Author: Editor

#Unicode ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အိန္ဒိယနို်င်ငံမှ နေရပ်ပြန်လာသူ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ၈ နာရီက ထုတ်ပြန်ကြေညာခဲ့သည်။ တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာဇာတိဖြစ်သည့် အဆိုပါလူနာအမှတ် (၃၁၈) သည် မိခင်နှင့်တူတဖက်အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Churachandpur (Lamka)မြို့မှ ဇွန်လ ၂၉ ရက်နေ့က နေရပ်ပြန်လာပြီး ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်ထားသူဖြစ်သည်ဟုသိရသည်။ ဟိုင်ကျင်းသည် ချင်းပြည်နယ်နှင့် မဏိပူရ်ပြည်နယ် နယ်စပ်တွင်တည်ရှိသည့်ကျေးရွာဖြစ်ပြီး တွန်းဇံမြို့မှ (၈၅) မိုင်ခန့်ကွာ ဝေးသည်။ ယခုလက်ရှိ ဟိုင်ကျင်းကျေးရွာတွင် တဖက်အိန္ဒိယနိုင်ငံမှ ပြန်လာပြီး Facility Quarantine ဝင်ထားသူ (၂၂) ဦးရှိသည်ဟု တွန်းဇံမြို့မှ CHRO-တွဲလက် တာဝန်ခံ မ Ruthte ကပြောသည်။ အဆိုပါကိုဗစ်-၁၉ ပိုးတွေ့လူနာကို ယနေ့တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်အတွက် တွန်းဇံမြို့မှ ကားဖြင့်သွားကြိုနေကြပြီ ဟုသိရသည်။ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယခင်က (၁၀) အထိရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ဓာတ်ခွဲစစ်ဆေးမှုအဖြေ နှစ်ကြိမ်စီ Negative ပြသည့်အတွက် ဆေးရုံမှဆင်းသွားကြပြီဖြစ်သည်။ ထို့ကြောင့် ဇူလိုင်လ ၆ ရက်နေ့ကစ၍ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာကင်းစင်ပြီဖြစ်သော်လည်း ယနေ့တွင် လူနာသစ်တစ်ဦးထပ်မှန်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ #Zawgyi ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ၈…

Read More

#Unicode By လားနွန် – ချင်းဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ ဥက္ကဌ ပူးကျင့်ရှင်းထန်သည် လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။ “သူကအသက်လည်းကြီးနေပြီလေ အသက်က (၈၀) ကျော်ပြီ အသက်ရွယ်ကြောင့်ပါအဓိကတော့ သူကိုတိုင်ဝင်ပြီးတော့ အရွေးမခံချင်တော့လို့ပါ ” ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။ အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်သည့် ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။ ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့် လက်မခံတော့သည့်အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။ ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ZCD ပါတီအနေဖြင့် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး…

Read More

#Zawgyi By လားနွန် – ချင်းပြည်နယ် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိသည့် ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ သတ္တုတူးဖော်မှုဆောင်ရွ က်နေသည်ဟု စုံစမ်းသိရှိသည်။ ဝေဘူလတောင်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အနီးတွင်တည်ရှိပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်သည့်အနေဖြင့် လမ်းဖောက်လုပ်ခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းများရှိလာသည့်အတွက် စစ်ကိုင်းတိုင်းဘက်မှ ကျေးရွာတစ်ချို့က ကန့်ကွက်မှုရှိလာ သည့်အတွက် ယနေ့တွင် ကလေးမြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်ဟု အထက်ချင်းတွင်လူငယ်များကွန်ယက် ဦးကျော်သက်ဝင်းကပြောသည်။ “ဒေသခံတွေကန့်ကွက်တဲ့အခါကျမှ စစ်ကိုင်းတိုင်းဘက်ကသိတယ် ဒီဧရိယာက ဆီးယင်းကြိုးဝိုင်းထဲမှာပါနေတယ်၊ အဲဒီမှာ လုပ်ကွက်ပေါင်း (၁၄) ခုချထားတယ် အခုတော့ ပြည်နယ်အစိုးရသဘောထားမှတ်ချက်နဲ့ ကျနော်တို့သိထားတာက လုပ်ကွက် (၄) ခုလောက်ကတော့ ပြည်နယ်အစိုးရ သဘောထားမှတ်ချက်ပေးပြီးပြီသိရတယ်၊ ဘာတွေမှတ်ချက်ပေးတာလဲတော့မသိရဘူး ဒါပေမဲ့ စစ်ကိုင်းဘက်က ဒါနဲ့ပတ်သက်ပြီး လက်မခံဘူး၊ ကုမ္ပဏီဘက်ကတော့ ချင်းပြည်နယ်အစိုးရက သဘောထားမှတ်ချက်ပေးတဲ့အတွက် သူတို့ဆောက်တာလို့ပြောတယ်၊ အဲဒါကျနော်တို့က ခွင့်ပြုချက်အမိန့်တွေပြပေါ့ တောင်းတာပေါ့ ချင်းပြည်နယ်အစိုးရခွင့်ပြုတယ်ဆိုရင် စစ်ကိုင်းတိုင်းအစိုးရခွင့်ပြုတယ်ဆိုရင် သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပြဆိုတော့ သူတို့မပြနိုင်ဘူး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အခုဆောက်ထားတဲ့ အဆောက်အဦးတွေဖျယ်ရှားပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ကျနော်တို့ ဒီနေ့မှတ်ချက်ပြုတယ်” ဟု ဦးကျော်သက်ဝင်းကပြောသည်။ ဖိုးလမင်းသာသာ ကုမ္ပဏီအနေဖြင့် အဆိုပါဝေဘူလတောင်တွင် ခရိုမိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်းမှ လယ်ယာမြေအမြာက်အများ ပျက်စီးဆုံးရှုံးနိုင်သည်ဟုဆိုကာ ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားခြင်းမရှိဘဲ ပြည်နယ်အစိုးရမှ သတ္တုလုပ်ကွက်စီစစ်ရေးရာ အသေးစားနှင့် လက်လုပ်လက်စားသာ…

Read More

#Zawgyi လာမည့်ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့  မြန်မာအမျိုးသားဝတ်စုံ(တိုက်ပုံအနက်၊ ခေါင်းပေါင်း) ၀တ်ဆင်ပြီး တက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီက ကန့်ကွက်လိုက်သည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့တို့မှ ပြီးခဲ့သည့်အပတ်က ဖိတ်စာဖြင့် ဖိတ်ကြားခဲ့သော်လည်း ယင်းဖိတ်စာထဲတွင် တက်ရောက်မည့်ပုဂ္ဂိုလ်များအနေဖြင့် မြန်မာအမျိုးသားဝတ်စုံ ၀တ်ဆင်ရမည်ဟု ပါရှိသည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “ဒီနိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းတဲ့နိုင်ငံဖြစ်တယ်၊ရိုးရာယဉ်ကျေးမှုဝတ်စုံ အမျိုမျိုးရှိကြတယ်။ နိုင်ငံတော်အဆင့် အ ခမ်းအနားမှာ လူမျိုးတစ်မျိုးရဲ့ ၀တ်စုံကိုပဲ ၀တ်ရမည်ဆိုတာကိုတော့ လုံးဝ ကန့်ကွတ်ပါတယ်။ ဒါဟာ Burmanization ခေါ် ဗမာလူမျိုးနဲ့ ယဉ်ကျေးမှုသွတ်သွင်းခြင်းလို့ ယူဆပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားလွှာထဲတွင် ၀တ်ဆင်ရမည့်ဝတ်စုံဟုဆိုကာ အမျိုးသားများအနေဖြင့် မြန်မာအမျိုးသားဝတ်စုံ၊ အမျိုးသမီးများအနေဖြင့် မြန်မာအမျိုးသမီးဝတ်စုံဟု ဖော်ပြထားပြီး တိုင်းရင်းသားလူမျိုးများအား အကျူံးဝင်ခြင်းရှိမရှိကိုမူ တိတိကျကျမသိရပေ။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည် မတက်ရောက်မည်ကို ပါတီအတွင်း ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး အကယ်၍တက်ရောက်မည်ဆိုပါက ကိုယ့်ချင်းအမျိုးသားဝတ်စုံဝတ်ဆင်ကာ တက်ရောက်မည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။ “ကျွန်တော်ကတော့ လူမျိုးတစ်မျိုးရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ပုဆိုးကို… မိမိသဘောနဲ့ ၀တ်ချင်လို့ပဲ ၀တ်မယ်။ ၀တ်ခိုင်းလို့ကတော့ ဘယ်တော့မှမ၀တ်ဘူး။ နိုင်ငံတော်က အခြား လူမျိုးများရဲ့ ရိုးရာဝတ်စုံကို အသိအမှတ်မပြုဘူးလား၊ ဗမာ/မြန်မာလူမျိုးရဲ့ ၀တ်စုံကိုပဲ အသိအမှတ်ပြုတာလား၊ စဉ်းစားစရာဖြစ်လာတယ် ”ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။…

Read More

#Zawgyi By ဒိမ် – လာမည့်ရွေးကောက်ပွဲတွင် ဒေသခံလူထုများမှ မဲပေးနိုင်ရန်နှင့် မဲစာရင်းလွယ်လင့်တကူ သိရှိနိုင်ရန်ကိစ္စ ဆွေးနွေးပွဲကို ဟားခါးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဟားခါးမြို့ရှိ လူမှုအဖွဲ့အစည်းများ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ တွင် ပြည်သူလူထုက Hotline စနစ်ဖြင့် ၎င်းတို့၏လိုအပ်ချက်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရန်သော်လည်းကောင်း၊ Online စနစ်ဖြင့် မဲဆန္ဒရှင်များမှ နာမည်စာရင်း လွယ်လင့်တကူသိရှိနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ “ကျတော်တို့ ပြည်သူတွေက မဲစာရင်းထဲမှာ နာမည်ပါ/မပါ ဘယ်လိုလွယ်ကူစွာသင့်နိုင်မလဲ၊ မီဒီယာ၊ CSO တို့နဲ့ပေါင်းပြီး ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ အဓိကဖြစ်နေတယ်၊ မဲစာရင်းထဲမှာ နာမည်မပါတဲ့သူကို ဘယ်လိုလွယ်လွယ်နဲ့ နာမည်ထည့်နိုင်မလဲဆိုတာက အရေးကြီးတယ်” ဟု ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးလင်းကျော်က ဆိုပါသည်။ မဲစာရင်းကပ်ထားသည့်နေရာများတွင် CSO တာဝန်ရှိသူများအနေဖြင့် တာဝန်ယူပြီး တာဝန်ကျပေးရန်လည်း သဘောတူကြပါသည်။ ယခုအချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် ရက်မနီးကပ်သေးသည့်အတွက် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်များကို မဲပေးစနစ် ပညာပေးနိုင်ရန် အချိန်ရှိနေသေးကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အဆင့်အထိ အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဟားမြို့ခရိုင် (ဟားခါးနှင့် ထန်တလန်မြို့နယ်) အတွင်း မဲဆန္ဒရှင် ၇၂၄၅၀ ရှိပြီးဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်အထိ ကောက်ယူသည့် ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွင် ဖေါ်ပြထားသည်။ ချင်းပြည်နယ် သက်ဆိုင်ရာခရိုင် မဲဆန္ဒရှင်များမှာ – ဖလမ်းခရိုင် ၃၉၄၁၂၊ မင်းတပ်ခရိုင်…

Read More

#Zawgyi By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေသည့် COVID-19 ရောဂါပိုးတွေ့လူနာ အမှတ် (၂၃၂) ၏ ဓာတ်ခွဲစစ်ဆေးမူအဖြေသည် Negative နှစ်ကြိမ်ပြပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ယနေ့တွင် ဆေးရုံမှဆင်းမည် ဟုသိသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသည့် ချင်းပြည်နယ်ရှိ ကိုဗစ်ရောဂါပိုးတွေ့လူနာများ ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခဲ့ကြပြီဖြစ်ပြီး ယနေ့ ဆေးရုံမှဆင်းမည့် လူနာအမှတ် (၂၃၂) သည် ချင်းပြည်နယ်၏ နောက်ဆုံးလက်ကျန်ပိုးတွေ့လူနာဖြစ်သည်။ လူနာအမှတ် (၂၃၂) နှင့်ပတ်သက်ပြီး ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မာန်ဗျက်ကုန်က“Negative နှစ်ကြိမ်ပြပြီ၊ ဒီနေ့ဆင်းရုံ ကနေဆင်းမယ်၊ ကျန်းမာရေးလည်းကောင်းတယ် Home Quarantine (၇) ရက်ဆက်ထားမယ်” ဟုပြောသည်။ COVID-19 လက်ကျန်လူနာအမှတ် (၂၃၂) သည် မလေးရှားနိုင်ငံမှ နေရပ်ပြန်လာသူဖြစ်ပြီး မင်းတပ်မြို့တွင် Facility Quarantine ဝင်နေစဉ် ရောဂါပိုးတွေ့ရှိခဲ့ကာ ဟားခါးပြည်သူ့ဆေးရုံတွင်ကုသမူခံခဲ့သူဖြစ်သည်။ ချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ (၁၀) ဦးထိရှိခဲ့ပြီး လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀)၊ (၃၁)၊ (၂၀၀)၊ (၂၀၁)၊ (၁၈၂) တို့သည်ဆင်းရုံမှ ဆင်းသွား ကြပြီဖြစ်သည်။ ချင်းပြည်နယ်၏ နောက်ဆုံးလက်ကျန် ကိုဗစ်ရောဂါပိုးတွေ့လူနာအမှတ် (၂၃၂) သည် ယနေ့ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သောကြောင့် ချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာကင်းစင်းသွားပြီဖြစ်ကြောင်း သိရသည်။ #Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေသည့် COVID-19 ရောဂါပိုးတွေ့လူနာ အမှတ်…

Read More

#Zawgyi By ဒိမ် – လာမည့်နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ အနည်းဆုံး ၃၅ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။  CNLD ပါတီ အထွေအထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ” အခုထိ သေသေချာချာပြောလို့မရသေးပေမယ့် ချင်းပြည်နယ်မှာ အမတ်နေရာ ၃၉ နေရာရှိတဲ့အနက် ၃၅ နေရာတော့ ၀င်ပြိုင်နိုင်မယ်လို့ထင်တယ်၊ ကျတော်တို့ပါတီအနေနဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ” ဟုပြောသည်။  CNLD ပါတီအနေဖြင့် ချင်းပြည်နယ် ၈ မြို့နယ်စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲမရှိသော်လည်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ပလက်ဝမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိကိုမူ ယခုအနေအထားအရ ပြောဆို၍မရသေးကြောင်း ၎င်းကဆက်ပြောသည်။ ချင်းနိုင်ငံရေးပါတီ (၃) ခု ပူးပေါင်း၍ ဖွဲ့စည်းထားသည့် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော်လည်း CNLD ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေအရေအတွက် အတိအကျနှင့် ၎င်းတို့ပါတီကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ စာရင်းကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု သိရသည်။ ပလက်ဝမြို့နယ်သည် မဲဆန္ဒနယ်မြေ ၅ နေရာရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်မှာကို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြခြင်းဖြစ်သည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေများစာရင်း သတ်မှတ်ကြေညာခဲ့ရာတွင် ပလက်ဝမြို့နယ်…

Read More

#Zawgyi By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေသော ကိုဗစ်-၁၉ နောက်ဆုံးလက်ကျန်လူနာအမှတ် (၂၃၂) ၏ ဓာတ်ခွဲနမူနာအဖြေသည် Negative တစ်ကြိမ်ပြပြီဖြစ်၍ ထပ်မံစစ်ဆေးမှုပြုလုပ်သွားမည်ဟု ဟားခါးပြည်သူ့ေ ဆးရုံအုပ်ဒေါက်တာ မာန်ဗျက်ကုန်းကပြောသည်။ “မနေ့ကတော့ Negative ပြတယ် ။ Negative ဆက်တိုက်နှစ်ကြိမ်ပြမှရမယ် ဒီနေ့ပြန်ပို့မှာ ကျန်းမာရေးကကောင်းတယ်” ဟု ဆေးရုံအုပ်ကပြောသည်။ လူနာအမှတ် (၂၃၂) ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့သို့ ယနေ့ပြန်ပို့ဆောင်မည်ဖြစ်ပြီး Negative တစ်ကြိမ်ထပ်ပြပါက ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သည်။ လူနာအမှတ်(၂၃၂) သည် မလေးရှားနိုင်ငံမှ နေရပ်ပြန်လာသူဖြစ်ပြီး မင်းတပ်မြို့တွင် Facility Quarantine ၀င်နေစဉ် ရောဂါပိုးတွေ့ရှိခဲ့သူဖြစ်သည်။  ချင်းပြည်နယ်တွင် ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ (၁၀) ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် ပိုးတွေ့လူနာ (၉) ဦးသည်  ဓာတ်ခွဲ စစ်ဆေးမူအဖြေ (၂) ကြိမ်စီ ဆက်တိုက် Negative ပြသည့်အတွက်ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်သည်။ လက်ရှိတွင် ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ တစ်ဦးသာ ကျန်ရှိတော့သည်။ #Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေသော ကိုဗစ်-၁၉ နောက်ဆုံးလက်ကျန်လူနာအမှတ် (၂၃၂) ၏ ဓာတ်ခွဲနမူနာအဖြေသည် Negative တစ်ကြိမ်ပြပြီဖြစ်၍ ထပ်မံစစ်ဆေးမှုပြုလုပ်သွားမည်ဟု ဟားခါးပြည်သူ့ေ ဆးရုံအုပ်ဒေါက်တာ မာန်ဗျက်ကုန်းကပြောသည်။ “မနေ့ကတော့ Negative ပြတယ် ။ Negative ဆက်တိုက်နှစ်ကြိမ်ပြမှရမယ် ဒီနေ့ပြန်ပို့မှာ ကျန်းမာရေးကကောင်းတယ်” ဟု ဆေးရုံအုပ်ကပြောသည်။ လူနာအမှတ်(၂၃၂) ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့သို့ ယနေ့ပြန်ပို့ဆောင်မည်ဖြစ်ပြီး Negative တစ်ကြိမ်ထပ်ပြပါက ဆေးရုံမှ…

Read More

#Zawgyi By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်ပြီး မြန်မာနိုင်ငံသားအများအပြား နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မီဇိုရမ် ပြည်နယ်တွင် ဇူလိုင်လ (၁) ရက်နေ့ကစ၍ တစ်ပြည်နယ်လုံး Lockdown ချထားမှု ဖြေလျော့လိုက်ပြီဖြစ်သည်။  Covid-19 ကြောင့် မီဇိုရမ်တွင် Lockdown ရက်ပေါင်း (၁၀၁) ရက် ချထားခဲ့ပြီဖြစ်ပြီး ဇူလိုင်လ (၁) ရက်နေ့ကစ၍ အစိုးရက ယခုလိုဖြေလျော့လိုက်ပြီဟု ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ မီဇိုရမ်တွင် ဇူလိုင်လ (၁) ရက်နေ့ကစ၍ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဈေးဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်း၊ ဘစ်ကားများပြေးစွဲခြင်း၊ ပြည်နယ်အတွင်းခရီးသွားလာခွင့်များရှိမှာဖြစ်ပြီး နယ်စပ်ဂိတ်များမှာ နဂိုအတိုင်း ဆက်လက်ပိ တ်ထားမည့်အပြင် စာသင်ကျောင်းနှင့် ဘုရားကျောင်း၌ ၀တ်ပြုကိုယ်းကွယ်ခွင့်ကိုလည်း ဆက်ပိတ်ထားမည် ဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် ဇွန်လ (၁) ရက်နေ့က Covid-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၁၆၀) ဦးရှိသည့်အနက် သက်သာပျောက်ကင်းသူ (၁၂၂) ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။  လက်ရှိတွင် Covid-19 ရောဂါပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူနေသူ (၃၈) ဦးရှိပြီး Covid-19 ရောဂါပိုးကြောင့် သေဆုံးသူမရှိသေးကြောင်း သိရသည်။ #Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်ပြီး မြန်မာနိုင်ငံသားအများအပြား နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မီဇိုရမ် ပြည်နယ်တွင် ဇူလိုင်လ (၁) ရက်နေ့ကစ၍ တစ်ပြည်နယ်လုံး Lockdown ချထားမှု ဖြေလျော့လိုက်ပြီဖြစ်သည်။ Covid-19 ကြောင့်…

Read More

#Zawgyi By လားနွန်  – ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိမည့် လွတ်လပ်ရေးကျောက်တိုင်ကို ကျပ်ငွေသန်း (၆၀) ကျော် အကုန်အကျခံပြီး စိုက်ထူသွားမည်ဟု သိရသည်။  ချင်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (GRF) ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆ သန်း စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို အကောင်ထည်ဖော်ဆောင်ရွက်ကြမည်ဟု ဟားခါးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) ၏ ချင်းပြည်နယ် တာဝန်ခံ ကို Andrew Thatuang ကတော့ ချင်းပြည်နယ်တွင် ယခုကဲ့သို့ ငွေကြေးအမြောက်အများအကုန်ကျခံ၍ အထိမ်းအမှတ်ကျောက်တိုင် များ စိုက်ထူမည့်အစား ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်နေသည့်အရာများကိုသာ ဖြည့်ဆည်းဆောင်ရွက် ပေးသင့်ဟု ဝေဖန်ထောက်ပြထားသည်။ “ချင်းပြည်နယ်ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် အဲဒီဟာက တကယ့်တကယ့် ပြည်သူ့လိုအပ်ချက်နဲ့ တကယ်ရော ကိုက်ညီရဲ့လား ကျနော်တို့မှာ တစ်ခါခါကျရင် အဲဒီ Monument (အထိမ်းအမှတ်အဆောက်အအုံ၊ မော်ကွန်းတိုင်၊ ရုပ်တု) တွေကို အရမ်းဦးစားပေးကြတယ်၊ အဲဒါတွေက တကယ်တမ်းလိုအပ်နေတဲ့ ကိစ္စဟုတ်လို့လား၊ ချင်းပြည်နယ်က ဘတ်ဂျက်တွေပိုလျှံနေလို့ လုပ်တယ်ဆိုရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမယ့် ပြည်ထောင်စု ဘတ်ဂျက်ကို မှီခိုနေရတာကြောင့် ပြည်သူလူထုအတွက်…

Read More