ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုက်ဇင်ခင်ကို မိမိသဘောဆန္ဒ အလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ မေလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက တရားဝင် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေးပေးရေးစီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် သက်ဆိုင်ရာပြည်သူလူထုများ အခက်အခဲ တွေ့ကြုံခဲ့ရသောကြောင့် မိမိကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့်ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုပြုသည့်အနေဖြင့် မိမိသဘောဆန္ဒ အလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ဆလိုင်းအိုင်းဇက်ခင်၏ facebook စာမျက်နှာတွင် ‘မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂) နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုး ရှိခဲ့မည်ဆိုရင်လည်း မိမိရဲ့အားနည်းချက်တွေဖြစ်ကြောင်း နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားကြောင်း’ ဖော်ပြသည်။ ဆလိုင်းအိုင်းဇက်ခင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုမခွဲ(ခ) တို့ပါ ပြဋ္ဌာန်းချက်များအရ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Author: Editor
ချင်းပြည်နယ်အစိုးရ စည်ပင်ဘတ်ဂျက်ဖြင့် ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက် လုပ်မည့်အပေါ် ပြည်သူလူထုမှ မလိုလားကြောင်း Rih Lentlang Youth Association အကြံပေးပုဂ္ဂိုလ် Pu Zozedinga က ပြောသည်။ “လမ်းတိုးချဲ့ဖောက်လုပ်ပါက လယ်ယာမြေအချို့ ပျက်ဆီးနိုင်တယ်၊ သဘာဝဘေးမဲ့တောများလည်း ပျက်ဆီးမှာဆိုးတယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး နဂါရုံဖုရားစေတီ အနီးတွင် ဓမ္မာရုံများ တည်ဆောက် လာဖွယ်ရှိကြောင်းနှင့် ယင်းအတွက်ကြောင့် မလိုလားခြင်းမဟုတ်ဘဲ လယ်ယာမြေ နှင့် သဘာဝဘေးမဲ့တောများ ပျက်ဆီးနိုင်သည့်အပေါ် မလိုလာရခြင်းသာဖြစ်ကြောင်း ဆက်ပြောပါသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး လယ်ယာမြေများမှာ ပုံစံ ၇ ဖြင့် ပိုင်ဆိုင်ထားသော ဥယျာဉ်ခြံ များဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အတွက် အထိနာနိုင်မည့် ပိုင်ရှင်များနဲ့ ညှိနှိုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် လုပ်ဆောင်မည် ဆိုပါက ထောက်ခံကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရက်ကွပ် အုပ်ချုပ်ရေးမှူး ပူးချန်းလျန်နာက ယခုလို ပြောပါသည်။ “လမ်းသတ်သတ်ဖောက်ရုံနဲ့ ပျက်ဆီးဖို့ အခြေအနေတော့ မရှိပါဘူး။ အဲဒီ မြေစာတွေကို ဒီအတိုင်းလွှင့်ပစ်မယ်ဆိုရင်တော့ အချို့ နေရာမှာ လယ်ကွက်တွေ ပျက်ဆီးနိုင်တယ်။ ဒါတွေကို ပိုင်ရှင်ရှိတဲ့လူ၊ အထိနာမယ့်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက် သဘောနဲ့ လုပ်လို့ရှိရင် ထောက်ခံပါတယ်။” ယခုလို နဂါရုံဖုရားဘက်လမ်းချဲဖို့နဲ့ပတ်သက်ပြီး သိပ်မကြားသေးခင်ကဘဲ ချင်းပြည်နယ် အစိုးရအနေနဲ့ စည်ပင်ဘတ်ဂျက်ဖြင့် တင်တာတွေခေါ်ထားကြောင်း သိရပြီး ဘယ်သူ ပေါက်တယ် အောင်တယ်ဆိုတာကိုတော့ မသိရကြောင်း ပူးချန်းလျန်နာ က…
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တင်ပြမည့် ကလေးမြို့နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်အပ်နှံမည့်စာရင်းမှာ ကွဲလွဲမှုများရှိနေ သည့်အတွက် ယာယီရပ်နားထားကြောင်း ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင် ဦးကျော်သက်ဝင်းက ပြောသည်။ ပြန်လည်အပ်နှံမည့် လယ်ယာမြေစာရင်း ပြုစုမှုနှင့်ပတ်သက်၍ အောက်ခြေတွင် အနည်းငယ်လွှဲမှားမှုများရှိနေပြီး ပြန်လည်စိစစ်ဖို့လိုအပ်သောကြောင့် ပြန်လည်အပ်နှံခြင်းအစီစဉ်ကို မြို့နယ် ခရိုင်အဆင့်မှာရှိသည့် သိမ်းဆည်းခံ လယ်ယာမြေနှင့် ပြန်လည်စိစစ်ဆေးေ ရးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။ “ပေးရမယ့် လူစာရင်းက နာမည်စာရင်းတွေကွဲလွှဲမှုရှိုတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ကနေပြီးတော့ မသင့်တော်ဘူးဆိုပြီး ကန့်ကွက်ကြတယ်။ ဒါကြောင့် ဒီပွဲကိုအဆင့်ဆင့်တင်ပြချက်နဲ့ သမ္မတခရီးစဉ်မှာပေးရမှာဖြစ်ပေမယ့် ဒီအစီအစဉ်ကိုယာယီရပ်နားထားတယ်။” ဟုအထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ ပြည်ထောင်စုမြန်မာနိုင်ငံဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ခရီးစဉ်အတွက် မေလ ၁၆ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။
ချင်းပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ရုံးမှ ဆုံးဖြတ်ထားသည့် ဖလမ်းခရိုင်တရားရုံးထုတ်ပြန်သော ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ တည်ထောင်ခြင်း စိန်ရတုကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူခွင့်မပြုသည့် အမိန့်စာမရရှိသေးသောကြောင့် မြန်မာနိုင်ငံဗဟိုအစိုးရထံ ပေးပို့မည့်ကိစ္စ ကြန့်ကြာနေခြင်းဖြစ်သည်ဟု ရိခေါဒါရ်မြို့အကြံပေးပုဂ္ဂိုလ် Pu Puitea က ပြောပါသည်။ “ကျနော်တို့ ပေးပို့မယ့် အမိန့်စာအကုန်လုံးရှိနေပြီ၊ အဲဒီတစ်ခုဘဲ မရသေးတာ၊ ခရိုင်ရုံးကိုမေးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့တယ်လို့ပြောတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ငါ့မှာမရှိဘူး” လို့ သူက ပြောသည်။ အဆိုပါအမိန့်စာမှာ သူတို့ကိုယ်တိုင် ပြည်သူလူထုရှေ့တွင် ဖတ်ကြားသော အမိန့်စာဖြစ် သည့်အတွက် လက်ဝယ်မရနိုင်သော် ငြားလည်း ပြည်သူလူထုအကုန်လုံး သိရှိပြီးသားဖြစ်သည့်အတွက် အဆိုပါအမိန့်စာပါအကြောင်းအရာကို ဒီလအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ဆက်ပြောပါသည်။ “သမ္မတရုံး၊ ဒုသမ္မတ၊ ပြည်ထဲရေးဌာနရုံးများတွင် မိတ္တူပေးပို့သွားမယ်၊ နေပြည်တော်မှာ ကူညီပေးမယ့်သူတွေ ကတော့ အဆင်သင့်ဖြစ်နေပြီ” ဟု ပြောသည်။ ဗဟိုအစိုးရထံ ပေးပို့မည့် အမိန့်စာများတွင် ချင်းပြည်နယ်အစိုးရမှ ရိရေကန်အတွင်း ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ ကန်အတွင်း အပျော်လှေစီခြင်းတို့ ခွင့်မပြုခြင်းနှင့် ရေကန်အနီး လယ်ယာမြေလုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ခြင်း စသည့် အမိန့်များ ပါဝင်သည်။
https://www.facebook.com/KhonumtungBurmese/videos/2048928928708472/lmozl
လူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံမှာ တန်းတူအခွင့်အရေးမရှိသောကြောင့် ဒီကနေ့ တိုင်းရင်းသားဘက်က လက်နက်ကိုင် နေရခြင်းမှာ တန်းတူအခွင့်အရေးမရလို့ လက်နက်ကိုင်နေရခြင်းဖြစ်သည်ဟု ကလေးမြို့ တက်ကြွလှုပ်ရှားသူ ခင်ချိုဆက် က ပြောပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နှင့် ကချင်ပြည်နယ်အတွင်း ပိတ်မိနေသည့် ပြည်သူများ အမြန်ဆုံးလွတ်မြှောက်ဖို့ ရည်ရွယ်ပြီး မေလ ၁၄ ရက်နေ့တွင် ကလေးမြို့ရှိ ချင်းပြည်သူလူထု ၁၀၀ ခန့် လမ်းမကြီးထွက်ဆန္ဒပြရာတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျမတို့နိုင်ငံဟာ လူမျိုးတစ်မျိုးထဲနေတဲ့နိုင်ငံမဟုတ်ပါဘူး၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျမတို့နိုင်ငံမှာ တန်းတူအခွင့်အရေးရမှ ဖြစ်ပါတယ်။ ဒီကနေ့ တိုင်းရင်းသားဘက်က လက်နက်ကိုင်နေတယ်ဆိုတာက တန်းတူအခွင့်အရေးမရလို့ ကိုင်နေတာဖြစ်တယ်။” ယခုနောက်ပိုင်းစစ်ပွဲများသည် တိုင်းရင်းသားများနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ၏ ခေါင်းမာမှုကြောင့် စစ်ပွဲတွေ မချုပ်ငြိမ်းနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းစစ်ရှိသည့် ဘယ်နိုင်ငံမဆို စီးပွားရေးတည်ဆောက်လို့မရကြောင်း ဆက်ပြောပါသည်။ ယခုလို ဆန္ဒဖော်ထုတ်ရတဲ့ အဓိကအကြောင်းရင်းမှာ ကချင်ပြည်နယ်ရှိ ပိတ်မိစစ်ဘေးရှောင် ဒုက္ခသည်များ လွတ်မြှောက်ရေး အတွက်ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များသည် အစာငတ်ပြတ်ပိတ်မိခံနေရသည့် အခြေအနေကို မခံစားနိုင်သောကြောင့် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ချင်းလူထုခေါင်းဆောင်တစ်ဦး ဦးအုပ်လျံက ပြောပါသည်။ “အဓိကအကြောင်းရင်းကတော့ စစ်ပွဲတွေရပ်ဆိုတဲ့နေရာမှာ ပါဝင်ပတ်သက်သူအားလုံးကို ရပ်စဲဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူအားလုံးဟာ အချင်းချင်းမတိုက်ဘဲနဲ့ စားပွဲဝိုင်းမှာ ညှိုနိုင်းပြီးတော့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ရန် စစ်ပွဲရပ်ဆိုတဲ့ စာတန်းကို သုံးရခြင်းဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းသာယာလို့ရှိရင် တခြားနိုင်ငံလိုဘဲ တိုးတက်ဖွံ့ဖြိုးလာမယ်၊” ဟု ဆိုပါသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တည်ထောင်ခြင်း စိန်ရတုကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူခွင့်မပြုသည့် ကိစ္စအပါအ၀င် ရိခေါဒါရ်ပြည်သူလူထုအပေါ် ချင်းပြည်နယ်အစိုးရမှ နည်းအမျိုးမျိုးဖြင့် ကန့်သတ်ပိတ်ပင်မှူများကို မကျေနပ် ၍ လာမည့် မေလ ၅ ရက်နေ့တွင် ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ ရိခေါဒါရ်မြို့တည်ထောင်သည့် (၇၆) နှစ်ပြည့် (Diamond Jubilee) ပွဲတော်ကို ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့များက ရိခေါဒါရ်မြို့တွင်ကျင်းပခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းကျောက်တိုင်ကို ပြည်သူလူထုမှရွေးချယ်ထားသော နေရာတွင် အစိုးရမှ စိုက်ထူခွင့်မပြုခဲ့သည့်အပြင် ရိရေကန်အခြေပြု ချင်းပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကြောင်းပြကာ ဒေသခံပြည်သူ များ နှစ်ရှည်လများလုပ်ကိုင်လာကြသော ရိရေကန်အတွင်း ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ ကန်အတွင်းအပျော်လှေစီးခြင်းတို့ခွင့်မပြုခြင်းနှင့် ရေကန်အနီး လယ်ယာမြေလုပ်ကိုင်ခွင့်ထားမြစ်ပိတ်ခြင်းတို့ ကြောင့် ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု ရိခေါဒါရ်မြို့ တည်ထောင်သူ ဦးဟရန်းမှုန်းအာ၏ မြေးဖြစ်သူ ဒေါ်လိုင်းထန်ဆန်းကပြောသည်။ “ကျွန်မတို့ဘိုးဘွားတွေက ဓားမဦးချ လုပ်ကိုင်လာတဲ့ ဒီလယ်ယာမြေတွေကို ကျွန်မတို့က ပြောင်းရွှေ့မပေးနိုင်ဘူး ကန်ထဲမှာ ငါးမျှားတယ် ရေကူးတယ် လယ်ယာလုပ်ကိုင်လို့ ဒီရေကန် ပျက်စီးမှုတွေရှိတယ်မရှိဘူးဆိုတာ ယနေ့အချိန်ထိ ပြည်သူတွေ ရွာသားတွေကအသိဆုံးဖြစ်မှာပေါ့ ဒါကြောင့် ဒီလိုပိတ်ပင်ခြင်းကိုတော့ ပြည်သူတွေ ရွာသားတွေအတွက်လုံးဝလက်ခံနိုင်မယ့် ကိစ္စမဟုတ်ဘူး’’ ဟု ဒေါ်လိုင်းထန်ဆန်းကပြောသည်။ ၁၉၄၂ ခုနှစ် ဘိုးဘွားများမှ ကျေးရွာစတင်တည်ထောင်ခဲ့စဉ်ကတည်းက ဒေသခံပြည်သူများသည်အသက်မွေးဝမ်း ကျောင်းအတွက် ကန်အတွင်း ငါးဖမ်းခြင်း၊ ကန်နဘေးရှိ လယ်ယာမြေများတွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ခဲ့ကြပြီး နှစ်ပေါင်း (၇၀) ကျော်သည့်တိုင် ရိရေကန်ကြီး တိမ်ကောပျက်စီးမှုမရှိကြောင်း ၎င်းကဆက်ပြောသည်။ ဆန္ဒပြပွဲကို မေလ…
ချင်းဝါရင့်နိုင်ငံရေးသမား ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဒေါက်တာ ဇလှေထန်း၏ ရုပ်ကလပ်သည် ယနေ့ မေလ ၃ရက် ညတွင် ကလေးမြို့သို့ ရောက်ရှိလာပြီး Lairawn Baptist Association ခန်းမတွင် ရုပ်ကလပ်ကိုထားရှိပြီး ခရစ်ယာန် ထုံးတမ်းစဉ်လာအရ မိုးလင်းကြမည်ဟု သိရသည်။ မနက်ဖြန်မနက် ၇ နာရီခန့်တွင် ဒေါက်တာဇလှေထန်း၏ ရုပ်ကလပ်ကို ကလေးမြို့မှ ဖလမ်းသို့ သယ်ယူပြီး ဖလမ်းမြို့တွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်ကြမည်ဟုသိရသည်။ ဒေါက်တာ ဇလှေထန်းသည် ပြီးခဲ့သည့် မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခန့်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ၊ Georgetown ဆေးရုံတွင် အဆုတ်ရောဂါဖြင့် ကွန်လွယ်ခဲ့ခြင်းဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက နိုင်ငံရေးတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ဗိုလ်ချူပ်ကြီးနေ၀င်ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရထံ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ချင်းလူငယ်များအကြံပေးတင်ချက်တွင် ပါဝင်ခဲ့သည်အတွက် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဖလမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်က ဗိုလ်ချူပ်ကြီးစောမောင်မှ အနိုင်ရ နိုင်ငံရေးပါတီများထံ အာဏာလွှဲအပ်ခြင်းမရှိဘဲ လွတ်တော်ကိုယ်စားလှယ်များကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးလာသည့်အခါ ဒေါက်တာဇလှေထန်းသည်လည်း ပြည်ပနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒေါက်တာဇလှေထန်းသည် ၂၀၁၁ ခုနှစ် ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ်ညီလာခံတွင် ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပြီး CNF ဥက္ကဌ တာဝန်ကို သက်တမ်းတစ်ခုထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် CNF ဆဠမအကြိမ်ညီလာခံက ဖလမ်းမြို့နယ်ကိုယ်စားပြု ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
https://youtu.be/NJZX9s_AIQE
ချင်းပြည်နယ်နှင့်အနယ်နယ်အရပ်ရပ်မှ ဇိုမီးဂီတအနုပညာပါရမီရှင်များစုပေါင်း၍ ဒုတိယအကြိမ်မြောက် ဇိုမီးဂီတပွဲတော် (Zomi Guitar Festival 2018) ကို ကလေးမြို့တွင် ဧပြီလ ၅ ရက်နေ့က စည်ကားစွာကျင်းပခဲ့သည်။ အဆိုပါ ဒုတိယအကြိမ် ဇိုမီးဂီတပွဲတော်ကို ဇိုးမီးဂီတဝါသနာရှင်လူငယ်အဖွဲ့မှ ကြီးမှုးကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဂါလိလဲခန်းမတွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Tedim Times တွင် ဖော်ပြသည်။ ယခုလို ဂီတသမားတွေ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုရှိပြီး စည်းစည်းလုံးလုံးနဲ့ အနုပညာလမ်းကြောင်းကို လက်တွဲလျှောက်လှမ်း သွားကြစေဖို့ ဝါသနာရှင်မိဘပြည်သူတွေရဲ့ တောင်းဆိုမှုအရ အခါအားလျော်စွာ အခုလို မျိုးပွဲတော်ကို ဆက်လက်ကျင်းပနိုင်ဖို့ ရည်ရွယ်ကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်မှလာရောက်ပါဝင်ကြသော ပင်တိုင်လိဒ်ဂီတာသမား ၁၁ ဦးတို့က တစ်ဦးချင်းအလိုက် လိုက်ပါလာကြသည့် တေးဂီတအဖွဲ့များနှင့်အတူ သံစုံတီးဝိုင်းများဖြင့် အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ အဆိုပါဇိုမီးဂီတပွဲတော်ကို ယခင်နှစ်ပထမအကြိမ်က G FORCE ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဂစ်တာ တီးခတ်ကြသူ များသည် တော်၍၊ တတ်၍၊ ကျွမ်းကျင်၍ယှဉ်ပြိုင်တီးခတ်ကြခြင်းမဟုတ်ကြောင်း၊ မိမိတတ် ကျွမ်းသည့်ဂီတကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြခြင်းဖြစ်ကြောင်း၊ နောင်လာနောက်သားများအနေဖြင့် ဂီတအနှစ်သာရကိုနားလည်ကာ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ အနေဖြင့် အနာဂတ်လူငယ်များအား လမ်းပြလက်တွဲခေါ်ယူခြင်းဖြစ်ကြောင်း၊ လူငယ်များကိုယ်တတ်ကျွမ်းသည့် အနုပညာဖြင့် လေလွှင့်မသွားဘဲ စည်းကမ်းပြည့်ဝသောဂီတသမားကောင်းများပေါ် ပေါက်လာစေချင်သည့် အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည်။