရမ်ဆိုတာ မတူမျိုးနွယ်စုတွေစည်းလုံးညီညွတ်ရေးအတွက် ကျင်းပနေတာဖြစ်တယ်၊ ဘာနိုင်ငံရေးရည်ရွယ်ချက်မှ မပါပါဘူး မတူဖိုရမ်ကျင်းပဖို့ အစိုးရဆီကနေ တရားဝင် ပွဲမိန့်ရထားပြီးသားလည်းဖြစ်တယ်’’ ဟု ကိုအန်နိုးဘိခ်ကပြေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။ မတူဖိုရမ်ကို မတူလူမျိုးနွယ်စုများ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာရန်၊ မတူပီမြို့နယ်အတွင်းရှိ ပြည်သူများ၏ အနာဂတ်တွင် ကဏ္ဍအသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်များ အခန်းကဏ္ဍမြှင့်တင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ပထမအကြိမ် မတူဖိုရမ်ကို ချင်းပြည်နယ်၊ မတူပီမြို့တွင် (၂၀၁၄) ခုနှစ်က ကျင်းပပြုလုပ်ခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့သို့ လာရောက်မည်ဟု စုံစမ်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့် ရက်အတိအကျကိုမူ မသိရသေးသော်လည်း အောက်တိုဘာလ (၂၆) ရက်နေ့ခန့် ဖြစ်နိုင်သည်ဟု ကန်ပက်လက်မြို့နယ် NLD ဥက္ကဌ ဦးထန်းမနားလိုင်းကပြောသည်။ “ရက်ကတော့ အတိအကျကျနော်တို့ကို မပြောသေးဘူး ဒါပေမယ့် အကြမ်းအားဖြင့်တော့ (၂၆) ရက်နေ့လို့ သိရတယ်’’ ဟု ဦးထန်းမနားလိုင်းကပြောသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်အကြီးအကဲအနေဖြင့်သာ လာရောက်မည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလ (၃) ရက်နေ့က ကန်ပက်လက်မြို့သို့ သွားရောက်ကာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်ပြည်သူ များအနေဖြင့် ချင်းနိုင်ငံရေးပါတီကိုသာ မဲပေးကြရန် ချင်းတိုးတက်ရေးပါတီ(CPP) ကိုယ်စားလှယ်လောင်း ဦးမနားရှင်း က တိုက်တွန်းလိုက်သည်။ “ပြည်သူလူထုက ချင်းပြည်နယ်က ချင်းလူမျိုးတွေဖြစ်တဲ့အတွက် ချင်းပါတီကိုမဲပေးဖို့က အရမ်းလိုအပ်တယ်၊ ချင်းတစ်မျိုးသားလုံးရဲ့အရေးကို ဆောင်ရွက်ဖို့ အရေးကြီးတဲ့အတွက် ချင်းပါတီကိုမဲပေးသင့်တယ်” ဟု ဦးမနားရှင်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့ နှင့် မတူပီမြို့နယ်တို့တွင် ကျင်းပမည် ဖြစ်ပြီး ကန်ပက်လက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ချင်းတိုးတက်ရေးပါတီ (CPP) မှ ဦးမနားရှင်း၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) မှ ဦးကီးထန်းလွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (NLD) မှ ဦးညွန့်ဝင်း၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးမနားနိုင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် CPP၊ CNDP၊ CLD ပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘောတူထားပြီးဖြစ်သည်ကို ထောက်ရှု၍သော်လည်ကောင်း၊ ချင်းအမျိုးသားများအကြား မလိုလားအပ်သော နိုင်ငံရေးအားပြိုင်မှု မကြီးထွားလာစေရန် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ် ချင်းတိုးတက်ရေးပါတီဝင်များအနေဖြင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြရန် ချင်းတိုးတက်ရေးပါတီက အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးမနားရှင်းက “ထုတ်ပြန်ချက်ကတော့ ချင်းပါတီတွေပူးပေါင်းတဲ့အနေနဲ့ ချင်းပါတီတွေ စည်းလုံးတယ်ဆိုတဲ့သဘောနဲ့ တစ်ပါတီနဲ့တစ်ပါတီ အားပေးရမယ်ဆိုတဲ့သဘောနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်၊ ကျနော့်ကို သဘောကျတဲ့လူထုက ကျနော့်ကို မဲပေးကြမှာပဲ၊ ဒီလို ထုတ်ပြန်ရုံနဲ့တော့ လူထုက ပါသွားမဟုတ်ပါဘူး’’ ဟု ပြောသည်။ ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် နှုတ်ထွက်လိုပါက…
မြန်မာနိုင်ငံနှင့် ပလက်ဝမြို့နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ဆုတောင်းပွဲကို ပလက်ဝမြို့ပေါ်ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဦးစီးဦးဆောင်မှုဖြင့် အောက်တိုဘာလ (၂၁) ရက်နေ့က မြို့နယ်အားကစားခန်းမဆောင်တွင် ကျင်းပခဲ့ရာ ပြည်သူ (၅၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။ “အဓိက မြန်မာနိုင်ငံနေရာတချို့မှာ မငြိမ်မသက်ဖြစ်ခြင်းနှင့်အတူ ပလက်ဝမြို့နယ်အတွင်းမှာလည်း နှစ်အတော်ကြာ စစ်ပွဲများဖြစ်ခြင်း၊ လူထုအများ စစ်ရေးဒဏ်ခံနေရခြင်း စတဲ့ မငြိမ်မသက်မှုတွေ ဖြစ်နေရတဲ့အတွက် ယခုလို ငြိမ်းချမ်းတဲ့တရားနှင့်အတူ အထူးမေတ္တာပို့ ဆုတောင်းပွဲများ ကျင်းပရခြင်းဖြစ်တယ်” လို့ PCC ဥက္ကဌ မှ ပြောဆိုကြောင်း ခူမီးမီဒီယာတွင် ဖော်ပြသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင် (AA) တို့ ၂၀၁၅ ခုနှစ် မတ်လ (၂၈) ရက်မှစတင်၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ခြင်း၊ စစ်ရေးလှုပ်ရှားမှုများ ယနေ့အချိန်ထိ ရှိနေသေးကြောင်းသိရပြီး ၄င်းအပြင် ယနေ့အချိန်ထိ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဒဏ်ကြောင့် မိမိနေရပ်သို့ မပြန်နိုင်သည့် ကျေးရွာများလည်း ရှိနေသေးကြောင်း သိရသည်။ ယခုကဲ့သို့ စစ်ရေးမတည်ငြိမ်သည့် ပလက်မြို့နယ်ရှိ နယ်စပ်ကျေးရွာအချို့တွင် တောင်ယာလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်းနှင့် အချို့သောမိသားစုများမှာ မြို့နှင့်နီးစပ်ရာများတွင် ပြောင်းရွေ့နေထိုင်နေကြရကြောင်းလည်း ထပ်မံသိရသည်။ မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်လက်နက်ကိုင် (AA) တို့ တိုက်ပွဲကြောင့် မိမိနေရပ်သို့ မပြန်နိုင်ကြသည့် ကျေးရွာများမှာ ကုန်ပြင်၊ ပီတောင်၊ ကူချောင်းဖျား၊ လန်ဒန်ကျေးရွာတို့ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်င၊ံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ ဦးရေ (၂၀၀) ကျော် ယနေ့အချိန်ထိ…
မြန်မာနိုင်ငံမှတဆင့် သယ်ဆောင်လာပြီး အိန္ဒိယနိုင်ငံ Guwahati မြို့သို့ တင်ပို့ရောင်းချမည့် ရူပီး (၂၄၅) သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၄၅) ချပ်နဲ့အတူ ချင်းအမျိုးသားနှစ်ဦးအား ပြီးခဲ့သည့် အောက်တိုဘာလ (၁၈) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်၏မြို့တော် အိုက်ဇောလ်မှတဆင့် အိန္ဒိယနိုင်ငံ အာသန်ပြည်နယ်ကိုသွားသည့် ခရီးသည်တင် maxicab ကားတစ်စီးကို Directorate of Revenue Intelligence (DRI), Aizawl Regional Unit နှင့် အိုက်ဇောလ်ရှိ အာသန်ရိုင်ဖယ် တပ်ရင်း (၄၆) တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် Sihphir မြို့အရောက်တွင် စစ်ဆေးခဲ့ရာ ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ် နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင် ဖော်ပြသည်။ ရူပီး (၂၄၅) သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၄၅) ချပ် နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသားနှစ်ဦး Thang Thawn Mung (19) နှင့် Do Sian Lang (18) တို့အား ဖမ်းဆီးပြီး Customs Act, 1962 အရ အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။ Directorate of Revenue Intelligence (DRI) အဖွဲ့ ပြောဆိုချက်အရ ယခု (၂၀၁၈) နှစ်အတွင်း West Bengal နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များတွင် ဘင်္ဂလာဒေ့ရ်၊ မြန်မာနိုင်ငံ၊ ဘူတန်၊ နီပေါလ် နှင့် တရုတ်နိုင်ငံများမှတဆင့်…
ချင်းရိုးရာခွါဒိုပွဲတော်ကြီးကို တီးတိန်မြို့၊ ကမ်းဟောက်ခန်းမတွင် ယခုလ (၂၃-၂၄) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဟုသိရသည်။ နှစ်ရက်တာကျင်းပမည့် ခွါဒိုပွဲတော်ကြီးတွင် ပျားအုံသယ်ဆောင်ခြင်း၊ မီးထွန်းခြင်း၊ ရိုးရာဝတ်စုံ/အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ရိုးရာဝတ်စားဆင်ယင်မှုများပြသခြင်း၊ ရိုးရာအသုံးအဆောင်များပြသခြင်းနှင့် Model Show ပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ချင်းသမိုင်းသုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ ခွါဒိုပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ (၁၄၀၀) ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ခန့်မှန်းမှုများရှိခဲ့ရာ ရက်အတိအကျမသိရပေမယ့် ခန့်မှန်ချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့သည်ဟု သိရှိရသည်။ ခွါဒိုပွဲတော်၏ အဓိပ္ပာယ်မှာ ချင်းစကားဖြစ်သည့် Khua နှင့် Do နှစ်လုံးပေါင်းထားခြင်းဖြစ်ပြီး ခွါ ဆိုသည်မှာ Khuazing = နတ်၊ မကောင်းဆိုးဝါး၊ Khuavak = ဘုရားဖြစ်ပြီး ဒို ဆိုသည်မှာ နှင်ထုတ်၊ တိုက်ခိုက်၊ ကြိုဆို၊ ဧည့်ခံ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ သို့မဟုတ် ကောက်ရိတ်သိမ်းပွဲ၊ သို့မဟုတ် မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုအား ကြိုဆိုခြင်းပွဲတော်ဟုလည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ခွါဒိုပွဲတော်ကျင်းပသည့်ရက်မှာ တိကျသည့် သတ်မှတ်ချက် မရှိပေ။ ကျေးရွာဒေသအလိုက် တောင်ယာသီးနှံ ရိတ်သိမ်း ပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်များနှင့် တိုင်ပင်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလအကြား အဆင်အပြေဆုံးရက်ကို ရွေးချယ်ကာ ကျင်းပကြခြင်း ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် တိုင်းရင်းမီဒီယာသတင်းဌာန (၄) ဖွဲ့တို့သည် သတင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော် MRTV ရုံးတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သိရသည်။ MRTV နှင့် ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့များမှာ Burma News International (BNI) အဖွဲ့ဝင်များဖြစ်ကြသည့် ခိုနူမ်းသုန်၊ သံလွင်တိုင်မ်း၊ Narinjara နှင့် kantarawaddy Time သတင်းဌာနတို့ဖြစ်ကြပြီး ပြည်နယ် လွှတ်တော်သတင်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှူနှင့် ဆက်စပ်သောသတင်းများ၊ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးသတင်းများကို MRTV မှ ၀ယ်ယူကာ MRTV Web Portal တွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။ ခိုနူမ်းသုန်သတင်းဌာနမှ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးဖီလစ်စိုးနိုင်က “ တိုင်းရင်းမီဒီယာတွေမှာ ကျွန်တော်တို့က ရပ်တည်ဖို့ခက်ခဲတယ်၊ ကျွန်တော်သတင်းတွေကို အမှန်တိုင်းပြောရင် Facebook မှာ ကိုယ့်ရဲ့ website မှာ ကိုယ့်ရဲ့ကိုယ်ပိုင် Facebook မှာ ဘာအခကြေးငွေ တစ်ပြားမှ မရပဲနှင့် ကျွန်တော်တို့က ဒီတိုင်းပဲတင်နေရတာ၊ ပုံနှိပ်ထုတ်ဝေနေရတာ၊ ဒါပေမယ့် ဒီသတင်းကို အခုက MRTV က ၀ယ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုထိတော့ အခကြေးငွေရမယ် အကျိုးအမြတ်လေးတော့နည်းနည်းတော့ရမယ်ပေါ့’’ ဟု ပြောသည်။ ယခုစီမံကိန်းကို ဂျာမန်အခြေစိုက် DW Academy အဖွဲ့အစည်းမှ အဓိကငွေကြေးကူညီပံ့ပိုးထားပြီး ယခုနှစ် အစောပိုင်းတုန်းက လည်း သတင်းဌာန (၉) ခုနှင့် MRTV တို့သည် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြပြီး…