Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပညာေရးက႑ကို အဓိကဦးစားေပးေဆာင္ရြက္မည္ဟု ခ်င္းအမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားဆို

ပညာေရးက႑ကို အဓိကဦးစားေပးေဆာင္ရြက္မည္ဟု ခ်င္းအမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားဆို

0
By Editor on December 10, 2020 Headline

#Unicode

လာမည့်အစိုးရသစ် ၅ နှစ်တာသက်တမ်းကာလတွင် ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို အဓိက ဦးစားပေးဆောင်ရွက် သွားမည်ကြမည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ကြသည့် ချင်း အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။

ဟားခါးမြို့နယ်အမျိူးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် တက္ကသိုလ်ပါမောက္ခဟောင်း ဒေါက်တာ အေးအေးငွန်က လာမည့်လွှတ်တော်သက်တမ်းကာလမှာ ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို အဓိက ဦးစားပေးဆောင်ရွ က်သွားမည်ဟု ပြောသည်။

“ ကျမကတော့ ပါမောက္ခတစ်ယောက်ဆိုတော့ ပညာရေးကိုပဲ ပြုပြင်စရာရှိတာ ပြုပြင်မယ် မြှင့်တင်စရာရှိတာ မြှင့်တင်မယ် လိုအပ်ချက်ဘာလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ်ကဖြည့်ဆည်းဖို့ လုပ်ပေးဖို့ အဲဒါတွေကိုပဲ ရည်ရွယ်ထားတာပေါ့လေ အဓိကတော့ သူတို့မှာလိုအပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အထူးသဖြင့် မူလတန်းကလည်း အရမ်းအရေးကြီးတယ်လေ ရွာတွေမှာဆိုရင် မူလတန်းကအရမ်းအရေးကြီးတယ် နောက်အဆင့်ဆင့်အရေးကြီးပါတယ် နောက်ဒီမြို့ကြီးမှာဆိုရင် အထက်တန်းကျောင်းတွေမှာလည်း လိုအပ်ချက်တွေအများကြီးရှိတယ် ဥပမာဆိုရင် ဆရာ ဆရာမ မလုံလောက်တာတို့ သူတို့ရတဲ့ ဘွဲ့နဲ့ သင်နေရတဲ့ ဘာသာရပ်တွေမကိုက်ညီတာတို့ နောက်ပြီးတော့ အတွေ့အကြုံ စာစစ်အတွေ့အကြုံ တွေလိုအပ်ချက်တွေ အဲဒါတွေလည်းအများကြီးပြင်ရမှာလေ ဒါတွေကတော့ အရင်ဆုံးပြင်ရမယ်’’ ဒေါက်တာ အေးအေးငွန်ကပြောသည်။

ဒေါ်အေးအေးငွန်သည် မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးတွင် Tutor ဘဝမှစ၍ ဒုတိယပါမောက္ခချူပ်အထိ ပညာရေးလော ကတွင် နှစ်ပေါင်း ၄၀ ကျော်တာဝန်ထမ်းဆောင်လာသူတစ်ဦးဖြစ် ၂၀၁၈ ခုနှစတွင် ပင်စင်ယူပြီး ၂၀၂၀ ခုနှစ်အထွေထွေေ ရွးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ဟားခါးမြို့နယ် ချင်းပြည်နယ်အမျိူး သားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“တချို့တောရွာကျေးရွာတွေမှာဆိုရင် ဆရာဆရာမ လုံးဝမရှိတဲ့ကျောင်းတွေရှိတယ် အဲဒါကျတော့ ဆရာဆရာမ မရှိပဲဘယ်လိုလုပ် ကျောင်းသားတွေကစာတတ်မှာလဲ အဲဒါအရင်ဆုံးဖြည့်ဖို့လိုတယ် ပညာရေးကို မြှင့်တင်မယ်ဆိုရင်၊ နောက်ပြီးတော့ ဆရာ ဆရာမ အရည်အချင်းကလည်း ပြည့်စုံရမယ့်အပြင် စိတ်ရှည်ပြီး စေတနာရှိရှိနဲ့သင်ပေးမယ့် ဆရာဆရာမတွေအများကြီးလိုအပ်တယ် အဖြစ်သင်တာမျိုးမဟုတ်ဘဲနဲ့လေ ဒါမျိုးလေးတွေပေါ့ အဲဒါအရေးအကြီးဆုံးပဲ” ဟု ဒေါက်တာအေးအေးငွန်ကပြောသည်။

အလားတူ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးချယ်ခံရသည့် ဒေါ်နီရွှေလျန်ကလည်း လာမည့် လွှတ်တော် ၅ နှစ်တာသက်တမ်းတွင် ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုပါသည်။

“ကျမတို့ ချင်းမှာ တခြားသယံဇာတ တွင်းထွက်ပစ္စည်းမရှိဘူး ကျမတို့ ချင်းပြည်နယ်မှာ အဓိကလူသားအရင်းအမြစ်ဖြစ်တဲ့ ပညာရေးကို ကျမတို့ တတ်နိုင်ဆုံးပြုစုပျိုးထောင်လို့ရှိရင် တစ်နေ့ကျရင် ကျမတို့လည်း တဖြည်းဖြည်း တိုးတက်လာမယ် အဲဒီအတွက်ကြောင့် အဲဒီပညာရေးကို စိတ်ဝင်စားဆုံးပဲ ကိုယ်တိုင်လည်း ပညာရေးဌာနကမှာ (၃၄) နှစ်လုပ်လာခဲ့တဲ့ အတွက်ကြောင့် အားနည်းချက် အားသာချက်ကို ကိုယ့်အနေနဲ့ ချိန်စလို့ရတယ် အဲဒါကနံပတ်တစ်မှာထားပါတယ်” ဟု ဒေါ်နီရွှေလျန်ကပြောသည်။

ဒေါ်နီရွှေလျန်သည် ယခုလက်ရှိတွင် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီမှ ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် အမျိူးသမီးလွှတ်တော်ကိုယ်စား လှယ်လောင်း ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းအနက် အမျိူးသမီး ၄ ဦးအနိုင်ရရှိခဲ့ကြသည်။ အဆိုပါ ၄ ဦးအနက် ၃ ဦးမှာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီး ပြန်လည် ရွေးချယ်ခံရသူများဖြစ်သည်။

#Zawgyi

လာမည့္အစိုးရသစ္ ၅ ႏွစ္တာသက္တမ္းကာလတြင္ ခ်င္းျပည္နယ္၏ ပညာေရးက႑ကို အဓိက ဦးစားေပးေဆာင္ရြက္ သြားမည္ၾကမည္ဟု ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အေရြးခ်ယ္ခံခဲ့ၾကသည့္ ခ်င္း အမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကေျပာဆိုၾကသည္။ 

ဟားခါးၿမိဳ႕နယ္အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံရသည့္ တကၠသိုလ္ပါေမာကၡေဟာင္း ေဒါက္တာ ေအးေအးငြန္က လာမည့္လႊတ္ေတာ္သက္တမ္းကာလမွာ ခ်င္းျပည္နယ္၏ ပညာေရးက႑ကို အဓိက ဦးစားေပးေဆာင္ရြ က္သြားမည္ဟု ေျပာသည္။ 

“ က်မကေတာ့ ပါေမာကၡတစ္ေယာက္ဆိုေတာ့ ပညာေရးကိုပဲ ျပဳျပင္စရာရွိတာ ျပဳျပင္မယ္ ျမွင့္တင္စရာရွိတာ ျမွင့္တင္မယ္ လိုအပ္ခ်က္ဘာလဲဆိုတာကို ၾကည့္ၿပီးေတာ့ ကိုယ္ကျဖည့္ဆည္းဖို႔ လုပ္ေပးဖို႔ အဲဒါေတြကိုပဲ ရည္ရြယ္ထားတာေပါ့ေလ အဓိကေတာ့ သူတို႔မွာလိုအပ္တဲ့ ပညာေရးနဲ႔ပတ္သက္တဲ့ အထူးသျဖင့္ မူလတန္းကလည္း အရမ္းအေရးႀကီးတယ္ေလ ရြာေတြမွာဆိုရင္ မူလတန္းကအရမ္းအေရးႀကီးတယ္ ေနာက္အဆင့္ဆင့္အေရးႀကီးပါတယ္ ေနာက္ဒီၿမိဳ႕ႀကီးမွာဆိုရင္ အထက္တန္းေက်ာင္းေတြမွာလည္း လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတယ္ ဥပမာဆိုရင္ ဆရာ ဆရာမ မလံုေလာက္တာတို႔ သူတို႔ရတဲ့ ဘြဲ႕နဲ႔ သင္ေနရတဲ့ ဘာသာရပ္ေတြမကိုက္ညီတာတို႔ ေနာက္ၿပီးေတာ့ အေတြ႕အၾကံဳ စာစစ္အေတြ႕အၾကံဳ ေတြလိုအပ္ခ်က္ေတြ အဲဒါေတြလည္းအမ်ားႀကီးျပင္ရမွာေလ ဒါေတြကေတာ့ အရင္ဆံုးျပင္ရမယ္’’ ေဒါက္တာ ေအးေအးငြန္ကေျပာသည္။  

ေဒၚေအးေအးငြန္သည္ ျမန္မာႏိုင္ငံတကၠသိုလ္အသီးသီးတြင္ Tutor ဘ၀မွစ၍ ဒုတိယပါေမာကၡခ်ဴပ္အထိ ပညာေရးေလာ ကတြင္ ႏွစ္ေပါင္း ၄၀ ေက်ာ္တာ၀န္ထမ္းေဆာင္လာသူတစ္ဦးျဖစ္ ၂၀၁၈ ခုႏွစတြင္ ပင္စင္ယူၿပီး ၂၀၂၀ ခုႏွစ္အေထြေထြေ ရြးေကာက္ပြဲတြင္ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (NLD) ပါတီကိုယ္စားျပဳအေနျဖင့္ ဟားခါးၿမိဳ႕နယ္ ခ်င္းျပည္နယ္အမ်ဴိး သားလႊတ္ေတာ္မဲဆႏၵနယ္ေျမအမွတ္ (၁၁) တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ 

“တခ်ိဳ႕ေတာရြာေက်းရြာေတြမွာဆိုရင္ ဆရာဆရာမ လံုး၀မရွိတဲ့ေက်ာင္းေတြရွိတယ္ အဲဒါက်ေတာ့ ဆရာဆရာမ မရွိပဲဘယ္လိုလုပ္ ေက်ာင္းသားေတြကစာတတ္မွာလဲ အဲဒါအရင္ဆံုးျဖည့္ဖို႔လိုတယ္ ပညာေရးကို ျမွင့္တင္မယ္ဆိုရင္၊ ေနာက္ၿပီးေတာ့ ဆရာ ဆရာမ အရည္အခ်င္းကလည္း ျပည့္စံုရမယ့္အျပင္ စိတ္ရွည္ၿပီး ေစတနာရွိရွိနဲ႔သင္ေပးမယ့္ ဆရာဆရာမေတြအမ်ားႀကီးလိုအပ္တယ္ အျဖစ္သင္တာမ်ိဳးမဟုတ္ဘဲနဲ႔ေလ ဒါမ်ိဳးေလးေတြေပါ့ အဲဒါအေရးအႀကီးဆံုးပဲ” ဟု ေဒါက္တာေအးေအးငြန္ကေျပာသည္။ 

အလားတူ ထန္တလန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမအမွတ္ (၂) မွ ေရြးခ်ယ္ခံရသည့္ ေဒၚနီေရႊလ်န္ကလည္း လာမည့္ လႊတ္ေတာ္ ၅ ႏွစ္တာသက္တမ္းတြင္ ပညာေရးက႑ကို ဦးစားေပးေဆာင္ရြက္သြားမည္ဟု ေျပာဆိုပါသည္။ 

“က်မတို႔ ခ်င္းမွာ တျခားသယံဇာတ တြင္းထြက္ပစၥည္းမရွိဘူး က်မတို႔ ခ်င္းျပည္နယ္မွာ အဓိကလူသားအရင္းအျမစ္ျဖစ္တဲ့ ပညာေရးကို က်မတို႔ တတ္ႏိုင္ဆံုးျပဳစုပ်ိဳးေထာင္လို႔ရွိရင္ တစ္ေန႔က်ရင္ က်မတို႔လည္း တျဖည္းျဖည္း တိုးတက္လာမယ္ အဲဒီအတြက္ေၾကာင့္ အဲဒီပညာေရးကို စိတ္၀င္စားဆံုးပဲ ကိုယ္တိုင္လည္း ပညာေရးဌာနကမွာ (၃၄) ႏွစ္လုပ္လာခဲ့တဲ့ အတြက္ေၾကာင့္ အားနည္းခ်က္ အားသာခ်က္ကို ကိုယ့္အေနနဲ႔ ခ်ိန္စလို႔ရတယ္ အဲဒါကနံပတ္တစ္မွာထားပါတယ္” ဟု ေဒၚနီေရႊလ်န္ကေျပာသည္။ 

ေဒၚနီေရႊလ်န္သည္ ယခုလက္ရွိတြင္ ထန္တလန္ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲ တြင္ ထန္တလန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမ အမွတ္(၂) တြင္ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ပါတီမွ ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ထပ္မံအႏိုင္ရရွိခဲ့သူျဖစ္သည္။ 

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပသည့္ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္တြင္ အမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ၁၃ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ယင္းအနက္ အမ်ဴိးသမီး ၄ ဦးအႏိုင္ရရွိခဲ့ၾကသည္။ အဆိုပါ ၄ ဦးအနက္ ၃ ဦးမွာ လက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကၿပီး ျပန္လည္ ေရြးခ်ယ္ခံရသူမ်ားျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.