By လားနွန် – ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရပ်နားထားသော မဏိပူရရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်အထောင်ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ သန်း (၂၀၀) ကျော်ချထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဒီမဏိပူရမြစ်ရေအားလျှပ်စစ်ကိုအကောင်အထည်ဖော်ဖို့ သင့်မသင့်နဲ့ မြေပြင်မှာတွေ့ရှိချက်တွေ အဲဒါလေးတွေကို သုံးသပ်တယ် အဲဒီပေါ်မှာ ကျနော်တို့ နောက်ထပ် နောက်တစ်ကြိမ်ကို ဒီလထဲမှာပဲ အလုပ်ရုံဆွေးနွေးပွဲပြန်ခေါ်အုံးမယ် အဲဒီသုံးသပ်ချက်ပေါ်မူတည်ပြီးမှ နောက်တစ်ကြိမ်ဆွေးနွေးချက်ကျမှပဲ အတည်ပြုပြီးတော့ နိုင်ငံတော်အစိုးရ ပြည်ထောင်စုအစိုးရကိုတင်ပြဖို့ဖြစ်ပါတယ်၊ ဒါပေမဲ့ ၂၀၁၉ – ၂၀၂၀ ဘက်ဂျက်မှာတော့ ပြည်ထောင်စုဘက်ဂျက်အနေနဲ့ ကျနော်တို့ ရှေ့ဆက် ဘက်ဂျက်အနေနဲ့ သန်း ၁၉၇ သန်းထည့်ထားတယ် ဆည်မြောင်းအနေနဲ့ သန်း (၅၀) ထည့်ထားတယ် အခုဒီ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးမှာ အဲဒီဟာတော့ ကျနော်တို့ ဒီနှစ်အတွင်းမှာထည့်ထားတဲ့ ဘက်ဂျက်အတိုင်းတော့ အကောင်ထည်ဖော်ဆောင်ရွက်နေမှာပေါ့ အခုက ကြီးကြီးမားမားနဲ့ ဒီစီမံကိန်းပြီးအောင်လုပ်မယ် အစီအစဉ်အတွက်ကတော့ အသေးစိတ်ပြန်ဆွေးနွေးဖို့လုပ်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ မဏိပူရရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘက်ဂျက်ဖြင့် ၂၀၀၄ ခုနှစ်မှစတင်ကွင်းဆင်းလေ့လာကာ ၂၀၀၉ ခုနှစ်ကစ၍ လုပ်ငန်းစတင်ခဲ့ကြပြီး ၁၉.၅၇ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ရပ်နားခဲ့ကြခြင်းဖြစ်သည်။ လျှပ်စစ်မိဂါဝဘ် (၃၈၀) ခန့်ထုတ်လုပ်နိုင်မည့် မဏိပူရရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း (၈၀၅) ခန့်ကုန်ကျမည်ဖြစ်ကာ မြန်မာကျပ်ငွေ ဘီလီယံ (၁၂၀၀) ကျော်ခန့်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား…
Author: Editor
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။ ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် ယာယီတဲများထိုးကာနေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက ယခင်က ဆန်ထောက်ပံ့မှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ လခန့်ကစ၍ အထောက်ပံ့တစ်စုံတစ်ရာမျှမရရှိကြတော့ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ၀မ်းစာအတွက်ဖြေရှင်းနေရသည်ဟု မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ “လက်ရှိကျနော်တို့မီးဇာမှာ ရောက်လာတာတစ်နှစ်ကျော်ရှိပြီ ဒါပေမဲ့ အဲဒီကြားမှာကျနော်တို့ ကျပန်းအလုပ်တွေလုပ်တယ် ပြီးတော့ ကြားကာလမှာ တော်တော်များများ NGO တွေ အဲလိုမျိုးထောက်ပံ့တာတွေရှိတယ် အခုကျတော့ ဘာမှရောက်မလာတော့ ကျနော်တို့တောင်ယာလည်းမရှိသေးတော့ အခုလက်တလောကတော့ ကျနော်တို့ စားဝတ်နေရေးပေါ့နော် အဓိကဆန်ပေါ့ အရမ်းကိုအခက်အခဲရှိတယ်” ဟု ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းတလင်း၊ ပီတောင်၊ ယင်ခံဝ နှင့် ဆတ်လိုင်ဝ ကျေးရွာတို့မှ ပြည်သူ (၆၀၀) ကျော်တို့သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်ကတည်းက မီးဇာကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြသည်။ ကင်းတလင်း နှင့် ပီတောင်ကျေးရွာမှ အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိ သီကီရ်းရွာသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် ပြောင်း ရွှေ့ခဲ့ကြပြီး ယခုလက်ရှိ မီးဇာကျေးရွာတွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ (၅၀၀) ခန့်တို့သည် ဆန်အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ “အခုကျတော့ ဒီအနီးနားလေးမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့…
ချင်းပြည်နယ် ပလက်ဝြမို့နယ် ဆီးဖလောင်းရွာနှင့် ကြက်ဥဝကျေးရွာမှ ပျောက်ဆုံးသွားသည့် မူလတန်းပြကျောင်း အုပ်ဆရာကြီးနှင့် ရွာသား (၂) ဦးတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့က တောထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ ဆီးဖလောင်းရွာသား ကျောင်းအုပ်ဆရာကြီး ဦးအာဗြေလ၊ ကြက်ဥဝရွာမှ ဦးကျော်သန်းဝင်း နှင့် ဦးလှသိန်းတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က ပျောက်ဆုံးခဲ့ကြပြီး ရွာသားများက လိုက်လံရှာဖွေကြရာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက အင်ခိုဝနှင့် စိမ်းစင်းရွာအကြားတောထဲတနေရာတွင် လက်ပြန်ကြိုးတုတ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဦးအာဗြေလ၏ဆွေမျိုးများထံမှသိရသည်။ “ သူတို့ကို ဘယ်သူတွေကဖမ်းခေါ်သွားတယ်ဆိုတာတော့ တိတိကျကျမသိရဘူး ကျနော်တို့လိုက်ရှာတော့ တောထဲမှာ သူတို့အလောင်းကိုသွားတွေ့တာ ဆရာဦးအာဗြေလနဲ့ တစ်ယောက်ကို အတူတူတွေ့တယ် တစ်ယောက်ကတော့ သပ်သပ်တွေ့တယ်’’ ဟု ဦးအာဗြေလ၏ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ သေဆုံးသွားသည့် ရုပ်အလောင်းများကို ပလက်ဝြမို့ပေါ်သို့ ပို့ဆောင်ခဲ့ကြပြီးနောက် ယနေ့မွန်းလွဲပိုင်းက မြေမြှပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ပလက်ဝြမို့နယ် ကျီးလေကျေးရွာတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်ကစ၍ အခြေချခဲ့ကြပြီး ဒေသခံပြည်သူများအား ကိုယ်ထိလက်ရောက်ရိုက်နက်ခြင်း၊ လူငယ်များအား ကုလားတန်မြစ်ကမ်းနဘေး နေပူထဲတွင် ချူပ်နှောင်ထားခြင်း၊ ဆန်နှင့်ရက္ခာများသယ်ယူခိုင်းခြင်းနှင့် ကျေးရွာမှ အခြားသို့ထွက်သွားလိုသူများအား ထွက်သွားခွင့်မပြုဘဲ ကျေးရွာအတွင်း အတင်းအကျပ် တားဆီးမှုများပြုလုပ်လျက်ရှိသည်ဟု ဇန်နဝါရီလလ (၁၀) ရက်နေ့က ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်စီ(KACC) ထုတ်ပြန်ထားသည်။ ပလက်ဝြမို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ယခုသေဆုံးသွားသည့် (၃) ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဆထားကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေး တည်ငြိမ်အေးချမ်းမှု မရှိသေးဟုဆိုကာ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို (၂) လ ထပ်တိုးလိုက်သည်ဟု ဇန်န၀ါရီလ (၉) ရက်နေ့က ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ညမထွက်ရအမိန့်ကို (၂) လတိတိထုတ်ပြန်ခဲ့ပြီး ဇန်န၀ါရီလ (၉) ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့သည်။ သို့သော်လည်း ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးအခြေအနေသည် တည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် ညမထွက်ရအမိန့်ကို ဇန်န၀ါရီလ (၉) ရက်နေ့ကစ၍ (၂) လအထိ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းအမိန့်ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်း ပလက်ဝမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသောရည်ရွက်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅) ဦးသို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရန်အကယ်၍ အဆိုပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။
By လားနွန် – မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အဆိုပြိုင်ပွဲများအနက် လူထုအားပေးထောက်ခံမှု အများဆုံးရရှိထားသော Myanmar Idol Season – 4 ပြိုင်ပွဲကြီးတွင် Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည့် ချင်းလူမျိုးဂုဏ်ဆောင် Esther Dawt Chin Sung ကို အဖ ဦး Chan Cung Hnin နှင့် အမိ ဒေါ် Par Ki တို့မှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်မွေးဖွားခဲ့သည်။ မောင်နှမ (၄) ဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်နေသည့် Esther သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပခဲ့ကြသော ဒုတိယအကြိမ်မြောက် Chin Idol အဆိုပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့သူဖြစ်သည်။ သူ့ဘ၀ ကောက်ကြောင်းနှင့်ပတ်သက်၍ စာဖတ်ပရိတ်သတ်များသိရှိနိုင်ရန် ခိုနူမ်းသုန်သတင်းဌာနမှ Esther Dawt Chin Sung ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ မေး။ ။ Myanmar Idol မှာ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး အရင်ဆုံးပြောပြပါဦး။ ဖြေ။ ။ ဟုတ်ကဲ့ ဒီ Myanmar Idol ပေါ့နော် Season 3 ကတည်းကနေပြီးတော့ အရမ်းဝင်ပြိုင်ချင်ခဲ့တယ် ဒါပေမဲ့ Season 3 မှာကျတော့ သမီးဘုရားကျောင်းအစီအစဉ်နဲ့ပေါ့နော် ပြည်ပခရီးစဉ်ထွက်လိုက်တော့ ဘယ်လိုမှမပြိုင်နိုင်ခဲ့ဘူး အဲဒီတော့ ဒီ Season 4…
By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရာ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲများ မကျင်းပနိုင်ခဲ့ကြောင်းသိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေကြောင့် ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များအနေဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအခါသမယများတွင် ပွဲတော်များအား ယခင်နှစ်လို မကျင်းပနိုင်ကြောင်း ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။ “နှစ်သစ်ကူးက အရင်ကလိုပဲ ပုံမှန်စည်စည်ကားကားတော့ မလုပ်နိုင်ဘူး ဒါပေမဲ့ ကိုယ့်အိမ်မှာကိုကျတော့ မိသားစုအလိုက်နဲ့ပဲ ကြိုဆိုကြတယ် ဒါပေမဲ့ အရင်ကလို စည်စည်ကားကားနဲ့ကျတော့ ကျနော်တို့ မလုပ်ဘူး ခရစ္စမတ်လည်း ထိုနည်းတူစွာ အရင်တုန်းကဆိုရင် ကျနော်တို့ အပိုင်တွေအလိုက် အဲလိုမျိုး ကျနော်တို့ကျင်းပကြတယ် အခုကျတော့ ကျနော်တို့က ခရစ္စမတ်လည်း မကျင်းပရဘူး Happy new year ကလည်း ထိုနည်းတူစွာပဲဖြစ်ပါတယ် အစိုးရက မကျင်းပနဲ့လို့တော့မပြောဘူး ဒါပေမဲ့ တာဝန်မယူဘူးဆိုတော့က ကျနော်တို့က မကျင်းပရဲဘူးပေါ့နော် သူတို့က တာဝန်မယူရဲလို့ရှိရင်ဆိုတော့ ကျနော်တို့ အခက်အခဲက မကျင်းပနိုင်တာဖြစ်ပါတယ်” ဟု ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးနေ့များသည် မနက်ပိုင်းတွင်ကျင်းပခဲ့ပြီး ည၀တ်ပြုသည့်အစီအစဉ်များမှာ သွားလို့ရသော်လည်း ညမထွက်ရအမိန့်အရ ညနေ (၆) နာရီနောက်ပိုင်း သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့်…
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်မှု ရုတ်သိမ်းခြင်းမရှိသေးသည့်အတွက် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယခင်နှစ်ကကဲ့သို့ ကျင်းပပြုလုပ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဆိုကာ ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များ အနေဖြင့် စည်စည်ကားကားနှင့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့မှ ခရစ်ယာန်ဓမ္မဆရာ မောဆက်ကပြောသည်။ “အရင်တုန်းကတော့ ပျော်ပျော်ပါးပါးနဲ့ ညမှာရော နေ့မှာပါ ပျော်ပွဲရွှင်ပွဲတွေ၊ အကတွေ စသည်ဖြင့် အားရပါးရနဲ့ ကြီးကြီးမားမားကျင်းပကြတာပေါ့ ဒီနှစ်ကြတော့ အဲလိုကြီးကြီးမားမား ကျင်းပလို့မရတော့ဘူး ဒင်နာစားရုံလောက်ပါဘဲ ခုကတော့မရတော့ဘူး ဒီနှစ်ကတော့ ဘယ်သူမှ ပလက်ဝအသင်းတော်မှာတော့ မလုပ်နိုင်တော့ဘူး အသင်းတော်တိုင်းပါပဲ” ဟု ဆရာမေဆက်ကပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလသည် ခရစ္စယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ခရစ္စမတ်ရက်မြတ်ကာလဖြစ်ပြီး အသင်းအသီးသီးက ကယ်ရောလ်သီချင်းများသီဆိုခြင်း၊ ခရစ္စမတ်ပွဲတော်ကို နေ့ရောညပါ စည်စည်ကားကားကျင်းပခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော်လည်း ယခုအခါ ပလက်ဝမြို့တွင် ကယ်ရောလ်သီချင်းသီဆိုမှုကို ညမှာမလုပ်နိုင်တော့၍ နေ့လယ်ပိုင်းမှာ ပြုလုပ်နေကြရပြီး ခရစ်ယာန်ဘာသာဝင်များအတွက်…
By လားနွန် – ၂၀၁၈ – ၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရန်လျာထားသည့် ပလက်ဝမြို့နယ်၊ မှုံးတနူးကျေးရွာ ကျန်းမာရေးဌာန (ဆေးပေးခန်း) အဆောက်အဦးသည် ယနေ့ချိန်ထိ ဖောင်ဒေးရှင်းချသည့်အဆင့်တွင်သာရှိနေသေးပြီး အမြန်ဆုံးတည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။ မှုံးတနူးကျေးရွာ ကျန်းမာရေးဌာနအဆောက်အဦးတည်ဆောက်ရန် Royal Shine Star ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး ၂၀၁၈ ခုနှစ် ဧပြီလကစ၍ (ဖောင်ဒေးရှင်း) အုပ်မြစ်ချ၊ တိုင်ထောင်သည့်အဆင့်ထိသာ အကောင်အထည်ဖော်ဆောင်ပြီးနောက် လုပ်ငန်းရပ်နားသွားသည်ဟု မှုံးတနူးကျေးရွာဒေသခံ ဦးကွီးထိုးကပြောသည်။ “၂၀၁၈ ခုနှစ် ဧပြီလ (၁၄) ကနေစပြီးမှ လုပ်ငန်းဝင်လာတယ် ဒါပေမဲ့ အခုချိန်ထိက ဒီတိုင်ထောင်တာတစ်ခုတည်းနဲ့ သဲစုတာ၊ အုတ်ခဲစုတာ၊ ဘိလပ်မြေစုတာ တစ်နှစ်ကုန်သွားတယ်၊ ကျနော် လက်တွေ့မြင်တဲ့အတိုင်းကတော့ မိုးရာသီတွင်းမှာ သံထည်ပစ္စည်းတွေကို စုဆောင်းရင်းနဲ့ သဲက မစုအားတဲ့သဘောဖြစ်သွားတယ် နောက်ပြီးမှ အဲဒီလမ်းကလည်း မိုးတစ်ခါရွာတာနဲ့ အကုန်လုံးချော်တာ ကားက မသွားရဲတဲ့သဘောဖြစ်တာလို့သိရတယ်’’ ဟု ဦးကွီးထိုးကပြောသည်။ အဆိုပါအဆောက်အဦးတည်ဆောက်ရန်အတွက် ကျပ်သိန်း (၁၅၀၀) ခန့်ချမှတ်ထားပြီး မြို့နယ်အဆင့်မှ ညွှန်ကြားချက်အရ တင်ဒါအောင်သည့်ကုမ္ပဏီက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးအတွင်း အပြီးအစီးတည်ဆောက်ရန်အတွက် လျာထားခဲ့ကြသည်။ သို့သော်လည်း သက်ဆိုင်ရာကုမ္ပဏီမှ (၂) နှစ်နီးပါးခန့် ရပ်နားထားပြီးမှ ပြီးခဲ့သည့် နိုဝင်ဘာလကစ၍ ပြန်လည်စတင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဓိကပြသနာက လမ်းပန်းဆက်သွယ်ရေးပေါ့ ကားလမ်းမပေါက်တာ နောက်ပြီးတော့ မှုံးတနူးက ပလက်ဝမြို့နယ်ဆိုတော့ အခုက မြောက်ဦးကနေတဆင့်တက်ရတယ် မြောက်ဦးဘက်မှာ…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာနှင့် သဖန်းချောင်းကျေးရွာမှ ရွာသား (၄၀) တို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ချို့သည် ကြောင်ချောင်းကျေးရွာသို့ဝင်ရောက် နေထိုင်မှုများရှိလာသည့်အတွက် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တိုက်ပွဲမဖြစ်ခင်တွင် ပလက်ဝမြို့ပေါ်သို့ ဒီဇင်ဘာ (၁၇) ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ်စစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ၁၂ ရက်နေ့က AA တပ်ဖွဲ့တွေ သူတို့ရွာထဲရောက်လာတယ် သူတို့က ချက်ချင်းကြီးပြေးလာတယ် တော့မဟုတ်ဘူးပေါ့နော် သူတို့ရှိလာတယ်ဆိုတော့ နည်းနည်းတိုက်ခိုက်မှု တွေရှိလာနိုင်တယ်ဖြစ်နိုင်တယ်ဆို ပြီးတော့သူတို့က မဖြစ်ခင်မှာကြိုပြီးရှောင်တဲ့အနေနဲ့ ထွက်ပြေးလာကြတာ AA တပ်ဖွဲ့တွေက ဒုက္ခတော့မပေး ပေမယ့် အနီးအနားမှရှိရင် ဟိုဘက်ဒီဘက်တိုက်ပွဲတွေဖြစ်လာရင် ကြားညှပ်မှာစိုးရိမ်တယ်လေ” ဟု ၎င်းကပြောသည်။ ကြောင်ချောင်းကျေးရွာသည် ပလက်ဝမြို့မှ (၅) နာရီခန့်သွားရပြီး ယခုပလက်ဝမြို့ပေါ်သို့ထွက်ြေ ပးလာသူများမှာ အိမ်ထောင်စု (၉) စု လူဦးရေ (၂၀) ရှိသည်။ အလားတူ သဖန်းချောင်းကျေးရွာအနီးတ၀ိုက်တွင် မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား သည့်အတွက် ရွာထဲတွင်ဆက်မနေရဲတော့ဘဲ ဒီဇင်ဘာလ ၁၄ ရက်နေ့က အိမ်ထောင်စု (၅) စု လူဦးရေ (၂၀) တို့ သည် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။ သဖန်းချောင်းကျေးရွာဒေသခံတစ်ဦးက “သဖန်းချောင်းက တပ်ကုန်းနဲ့အရမ်းနီးတော့လေ အဲဒါကြောင့်မို့ တိုက်ပွဲဖြစ်တော့လည်း သေနတ်ပစ်သံတွေက အနီးနားမှာဖြစ်သလိုခံစားရတယ်၊ ကြောက်လို့မနေရဲကြဘူး ရွာထဲမှာဖြစ်တာတော့မဟုတ်ဘူး အဲဒါကြောင့်မို့ထွက်ပြေးလာတာ” ဟု…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကြောင့် ညစာဖတ်ဝိုင်းများဆက်ပြုလုပ်၍မရသဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်ထိခိုက်မည်ဟု စိုးရိမ်နေကြသည်။ ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်အနက် ပလက်ဝမြို့နယ်သည် ဆယ်တန်းအောင်ချက်အနိမ့်ဆုံးဖြစ်လေ့ရှိသည့်အတွက် အောင်ချက်မြင့်မားလာစေရန် ပြည်နယ်အစိုးရမှ စာဖတ်ဝိုင်းများပြုလုပ်ခိုင်းသော်လည်း ည (၆) နာရီမှ နံနက် (၆) နာရီအကြား ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် စာဖတ်ဝိုင်းမပြုလုပ်နိုင် တော့ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးက ဆလိုင်းအောင်မင်းကပြောသည်။ “တချို့စာဖတ်ဝိုင်းတွေက ကျနော်တို့စနေပြီလေ ပုဒ်မ ၁၄၄ ထွက်တာနဲ့ စာဖတ်ဝိုင်းကလုံးဝလုပ်လို့မရတော့ဘူး၊ ဆရာ။မတွေရော ကျောင်းသူ။သားတွေရောမလာချင်ကျတော့ဘူး ပုဒ်မ ၁၄၄ ကြောင့် ကျောင်းသူ။သားတွေရော ဆရာ။မတွေကလည်း အဲလိုလုပ်ဖို့ကလည်းနည်းနည်းလေး စိုးရိမ်ကြတာပေါ့” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ဗဗ) တို့ အကြားတိုက်ပွဲများကြောင့် လုံခြုံရေးအရဟုဆိုကာ ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပလက်ဝမြို့အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်တွင် ယခင်နှစ်များကစပြီး ဆယ်တန်းအောင်ချက်မြင့်မားစေရန်အတွက် စားဖတ်ဝိုင်းနှင့် စာသင်ဝိုင်းများကို အ.ထ.က (ခွဲ) ၊ အ.ထ.က ကျောင်းတို့တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ် စက်တင်ဘာလမှ စပြီး စာဖတ်ဝိုင်းစတင်ပုံမှန်ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာလ (၉) ရက်နေ့ကစပြီး ယခုချိန်ထိဆက်မလုပ်နိုင်ကြ တော့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ စာဖတ်ဝိုင်းများဆက်လုပ်မပြုလုပ်နိုင်တော့သည့်အတွက် လာမည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှင့် အောင်ချက်ပိုင်းတွင် ထိခိုက်မှုရှိနိုင်သည်ဟု ဆလိုင်းအောင်မင်းကပြောသည်။ “အများကြီးထိခိုက်နိုင်မယ်လို့တော့ ကျနော်ထင်တယ် ဥပမာ စာဖတ်ဝိုင်းပုံမှန်မလုပ်ဘူးဆိုရင်…
