Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လမ္းပန္းဆက္သြယ္ေရးအေျခအေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွ လႊတ္ကိုယ္စားလွယ္ေလာင္းမ်ား ေရြးေကာက္ပြဲအသံုးစရိတ္တင္သြင္းရန္ အခက္အခဲျဖစ္ေန

လမ္းပန္းဆက္သြယ္ေရးအေျခအေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွ လႊတ္ကိုယ္စားလွယ္ေလာင္းမ်ား ေရြးေကာက္ပြဲအသံုးစရိတ္တင္သြင္းရန္ အခက္အခဲျဖစ္ေန

0
By Editor on December 11, 2020 Khonumthung

#Unicode

Benezer – ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းအများစုသည် ရွေးကောက်ပွဲကာလအသုံးစရိတ်တင်သွင်းခဲ့ကြပြီးဖြစ်သော်လည်း ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့မှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။

“ကျနော်တို့ဆီမှာတော့ လောလောဆယ်လာတင်သွင်းတာ ၉ ယာက်လိုသေးတယ်၊ အဓိက လိုတာကတော့ ပလက်ဝဘက်က ၇ ယောက် တင်သွင်းဖို့ ကျန်နေသေးတယ်၊ ပလက်ဝက လမ်းပန်းဆက်သွယ်ရေး အနေအထားအရ မရောက်နိုင်တာ၊ ဒီနေ့အရောက်ပို့မယ်လို့တော့ပြောတယ်၊ ဒါပေမယ့် နယ်မြေမလုံခြုံဘူးဆိုတော့ ပြည်ထောင်စုက ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး၊ ကျန်တဲ့ နှစ်ယောက်ကတော့ မတူပီကပါ၊ ဒီနေ့လာတင်မယ်ပြောတယ်”ဟု မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မတူပီခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၇ ယောက်ရှိပြီး လက်ရှိအချိန်ထိ ရွေးကောက်ပွဲအသုံးစရိတ် လာရောက်တင်သွင်းပြီးသူ ၂၈ ယောက်ရှိပြီဖြစ်ကာ ပလက်မြို့နယ်မှ ရဦးနှင့် မတူပီမြို့နယ်မှ ၂ ဦး တင်သွင်းရန် ကျန်ရှိနေသေးကြောင်းသိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ ထိ အသုံးပြုခွင့်ပေးထားပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း (ဒီဇင်ဘာလ ၈ ရက်) နေ့အထိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဖြစ်ပြီး ထို့ကြောင့် ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အသုံးစရိတ်အား မဖြစ်မနေလာရောက်တင်သွင်းကြရန် နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။

“မတင်ရတဲ့သူတွေကနည်းသွားပါပြီ၊ တစ်ချို့လာတင်ထားတယ်၊ ဒါပေမယ့် မပြည့်စုံလို့ ပြန်တင်ခိုင်းတယ်၊ ခုကြည့်ရ သလောက်တော့ အားလုံးတော့ စုံမယ်ထင်တယ်၊ နှစ်ရက်ခြား သုံးရက်ခြားတစ်ခါလောက်တော့ ခရိုင်ကော်မရှင်တွေကနေ ကိုယ်စားလှယ်လောင်းတွေကို နှိုးဆော်ရတာပေါ့၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပြည်နယ်က နာမည်ပျက်အမည်စာရင်း ပါသွားရင်မကောင်းဘူးလေ၊ သူကအသုံးစရိတ်စာရင်းမတင်ရင် နာမည်ပျက်စာရင်းအဖြစ်ကြေညာတယ်”ဟု ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ကြသော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ တစ်သီးပုဂ္ဂလ အပါအဝင်နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

#Zawgyi

၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းအမ်ားစုသည္ ေရြးေကာက္ပြဲကာလအသံုးစရိတ္တင္သြင္းခဲ့ၾကၿပီးျဖစ္ေသာ္လည္း ပလက္၀ၿမိဳ႕နယ္မွ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕မွာ လမ္းပန္းဆက္သြယ္ေရးအေျခအေနေၾကာင့္ ကုန္က်စရိတ္တင္သြင္းရန္ အခက္အခဲရွိေနေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ထံမွသိရသည္။ 

“က်ေနာ္တို႔ဆီမွာေတာ့ ေလာေလာဆယ္လာတင္သြင္းတာ  ၉ ယာက္လိုေသးတယ္၊ အဓိက လိုတာကေတာ့ ပလက္၀ ဘက္က ၇ ေယာက္ တင္သြင္းဖို႔ က်န္ေနေသးတယ္၊ ပလက္ဝက လမ္းပန္းဆက္သြယ္ေရး အေနအထားအရ မေရာက္နိုင္တာ၊ ဒီေန႔အေရာက္ပို႔မယ္လို႔ေတာ့ေျပာတယ္၊ ဒါေပမယ့္ နယ္ေျမမလုံျခဳံဘူးဆိုေတာ့ ျပည္ေထာင္စုက ဘယ္လိုဆုံးျဖတ္မလဲ မသိေသးဘူး၊ က်န္တဲ့ ႏွစ္ေယာက္ကေတာ့ မတူပီကပါ၊ ဒီေန႔လာတင္မယ္ေျပာတယ္”ဟု မတူပီခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးမင္းေအာင္ရွိန္ကေျပာသည္။ 

ၿပီးခဲ့သည့္ေရြးေကာက္ပြဲတြင္ မတူပီခရိုင္အတြင္း ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သူ ၃၇ ေယာက္ရွိၿပီး လက္ရွိအခ်ိန္ထိ ေရြးေကာက္ပြဲအသုံးစရိတ္ လာေရာက္တင္သြင္းၿပီးသူ ၂၈ ေယာက္ရွိၿပီျဖစ္ကာ ပလက္ၿမိဳ႕နယ္မွ ၇ဦးႏွင့္ မတူပီၿမိဳ႕နယ္မွ ၂ ဦး တင္သြင္းရန္ က်န္ရွိေနေသးေၾကာင္းသိရသည္။

ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေရြးေကာက္ပြဲကာလအတြင္း သိန္း ၁၀၀ ထိ အသံုးျပဳခြင့္ေပးထားၿပီး၊ ထိုအသုံးစရိတ္မ်ားကို ေရြးေကာက္ပြဲက်င္းပသည့္ေန႔မွစ၍ ရက္ေပါင္း (၃၀) အတြင္း (ဒီဇင္ဘာလ ၈ ရက္) ေန႔အထိ သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္မ်ားထံ တင္သြင္းရမည္ျဖစ္သည္။ 

ေရြးေကာက္ပြဲကုန္က်စရိတ္မ်ားကို တင္သြင္းျခင္းမရွိပါက သက္ဆိုင္ရာေရြးေကာက္ပြဲနည္းဥပေဒ ၈၄ အရ  အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ေၾကညာခံရမည္ျဖစ္ၿပီး ထို႔ေၾကာင့္ ခ်င္းျပည္နယ္တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ၎တို႔အသုံးစရိတ္အား မျဖစ္မေနလာေရာက္တင္သြင္းၾကရန္ ႏွိုးေဆာ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးလင္းေက်ာ္မွေျပာသည္။

“မတင္ရတဲ့သူေတြကနည္းသြားပါၿပီ၊ တစ္ခ်ိဳ႕လာတင္ထားတယ္၊ ဒါေပမယ့္ မျပည့္စုံလို႔ ျပန္တင္ခိုင္းတယ္၊ ခုၾကည့္ရ သေလာက္ေတာ့ အားလုံးေတာ့ စုံမယ္ထင္တယ္၊ ႏွစ္ရက္ျခား သုံးရက္ျခားတစ္ခါေလာက္ေတာ့ ခရိုင္ေကာ္မရွင္ေတြကေန ကိုယ္စားလွယ္ေလာင္းေတြကို ႏွိုးေဆာ္ရတာေပါ့၊ ဘာျဖစ္လို႔လဲဆိုရင္ ကိုယ့္ျပည္နယ္က နာမည္ပ်က္အမည္စာရင္း ပါသြားရင္မေကာင္းဘူးေလ၊ သူကအသုံးစရိတ္စာရင္းမတင္ရင္ နာမည္ပ်က္စာရင္းအျဖစ္ေၾကညာတယ္”ဟု ေကာ္မရွင္အတြင္းေရးမႉး ဦးလင္းေက်ာ္မွေျပာသည္။

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့ၾကေသာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္မွာ တစ္သီးပုဂၢလ အပါအ၀င္ႏုိင္ငံေရးပါတီ ၁၁ ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၇၁ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.