မလေးရှားနှင့်အိန္ဒိယနိုင်ငံတို့တွင်ရောက်ရှိနေကြသည့်ချင်းလူမျိုးများကိုဒုက္ခသည်အဖြစ်ခိုလုံခွင့်ပြုတော့မည်မဟုတ်ကြောင်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးUNHCR ထုတ်ပြန်ချက်ကိုလက်မခံနိုင်သည့်အနေဖြင့်အိန္ဒိယနိုင်ငံနယူးဒေလီရောက်ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှကန့်ကွက်ဆန္ဒပြကြမည်ဟုသိရသည်။
Author: Editor
ရွေးကောက်ပွဲများကျင်းပပြုလုပ်ရာတွင်ပြည်နယ်/ တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုအမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများနှင့်တပြိုင်းတည်းမကျင်းပဘဲသီးခြားကျင်းပပေးသင့်သည်ဟုချင်းအမျိုးသားဒီမိုကရက်တစ်(CNDP) ပါတီကပြောဆိုလိုက်သည်။ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲများဖြစ်ကြသောအမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများနှင့်ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုတစ်ပြိုင်တည်းကျင်းပပြုလုပ်ခြင်းကြောင့်လူတစ်ဦးလျင်မဲပြား(၃) ခု(၄)ခုပေးနေရသည့်အတွက်ခက်ခဲရှုပ်ထွေးမှုကြုံတွေ့ရသည်ဟုCNDP ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “မဲဆန္ဒရှင်ပြည်သူတွေ(အထူးသဖြင့်နယ်စပ်ဒေသမှာရှိသောတိုင်းရင်းသားများ) အထွေထွေရွေးကောက်ပွဲနေ့မှာလူတစ်ဦးကမတူညီတဲ့လွှတ်တော်တွေအတွက်မဲပြား(၃)ခု(၄)ခုတစ်ပြိုင်းတည်းပေးရတဲ့အခါမှာအခက်အခဲ၊ရှုပ်ထွေးမှုဖြစ်စေတယ်’’ ဟု၎င်းကပြောသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုသီးခြားကျင်းပပေးပါကမဲဆန္ဒရှင်ပြည်သူများအတွက်မဲပေးရာတွင်ပိုမိုရှင်းလင်းလွယ်ကူသွားမည့်အပြင်ဖက်ဒရယ်စနစ်ကိုဖြည့်စီးပေးရာလည်းရောက်သည်ဟုသူကဆက်ပြောသည်။ ဆလိုင်းကျဲအိုဘိခ်ထောင်က“မဲပေးစနစ်နဲ့သိပ်မရင်းနှီးသေးတဲ့တိုင်းရင်းသားဒေသခံပြည်သူတွေအတွက်မဲပေးမှုဆိုင်ရာပိုပြီးရှင်းလင်းလွယ်ကူမယ်။ဘယ်မဲကိုဘာအတွက်ပေးသလဲ၊ဘယ်မှာသွားသလဲဆိုတာသူတို့ပိုပြီးသိမြင်လာလိမ့်မယ်။အခုကဗဟိုရောပြည်နယ်ရော၊တိုင်းရင်းသားရေးရာရောအကုန်လုံးကိုတစ်ခါတည်းပေးခိုင်းတော့တော်တော်ရောထွေးကုန်တာ။ပြီးတော့ဗဟိုနဲ့ပြည်နယ်အစိုးရဆိုတာဖက်ဒရယ်ရဲ့သဘောသဘာဝအရသီးခြားဖြစ်တဲ့အတွက်ရွေးကောက်ပွဲလည်းသီးခြားကျင်းပရတယ်။အမေရိကန်၊အိန္ဒိယကိုကြည့်ပါ။ဒါကြောင့်တစ်နည်းအားဖြင့်တိုင်းပြည်ရဲ့ရွေကောက်ပွဲစနစ်ကဖက်ဒရယ်နိုင်ငံများနဲ့အလားသသဏ္ဍန်ပိုပြီးတော့တူသွားမယ်’’ ဟုပြောသည်။ ယင်းအတွက်အခြေခံဥပဒေပြင်ဆင်ရန်မလိုဘဲရွေးကောက်ပွဲဥပဒေများပြင်ဆင်ခြင်းဖြင့်လက်ရှိအနိုင်ရအစိုးရမှလွတ်လွတ်ကျွတ်ကျွတ်လုပ်ဆောင်နိုင်သည့်ကိစ္စဖြစ်သည့်အတွက်ကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအလေးအနက်စဉ်းစားသင့်သည်ဟုCNDP ကထောက်ပြထားသည်။ “အဲလိုရွေးကောက်ပွဲစနစ်ပြင်ဖို့အတွက်အခြေခံဥပဒေပြင်စရာမလိုဘူး၊တစ်နည်းအားဖြင့်NLD ကပြင်ချင်ရင်စိတ်ကြိုက်အချိန်မရွေးပြင်ခွင့်ရှိတယ်။တပ်မတော်နဲ့အခြေခံဥပဒေကိုအကြောင်းပြလို့မရဘူး၊ဒါကြောင့်ဒီလိုတိုင်းရင်းသားတွေအတွက်ဖက်ဒရယ်အင်္ဂါရပ်ကိုဖြည့်စီးဖို့NLD ကအမှန်တကယ်လိုလားခြင်းရှိမရှိကိုဒါမျိုးနဲ့တိုင်းတာလို့ရတယ်၊လက်တွေ့လုပ်လို့ရတဲ့ဟာကိုသူတို့(NLD) လုပ်မလုပ်ကြည့်ရမယ်’’ ဟုဆလိုင်းကျဲအိုဘိခ်ထောင်ကထောက်ပြသည်။ ထို့အပြင်နောက်နောင်ကျင်းပမည့်ရွေးကောက်ပွဲများကိုနွေရာသီ၊ပွင့်လင်းရာသီများတွင်ကျင်းပပေးစေလိုကြောင်းမိုးရာသီအတွင်းမဲဆွယ်စည်းရုံးရေးဆင်းရသည်မှာအထူးသဖြင့်တိုင်းရင်းသားဒေသများမှာအလွန်ခက်ခဲကြောင်း၊မဲဆွယ်စည်းရုံးရေးကာလကိုလည်း(၂)လအစား(၃)လဖြင့်သတ်မှတ်ပေးစေလိုသည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ဇွန်လ၂၁ရက်နေ့စွဲဖြင့်ပေးပို့သောCNDP ၏အကြံပြုတိုက်တွန်းစာတွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်နှင့်မြန်မာနိုင်ငံပိုင်းခြားထားသည့်နယ်နိမိတ်ကျောက်တိုင်စိုက်ထူသည့်နေရာကိုအမြန်ဆုံးဖြေရှင်းသွားရန်နှင့်အိန္ဒိယအနေဖြင့်မိမိပိုင်နက်နယ်နိမိတ်ကိုတစ်လက်မတောင်အပဲ့ခံမည်မဟုတ်ကြောင်းအိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးKiren Rijiju ကပြောသည်။ ပြည်ထဲရေးဝန်ကြီးKiren Rijiju ကနှစ်နိုင်ငံနယ်စပ်နယ်နိမိတ်ပြဿနာကိုStakeholder များနဲ့ဆွေးနွေးပြီးနောက်ဆက်လက်ဖြေရှင်းသွားမည်ဟုပြောဆိုခဲ့ကြောင်းမီဇိုရမ်ဒေသထုတ်သတင်းစာVanglainiတွင်ဖော်ပြသည်။ မြေတိုင်းဌာနဦးစီးအရာရှိA. Tombiakanta သည်နယ်နိမိတ်ကျောက်တိုင်စိုက်ထူသည့်နေရာများကိုကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့ပြီးနောက်နှစ်နိုင်ငံနယ်နိမိတ်ကျောက်တိုင်အမှတ်(၈၁) သည်အိန္ဒိယ-မြန်မာနယ်စပ်Kwatha Khunou ကျေးရွာ(မဏိပူရ်ပြည်နယ်ဘက်) ၃ကီလိုမီတာအကွာအိန္ဒိယမြေပိုင်နက်ဘက်သို့စိုက်ထူထားသည်ဟုပြောဆိုခဲ့သည်။ အဆိုပါနယ်နိမိတ်ကျောက်တိုင်အမှတ်(၈၁) အိန္ဒိယ-မြန်မာနယ်စပ်မဏိပူဘက်၃ကီလိုမီတာအကွာတွင်စိုက်ထူးခြင်းကိုလည်းForeign Ministry များကဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းကပြည်ထဲရေးဝန်ကြီးKiren Rijiju သည်မဏိပူပြည်နယ်ကိုသွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီးလုပ်ဆောင်ရမည့်အချက်များညွှန်ကြားခဲ့သည်။
ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသောမီဇိုရမ်ပြည်နယ်အတွင်းပြည်ပဝက်များတင်သွင်းမှုကိုနှစ်လခန့်ခေတ္တပိတ်ပင်ကြောင်းမီဇိုရမ်ပြည်နယ်မြို့တော်အိုက်ဇောလ်ခရိုင်အုပ်ချူပ်ရေးမှူးကပြောသည်။ ယခုလိုပြည်ပမှဝင်လာသောဝက်များတင်သွင်းမှုနှစ်လခန့်ပိတ်ပင်ရခြင်းမှာမီဇိုရမ်ပြည်နယ်အတွင်းPorcine Reproductive & Respiratory Syndrome (PRRS) ခေါ်ဝက်ရောဂါပြန့်နှံ့မှုကြောင့်စားသုံးသူပြည်သူများအခက်အခဲမရှိစေရန်ဟုမီဇိုရမ်နေ့စဉ်ထုတ်သတင်းစာThe Aizawl Post တွင်ဖော်ပြသည်။ Animal Husbandry and Veterinary (AH & Vety) ၏မှတ်တမ်းပြုစုချက်အရယခုနှစ်အတွင်းဝက်ရောဂါကြောင့်ဝက်၃၁၄၁အကောင်ရေသေဆုံးပြီးဝက်နာရောဂါရှိသူဝက်အကောင်ရေ၇၁၂၂ကောင်ရှိကြောင်းနှင့်အဆိုပါသေဆုံးသည့်ဝက်အနက်၁၂၄၀အကောင်ရေမှာမြို့တော်အိုက်ဇောလ်ခရိုင်အတွင်းရှိဝက်များဖြစ်သည်ဟုထပ်မှန်ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်တွင်Porcine Reproductive & Respiratory Syndrome (PRRS) နှင့်Classical Swine Fever (CSF) ခေါ်ဝက်ရောဂါနှစ်မျိုးပြန့်နှံ့သည်ဟုသိရပြီးသေဆုံးသွားသည့်ဝက်များမှာများသောအားဖြင့်PRRS ဝက်ရောဂါကြောင့်ဖြစ်သည်ဟုသိရသည်။ အဆိုပါဝက်ရောဂါများသည်အလွယ်တကူကူးစက်နိုင်သောရောဂါများဖြစ်သည့်အတွက်ရောဂါမပြန့်နှံ့အောင်တာဝန်ရှိသူများမှတားမြစ်ပိတ်ပင်မှုကိုပြည်သူများမှလိုက်နာခြင်းမရှိပါကတည်ဆဲဥပေဒအရအမှုဖွင့်အရေးယူသွားမည်ဟုသိရသည်။
ကလေးမြို့တာဟန်းရပ်ကွက်အခြေစိုက်Zofa Musician Association (ZMA) နှင့်Seven Cable Network (SCN) ရုပ်သံလိုင်းတို့ပူးပေါင်းပြီးသီချင်းဆိုပြိုင်ပွဲ(ZMA Idol 2018) ကျင်းပပြုလုပ်မည်ဟုသိရသည်။ သြဂုတ်လ၁ရက်နေ့မှအောက်တိုဘာ၁၁ရက်နေ့အထိပြုလုပ်မည့်Idol ရွေးချယ်ပွဲတွင်အသက်၁၆ပြည့်ပြီးသူချင်းလူမျိုးမည်သူမဆိုပါဝင်နိုင်ပြီးတကိုယ်တော်တေးအယ်ဘမ်ထွက်ရှိဖူးသူများပါဝင်ခွင့်ရှိမည်မဟုတ်ပေ။ ပြိုင်ပွဲတွင်ဓမ္မသီချင်း၊အချစ်သီချင်းစသည့်ကြိုက်နှစ်သက်သောသီချင်းများကိုမိမိမျိုးနွယ်စုဘာသာစကားများဖြင့်သီဆိုယှဉ်ပြိုင်နိုင်ပြီးTop 10 အဆင့်တွင်SCN ရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွင့်ပေးမည့်အပြင်အင်္ဂလိပ်နှင့်မြန်မာသီးချင်းတစ်ပုဒ်စီဖြင့်လည်းယှဉ်ပြိုင်ရမည်ဖြစ်သည်။ ZMAမှတာဝန်ရှိသူတစ်ဦးဖြစ်သည့်နာမည်ကျော်တေးသံရှင်Pu Lalnunsanga က“ကျနော်တို့လူငယ်တွေထဲမှာအရည်အချင်းရှိတဲ့သူတွေအမြောက်အများရှိကြပါတယ်၊ဒါပေမယ့်မြေတောင်မြောက်ပေးမယ့်သူအားနည်းလို့နိုင်ငံကျော်အဆင့်အထိအောင်မြင်နိုင်တဲ့အခွင့်အလမ်းတွေမရှိခဲ့ကြဘူး၊ဒါကြောင့်ကျနော်တို့အနေနဲ့အရည်အချင်းရှိတဲ့လူငယ်တွေကိုမွေးထုတ်ပေးဖို့ခုလိုပြိုင်ပွဲကျင်းပဖို့စီစဉ်ရတာဖြစ်ပါတယ်” ဟုခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ အဆိုပါIdol ပြိုင်ပွဲတွင်ပထမဆုကျပ်ငွေ၈သိန်း၊ဒုတိယဆုကျပ်ငွေ၎သိန်း၊တတိယဆုကျပ်ငွေ၂သိန်းအပြင်Trophy နှင့်Certificate အသီးသီးရရှိမည်ဖြစ်ပြီး၊Top 10 စာရင်းဝင်သူများကိုလည်းConsolation prize (နှစ်သိမ့်ဆု) များအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ZMA Idol 2018 တွင်ပါဝင်ယှဉ်ပြိုင်မည့်သူအနည်းများပေါ်မူတည်ပြီးElimination Round ကိုတာဟန်း၊လက်ပံချောင်းနှင့်ကာနာန်ကျေးရွာတို့တွင်သွားရောက်ရွေးချယ်ပေးသွားမည်ဟုသိရသည်။ ပါဝင်မည့်သူများအနေဖြင့်Application form ကိုကျပ်ငွေ၅၀၀ဖြင့်Pu Lalnunsanga, Pu B.Hrangthana, Tv.Dr.Muansanga, SCN Main Office Tahan ‘G’ ရပ်ကွက်တို့တွင်အချိန်မရွေးသွားရောက်ထုတ်ယူနိုင်ပြီးဇူလိုင်လ၂၆နေ့နောက်ဆုံးထားစာရင်းသွင်းရမည်ဖြစ်သည်။
https://www.facebook.com/KhonumtungBurmese/videos/2093741607560537/
https://www.facebook.com/KhonumtungBurmese/videos/2078303069104391/?t=12
https://www.facebook.com/KhonumtungBurmese/videos/2073702429564455/?t=3
ချင်းပြည်နယ်နတလမှ တင်ဒါခေါ်ယူမှုသည် ဟန်ပြမျှသာ ခိုနူမ်းသုန် မေလ ၁၉၊ ၂၀၁၈။ ချင်းပြည်နယ် နယ်စပ်ဒေသ၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးအစီအစဉ် (နတလ) မှ တင်ဒါခေါ်ယူသည့်အမှတ်စဉ် (၈) ဒုတိယအကြိမ် တင်ဒါပြန်လည်ခေါ်ယူသည့် ဖလမ်းမြို့နယ် ဇောင်သဲအုပ်စု ငိုင်လန်ကျေးရွာရှိ နှစ်ခန်းတွဲဝန်ထမ်းအိမ်ယာ ဆောက်လုပ်မှုစီမံကိန်းအား တင်ဒါပိတ်ရက်မလွန်ခင် ၄င်းမြေနေရာတွင် ၀န်ထမ်းအိမ်ရာစီမံကိန်း စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း တင်ဒါလျှောက်လွှာဝယ်ယူသူဖြစ်သည့် အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။ ၄င်းဝန်ထမ်းအိမ်ရာဆောက်လုပ်မှုစီမံကိန်းအတွက် တင်ဒါလျှောက်လွှာပုံစံ အမှတ်စဉ် (၈) အရ တင်ဒါတင်သွင်းသည့်ပိတ်ရက်မှာ (၅-၅-၂၀၁၈) ရက်နေ့ ဖြစ်သော်လည်း နတလမှ တင်ဒါလျှောက်လွှာ ဒုတိယအကြိမ်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ် တင်ဒါပြန်လည်ခေါ်ယူသည့်အခါ ကုမ္ပဏီတစ်ခုမှ မေလ (၂၀) တွင်ပိတ်မည့် ၄င်း လျှောက်လွှာဝယ်ယူပြီး ကွင်းဆင်းလေ့လာသည့်အခါ ထိုမြေနေရာတွင် ၀န်ထမ်းအိမ်ရာစီမံကိန်းများ စတင်လုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း သိရသည်။ “အခုတင်ဒါတောင်မပိတ်သေးတဲ့ဟာကို သူတို့ဘယ်လိုရတာလဲ၊ ဘယ်လိုကြိုတင်လုပ်လို့ရတာလဲပေါ့ အဲဒီလိုမျိုးပေးထားတယ်ဆိုရင်မခေါ်နဲ့ပေါ့၊ အခုလည်း တင်ဒါခေါ်တယ် ကွင်းဆင်းတော့ မြေညှိပြီးသားတွေဖြစ်နေတယ်၊ အဲဒီလိုလုပ်ထားတော့ တင်ဒါခေါ်တာက ပွင့်လင်းမြင်သာမှုမရှိ အဓိပ္ပယ်မရှိ ဟန်ပြတင်ဒါလို့ပဲသတ်မှတ်တယ်” ဟု သူပြောသည်။ ၀န်ကြီးဌာနမှ တိုက်ရိုက် တင်ဒါရရှိခဲ့သည့် သတင်းထွက်ပေါ်နေမှုအပေါ် ခေါ်နူမ်းသုန်သတင်းဌာနမှ ထိုစီမံကိန်းမြေနေရာ၌ ဆောက်လုပ်ရေးလုပ်ဆောင်နေသော ဇောင်သဲမိသားစုကုမ္ပဏီမှ ဇောင်သဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးလားသင်ဟရဲ (U Lal Tin Hre) ကိုမေးမြန်းရာ “မဟုတ်ပါဘူး ကျွန်တော်တို့ Profile တွေ အကုန်လုံးအောင်မြင်တာပဲ” ဟုသူကပြောသည်။ ဇောင်သဲမိသားစုကုမ္ပဏီတို့သည် ၄င်းမြေနေရာတွင် JCB ဖြင့် မြေညှို့ခြင်း နှင့် သဲတွေလည်းစုဆောင်းထားခြင်း၊ အုတ်ဖုတ်လုပ်ခြင်းတို့အား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။…
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့ရှိ တောင်သူလယ်သမားများအနေဖြင့် အစိုးရထံ စိုက်ပျိုးရေးအတွက်ချေးငွေ တောင်းယူမှု ယခင်နှစ်ထက် လူဦးရေပိုတိုးလာကြောင်း သိရသည်။ ယခုနှစ်အတွက် အစိုးရထံ စိုက်ပျိုးရေးအတွက် ချေးငွေတောင်းယူခြင်းကို တမူးခရိုင်အတွင်း အရင်ဆုံးပြန်လည်ရရှိသည့်မြို့မှာ ခမ်းပတ်မြို့ဖြစ်ကြောင်းသိရပြီး စိုက်ပျိုးရေးခြေးငွေအတွက် လျှောက်လွှာတင်သူ လူဦးရေ ယခင်နှစ်များထက်တိုးလာသည့်အပြင် အစိုးရထုတ်ပေးမည့် ခြေးငွေမှာလည်း ယခင်နှစ်များထက် ပိုတိုးလာဖွယ်ရှိကြောင်း ခမ်းပတ်မြို့ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ဇနီးသည် Lalrochhari က ပြောပါသည်။ “ယခင်နှစ်ထက် ချေးငွေယူဖို့ တောင်းခံလာတဲ့သူ တိုးလာတယ်။ အခုဆိုရင် လူဦးရေ ၈၀ ကျော် စာရင်းရှိနေပြီ၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျမတို့ ရပ်ကွက်အနေနဲ့ သိန်းပေါင်း ၉၀၀ ကျော်လောက်ရတယ်။ ဒီကနှစ်မှာတော့ သိန်းပေါင်း ၁၀၀၀ ကျော်လောက် ရနိုင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ယခုလို တမူးခရိုင်းအတွင်း ခမ်းပတ်မြို့သည် ချေးငွေ အရင်ဆုံး ပြန်လည်ရရှိနိုင်ခြင်းမှာ အစိုးရထံ ယူထားသည့် ချေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ဆပ်နိုင်သောကြောင့် ဖြစ်သည်ဟု ဆက်ပြောပါသည်။ “မတ်လနောက်ဆုံးထားပြီး ချေးငွေပြန်သွင်းရတယ်။ တစ်ဧကကို တစ်သိန်းခွဲနှုန်းစီနဲ့ရမယ်။ နောက်ပြီး အရင်နှစ်နဲ့မတူတာက ဒီနှစ်မှာတော့ ပုံစံ (၇) ရှိတဲ့သူကိုဘဲ ခြေးငွေယူခွင့်ရတယ်။ မရှိတဲ့သူတွေကိုတော့ မပေးတော့ဘူး။” တမူးခရိုင် ခမ်းပတ်မြို့သည် အမှတ် (၁) ကနေ အမှတ် (၅) အထိ ရှိသည့် မြို့ဖြစ်ပြီး ယင်းအထဲမှ အမှတ် (၂) ရပ်ကွက်သည် ချင်းလူမျိုး အများစုနေထိုင်သည့် နေရာဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်ကြသည်။