ချင်းပြည်နယ်တောင်းပိုင်းညီလာခံနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ယခုကသို့ ပိတ်ပင်နေခြင်းသည် ဒီမိုကရေစီဖြစ် စဉ်ကို အနုတ်သဘောဆောင် စေသည်ဟု ချင်းလူငယ်များကွန်ယက် (Chin Youth Network) မှ သဘောထားချက်တစ်စောင် ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာသည့်နောက်ပိုင်း ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည့်ကာလတွင် တိုင်းရင်းသား လူမျိုးများ၏ လွတ်လပ်စွာ သဘောထားထုတ်ဖော်ပြောဆိုခွင့်များနှင့်အတူ လွတ်လပ်စွာ စုရုံး လှုံ့ဆော်ခွင့်များအား ယခုကဲ့သို့ ပိတ်ပင်နေခြင်းသည် ဒီမိုကရေစီ ဖြစ်စဉ်ကို အနုတ်သဘောဆောင်စေ သည်ဟု သဘောထားချက်တစ်စောင်တွင် ယခုလို ရေးသားဖော်ပြခဲ့သည်။ အဆိုပါ သဘောထားထုတ်ပြန်ချက်စာစောင်အရ “မိမိတို့ ချင်းတိုင်းရင်းသားများအကြား အမြင်သဘောထား ကွဲပြားလာမှုများနှင့်အတူ စည်းလုံး ညီညွတ်မှုကို မိမိတို့ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် စိုးရိမ် ပူပန်မိကြောင်း” ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းတိုင်းရင်းသားများအကြား အမြင်မရှင်းမလင်းဖြစ်တည်နေမှုအပေါ် ချင်းပြည်နယ် အစိုး ရနှင့် ပြည်ထောင်စု သမ္မတရုံး တို့မှ ပွင့်လင်းမြင်သာစွာဖြင့် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးပါရန် အလေးအနက်ထား တိုက်တွန်းခဲ့သည်။ ချင်းပြည် တောင်ပိုင်းညီလာခံ ကျင်းပခွင့်ပိတ်ပင်လိုက်ခြင်းသည် အာဏာရှင်ဆန်လွန်းရာရောက်သည်ဟု ချင်းတိုးတက်ရေး ပါတီ (CPP) အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်း ကလည်း ပြောကြားခဲ့သည်။ ၂၀၁၆ ဇူလိုင်လ ၈-၉ ရက်နေ့များတွင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၌ပြုလုပ်မည့် ချင်းပြည်နယ် တောင်ပိုင်း ညီလာခံနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုသမ္မတရုံးတို့မှ ညီလာခံ မကျင်းပမီ (၁) ရက်အလိုတွင် ခွင့်ပြုချက် မပေးခြင်းကြောင့် ပြည်သူ့ညီလာခံ အထမမြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
Author: Editor
၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီမှ ကြီးမူးကျင်းပမည့် ချင်းပြည်သူများနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပွဲကြီးကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ Orchid ဟိုတယ် ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ State wide Consultation, Chin State – In Preparation for the 2nd (the 21st Century) Panglong Conference ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ ညှိနှိုင်းပွဲကြီးတွင် အဓိကအားဖြင့် Federalism and Resource sharing နှင့် Security and Ethnic equality အကြောင်းအရာ ကိစ္စများကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြမည်ဖြစ်ကြောင်း အွန်လိုင်းမီဒီယာ Innpi Page စာမျက်နှာတွင် ဖော်ပြသည်။ အဆိုပါ အခမ်းအနားပွဲတွင် ပါဝင်တက်ရောက်မည့်သူများမှာ ချင်းပြည်အခြေစိုက် နိုင်ငံရေးပါတီ ၁၀ ခုမှ ၅ ယောက်စီ၊ CSO ၁၆ ခုမှ ၂ ယောက်စီ၊ ပြည်ပရောက် CSO များမှ တစ်ယောက်စီ ပါဝင်လာနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လံညီလာခံ တွင် နိုင်ငံရေးပါတီအားလုံးကို ပါဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးရွေးချယ်ခံခဲ့ရသော နိုင်ငံရေးပါတီများကိုသာ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ပြုမည်ဟုပြောဆိုခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှလွဲပြီး ချင်းနိုင်ငံရေးပါတီအားလုံးသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ…
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ချင်းပြည် တောင်ပိုင်းညီလာခံ အစည်းအဝေးကို နိုင်ငံတော်အစိုးရက ကျင်းပခွင့်ပိတ်ပင်လိုက်ခြင်းသည် အာဏာရှင် ဆန်လွန်းရာရောက်သည်ဟု ချင်းတိုးတက်ရေးပါတီ (CPP) အထွေထွေအတွင်းရေးမှူး ပူးရှိန်းထွန်း က ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပူးရှိန်းထွန်းက “ပြည်နယ်ဝန်ကြီးချူပ် ဦးလျန်လွယ်လက်ထက် ချင်းပြည်နယ် NLD ဦးဆောင်တဲ့ အစိုးရက ပွဲကျင်းပဖို့တောင်မှ ဆုံးဖြတ်ချက်မပေးနိုင်ဘူး ဗဟိုကဘဲ ဆုံးဖြတ်တယ်ဆိုတော့ အာဏာရှင် ဆန်လွန်း ရာရောက်တယ်” ဟု သူ၏ facebook စာမျက်နှာတွင် ဖော်ပြသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ ပွဲကျင်းပနိုင်ရန် ပွဲမိန့်ရရှိရေးအတွက်ကိုတောင် ဆောင်ရွက်မပေးနိုင် သည့်အပေါ် စဉ်းစားစရာဖြစ်လာကြောင်း ဒီမိုကရက်အစိုးရဖြစ်စေချင်သည်ဟု ပူးရှိန်းထွန်းက သူ၏ facebook စာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။ တောင်ပိုင်းညီလာခံတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံကို ဘုံသဘောတူညီချက် (၁၅၁) ချက်အပေါ် ပြန်လည်လေ့လာဆန်းစစ်ခြင်း နှင့် ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကိစ္စကို နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိုးသားရေး လုပ်ငန်း ပိုင်းဆိုင်ရာတွင် ရေရှည်အလုပ် တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်း တစ်ခုဖြစ်ပေါ်လာရေး တို့ကို အဓိကဆွေးနွေး ရန် စီစဉ်ထားခဲ့ကြသည်။ ချင်းပြည်နယ် မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ၂ ရက်တာ ကျင်းပရန် စီစဉ် ထားသော ချင်းပြည် တောင်ပိုင်း…
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်းညီလာခံ အစည်းအဝေးကို နိုင်ငံတော်အစိုးရက ကျင်းပခွင့်ပိတ်ပင်လိုက်ကြောင်းသိရသည်။ မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ၂ ရက်တာ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်း ညီလာခံကို ဆိုင်းငံ့ထားရန် ညီလာခံ မကျင်းပခင် တစ်ရက်အလိုတွင် နိုင်ငံတော် သမ္မတရုံးက ညွန်းကြားလာသည်ဟု ညီလာခံကျင်း ပရေးကော် မတီအတွင်းရေးမှူး ဦးအောင်လောဟာ ကပြောသည်။ “ ဒီကိစ္စကို အခြေအနေအချိန်အခါအရ ခေတ္တဆိုင်းငံ့ထားဖို့ဆိုပြီး ခရိုင်အုပ်ချူပ်ရေးမှူးကနေတဆင့် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးလက်မှတ်နဲ့ညွန်ကြားစာကျနော်တို့ဆီပို့လာပါတယ်’’ ဟု ဦးအောင်လောဟာကပြောသည်။ ယင်းအခြေအနေကြောင့် ချင်းပြည်တောင်ပိုင်းညီလာခံကို နဂိုစီစဉ်ထားသည့်အတိုင်း မကျင်းပနိုင်တော့ကြောင်း၊ ညီလာခံ သဘောမျိုးမဟုတ်ဘဲ တွေ့ဆုံပွဲပမာကျင်းပရန်လည်း တဖန်စီစဉ်ခဲ့ကြသော်လည်း ဒေသတွင်းအာဏာပိုင်များ၏ အနီးကပ် စောင့်ကြည့်မှုများကြောင့် ဘာတစ်ခုမျှလုပ်ဆောင်၍မရကြောင်း သူကဆက်ပြောသည်။ တောင်ပိုင်းညီလာခံတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်အပေါ် ပြန်လည်လေ့လာဆန်းစစ်ခြင်း နှင့် ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိစ္စကို နှင့် ချင်း ပြည်နယ်တောင်ပိုင်းတွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိုးသားရေးလုပ်ငန်းပိုင်းဆိုင်ရာတွင် ရေရှည်အလုပ် တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရေးတို့ကို အဓိကဆွေးနွေးရန် စီစဉ်ထားခဲ့ကြသည်။ ညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်တောင်ပိုင်းဒေသခံမှ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ် တို့မှ ကိုယ်စားလှယ်နှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များလည်း ရောက်ရှိလာကြပြီး ညီလာခံကျင်းပရန် အဆင်သင့်ဖြစ် ပြီးသည့်အချိန်တွင် ယခုကဲ့သို့ အနီးကပ် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။ “…
ဆလိုင်းဗန်ကျုံးလျန် (ယူကေ) – ကျွန်တော် ယူကေနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါ။ Brexit နှင့်ပတ်သက်ပြီး ကျွန်တော့ အမြင်နှင့် ခံစားချက်လေး ဝေငှချင်ပါတယ်။ Brexit ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါဘဲ ဥရောပသမဂ္ဂထဲကနေ ယူကေနိုင်ငံထွက်ခွာဖို့ (သို့) ဆက်နေဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတာ ဖြစ်ပါတယ်။ ယူကေနိုင်ငံဟာ ဥရောပသမဂ္ဂထဲမှာ ဆက်နေမလား ထွက်မလားဆိုတာ သူတို့နိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်ပါ။ တိုင်းတစ်ပါးကနေ ပြောင်းရွှေ့လုပ်ကိုင်သူတစ်ဦးအနေနဲ့ ဘာမှပြောဆိုခွင့်မရှိပေမယ့် နိုင်ငံခြားမှ ပြောင်းရွှေ့လုပ်ကိုင်သူတွေကို ကြိုဆိုတဲ့ နိုင်ငံဖြစ်စေချင်တဲ့အတွက် ဆက်နေဖို့မဲဆွယ်တဲ့သူတွေကို စိတ်ထဲကနေ အားပေးခဲ့တယ်။ ဆက်နေဖို့လည်း မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ။ ထွက်ဖို့ဆုံးဖြစ်ပြီးပြီး။ တစ်ချို့တွေက ဒါဟာ ဒီမိုကရေစီရဲ့အောင်ပွဲလို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမမြင်ပါဘူး။ ဒီနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်သူတစ်ဦးအနေနဲ့ လက်ယာ ဘက်အစွန်းရောက် (Right Wing Extremist) လူမျိုးရေးခွဲခြားစိတ်ရှိတဲ့သူတွေရဲ့ အောင်ပွဲလို့ဘဲမြင်ပါတယ်။ တိုင်းတစ်ပါးကနေ ယူကေနိုင်ငံကို လာရောက်ပြောင်းရွှေ့လုပ်ကိုင်သူများကို မလိုလားတဲ့သူတွေ၊ မုန်းတီးတဲ့သူတွေရဲ့ အောင်ပွဲလို့ပဲခံယူပါတယ်။ ထွက်ဖို့မဲပေးသူအားလုံးကို အစွန်းရောက်သူတွေလို့ မဆိုလိုပါ။ ဒါပေမယ့် အများစုဟာ နိုင်ငံခြားကနေ ၀င်ရောက်လာသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ခုလို ဥရောပသမဂ္ဂကနေထွက်ဖို့မဲပေးလိုက်ကြတာပါ။ ဥရောပသမဂ္ဂရဲ့ ဥပဒေအရ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိကြတယ်။ ယူကေနိုင်ငံက ထိန်းချုပ်နိုင်ခွင့်မရှိပါဘူး။ အဲဒါကြောင့် ဥရောပသမဂ္ဂ အပေါ်မှာ မကျေနပ်တဲ့သူတွေ တော်တော် များပါတယ်။ ထွက်ဖို့ (Leave) မဲဆွယ်တဲ့ခေါင်းဆောင်တွေဟာ နိုင်ငံရေးအဆိုနဲ့ပြောရမယ်ဆိုရင်တော့ လက်ယာဘက် နှင့် လက်ယာဘက်အစွန်းရောက်သူ (Right & Extreme Right Wing)…
မြန်မာ့ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း လက်ရှိ Mizo National Front (MNF) ဥက္ကဌ ပူး ဇိုးရမ်းထန်းငါသည် ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာ ခဲ့ကြောင်း သိရသည်။ ပူး ဇိုးရမ်းထန်းငါသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှခေါင်းဆောင်များနှင့် တွေ့ဆုံကြ မည်ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေးကြမည်ဟု မီဇိုရမ်ဒေသထုတ် Vanglaini သတင်း တွင်ဖော်ပြထားသည်။ (MNF) ဥက္ကဌသည် မြန်မာ့ငြိမ်းချမ်းရေး ကြား ၀င်ကူညီဆောင်ရွက်ပေးရန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး မီဇိုးလက်နက်ကိုင်တပ်ဖွဲ့ နှင့် အိန္ဒိယ အစိုးရ အကြား ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများ ကို ရှင်းလင်းဖလှယ်ခဲ့ဘူးသည်။ Pu Laldenga(ကွန်လွန်) ဦးဆောင်သော Mizo National Front (MNF) မီဇိုးလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ သည် မီဇိုရမ်ပြည်နယ် လွတ်လပ်ရေး အတွက် ၁၉၆၆ ခုနှစ်က အိန္ဒိယအစိုးရကို စတင်ပုန်ကန်ခဲ့သည်။ အိန္ဒိယ အစိုးရ နှင့် ဆယ်စုနှစ် ၂ ခုကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၈၆ ခုနှစ်တွင် Rajiv Gandhi ဦးဆောင်သော အိန္ဒိယအစိုး နှင့် တွေ့ဆုံဆွေးနွေးပြီး The Mizo Accord ခေါ် မီဇိုးသဘောတူညီချက်ကို…
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Supply Reduction Service (SRS) အဖွဲ့မှ ပြီးခဲ့ သည့် ဇူလိုင် ၃ ရက်နေ့ညက Aizawl Venglai ရပ်ကွက်တွင် ဘိန်းဖြူ ၉ ဟောင် နှင့် အတူ ပိုင်ရှင်ဟု ယူဆသော ချင်းအမျိုးသမီးတဦးကို ဖမ်းဆီးခဲ့သည်။ ဘိန်းဖြူနဲ့အတူ ဖမ်းဆီးထားသော ချင်းအမျိုးသမီးမှာ ကလေးမြို့နယ် တာဟန်းရပ်ကွက် တွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ်ရှိသော Thanthuami ဟု သိရသည်။ အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူ၏ ကာလတန်ဖိုးမှာ ရှုပီး ၅ သိန်းခန့််ရှိပြီး ဖမ်းဆီးခံထားရ သော Thanthuami ကို မီဇိုရမ် ရဲလက်ထဲသို့ အပ်နှံခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ ချင်းအမျိုးသမီးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ Supply Reduction Service (SRS) က ဖမ်းဆီးခဲ့သည်။ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ SRS အဖွဲ့မှ ထုတ်ပြန်ချက်အရ သုံးလအတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ ၁၀၅ ဟောင် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးနိုင်သက်လွင်ကို ဇွန်လ ၃၀ ရက်နေ့ကသွားရောက်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။ CHRO မှ Country Program Director ဇအုပ်လိန်က “ ဒီဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်မြှင့်တင်ပေးမယ့်ဝန်ကြီးဌာနဖြစ်နေတော့ ကျနော်တို့တိုင်းရင်းသားတွေအတွက် ဘာလုပ်ငန်းတွေ လုပ်စရာ တွေရှိလဲ ကျနော်တို့နဲ့ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲဆိုတာဆွေးနွေးချင်လို့သွားတွေ့တာဖြစ်တယ်’’ ဟု ပြောသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ယခင်ကတခါမျှမရှိခဲ့ဘူးသော ၀န်ကြီးဌာနတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD အစိုးရတက်လာသည့်နောက်ပိုင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနဖြစ်သည်။ ယခုကဲ့သို့ တိုင်းရင်းသားများအတွက်သီးသန့်ဝန်ကြီးဌာနရှိလာခြင်းသည် မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက် အကျိုးရှိလာမည်ဟုယုံကြည်ကြောင်း တိုင်းရင်းသားများ၏ အကျိုးကိုလည်း ပိုမိုဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဇအုပ်လိန်ကဆက်ပြောသည်။ “ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကာကွယ်စောင့်ရှောက်မယ့် ၀န်ကြီးဌာနတစ်ခု သီးသန့်ရှိတာကိုက ကျနော်တို့ အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ကျနော်ယူဆတယ်’’ ဟု ဇအုပ်လိန်ကပြောသည်။ CHRO မှ Country Director ဇအုပ်လိန်းနှင့် Program Coordinator မိုင်သင်းယုမွန်တို့သည် ဦးနိုင်သက်လွင်နှင့် တွေ့ ဆုံပြီးနောက် နိုင်ငံတော်ဒုသမ္မတ(၂) ပူးဟင်နရီဗန်ထီးယူလည်းနှင့် အလွတ်သဘောတွေ့ဆုံခဲ့ကြသည်ဟုသိရသည်။
ချင်းပြည်နယ် တောင်ပိုင်းညီလာခံကို မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့ အထိ ၂ ရက်တာကျင်းပကြမည်ဖြစ်သည်။ ယင်းညီလာခံအစည်းအဝေးတွင် ချင်းပြည်တောင် ပိုင်း ဒေသ များဖြစ်ကြသော မင်းတပ်၊ မတူပီ၊ ပလက်ဝ နှင့် ကန်ပက် လက်စသည့်မြို့နယ် ၄ မြို့နယ်မှ ကိုယ်စား လှယ် ၁၀၀ ကျော်တက်ရောက်ကြမည်ဟုသိရသည်။ တောင်ပိုင်းညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်း ရေးမှူးဦးအောင်လောဟာက “လွန်ခဲ့တဲ့ချင်းညီလာခံ ဆိုပြီးတော့ ပြုလုပ်ခဲ့တဲ့အထဲတွေမှာ အဓိကတော့ ဘုံသဘောတူညီချက်များဆိုပြီးထုတ်ပြန်တဲ့ ၁၅၁ ပေါ်မှာ ကျနော်တို့အမြင်က လူထုအမှန်ကိုယ်စားပြုတဲ့လူတွေ တက်ရောက်ဆွေးနွေးပါဝင်ခြင်းမရှိတဲ့အတွက် ဒါကျနော် တို့ ဘုံသဘောတူညီချက် ဆိုပြီးလောလောဆယ်မသတ်မှတ်နိုင်သေးဘူး၊ ကျနော်တို့ဘက်က ပါဝင်ခြင်းမရှိ သေးဘူးလို့ခံစားတဲ့ အတွက် ဒီဟာကို ကျနော်တို့တောင်ပိုင်းမှာ ချပြပြီးတော့မှ ပြောချင်တာက ချင်းညီလာခံက လုပ်တဲ့သဘောတူညီချက်ကို ပြန်ဆွေးနွေးဖို့ပါ လိုအပ်တာရှိရင်လည်ဖြည့်စွပ်ဖို့ ရည်ရွယ်ထား ပါတယ်’’ ဟု ပြောသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံ ကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်ရရှိခဲ့ကြပြီး (၄၅) ဦးပါဝင်သော ဘုံသဘော တူညီချက် များ အကောင် ထည်ဖော်ရေးကော်မတီကိုဖွဲ့စည်းခဲ့ကြသည်။ ယင်းကဲ့သို့တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ညီလာခံများကျင်းပသည့်အချိန်တွင် တောင်ပိုင်းဒေသများသည် ဂရုစိုက် ခံရမှုအားနည်းသည်ဟု ဦးအောင်လောဟာကပြောသည်။ “ သူတို့လုပ်ခဲ့တဲ့ညီလာခံတုန်းကလည်း ကျနော်တို့တောင်ပိုင်းကို ဘာမှဂရုမစိုက်ဘူးလို့ခံစားရတယ်၊ ကောင်းကောင်း လည်းမခေါ်ဘူး ကောင်းကောင်းလည်းမသိရဘူး…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် အမှတ်(၂) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါဒါရ်း မြို့သို့ ပြေးဆွဲနေသော ကားလိုင်းများ၏ လက်မှတ်အရောင်းဌာန(ကားဂိတ်)များအားလုံးကို ဇူလိုင်လကုန်ပိုင်းကစပြီး အသစ်တည် ဆောက်လျက်ရှိသော ကားဝင်အသစ်သို့ ပြောင်းရွှေ့နိုင်မည်ဟု တာဝန်ရှိသူများကပြောသည်။ ချင်းပြည်နယ် ရိဒ်ခေါဒါရ်းမြို့သို့ ပြေးဆွဲနေကြသောကားလိုင်းများသည် ကားဝင်းသီးသန့်မရှိဘဲ ကလေးမြို့ တာဟန်း ရပ်ကွက်၊ တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချူပ်လမ်းမကြီးဘေးတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဂိတ်များဖွင့်လှစ်ကာ ဆယ်စုနှစ်ပေါင်းများစွာပြေးဆွဲလာခဲ့ကြသည်။ ယခုအခါ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) သချိုင်းဟောင်းနေရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကားဝင်း အသစ် တည်ဆောက်လျက်ရှိပြီး ဇူလိုင်လကုန်ပိုင်းတွင် ကားဂိတ်များအားလုံး ပြောင်းရွှေ့ဖွင့်လှစ်မည်ဟု ကားဂိတ် ဆောက် လုပ်ရေးတာဝန်ခံကပြောသည်။ အသစ်တည်ဆောက်လျက်ရှိသော အဆောက်အဦးသစ်မှာ အလျား ၁၈၀ ပေ အနံ ၄၈ ပေရှိပြီး လက်မှတ် အရောင်း ဌာန အခန်းပေါင်း ၁၀ ခန်းပါဝင်မည်ဖြစ်သည်။ ကုန်ကျစရိတ်ခန့်မှန်းခြေမှာ သိန်းပေါင်း ၆၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ အဆိုပါ ကားဝင်းသစ်ကြောင့် ယခင်က တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချုပ်လမ်းပေါ်တွင် ဂိတ်ထိုး လက်မှတ် ရောင်း ချခြင်း ကြောင့် အများပြည်သူသွားလာရေး အဆင်မပြေမှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။