ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ လေးမြို့မြစ်ပေါ်တွင် အကြီးစားရေကာတာ တည်ဆောက်မည်ဆိုပါက အနီးနားပတ်ဝန်းကျင်ကျေးရွာပေါင်း (၅၁) ရွာမှ လူဦးရေနှစ်သောင်းကျော်တို့သည် ဘေးဒုက္ခကြုံတွေ့နိုင်သည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (Chin River Watch) အဖွဲ့ကပြောဆိုလိုက်သည်။ ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီး၊ လေးမြို့မြစ်ပေါ်တွင် လျှပ်စစ် မဂ္ဂါဝပ် (၆၂၂) ထွက်ရှိနိုင်မည့် စီမံကိန်း (၁) နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စိုင်းဒင်ကျေးရွာအနီးတွင် လျှပ်စစ် (၁၀၅) မဂ္ဂါဝပ် ထွက်ရှိနိုင်မည့် စီမံကိန်း (၂) ကို တည်ဆောက်ရန် အစိုးရက လေ့လာဆန်းစစ်မှုများပြုလုပ်နေသည့်ကိစ္စနှင့်ပတ်သက်၍ Chin River Watch အဖွဲ့က နိုဝင်ဘာလ (၄) ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ထိုကဲ့သို့ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ Chin River Watch ၏ အတွင်းရေးမှူး ဦးမန်ဇခုပ်က “ အဲဒီအနီးနားမှာရှိတဲ့ ကျေးရွာအနည်းဆုံး (၅၁) ရွာကလူဦးရေက နှစ်သောင်းလောက်ဟာ ပြောင်းရွှေ့ရမယ့်အလားအလာရှိနေတယ်၊ တကယ်လို့ မပြောင်းရင်လည်း ရေအောက်ထဲရောက်သွားနိုင်တယ်၊ အဲဒီစီမံကိန်းကို အစိုးရကအကောင်ထည်ဖော်မယ်ဆိုရင် အဲဒီဒေသခံ ပြည်သူလူထုတွေက အဲဒီမြစ်ကမ်းပေါ်မှာပဲ လုပ်ကိုင်စားသောက်နေထိုင်ကျတာကိုး အဲဒီတော့ရေကာတာကိုဖွင့်ရင်တော့ လုပ်ကိုင်လို့ရမှာမဟုတ်ဘူးလေ အဲဒီခါမှာ အလုပ်လက်မဲ့တွေဖြစ်သွားကြမယ်’’ ဟု ပြောသည်။ လေးမြို့မြစ်တစ်လျှောက်သည် ချင်းမျိုးနွယ်များဖြစ်သည့် ဒိုင်၊ လေးတူမျိုးနွယ်စုများနှင့် ရခိုင်တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး မြစ်ချောင်းတစ်လျှောက်တွင် ကျေးရွာပေါင်း (၆၀) ကျော်၊ လူဦးရေ သုံးသောင်းနီးပါးခန့် နေထိုင်ကြသည်ဟုသိရသည်။ “တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကျနော်တို့မတည်ထောင်နိုင်သေးသရွေ့ကာလပတ်လုံး ဒီလိုမျိုး အကြီးစားစီမံကိန်းတွေကို အစိုးရအနေနဲ့ လုံးဝမလုပ်သင့်ဘူး၊ ခွင့်မပြုသင့်ဘူး၊ ရပ်တန့်ပေးဖို့ ကျနော်တို့တောင်းဆိုပါတယ်’’…
Author: Editor
ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန် (၉) ဦးကို ယနေ့နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “ဒီနေ့မနက် မနက်(၆) နာရီကသူတို့ပြန်လွှတ်လိုက်ပြီ၊ ဦးဝှေ့တင်းတစ်ယောက်ကိုပဲ မေးစရာရှိသေးတယ်ဆိုပြီး ဆက်ထိန်းသိမ်းထားတယ်’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအ၀င် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့သည် စပိဘုတ် (၂) စီးဖြင့် ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာရာတွင် နိုဝင်ဘာလ (၃) ရက်နေ့၌ အေအေတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကဲ့သို့ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် အသက် (၆၀) အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦးသည် အမောဆို့ပြီး သေဆုံးသွားခဲ့သည်ဟု ၀န်ကြီးကဆက်ပြောသည်။ “အဲဒီ (၉) ယောက်ထဲမှာ အိန္ဒိယနိုင်ငံသားတစ်ယောက် အသက် (၆၀) အရွယ်ရှိတဲ့ တစ်ယောက်ကတော့ အမော့ဆိုပြီး သေသွားတယ်၊ သေသွားတဲ့အလောင်းနဲ့ ကျန်တဲ့ (၈) ယောက်ကတော့ အခုသူတို့ မနေ့ speed boat ရှိတဲ့နေရာလာပြီးတော့ အခုကျောက်တော်ကိုသွားတယ် ကျောက်တော်ကနေ အလောင်းကို စစ်တွေကိုအခုသူတို့ထွက်သွားကြတယ်” စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာ ယခုကဲ့သို့ဖြေကြားခဲ့သည်။ “ဦးဝှေ့တင်းကိုတော့ ကျနော်တို့လုံခြုံရေးအရ နောက်ထပ်စစ်ဆေးစရာတွေရှိသေးတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ ထိန်းသိမ်းထားတာရှိတယ်၊…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ မရှိသည့် ကျောင်းပေါင်း (၁၅၀) ကျော်ရှိနေကြောင်း သိရသည်။ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမ မရှိသည့်ကျောင်း (၁၁၈) ကျောင်းရှိပြီိး မတူပီမြို့နယ်တွင် (၄၅) ကျောင်းရှိနေကြောင်းနှင့် ယင်းကျောင်းများတွင် ဆရာ၊ ဆရာမများခန့်နိုင်ဖို့ ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်နေကြောင်း ပြည်နယ် လူမှုရေး ၀န်ကြီး ဦးပေါင်လွန်မင့်ထန် ကဆိုသည်။ “အခုလို ဖြစ်နေတဲ့နေရာမှာ Teaching Assistant လို့ခေါ်တဲ့ TA စနစ်နဲ့ဘဲ ဖြေရှင်းနိုင်တဲ့အတွက် ကျတော်တို့ TA ကို ၉ တန်းအောင်၊ ၁၀ တန်းအောင်နဲ့ ဘွဲ့ရတဲ့သူလည်းပါမယ်၊ ပလက်ဝမြို့နယ်မှာ ၃၆၀ ဦးကိုခေါ်ပြီး ဖြေရှင်းနေပါတယ်” အောက်တိုဘာလ (၃၁) ရက်နေ့ ချင်းမီဒီယာနှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးက ပြောကြားခဲ့သည်။ မတူပီမြို့နယ်တွင်မူ ကျောင်းဆရာ၊ ဆရာမ မရှိသည့်ကျောင်း ၄၅ ကျောင်းရှိနေပြီး ကျောင်းဆရာ ၁၅၀ ဦးခန့်ထားနိုင်ရန် လူ ၁၄၀၀ ဦး ကျော်ကနေ TA ဖြေဆိုနေကြကာ မကြာခင်မှာ ခန့်ထားရန်ရှိကြောင်း သိရသည်။ “ပြည်ထောင်စုဝန်ကြီးကတော့ ဘွဲ့ရတဲ့သူတွေခေါ်နိုင်ရင် နောက်နောင်မှာလည်း ဆရာအဖြစ် ဆက်လက် ခန့်ထားနိုင်ဖို့ ဆိုထားပေမဲ့ ဒေသခံ လူတွေကိုဦးပေးနေတဲ့အတွက် ဒေသခံလူတွေကို ပထမဦးစားပေး အနေနဲ့ ခန့်ထားမှာဖြစ်တယ်” ဟု ၀န်ကြီးက ဆိုသည်။ ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၁၄၉၈ ကျောင်းရှိနေကြောင်း ယင်းကျောင်းများအတွက် ပြည်ထောင်စု အစိုးရမှ ကျောင်း ဆရာ၊…
By ဒိမ် – ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင် နေကြသည့် ဘောမ်မျိုးနွယ်စု ၁၃၀ ကျော်ကို ပြည်နယ်အစိုးရက ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် နေရာချထား မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “မီးဇာမှာရှိနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၂၁) စု၊ လူဦးရေနဲ့ဆိုရင် ၁၃၂ ဦးကို မီးဇာကနေ တီကီးရ်ဘက်ကို လာနိုင်ဖို့ ကျတော်တို့က စီစဉ်နေတယ် ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၁ ရက်ညနေပိုင်းက ကျင်းပပြုလုပ်သော ချင်းမီဒီယာများနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံပွဲတွင် စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောကြားခဲ့သည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ကင်းသလင်း၊ ကုန်ပြင်၊ ပီတောင်၊ ယင်ခံဝနှင့် ဆတ်လိုင်ဝကျေးရွာတို့မှ ချင်းပြည်သူ (၆၀၀) ကျော်တို့သည် မီးဇာကျေးရွာတွင် ယာယီတဲအိမ်များ ထိုးကာ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အထဲမှ ဘောမ်မျိုးနွယ်စုများသည် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာဘက်သို့ ပြောင်းရွှေအခြေချနေထိုင် လိုကြောင်း ချင်းပြည်နယ်အစိုးရ၊ သီးကီးရ်ကျေးရွာလူကြီးများထံ တင်ပြတောင်းဆိုခဲ့ကြပြီးနောက် ပြောင်းရွှေ့အခြေချ နိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ပေးခြင်းဖြစ်သည်။ မီးဇာမှတဆင့် တီကီးရ်ကျေးရွာအထိ သွားလာရေးကို ပြည်နယ်အစိုးရက စီစဉ်ပေးသွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း နေရာချနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။ သီကီးရ်ကျေးရွာတွင် အစိုးရကဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ် (၂၆) လုံး အဆင်သင့်ရှိနေပြီ ဖြစ်ရာ စစ်ဘေးရှောင်များ ယာယီနေထိုင်စဉ် စားဝတ်နေရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုပါသည်။ ” သူတို့ရဲ့ စားဝတ်နေရေးအတွက်တော့ နိုင်ငံခြားက…
By ဒိမ် – လာမည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကြီးကို ထန်တလန်မြို့တွင် ပြည်နယ်ဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “လာမည့်နှစ် ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့မှာ ကျင်းပပြုလုပ်ဖို့ ကျတော်တို့ Cabinet မှာဆုံးဖြတ်ထား ပါပြီ၊ ကျင်းပမည့်နေရာက လက်ရှိ ထန်တလန် ဘော်လုံးကွင်းကို ပထမဦးစားပေး အနေနဲ့ သတ်မှတ်ပြီး ဒုတိယ ဦးစားပေးတဲ့ဟာက ယခုအားကစားခန်းမ ဆောက်လုပ်တဲ့နေရာကို သတ်မှတ်ထားပါတယ်” ဟု ၀န်ကြီး ဦးစိုးထက်က ပြောသည်။ (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကျင်းပပြုလုပ်ရန် အစောပိုင်းတွင် စီစဉ်ထားခဲ့ကြသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ထန်တလန်မြို့တွင်ကျင်းပရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။ “၂၀၂၀ ဖေဖေါ်ဝါရီ (၂၀) မှာ ပလက်ဝတံတားလည်းပြီးတော့မယ်။ အဲဒီမှာ တံတားဖွင့်ပွဲနဲ့ ချင်းအမျိုးသားနေ့ တပြိုင်တည်း ကျင်းပဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ နိုင်ငံတော်အကြီးအကဲတွေ အဲဒီမှာ ဘယ်လိုမှ လာနိုင်မှာမဟုတ် ဘူး၊ သိရှိကြတဲ့အတိုင်း အေအေလှုပ်ရှားမှု ပိုမိုပြင်းထန်နေတဲ့အတွက် ထန်တလန်မှာ သတ်မှတ်တာဖြစ်တယ်၊ ၂၀၂၁ ခုနှစ်မှာတော့ ပလက်ဝမှာ ကျင်းပဖို့ လျာထားပါတယ်” ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ် ၀န်ကြီးချူပ်အပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများသည် လာမည့်နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ထန်တလန်မြို့သို့သွားရောက်ကာ ချင်းအမျိုးသားနေ့ကျင်းပပြုလုပ်မည့် နေရာများကို လေ့လာကြည့်ရှုပြီး တည်နေရာကို အတည်ပြုသတ်မှတ်ကြမည်ဟု သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမ၀ကျေးရွာအုပ်စု၊ ပွီဝုန်းကျေးရွာနေ ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်းအား အမည်မသိလူတစ်စုမှ အောက်တိုဘာလ ၂၇ ရက်ည ၉ နာရီခန့်တွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိ မည်သည့်သတင်းအစအနမှမကြားရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။ ပလက်ဝမြို့မှ (၁၀) ခန့်ဝေးသော ပွီဝုန်းကျေးရွာတွင် ဦးတောင်ပန်းတို့မိသားစုသည် ထမင်းဆိုင်ဖွင့်လှစ်နေထိုင်ကြပြီး အောက်တိုဘာလ (၂၇) ရက်၊ ည (၉) နာရီခန့်တွင် အရပ်ဝတ်ဖြင့်လူ (၆) ဦးခန့် ၎င်းတို့နေအိမ်သို့ရောက်ရှိလာကာ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဦးတောင်ပန်း၏ သမီးကပြောသည်။ “သူတို့ကဘယ်သူတွေလည်းတော့မသိဘူး၊ ရခိုင်စကားတော့ပြောကြတယ်၊ အဖေ့ကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ခုချိန်ထိဘာသတင်းမှမကြားရသေးဘူး၊ တစ်ခုခုဖြစ်သွားမှာကို ကျမတို့အရမ်းစိုးရိမ်တယ်’’ ဟု ဦးတောင်ပန်း၏သမီးကပြောသည်။ ဦးတောင်ပန်း၏ မိသားစုဝင်များသည် ကြောက်လန့်သည့်အတွက် ပွီဝုန်းကျေးရွာမှ ပလက်ဝမြို့ပေါ်ရှိ ဆွေးမျိုးများထံသို့ သွားရောက်ပြောင်းရွှေ့နေထိုင်ကြသည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ဒေသခံရွာသားစုစုပေါင်း (၁၅) ဦးပျောက်ဆုံးပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ခူမီးချင်းမျိုးနွယ်စုပေါင်းစပ်ညှိနှိုင်းရေးကောက်မတီ (KACC) တို့က ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ “ပလက်ဝမြို့နယ်မှာ သတင်းအစအနမရှိပျောက်ဆုံးတဲ့ဒေသခံ (၈၂) ဦးရှိတယ်” လို့ ပြောဆိုကြောင်း ဟားခါးမြို့အခြေစိုက် The Hakha Post သတင်းမှာ ဖော်ပြထားပါသည်။
(၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့ပွဲတော်ညဖျော်ဖြေရေးအစီစဉ်တွင် ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ချင်းလူငယ် (၆) ဦး ထောင်ဒဏ် (၄နှစ်) ခွဲစီအမိန့်ချမှတ်မှုကို ပြန်လည် စဉ်းစားကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် မတူပီမြို့တွင်ယနေ့နံနက်ပိုင်းက ပြည်သူ ၁၀၀ ကျော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ညပိုင်းဖျော်ဖြေရေးအစီစဉ်ပွဲပြီးခါနီးတွင် ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ ယင်းရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတူပီမြို့မှ ချင်းလူငယ် (၆) ဦးကို နောက်တနေ့တွင် ၎င်းတို့နေအိမ်သို့ ရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့ကြပြီး ရဲစခန်းတွင် (၈) လချူပ်နှောင်အမှုရင်ဆိုင်စေပြီးနောက် အောက်တိုဘာလ (၁၀) နေ့က ထောင်ဒဏ်(၄နှစ်)ခွဲစီအမိန့်ချမှတ်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သည့် ချင်းလူငယ်အဖွဲ့အစည်း(မတူပီ)မှ အတွင်းရေးမှူးဆလိုင်းထန်အုပ်ကတော့ ထောင်ဒဏ်ချမှတ်ခံရသည့် (၆) ဦးထဲမှ (၂) ဦးသည် အဆိုပါအခင်းဖြစ်ပွားသည့်ညတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ညဖျော်ဖြေပွဲကို သွားရောက်ခြင်းမရှိဘဲ မိမိတို့နေအိမ်မှာသာ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။ “ အဲဒီခြောက်ယောက်ထဲမှာ ပွဲထဲကိုလုံးဝမသွားတဲ့ကလေးတစ်ယောက်ရှိတယ်၊ ပြီးတော့ တစ်ယောက်ကတော့ ပြသာနမဖြစ်ခင် ကိုယ့်အိမ်ကိုပြန်သွားတဲ့သူတစ်ယောက်ပါတယ်၊ ဘယ်လိုဖြစ်ဖြစ် သူတို့အားလုံးအပေါ်မှာ ဒီလိုပြစ်ဒဏ်တွေချမှတ်တဲ့ကိစ္စကို အတတ်နိုင်ဆုံးလျှော့ချပေးဖို့ ပြန်လည်စီစစ်ပေးဖို့တောင်းဆိုတာဖြစ်တယ်’’ ဟု ဆလိုင်းထန်အုပ်ကပြောသည်။ အင်အား (၁၀၀) ကျော်ပါဝင်သည့် မတူပီမြို့ဒေသခံပြည်သူများသည် ယနေ့နံနက် (၉နာရီခွဲ)ကစတင်၍ ရှစ်လမ်းဆုံမှ ဗိုလ်ချူပ်လမ်းမအတိုင်း စတင်ချီတက်ကာ စန်ဘောင်လမ်းဆုံအထိ ထိုမှတဆင့် အခင်းဖြစ်ပွားရာနေရာ ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ စီတန်းလှည့်လည်ချီတက်ခဲ့ကြပြီး နံနက်ပိုင်း (၁၁ နာရီခွဲ) တွင် အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်ဟုသိရသည်။
ချင်းပြည်နယ် မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်၌ ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီချမှတ်လိုက်သည့်အပေါ် မတူပီမြို့ ပြည်သူလူထုက အောက်တို ဘာလ (၂၉) ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ အဆိုပါရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က မတူပီမြို့နယ်တရားရုံးမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းများကို ထိခိုက်နာကျင်စေမှု (ပုဒ်မ၃၃၂)၊ သူတစ်ပါးအားနာကျင်စေမှု (ပုဒ်မ ၃၂၃)၊ သူတစ်ပါးအကျိုးဖျက်ဆီးမှု (ပုဒ်မ၄၂၇) စသည့်ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၄ နှစ်ခွဲ) စီကျခံစေရန် အသီးသီးအမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ မတူပီမြို့နယ်တရားရုံးအနေဖြင့် ယခုကဲ့သို့ ချင်းလူငယ်များအပေါ် ကြီးလေးသော အပြစ်ဒဏ်ချမှတ်မှုကို ပြန်လည်စဉ်းစားပေးရန် သက်သက်ညှာညှာလုပ်ဆောင်ပေးရန် တောင်းဆိုသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ကြမည်ဟု ချင်းလူငယ်အဖွဲ့အစည်း (မတူပီ) အတွင်းရေးမှူးဆလိုင်းထန်အုပ်ကပြောသည်။ “ ဒီကိစ္စမှာတော့ ကလေးတွေက တရားခံအစစ်လည်းမဟုတ်သလို တရားခံပါလို့လည်းပြောလို့မရဘူး စခန်းမှူးက တရားလိုလုပ်တယ် သူ့ရဲငယ်သားရဲတွေကဘဲ သက်သေလုပ်ပေးတယ် တရားရုံးကနေအတည်ပြုပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တယ် မိဘတွေအနေနဲ့က…
By – Lian Tuang – ချင်းပြည်နယ် အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှုများနှင့် ပတ်သက်ပြီး “ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ပဲ တက်တက် ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး” လို့ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ၀န်ကြီး ဦးစိုးထက်မှ အောက်တိုဘာ ၁၇ရက်နေ့တွင် ပြောကြားသည့် သတင်းကို ဖတ်ရပါသည်။ အစပိုင်းတွင် ၀န်ကြီး၏ ပြောဆိုမှုမှာ မှန်ကန်မှု မရှိပဲ စိတ်ထဲရှိရာ လျှောက်ပြောနေသည် သို့မဟုတ် ဟာသ တော်တော်ပြောတတ်တာပဲ ဆိုပြီး မိမိစိတ်ထဲတွင် ဆင်ခြင် သုံးသပ်မိပါသည်။ သို့သော်လည်း အချိန်ယူပြီး သေချာ စဉ်းစားကြည့်လိုက်သောအခါ ၀န်ကြီး၏ ပြောဆိုမှုသည် ဟာသတစ်ပုဒ် မဟုတ်ခဲ့သလို မှားယွင်းသော ပြောဆိုမှု မဟုတ်မှန်းကို တဖြည်းဖြည်း သဘောပေါက်ခဲ့ပါသည်။ အမှားအမှန် ရောထွေး မိမိသည် မြို့တော် ဟားခါး အပါအ၀င် မြို့နယ် တော်တော်များများကို လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ် အတွင်း ရောက်ခဲ့ဖူးသည် ဖြစ်ရာ မြို့နယ် အများစုသည် ဂုဏ်ယူဝင့်ကြွားလောက်အောင် တိုးတက် ပြောင်းလဲမှု မရှိသော်လည်း တစ်ချို့ မြို့ကြီးများသည် နေ့ချင်းညချင်း တိုးတက် ကြီးပွားနေသည်မှာ မျက်မြင်တွေ့ရှိရပါသည်။ ဖွံ့ဖြိုးတိုးတက်ကြီးပွား ခွင့်ရခဲ့သော မြို့ကြီးများဖက်မှ ကြည့်မည်ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အစိုးရ တက်တက် ယခုအစိုးရလောက် လုပ်ဆောင်ပေးနိုင်မည် မဟုတ်ဘူး ဆိုတာ အမှန်တရား ပင်ဖြစ်ပါသည်။ ထို့ကြောင့် ၀န်ကြီး၏ ပြောစကားသည် ဟာသတစ်ခု သာ မဟုတ်ပဲ…
By ဒိမ် – ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေစိုက်နေသည့် ရုန်းကုမ္ပဏီမှ အလုပ်အကိုင် ကျွမ်းကျင်သည့် ချင်းလူငယ်များ အား ၄င်းကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် ခေါ်ယူနေကြောင်း သိရသည်။ “ကျတော့ ကုမ္ပဏီမှာ ဒေသခံ ချင်းလူငယ်များက အလုပ်လျှောက်နိုင်တယ်။ အဆောက်အဦး ဆောက်လုပ်တဲ့ လုပ်ငန်းနဲ့ လျှပ်စစ် သွယ်တန်းရေးလုပ်ငန်းတတ်မြောက်တဲ့ သူတွေကို ခန့်မှာဖြစ်တယ်။ ပြီးတော့ ချင်းလူငယ် တွေဟာ လုပ်ငန်းကျွမ်းကျင်မှု အားနည်းနေတဲ့အတွက် အလုပ်ကြိုးစားတဲ့ သူ၊ လုပ်ငန်း တတ်ကျွမ်းလိုတဲ့ လူငယ် တွေကိုလည်း ခန့်မှာပါ” လို့ ရုန်းကုမ္ပဏီပိုင်ရှင် ဦးချွမ်လိန်းက ခိုနုမ်းသုန်သတင်းဌာနကို ပြောဆိုခဲ့သည်။ ပြည်ထောင်စု အစိုးရက ချင်းပြည်နယ်အတွက် ချမှတ်ပေးထားသည့် လုပ်ငန်းများကို ချင်းလူမျိုးများက အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းဖန်တီးပေးသည့်အနေဖြင့်သော်လည်းကောင်း ချင်းပြည်နယ် အတွင်းရှိ မည်သည့်လုပ်ငန်းတွင်မဆို ချင်းလူမျိုးများ ကိုယ်တိုင် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ရုန်းကုမ္ပဏီအနေဖြင့် ဒေသခံ လူငယ်များကို ဦးစားပေး အလုပ်ခန့်အပ်ခြင်းဖြစ်ကြောင်း ရုန်းကုမ္ပဏီ ပိုင်ရှင်က ဆိုပါသည်။ ရုန်းကုမ္ပဏီသည် ဟားခါးမြို့တွင် ဆောက်လုပ်နေသည့် ချင်းပြည်နယ် အမျိုးသားအားကစားရုံကို အလုပ်သမား ၂၀၀ နီးပါးရှိသည့်အနက် ချင်းလူငယ် အယောက် ၁၀၀ ကျော်ဖြင့် ဆောက်လုပ်နေပါသည်။ ချင်းလူငယ်များသည် အလုပ်အကိုင်ကျွမ်းကျင်မှုပိုင်း အားနည်းနေသေးသည့်အတွက် ပြည်မမှ ရောက်ရှိလာသည့် အလုပ်သမားနှင့်အတူ လုပ်ငန်းများတွဲပြီး လုပ်ကိုင်စေခြင်းဖြင့် အလုပ်ကျွမ်းကျင်မှု ပိုမိုရရှိလာကြောင်း သိရသည်။ “ပြည်ထောင်စု အစိုးရကနေ ချင်းလူမျိုးတွေ အစစအရာရာမှာ…
