CL ထန်းငါ – ချင်းပြည်နယ် ဖလမ်းမြို့နယ် Thipcang ကျေးရွာ တွင်းတစ်နေရာတွင် ရွှေဟုယူဆရသည့် အရောင်လစ် လက်နေသော ကျောက် တစ်မျိုး တွေ့ရှိမှုသည် ယခုရက်ပိုင်းအတွင်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုဖြစ်နေသည်။ ဇောင်သဲကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည် တော်အခြေစိုက် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ကျွမ်းကျင်သူ ၃ ဦးတို့သည် အဆိုပါဒေသကို သွားရောက်ကြည့် ရှူစစ်ဆေးခဲ့ကြသည်။ အဆိုပါကျောက်များသည် မည့်သည့်ကျောက်အမျိုးအစားဖြစ်သည်ကိုမူ အတိအကျမသိရသေးသော်လည်း ကျွမ်းကျင် သူများ၏ ပြောဆိုချက်များအရ အဖိုးတန်ကျောက်တစ်မျိုးဖြစ်နိုင်သည်ဟု ဘူမိဗေဒအဖွဲ့နှင့် လိုက်ပါ သူ Thipcang ကျေးရွာနေ ဦးဗန်ကျဲအိုထန်ကပြောသည်။ “ကျနော်ကတော့ နားမလည်ဘူး၊ သူတို့ဂရုတစိုက်နဲ့ ကြည့်ရှူလေ့လာပုံအရဆိုရင် ကျောက်တစ်မျိုးမျိုးတော့ ဖြစ်နိုင်တယ်၊ သူတို့ပြောပုံ အရဆိုရင် နမူနာကိုယူသွားပြီး ဟိုမှာ ပြန်စစ်ဆေးပြီးမှဘဲ အဖြေသိနိုင်မယ်လို့ပြောပါတယ်’’ ဟု ၎င်းကပြောသည်။ Thipcang Youth Group ၏ Facebook စာမျက်နှာတွင်ဖော်ပြချက်အရ အဆိုပါတွေ့ရှိသည့် ကျောက်များသည် ပုံမှန်ကျောက်ထက် တမျိုးထူးခြားကြောင်း၊ မှန်ဘီလူးများဖြင့် ကြည့်ရှူ သူများကလည်း ရွှေဖြစ်နိုင်ကြောင်းပြောဆိုကြသည်ဟု လိုက်ပါသူတစ်ဦးဖြစ်သည့် ဧ၀ံဂေလိဆရာ Rev. Lal Thawm Lian ကပြောသည်။ အဆိုပါဒေသတ၀ိုက်တွင် ယခုကဲ့သို့ ပုံမှန်ထက်ထူးခြားသော ကျောက်များထွက်ရှိသည်ဆိုသတင်းသည် ယခုမှထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှေးယခင်ကတည်းကလည်း ပြောဆိုမှုများရှိခဲ့သည်ဟုသိရသည်။ “ကျနော်တို့ရွာက ရေတွင်းနေရာတ၀ိုက်ပြုပြင်တဲ့အချိန်တုန်းကလည်း ထူးခြားတဲ့ကျောက်တွေကိုတွေ့ရတယ်၊ လက်သီးလောက်ရှိမှာ၊ အရောင်ကလည်း လက်နေတာ၊ အဲဒီကျောက်ကို အမဲလိုက်တဲ့ အဖိုးကြီးတစ်ယောက်က ကျပ် ၁၀၀၀…
Author: Editor
အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင် ကားကြီးဝင်းတည်ဆောက်နိုင်ရေး အတွက် မြို့စီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် လျက်ရှိကြသည်ဟုသိရသည်။ အဆိုပါကားကြီးဝင်းကို တီတိန်းမြို့ဘက်မှ ရိခေါဒါရ်မြို့အ၀င်တွင် ထားရှိမည်ဖြစ်ပြီး မြေနေရာအတွက် ဦးမွဲသဲ ( Mawitea Fanai)မှ မြေကွက် ခန့်မှန်း ၂၀၀×၁၀၀ ပေခန့်အား လှူဒါန်းသည်ဟု ရိခေါဒါရ် ပြန်ဆက်ရုံး အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကားကြီးဝင်း နေရာ အတွက် မြေနေရာခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်း များဆောက်ရွက်ခဲ့ကြ သည်ဟုသိရသည်။ ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ဖြစ်သော် လည်း ယနေ့ချိန်ထိ ကားကြီးဝင်းသီးသန့်မရှိသည့် အတွက် ခရီးသည်တင် နှင့် ကုန်တင်ကားများသည် မြို့တွင်း၌ဂိတ်ထိုးနေ ရသောကြောင့် မြို့တွင်းကားဝင်ထွက်ရှုပ်ထွေး မှုပြသနာ ကြုံတွေ့ နေကြရသလို ကုန်တင်ကုန်ချလုပ်ငန်းပိုင်းတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေ ခဲ့ကြခြင်းဖြစ်သည်။
ချင်းအရပ်ဖက်လူမှုအဖွဲ့ အစည်းများကွန်ယက် (Chin Civil Society Network (CCSN) မှ ကိုယ်စားလှယ် ၁၈ ဦးတို့သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသ ချင်းမျိုးနွယ်စုများနေထိုင်သော မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြပြီး ဒေသတွင်း အခြေ အနေများကို လေ့လာနေကြသည်ဟုသိရသည်။ ချင်းအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်သော (CCSN) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်နယ်၏မြို့ အိုင်ဇောလ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသတွင်းအခြေစိုက် သြဇာကြီးမားသော အသင်းအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ကြသည်။ ယခုခရီးစဉ်သည် ရှည်လျားသည့်သမိုင်းကြောင်းအရ မျိုးနွယ်စုတူ၊ သွေးချင်းညီအကို မီဇိုးလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ပြည်နယ် မီဇိုရမ်ပြည်နယ်၏ အုပ်ချူပ်ရေး၊ ပညာရေး၊ လူနေမှု၊ မြို့ပြနှင့် ကျေးလက်ဒေသများရှိ စီမံအုပ်ချူပ်ပုံစနစ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လေ့လာသုသေသနပြုသည့်ခရီးစဉ်ဖြစ်သည်ဟု ချင်းကိုယ်စားလှယ်များ ကပြောသည်။ ချင်းကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ် Governor Lt.Gen.Nirbhay Sharma နှင့်လည်း နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ ဆုံခဲ့ကြပြီး ယခုကဲ့သို့ ချင်းလူငယ်များမှ မီဇိုရမ်ပြည်နယ်ကို လာရောက်လေ့လာသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း Governor ကပြောဆိုခဲ့သည်ဟုသိရသည်။ “အိန္ဒိယ-မြန်မာနယ်စပ်ဟာ ငြိမ်းချမ်းတဲ့နယ်စပ်ဒေသဖြစ်သလို နှစ်နိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးအချင်းချင်း ပို၍ ချစ်ကြည် ရင်းနှီးပြီး လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ ဒါဟာ နှစ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိလာဖို့ မျော်လင့်တယ်” ဟု Governor ကပြောသည်။ ချင်းကိုယ်စားလှယ်များသည် ယခုခရီးစဉ်တွင် Central Young Mizo Association (CYMA), အမျိုးသမီးအဖွဲ့ (MHIP)…
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးအတွက် လူမှု ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ပေးသော ငွေကြေးများ အလွဲသုံးစား မှုရှိနေသည်ဟု သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မြေပြိုမှုဒဏ်ခံခဲ့ရသည့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁၁) အုံအုပ်စု ချိုင်ကျေးရွာအား ပြောင်းရွှေ့ရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ငွေကြေးထောက်ပံ့ ခဲ့သော်လည်း ဒေသခံများအား အပြည့်အ၀မခံစားစေဘဲ အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က အလွဲသုံးစားလုပ်နေ သည်ဟု မင်းတပ်မြို့ ချင်းဒီမိုကရက်တစ် ပါတီ လူငယ်တာဝန်ခံ ကိုဂေအွမ်ကပြောသည်။ မင်းတပ်မြို့မှ ၃၇ မိုင်ခန့်အကွာ အိမ်ခြေ ၅၄ ရှိသည့် ချိုင်ကျေးရွာသားများကို ကျေးရွာသစ်သို့ပြောင်းရွှေ့ရန် အတွက် အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က ယခုနှစ်လယ်ပိုင်းက ပထမရစ်အဖြစ် တစ်အိမ်လျင် (ကျပ် ၁၀၀၀၀) နှုန်းဖြင့် ထုတ်ပေးကာ သို့သော်လည်း ဒေသခံများကို (ကျပ် ၂၀၀၀၀) လက်ခံကြောင်း လက်မှတ်ရေးထိုးစေခဲ့ သည်ဟု ကိုဂေအွမ်ကဆက် ပြောသည်။ ဒုတိယအရစ်ငွေထုတ်ပေးသည့်အချိန်တွင် တစ်အိမ်လျင်(ကျပ် ၃သိန်း)စီထုတ်ပေးရန်ဖြစ်သော်လည်း ၆ အိမ်ခြေကို (၂ သိန်း)စီ၊ ကျန်အိမ်ခြေများကို (၂၄၂၀၀၀)နှုန်းဖြင့် ထုတ်ပေးကာ ငွေထုတ်ပေးရမည့်စာရင်း တွင်မပါရှိသူ ၂ ဦးကိုလည်း (၂၄၂၀၀၀) စီထုတ်ပေးသည်ဟု ၎င်းကဆက်ပြောသည်။ မင်းတပ်မြို့ပြည်နယ်လွှတ်တော်အမတ် ဦးထိတ်ထန်းသည် နိုဝင်ဘာ ၁၄ ရက်နေ့က ချိုင်ကျေးရွာသို့ သွားရောက်ကာ ယင်း ကိစ္စနှင့်ပတ်သက်ပြီးဖြေရှင်းပေးခြင်းမရှိဘဲ ဒေသခံများအနေဖြင့်တိုင်တောခြင်း များမပြုလုပ်ကြရန်သာ မှာကြားသွား သည်ဟု သိရသည်။ ချိုင်ကျေးရွာသားများသည် ယခုအခါ ၎င်းတို့ကျေးရွာမှ ၃…
ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးနှင့် နှစ်ပြည်နယ်အကြား ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက် ကရာတေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ် ခုကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Vanlallawma Indoor Stadium တွင် All Mizoram Karate Association (AMKA) နှင့် Chin State Karate Association တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကရာတေးအားကစားအားဖြင့် မီဇိုရမ် နှင့် ချင်းပြည်နယ် အကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နိုင်ရန်၊ ချင်း(ဇိုး)မျိုးနွယ်စုထဲမှ လာမယ့် ၂၀၂၀ အိုလံပစ်တွင် ပါဝင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ကရာတေး သင်တန်းများ တက်ရောက်နိုင်ရန် စသည့် အချက်များ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ထို့အပြင် နှစ်ပြည်နယ် ကရာတေးပြိုင်ပွဲကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ကိစ္စကို အကောင်အထည် ဖော်ရန် လာမည့် နှစ်ဆန်းပိုင်းတွင်ကလေးမြို့ တာဟန်းတွင် ပြုလုပ်မည်ဟုသိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ကရာတေးအဖွဲ့အစည်းမှ Rev.Don Hre Dun, Asahi Chin State Patron နှင့် အတူ ဦးဆောင်သူ ၄ ဦး ပါဝင်ပြီး မီဇိုရမ်ပြည်နယ် ကရာတေးအဖွဲ့အစည်း (AMKA) မှ R.Zomawia (president), C.Dosavunga (senior vice president), Lalnunhluna (financial secretary) နှင့် Lalramthara…
အိန္ဒိယ နိုင်ငံတွင် ရူပီးငွေ ၅၀၀ နှင့် ၁၀၀၀ တန်များကို တရားမ၀င်ငွေစက္ကူအဖြစ် အိန္ဒိယအစိုးရက ယမန့်နေ့က ကြေငြာ လိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်ရှိ မြန်မာကုန်သည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ငွေလှဲလှယ်ရေးတွင် အခက်ကြုံနေကြရသည်ဟု သိရသည်။ အဆိုပါငွေစက္ကူများသည် နိုဝင်ဘာလ ၈ ရက်ည သန်းခေါင်ယံကစပြီး သုံးစွဲခွင့်မရှိတော့ဘဲ ဒီဇင်ဘာလ ၃၀ နေ့အထိ ဘဏ်၊ စာတိုက်ရုံးများတွင် အိန္ဒိယနိုင်ငံသားစီစစ်ရေးကဒ်ပြားဖြင့် လှဲလှယ်ခွင့်ရှိမည်ဖြစ်သည်။ သို့သော်လည်း အိန္ဒိယနိုင်ငံသား စီစစ်ရေးကဒ်(မှတ်ပုံတင်)မရှိသော မီဇိုရမ်ပြည်နယ်မှ မြန်မာကုန်သည်များ ၊ ရွှေ့ပြောင်းအလုပ်သမား အတွက် ငွေလှဲလှယ်ရေး အတွက် အခက်ကြုံနေကြခြင်းဖြစ်သည်။ “ကျနော်တို့က ဒီဘက်နိုင်ငံသားလည်းမဟုတ်ဘူး၊ ID card, PAN card တွေလည်း မရှိတော့ အခက်တွေ့ တာပေါ့။ လှဲပေးနိုင်တဲ့သူတွေကို အကူအညီတောင်းရမှာဘဲ”ဟု မြန်မာကုန်သည်တစ်ဦးကပြောသည်။ မီဇိုရမ်ရောက် မြန်မာယက္ကန်းသမားတစ်ဦးက “သတင်းကြားကြားချင်းတော့ စိတ်ပူတာပေါ့၊ ကျနော်တို့က ID card, PAN card မပြောနဲ့ မီဇိုစကားတောင် မတတ်တဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် အလုပ်ရှင်တွေနဲ့ တိုင်ပင်ပြီး အလုပ်ရှင်ကိုယ်တိုင် လှဲပေးမယ် ဆိုမှ စိတ်သက်သာရာ ရတော့တယ်” ဟု ပြောသည်။ ရူပီး ၅၀၀ နှင့် ၁၀၀၀ တန်အား ယခုကဲ့သို့ တရားမ၀င်ငွေစက္ကူအဖြစ်ကြေငြာလိုက်ခြင်းသည် အိန္ဒိယနိုင်ငံတွင် များပြားလှသော တရားမ၀င်ငွေကြေး(ငွေမဲ) ခ၀ါချရန် နှင့် လူထုအကြားကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေသည့် ၅၀၀နှင့် ၁၀၀၀ တန်ငွေစက္ကူအတုများ ပပျောက်စေရေးအတွက်ဖြစ်သည်ဟု အိန္ဒိယ၀န်ကြီးချူပ်က ပြောဆိုခဲ့ သည်။ သို့သော်လည်း ရူပီးငွေ ၅၀၀…
ရှေ့တန်းမှ ပြန်လာသော တပ်မတော်သားများကို ကြိုဆိုရန် ဖလမ်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနမှ ဒေသခံပြည်သူများအား ဖိအားပေးလုပ်ဆောင်ခဲ့သည့်အပေါ် ဖလမ်းလူငယ်အဖွဲ့က ရှုတ်ချလိုက်သည်။ ဖလမ်းမြို့တွင် တပ်စွဲထားသော ခလရ (၂၆၈) မှ ရှေ့တန်းပြန် တပ်မတော်သားများကို ကြိုဆိုရန် ဖလမ်းမြို့မှ ကျောင်း သားကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများကို အောက်တိုဘာလ ၂၉ မှ ၃၁ အထိ သုံးရက်တိုင်တိုင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးခိုင်းစေခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းတစ်နေရာသို့ လအတန်ကြာ ထွက်နေရသော ခလရ (၂၆၈)မှ တပ်မတော်သားများသည် မိမိတပ်ရင်းရှိရာ ဖလမ်းမြို့သို့ ချောမောစွာပြန်လာနိုင်သည်ကို ဖလမ်းလူငယ်အဖွဲ့အနေဖြင့် တပ်မတော်မိသားစုဝင်များကို လူသားချင်း စာနာ၍ ၀မ်းသာရပါသော်လည်း ဖလမ်းမြို့ရှိပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု ကာ ရှေ့တန်းပြန်တပ်မတော်သားများကိုကြိုဆိုရန် ဖိအားပေးမှု အစီအမံများချမှတ်ခဲ့သော ဖလမ်းခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာန၏လုပ်ရပ်ကို ရှုတ်ချသည်ဟု နိုဝင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ဖလမ်းလူငယ်များအဖွဲ့ ကြေညာချက်မှာဖော်ပြထားသည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် ပြီးခဲ့သည့် ရက်ပိုင်းက ထောင်နှင့်ချီသော ချင်းပြည်သူများက ဟားခါးနှင့် ထန်တလန်မြို့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖလမ်းမြို့ တွင်လည်း အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တမြို့လုံးဆိုင်ခန်းများပိတ်ကာ ဆုတောင်းပွဲများပြုလုပ်ခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် ရှေ့တန်းမှပြန်လာသော တပ်မတော်များအား ဖိအားပေးကြို ဆိုခိုင်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ တပ်မတော်သားများအား ဖိအားပေးကြိုဆိုခိုင်းခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နှင့် တိုက်ဆိုင်ရန် အကွက်ကျကျ စီမံဆောင်ရွက်ခဲ့ခြင်းမျှသာဖြစ်ပြီး ယင်းသို့သော နိုင်ငံရေးလှည့်ကွက်ကို အသုံးချ၍ တပ်မတော်နှင့် ပြည်သူများအကြား…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးနှင့် ရပ်မိရပ်ဖ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာ များ သည် ယခုလ ၂၉ ရက်နေ့က ကလေးမြို့ စန်းမြို့ရပ်ကွက် Youth Center တွင် တွေ့ဆုံခဲ့ကြသည်။ မကြာခင်ပြန်လည်ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ဒေသတွင်း လိုအပ်ချ က်များကို အဆိုပြုတင်သွင်းနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံးဆွေးနွေးပွဲကို ပြုလုပ်ရခြင်းရခြင်းဖြစ် သည်ဟု ဒေါ်ရှားမီးက ပြောသည်။ “ လွှတ်တော်စတာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတယ်၊ ဒီကြားထဲမှာ လွှတ်တော် ၃ ကြိမ်နားပြီးပြီ၊ ၃ ကြိမ်နားပေမယ့်လို့ ကြားထဲမှာ ရွာတွေကိုဆင်းရတာနဲ့ ခုလို မြို့မိမြို့ဖ၊ သတင်းမီဒီယာ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဖို့အချိန်က မရှိသလောက် ဖြစ်ခဲ့တာ လေးငါးခြောက်လလောက်ရှိခဲ့ပြီ၊ ဒီတခေါက်လည်း ကျမရက်ပေါင်း ၂၀ လောက်ပဲနေရမှာ တိုးတောင်းလွန်းတဲ့ အချိန်မှာ မြို့မိမြို့ဖ နဲ့ CSO တွေ ကျမတို့အားကိုးရတဲ့ ရိုသေလေးစားရတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ ကျမကိုဘာအကြံညဏ်ပေး စရာရှိလဲ၊ အချင်းချင်းဆွေးနွေးပြီးတော့မှ မြို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို မဆွေးနွေးရဘဲနဲ့ လွှတ်တော်တခါပြန်တက် ရလို့ရှိရင် အချိန်ကတဖြည်းဖြည်းနဲ့ကြန့်ကြာပြီးတော့မှ စည်းလုံးညီညွတ်မှုအရရောနဲ့ မြို့အတွက်ရော တိုးတက်ရာတိုးတက် ကြောင်းနှောင့်နှေးသွားလိမ့်မယ်ဆိုပြီးခုလိုစီစဉ်ရတာဖြစ်ပါတယ်” ဟု သူကပြောသည်။ အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်လာသော အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းက စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်နယ်နိမိတ်ကိစ္စ တိုင်းတာရေးနှင့် ရာဇဂြိုလ်ဆည်ကိစ္စတို့ကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြပေးရန် ပြောဆိုခဲ့သည်။ “ အင်မတန်မှကလေးဒေသအတွက်အရေးကြီးတဲ့ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်နယ်စပ်အရေးကို ပြည်ထောင်စုလွှတ်တော် မှာတင်ပြပေးပါ၊ အင်မတန်မှရှုတ်ထွေးပြီးတော့ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အလားရှိနေပါတယ်၊ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ် နယ်နိမိတ်ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်သူ့လွှတ်တော်မှာတင်ပြပေးပါ၊ ပြည်ထောင်စုလွှတ်တော်မှာလည်းမေးခွန်း မေးပေးပါလို့မေတ္တာရပ်ခံပါတယ်၊ နောက်တချက်က…
ဇိုး(ချင်း)မျိုးနွယ်စုများ၏ နှလုံးသားထဲတွင် ယနေ့ချိန်ထိ ရှင်သန်နေဆဲ Vulmawi တီးဝိုင်းသည် ၎င်းတို့ဂီတသက်တမ်း နှစ် ၄၀ ပြည့်ခရီးအထိမ်းအမှတ်ပွဲကြီးကို လာမည့် နိုဝင်ဘာလ ၁၇-၁၈ ရက်နေ့၌ ကလေးမြို့ တာဟန်းတွင် ကြီးကျယ်ခမ်း နားစွာ ကျင်းပမည်ဟုသိရသည်။ အဆိုပါ နှစ် ၄၀ ပြည့်ပွဲတွင် Vulmawi တီးဝိုင်းမှ အဖွဲ့ဝင်များဖြစ်ကြသော Buta, Siama, Lalruanga, Tawna တို့မှ လှိုက်ရှိုးဖြင့် ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော သီးချင်းများကိုပြန်လည်သီဆိုကြမည်ဖြစ်ပြီး၊ ကလေးမြို့တာဟန်း အခြေစိုက် T.Melody, Zoforce စသည့် အောင်မြင်နေသောတီးဝိုင်းအဆိုတော်များကလည်း ပါဝင်အားဖြည့် ကြမည် ဖြစ်သည်။ ထို့အပြင် Vulmawi Icon သီချင်းဆိုပြိုင်ပွဲ၊ ဘော်လီဘော၊ ကြက်တောင် စသည့်အားကစားများကိုလည်း ကျင်းပသွားမည် ဟု သိရသည်။ ၁၉၇၆ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Vulmawi တီးဝိုင်းတွင် Siama, Hmingliana, Thawngnoa, Butta, Lalruanga, Zothana, Salai Tawna, Zara နှင့် Ronghaka တို့ပါဝင်ပြီး သူ့ခေတ်သူ့ခါတုန်းက ဇိုးမျိုးနွယ်စုများ အကြားလျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားသည့် တီးဝိုင်းဖြစ်သည်။ ယခုအခါ အဖွဲ့ဝင် ၄ ဦးဖြစ်သည့် Thawngnoa, Zothana, Ronghaka နှင့် Zara တို့သည် ကွယ်လွန်သွားကြပြီဖြစ်ပြီး ကျန်သည့် ၅ ဦးမှာလည်း ဆွီဇာလန်၊ အမေရိကန်၊ မီဇိုရမ်နှင့် ကလေးမြို့တို့တွင် နေထိုင်လျက်ရှိကြသည်။ ယခုပွဲသည် Vulmawi အဖွဲ့သားများ နှစ်ပေါင်းများစွာ ခွဲကွာခဲ့ကြပြီးနောက်…
မီဇိုရမ်ပြည်နယ်ရောက် မြန်မာခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ စုပေါင်းပြုလုပ်သော Fasting Prayer for Myanmar ခေါ် မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် မြို့တော်အိုင်ဇောလ်၌ ကျင်းပပြု လုပ် ခဲ့ကြသည်။ အဆိုပါ အစီအစဉ်ကို Lai Christian Fellowship ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၁၀ နှစ်တာ လှုပ်ရှားမှု မှတ်တမ်းစာအုပ်ကိုပါ ဖြန့်ဝေခဲ့ ကြသည်။ “ဒီစာအုပ်ဟာ ၂၀၀၇ ခုနှစ်ကနေ ယနေ့အထိ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းတစ်ခု ဆိုပေ မဲ့မြန်မာနိုင်ငံအတွက် အရေးပါ၊ သမိုင်းဝင် စာအုပ်တစ်ခု ဖြစ်တယ်” ဟု ဖြန့်ဝေသူ Rev. Dr.Robert Vanlalruata က ပြောပါသည်။ ၄င်းအပြင် ၁၀ နှစ်တာလုံးလုံး ပါဝင်ဦးဆောင်ခဲ့သော ပါစတာ၊ အမှုတော်ဆောင် ၆ ဦးကိုပါ ဂုတ်ပြုချီးမြှင့်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဘာသာရေး ဂိုဏ်းပေါင်းစုံမှ လူဦးရေ ၇၀ ကျော် တက်ရောက်ခဲ့သည်။ မြန်မာ့နိုင်ငံရေးအခြေအနေသည် လက်ရှိအခြေအနေတွင် အကောင်းဆုံးမဖြစ်သည့်တိုင် ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိနိုင်ခြင်းသည် ယုံကြည်သူသားသမီးများ၏ ဆုတောင်း သံကို ဘုရားရှင်နားညောင်းအဖြေပေးခြင်းဖြစ်ကြောင်း၊ အစာရှောင် ဆုတောင်းခြင်း ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု လက်ရှိ ဥက္ကဌ အသင်းလူကြီး Dr.Kilkhara က ပြောဆိုသည်။ အဆိုပါ မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်းကို ၂၀၀၇ အောက်တိုဘာ ၂၂ ရက်နေ့တွင် Lai Christian…