By လားနွန် – ချင်းပြည်နယ်၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အိန္ဒိယအစိုးရက တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၅) သန်း ကူညီထောက်ပံ့မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Vickram Misri နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen တို့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိလာပြီး ယနေ့မနက်က ချင်းပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အချိန်တွင် ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်ရန် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၅) သန်းကို သုံးနှစ်ဆက်တိုက် ကူညီထောက်ပံ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့လိုချင်တဲ့ လမ်းတွေကိုအဆင့်မြှင့်ဖို့၊ ပညာရေးနဲ့ ကျန်းမာရေးမှာ ကူညီပေးဖို့၊ ပညာရေးကျောင်းတွေကိုဆောက်ဖို့၊ နောက်ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တာ အဓိက ကတော့ သူတို့ကတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းအတွက်ကို ကျောင်းတွေကိုကူညီပေးနိုင်တယ်၊ သုံးနှစ်ဆက်တိုက်ပေးဖို့ သူတို့စီစဉ်ထားတယ် အဲဒီအတွက်ကို ဒီကလိုအပ်တဲ့နေရာတွေကိုပြောပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ကူညီပေးမယ်” ဟု ပြောသည်။ ထို့အပြင် ချင်းပြည်နယ်၏ နယ်စပ်ဂိတ်များဖြစ်သည့် ရိဒ်ခေါဒါရ်နှင့် ကျီခါး နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်ကောင်းလာရန်နှင့် ပလက်ဝမြို့မှ ရေနက်ဆိပ်ကမ်းကိုလည်း နှစ်နှစ်ခွဲအတွင်း အပြီးဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ကြောင်းသိရသည်။
Author: Editor
၂၀၁၅ ခုနှစ်၊ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပေးအပ်ခဲ့သော ကူညီထောက်ပံ့ပစ္စည်းများနှင့် ရံပုံငွေများနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအပေါ် ဟားခါးသာရ်အမျိုးသမီးအဖွဲ့ (Hakha-Thar Nu Bu) က နိုဝင်ဘာလ (၁၇) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြီး မေးခွန်းထုတ်လိုက်သည်။ ဟားခါးသာရ်အမျီူးသမီးဖွဲ့မှ တာဝန်ရှိသူတစ်ဦး Pi Man Iang က “၂၀၁၅ တုန်းက သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် အဖက်ဖက်ကရရှိတဲ့ ကူညီထောက်ပံ့ပစ္စည်းတွေကို တကယ်ဒုက္ခရောက်နေတဲ့သူတွေကို မပေးဘဲနဲ့ လေလွင့်မှုတွေများတယ်၊ ဒီဟာကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပေးဖို့လိုပါတယ်” ဟု ပြောသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ထံ သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၆၀၀၀) ခန့် ကျန်ရှိနေသေးပြီး ယင်းထောက်ပံ့ငွေကြေးအား ချင်းပြည်နယ်ထွေအုပ်ရုံးမှ စီမံခန့်ခွဲမှုအပေါ် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဟားခါးသာရ် လမ်းပြုပြင်ရေးအတွက်အသုံးပြုသင့်သည်ဟု ကြေညာချက်တွင် တောင်းဆိုထားသည်။ ထို့အပြင် ပြည်ထောင်စုအစိုးရမှ ချင်းပြည်နယ်အစိုးရထံ ထောက်ပံ့ပေးသော သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် ငွေကြေးများအား ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်တို့မှ တာဝန်ယူခြင်း၊ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အဓိကအကြောင်းရင်းကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား ၀န်ကြီးများ၏ နယ်လှည့်ခရီးသွား လက်ဆောင်အဖြစ် ယူဆောင်ခြင်းသည် မှန်ကန်သည့်လုပ်ရပ်မဟုတ်ကြောင်း ဆန်၊ အစားအစာနှင့် ထောက်ပံ့ပစ္စည်းများကို ဒိတ်မလွန်ခင် ဟားခါးသာရ်ရှိ ဘေးသင့် မရှိဆင်းရဲသားများနှင့် အခြားမြို့နယ်များသို့ ပြန်လည်မျှဝေရန် အမျိုးသမီးအဖွဲ့က တောင်းဆိုထားသည်။ ၂၀၁၅ ခုနှစ်တုန်းက သဘာဝဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရထံ လှူဒါန်းပစ္စည်းများကို လိုအပ်သည့်အချိန်ကာလအတွင်း…
By Moe Kyaw – အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပေးထားသော ရွေးချယ်စရာ နည်းလမ်း (၂) ခုကို ရွေးချယ်ရမည့် Notification Interviews ကို ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အင်တာဗျူးတွင် ရွေးချယ်မှု မှန်ကန်ဖို့အရေးကြီးကြောင်း Chin Refugee Committee ဥက္ကဌ Remmawi က ပြောသည်။ “ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ Notification အင်တာဗျူးခေါ်တယ်၊ နည်းလမ်း (၂) ခုကနေ တစ်ခုခု ရွေးချယ်ရမယ့် အင်တာဗျူး ဖြစ်တယ်။ ဒီနည်းလမ်း (၂) ခုမှာ ရွေးချယ်မှုမှန်ကန်ဖို့ သိပ်အရေးကြီးတယ်’’ ဟု ပြောသည်။ အဆိုပါ ရွေးချယ်စရာနည်းလမ်း (၂) ခုအနက် ဘယ်နည်းလမ်းကို ရွေးချယ်သင့်သည်ဆိုသည့်ကိစ္စနဲ့ပတ်သက်ပြီး ယခုလ နိုဝင်ဘာအတွင်း Meeting တွေ ပြုလုပ်ပြီး ဆုံးဖြတ်သွားဖွယ်ရှိကြောင်း ယခုလို ဆက်ပြောပါသည်။ “ဒီနည်းလမ်း (၂) ခု ကနေ ဘယ်နည်းလမ်းကိုရွေးမယ်ဆိုတဲ့ကိစ္စအပေါ်မှာတော့ Meeting တွေ၊ Public Meeting တွေ လုပ်ဆောင်သွားဖို့ရှိတယ် ဒီလအတွင်းမှာပေါ့။ လောလောဆယ် ခေါင်းဆောင်များအနေနဲ့တော့ ရေးဆွဲထားတဲ့အစီအစဉ် တော့ရှိပါတယ် ဒါပေမယ့် အဲဒါတော့ ပြောပြလို့မရသေးဘူး။ အဲဒါကြောင့် Public Meeting တွေလုပ်ပြီး တရာဝင်ကြေညာချက် ထုတ်ပြန်တာတွေ မရှိသေးတဲ့အတွက် ထုတ်ဖော်မပြောဆိုနိုင်ရခြင်း ဖြစ်တယ်” ဟုသူက ပြောသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နယူဒေလီမြို့ရှိ Chin Human…
https://youtu.be/Z0X9xcoRqhs ချင်းပြည်နယ် ဟားခါးမြို့မှာ ပလပ်စတစ်လျှော့ချရေး အစီအစဉ်တစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟားခါးမြို့မှာ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဟားခါးမြို့ရှိ Amazon ကျောင်းမှာ စားသုံးကုန်နဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကျပ်သိန်းလေးထောင်ကျော် လိမ်လည်မှုနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် အဖမ်းခံထားရသည့် ဒေါ် Tuan Kil ကို မြန်မာနိုင်ငံသို့ ယမန်နေ့ (နိုဝင်ဘာလ ၁၄) က လွှဲပြောင်းပြီး ဖလမ်းမြို့ရဲစခန်းသို့ ထိန်းသိမ်းထားသည်ဟု သိရသည်။ ရန်ကုန်မြို့တွင်နေထိုင်သူ ဒေါက်တာရွှေဟိန်းထံမှ ဒေါ် Tuan Kil ဆိုသူက ငွေကျပ်သိန်းလေးထောင်ကျော် ပိုက်ဆံချေးယူထားပြီး ပြန်မဆပ်ဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်ဟုဆိုကာ အမှုဖွင့်ဆိုထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် အိန္ဒိယရဲများက ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့က သူမကိုဖမ်းဆီးကာ နိုင်ငံခြားသားမှုဖြင့် (Foreigner case) အမှုဖွင့် အရေးယူခဲ့သည်။ အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ် Tuan Kil ကို နိုဝင်ဘာလ (၁၃) ရက်နေ့က မီဇိုရမ် CID အဖွဲ့ဟု ယူဆရသည့် လူတစ်စုက အကျဉ်းထောင်မှခေါ်ထုတ်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါ်ထား သို့ပို့ဆောင်ကာ ရိခေါဒါရ်းရဲစခန်းသို့ လွှဲအပ်ခဲ့သည်ဟု သိရသည်။ ထိုမှတဆင့် ဖလမ်းမြို့ရဲစခန်းသို့ ထပ်မံပို့ဆောင်ခဲ့သည်ဟု သိရသည်။ ဒေါ် Tuan Kil ၏ရှေ့နေ Raymond Lalbiakzama “မနေ့တနေ့မနက်က ခေါ်ထုတ်သွားတယ်၊ ကျနော်တို့ ထင်တာကတော့ CID တွေ ခေါ်ထုတ်သွားတာဖြစ်မယ်၊ မြန်မာပြည်ပို့မယ်ဆိုရင်လည်း Bawngkawn ရဲစခန်းဌာန လုပ်ရမည့်တာဝန်ဖြစ်တယ် ဒါပေမယ့် ရဲစခန်းဌာနက ဘာမှမသိဘူး၊ ဒါကြောင့် CID ဘက်ကနေ လုပ်တဲ့အရာဖြစ်မယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ Tuan Kil အမှုနှင့်ပတ်သက်ပြီး မြန်မာပြည်ပြန်ပို့မည်၊ မပို့မည်ကို…
By လားနွန် – ကလေးမြို့နယ်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်မည့် မြေနေရာအသစ်ကို ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ရှာဖွေနေသည်ဟု သိရသည်။ ယခုလက်ရှိ ကလေးမြို့၏ အမှိုက်စွန့်ပစ်သည့်နေရာသည် မြေလွတ်နေရာကျဉ်းမြောင်းလာသည့်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်မည့် မြေနေရာအသစ်ကို ရှာဖွေလျက်ရှိပြီး နိုဝင်ဘာလ (၁၃) ရက်နေ့က ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာခဲ့ကြသည်ဟု ဒေါ်သန့်ဝေကျော်က ပြောသည်။ “တခြားနေရာဆို ကျွန်မတို့ကတော့ ဒါက တပ်စွန့်မြေထဲကနေပြီးတော့ မြေလွတ်မြေလပ်တွေများ ရနိုင်တယ်ဆိုလို့ရှိရင်တော့ မြို့နှင့်လည်း နည်းနည်းလှမ်းမယ့်နေရာကို အတတ်နိုင်ဆုံး စိတ်ကူးပြီးတော့ တိုင်ပင်တာတော့ရှိတယ် ဒါပေမယ့် ဒီကားတွေက အသွားအပြန် အရမ်းဝေးလွန်းတဲ့ နေရာလည်းမဖြစ်ဘူး မြို့နဲ့လည်း သိပ်နီးလို့လည်း မဖြစ်ဘူး နေရာကိုတော့ ဒီထက်ပိုပြီးတော့ အဆင်ပြေမယ့်နေရာမျိုး အဓိကတော့ အစိုးရစီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့မြေထဲကနေပြီးတော့ ကျွန်မတို့ တိုင်ပင်ပြီးတော့ ဧကတော်တော်များများ ရနိုင်မလားဆိုပြီးတော့ တိုင်ပင်ဆွေးနွေးထားတာတော့ ရှိပါတယ်” ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။ ကလေးမြို့နယ်မှ အမှိုက်များသည် တစ်နေ့လျှင် ကားအစီးရေ (၃၀) ပုံမှန်စွန့်ပစ်နေရပြီး ယင်းကြောင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ကို အသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ “လက်ရှိ အမှိုက်ပစ်တဲ့နေရာနဲ့ ပတ်သက်ပြီးတော့ ဒါ အနီးအနားရွာတွေအတွက်တော့ စိတ်အနှောက်အရှက်ဖြစ်ရတဲ့အကြောင်းတော့ ကျွန်မတို့ဆီကို သတင်းတွေဝင်လာပါတယ် ဒါပေမယ့် လက်ရှိနေရာရွှေ့ပြီးတော့မှ တခြား ဒီထက်ပိုပြီးတော့မှ ဖြစ်သင့်တဲ့နေရာကို ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရှာမယ် မတွေ့မချင်းကတော့ ဒီနေရာကို ဆက်ပြီးတော့မှ စည်ပင်က ပစ်ရအုံးမယ့် အနေအထားရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကွင်းဆင်းတဲ့အချိန်မှာ ပြောပြတယ်၊…
By Moe Kyaw – ကျပ် သိန်းလေးထောင်ကျော် လိမ်လည်မှုနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် အဖမ်းခံထားရသည့် ဒေါ် Tuan Kil က သူမအပေါ် စွပ်စွဲချက်သည် လုံးဝမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ် Tuan Kil သည် နိုဝင်ဘာလ (၁၂) ရက်နေ့က ဗဟိုတရားရုံးတွင် အမှုစစ်ဆေးသည့်အချိန်တွင် ခိုနူမ်းသုန်သတင်းဌာနမှ သွားရောက် တွေ့ဆုံမေးမြန်းရာတွင် သူမက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာရွှေဟိန်းရဲ့ စွပ်စွဲချက်က လုံးဝမဟုတ်ဘူး၊ ငြင်းချင်တာ ဘာဖြစ်လို့လဲဆိုတော့ သူက ကျမပိုက်ဆံအများကြီး လိမ်လည်တယ်၊ ပြီးလို့ရှိရင် ကျမကို သူက အတိုးပေးဖို့ရယ်၊ နည်းနည်းပိုက်ဆံစပ်ဖို့ ပို့ထားတဲ့ဟာကို သူက လိမ်လည်တယ်ဆိုပြီး စွပ်စွဲတာ အဲဒါပါပဲ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောပြသည်။ ရန်ကုန်မြို့တွင်နေထိုင်သူ ဒေါက်တာရွှေဟိန်းမှ ဒေါ် Tuan Kil ဆိုသူက ၎င်းထံမှ ကျပ်သိန်းလေးထောင်ကျော် ပိုက်ဆံချေးယူထားပြီး ပြန်မဆပ်ဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်ဟုဆိုကာ အမှုဖွင့်ဆိုထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် အိန္ဒိယရဲများက ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့က သူမကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သူမကို အိန္ဒိယနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားအမှု (Foreigner case) ဖြင့် မီဇိုရမ်အာဏာပိုင်များမှ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံကို ထွက်ပြေးရသည့်အကြောင်းအရင်းမှာ ငွေကြေးလိမ်လည်မှုကြောင့်မဟုတ်ဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက်ကြောင့် ထွက်ပြေးရခြင်းဖြစ်သည်ဟု အိုင်ဇောလ်မြို့ ဗဟိုတရားရုံးတွင် ခိုနူမ်းသုန်သတင်းဌာနမှ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုခဲ့သည်။…
By Moe Kyaw – မီဇိုရမ်ပြည်နယ်မြို့နယ်အသီးသီးရှိကူညီလိုအပ်နေသောချင်းလူမျိုးများအားကူညီပေးနိုင်ရေးနှင့်မီဇိုရမ်အစိုးရနှင့်NGO များမလိုလားသောလုပ်ငန်းလုပ်ဆောင်သူများကိုထိန်းသိမ်းနိုင်ရန်အတွက်မီဇိုရမ်ပြည်နယ်ရှိမြို့နယ်တိုင်းတွင်Chin Relief Society branches (ရုံးခွဲ) များထားရှိသွားမည်ဟုဥက္ကဌ Pu K.Thangkhuma ကပြောသည်။ Mizoram Chin Relief Society အနေဖြင့်၎င်းတို့General Body Meeting တွေ့ဆုံပွဲကိုမီဇိုရမ်ပြည်နယ်မြို့တော်အိုက်ဇောလ်ရှိLai House တွင်ပြီးခဲ့သည့်နိုဝင်ဘာလ၁၀ရက်နေ့ကကျင်းပခဲ့ပြီးလုပ်ဆောင်ခဲ့သောလုပ်ငန်းများနှင့်ရှေ့လုပ်ငန်စဉ်ကိစ္စများဆွေးနွေးခဲ့ကြသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးChin Relief Society ဥက္ကဌPu K.Thangkuma က“ရှေ့လုပ်ငန်းစဉ်အနေနဲ့မီဇိုရမ်ပြည်နယ်မြို့နယ်တိုင်းမှာ Chin relief branchesထားရှိဖို့ဆုံးဖြတ်ကြတယ်။လာမယ့်၂၀၁၉နှစ်ဆန်းပိုင်းမှာစတင်အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ရှိတယ်။ဒီအဖွဲ့အစည်းဟာဖွဲ့စည်းတည်ထောင်တာမကြာသေးတော့ငွေရေးကြေးများများစားစားမရှိဘူးဒါကြောင့်လုပ်ငန်းကိုမြန်မြန်ဆန်ဆန်ဆောင်ရွက်လို့မရဘူး” ဟုပြောသည်။ Mizoram Chin Relief Society အသင်းသည်လွန်ခဲ့သော၂၀၁၇ခုနှစ်အောက်တိုဘာ၁၀ရက်နေ့တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးအဓိကဖွဲ့စည်းတည်ထောင်ရခြင်းမှာမီဇိုရမ်ပြည်နယ်ရှိချင်းလူမျိုးများ၏သာရေးနာရေးကိစ္စများကိုတတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိ Mizoram Chin Relief Society အသင်းတွင်အသင်းဝင်၄၀၀ခန့်ရှိပြီးအသင်းဝင်တစ်ဦး၏အသင်းဝင်ကြေးအနေဖြင့်တစ်နှစ်ကိုရူပီ၁၀၀စီထည့်ဝင်ကြကြောင်းသိရသည်။
By Lalnuna – မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူရေးများ ကဏ္ဍပိုင်းတို့ကို ဆွီဒင်နိုင်ငံ၏ လာမည့် ၅ နှစ် စီမံကိန်းတွင် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံမှူးကြီး ဂျိုဟန် ဟာလ်လန်ဘော့ ကပြောသည်။ ဆွီဒင်နိုင်ငံ သံမှူးကြီး ဂျိုဟန်သည် ယခုလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ်အဖြစ်ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကလေးမြို့ GBH ဟိုတယ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ ဆွီဒင်သံရုံးအနေနဲ့ ပထမဆုံးအကြိမ် ချင်းပြည်နယ်ကိုသွားရောက်ခြင်း ဖြစ်ပါတယ် ကျွန်တော်တို့တော်တော်လေးကို ၀မ်းသာအားရပါတယ် ဒါပေမယ့် အခက်အခဲတွေအများကြီးရှိနေသေးတယ်၊ ချင်းပြည်နယ်ရဲ့ နယ်စွန်နယ်ဖျားတွေမှာဆိုရင်လည်း ဆောက်အအုံအခက်အခဲတွေ၊ ကျန်းမားရေး၊ စိုက်ပျိုးရေးကအစ တော်တော်လေးတိုးတက်ဖို့လိုသေးတယ်” ဟု သံမှူးကြီးကပြောသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရန် တိုးတက်မှုသည် အလွန်နှေးကွေးနေပြီး ချင်းပြည်နယ်သည်လည်း လွန်ခဲ့သည့် ၅ နှစ်ထက် အနည်းငယ်တိုးတက်လာကြောင်းနှင့် ဆွီဒင်နိုင်ငံမှ ဆက်လက်ကူညီမည့်နောက်ထပ် ၅ နှစ် စီမံကိန်းတွင် မြန်မာနိုင်ငံအတွက် ငွေကြေးထောက်ပံ့မှုကို တိုးမြှင့်ထားကြောင်းသိရပါသည်။ “ကျွန်တော်တို့ ချင်းပြည်နယ်ကို အဓိကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ကျွန်တော်တို့ သံရုံးနှင့်လက်တွဲပြီးမှ လုပ်တဲ့အဖွဲ့အစည်းတွေရှိတယ် သူတို့ကိုတွေဖို့သွားတာဖြစ်တယ်၊ ခရီးစဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေနှင့် တစ်ခြားဖွံ့ဖြိုးရေးပိုင်းမှာလုပ်တဲ့အဖွဲ့အစည်းတွေနှင့်လည်း တွေ့ခဲ့တယ် ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ ဒေသအသီးသီးမှာရှိတဲ့ အခြေအနေကို ပိုပြီးသိရှိနားလည်းဖို့ အဖွဲ့တွေအများကြီးနှင့်တွေ့ဆုံခဲ့ပါတယ်၊ အဲဒီဒေသမှာရှိတဲ့ လူမှုဆက်ဆံရေးနှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးတိုးတက်ရန်အတွက်လည်း…
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရှုံးနိမ့်ရခြင်းသည် မဲဆန္ဒရှင် ပြည်သူလူထုများ စည်းရုံးရေးစွမ်းဆောင်မှုပိုင်းတွင် လိုအပ်ချက်များရှိနေခြင်းကြောင့်ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကပြောသည်။ “တမူးမြို့နယ်မှာ မဲပေးနိုင်သူ လူဦးရေ သုံးသောင်းကျော်ရှိတယ် သုံးသောင်းကျော်မှာ တစ်ဝက်နီးပါးလောက်ပဲ လာပေးတယ်၊ အဲဒါဆိုတော့ မဲပေးခွင့်ရှိ ပုဂ္ဂိုလ်တွေအားလုံး မဲပေးခွင့်ရရှိအောင်၊ မဲပေးချင်စိတ်အားလုံးရှိလာအောင်၊ မဲရုံတွေကို ရောက်လာအောင် ဆွဲဆောင်နိုင်တဲ့လိုအပ်ချက်တစ်ခုလေးဖြစ်သွားတယ်၊ ပြီးတော့မှ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပထမ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ထားခဲ့တဲ့ နေရာလည်းဖြစ်တဲ့အတွက် နိုင်ထားတဲ့ အပေါ်မှာ ပြန်သုံးသပ်လိုက်မှု လိုအပ်ချက်လေးနည်းနည်းလေးဖြစ်သွားတယ်” ဟု ဦးကိုကိုနိုင်က သုံးသပ် ပြောဆိုသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် တမူးမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး USDP ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးကလည်း “ပြည်သူတွေမှာနိုင်ငံရေး သည်းခံနိုင်မှု ကျွန်မတို့မှာ အားနည်းနေသေးတယ် ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီကူးပြောင်းရေးကာလမှာ နှေးကွေးတယ်၊ ဒီချိန်မှာ စီးပွားရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် အားနည်းတဲ့နေရာကို နင်းပြီးတော့မှ မဟုတ်တဲ့ စည်းရုံးရေးစကားတွေနဲ့ သိမ်းသွင်းသွားလိုက်တာကတော့ ကျွန်မအင်မတန်ဝမ်းနည်းပါတယ် ကျွန်မတို့နိုင်ငံရေးမျှော်လင့်ချက်က အဲတာမဟုတ်ဘူး၊ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ကျမတို့အတွက် အချက်ခေါင်းလောင်းထိုးပြလိုက်သလိုဘဲ ဒါကြောင့် ဒီထက်မက စည်းလုံးညီညွတ်ဖို့လိုပါတယ်” ဟု သူကပြောသည်။ ပြီးခဲ့သည် နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပသည့်…