Author: Editor
#Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆိုဇန်-ဖူနွမ်းလမ်းပိုင်းမှ ဒိမ်ပီးကျေးရွာအကြား ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာတွင် မြေစာပုံများကို စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက် ဒေသခံပြည်သူများ၏ ပန်းသီးခြံ (၂၃) ဧက ပျက်စီးသွားသည်ဟု သိရသည်။ အဆိုပါကျေးရွာချင်းဆက်လမ်းကို ချင်းပြည်နယ် ကျေးလက်လမ်းဦးစီးဌာနဘတ်ဂျက်ဖြင့် John and Joshua ကုမ္ပဏီမှ ယခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ရာတွင် စွန့်ပစ်မြေစာပုံများကြောင့် ဖူူနွမ်းကျေးရွာမှ တောင်သူ (၁၉) ဦးပိုင်ဆိုင်သော ပန်းသီးစိုက်ဧက (၂၃) ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖူနွမ်းကျေးရွာမှ ပန်းသီးစိုက်တောင်သူ မစီစီလျားကပြောသည်။ “အသီးတွေလည်းပျက်ဆီးသွားတယ်ခူးလို့မရတော့ဘူး၊ အပင်တွေပါ အမြစ်တွေ ပါပျက်သွားတာ၊ အဲ့ဒီမြေစာပုံထဲ မှာအကုန်ပါသွားတာ ’’ ဟု မစီစီလျားကပြောသည်။ ယင်းပန်းသီးခြံများကို ဖူနွမ်းကျေးရွာသူရွာသားများက ၁၉၉၀ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာခဲ့ကြပြီး တစ်ဧကလျှင် နှစ်စဉ် ကျပ်သိန်း (၅၀ မှ ၂၀၀) အထိရရှိကြကာ ဒေသတွင်းအသက်မွေးဝမ်းကျောင်းအတွက် အဓိကမှီခိုအားထားနေကြ ရသည်။ “ကျွန်မတို့ဖက်ကတော့အသက်မွေးဝမ်းကျောင်းအဖြစ် အားနေရတယ်ဆိုတော့ ဘာမှစားစရာတောင်မကျန်တော့ဘူး၊ ခုတော့ပန်သီးခြံတွေပျက်ကုန်တော့ ရွာသူရွာသားတွေက လည်း အလုပ်လက်မဲ့ဖြစ်ပြီး ဘေးဝင်ငွေလည်းမရှိတော့ဘူး ဝမ်းစာအတွက် တကယ်ကိုဒုက္ခရောက်နေကြပြီ’’ ဟု မစီစီလျားကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကာ ပန်းသီးစိုက်ခင်းပျက်စီးသည့်အပြင် မြေပြိုသည့် မြေစာများ ရှင်းရာတွင်လည်း ပန်းသီးစိုက်ခင်းများအပေါ် စွန့်ပစ်ကြသည့်အတွက် ထပ်မံပျက်စီးကာ ပန်းသီးစိုက်ခင်းအား မှီခိုအားထားနေသည့် တောင်သူများ အငတ်ဘေးဆိုက်မည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။ ယခုကဲ့သို့ ပန်းသီးစိုက်ခင်းများ ပျက်စီးမှုအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ပန်းသီးစိုက်တောင်သူများက လိုလားနေကြသည်။ #Zawgyi…
#Unicode နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းရရှိသည်။ ချင်းရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၇) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၄) ဦးစုစုပေါင်း (၁၁) ဦးတို့က ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားကြပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဦးမာန်ခွါးဟုန်း (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်လါလ်ရင်းမွန် (NLD) ၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်ကြသည်။ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်လူလတ်ပိုင်းတစ်ဦးဖြစ်သည့် ဦးလားထန်ကြွမ်းကတော့ အစိုးရနှင့် ချင်းပြည်သူများအကြား ချိတ်ဆက်ပေးနိုင်သော ကိုယ်စားလှယ်ကောင်းလိုအပ်သည့်အတွက် ယခုကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောသည်။ “ချင်းလူမျိုးတွေရဲ့ကိုယ်စား အစိုးရနဲ့ ချင်းလူမျိုးတွေကြားထဲမှာ ချိတ်ဆက်ပေးတဲ့ကိုယ်စားလှယ်ဖြစ်နိုင်ဖို့အတွက်ပါ အဲဒီဟာက ဒီတိုင်းပြောလိုက်လို့ရှိရင် ဘာမှအဓိပ္ပာယ်မရှိသလိုပဲ ကျနော်တို့ချင်းလူမျိုးတွေက အစိုးရရုံးစိုက်ရာနေရာတွေမှာ ဌာနတွေမှာ ပြောချင်တိုင်းမပြောရဲ တောင်းချင်တိုင်းမတောင်ရဲ ကိစ္စတင်ပြချင်တိုင်းမတင်ပြကြတော့ နစ်နာရတယ်၊ အခြေခံအခွင့်အရေးတွေဆုံးရှုံးနေမှုတွေကို ချင်းပြည်သူလူထုတွေကိုယ်စား သူတို့နဲ့ နီးနီးကပ်ကပ်ရှိနေပြီး သူတို့မှာဘာတွေလိုနေပါတယ် ဘာတွေခက်ခဲနေပါတယ် အစိုးရကဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ချင်းပြည်သူတွေကိုယ်စားအစိုးရကို ချိတ်ဆက်ညှို့နှိုင်းပေးမယ့်သူအဖြစ်ဆောင်ရွက်ပေးချင်လို့ပါ” ဟု ဦးလားထန်ကြွမ်းကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၀) ဦးကျော်ထွက်ပေါ်လာသည့်အပေါ် ကြိုဆိုကြောင်း Area Peace Development Forward မှ…
#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထားလိုက်ပြီဟုသိရသည်။ မီဇိုရပြည်နယ်အစိုးရအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့စာရင်းအရ မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၆၂၃) အထိ မြင့်တက်လာပြီး ယင်းအနက် (၃၂၃) ဦးသည် သက်သာပျောက်ကင်းကာ (၃၀၀) ဦးသည် ဆေးကုသမှုခံယူနေကြဆဲဟု သိရသည်။ ပြည်နယ်၏ မြို့တော်အိုင်ဇောလ်မြို့သည် ပိုးတွေ့လူနာအများဆုံးဖြစ်ကာ ၂၀၇ ဦးရှိပြီး၊ Lunglei တွင် ၃၆ ဦး၊ Kolasib တွင် ၄၆ ဦး၊ Champhai တွင် ၃ ဦး၊ Serchhip တွင် ၃ ဦး၊ Lawngtlai တွင် ၃ ဦး၊ Hnahthial တွင် ၁ ဦး နှင့် Saitual တွင် ၁ ဦး တို့ ဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ အိန္ဒိယပြည်မဘက်မှ နေရပ်ပြန်လာကာ ကွာရန်တင်းဝင်ထားကြသူများဖြစ်ကြသော်လည်း ယခု ရက်ပိုင်းအတွင်း နေရပ်ပြန်မဟုတ်ဘဲ မြို ့နေလူထုအတွင်း ကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် အိုင်ဇောလ်မြို့၏ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထား ကြသည်ဟု သိရသည်။ Lockdown ချထားသည့် ရပ်ကွက်များမှာ Dawrpui Vengthar, Electric, Kulikawn, Melriat, Mission Vengthlang,…
#Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသည့်အတွက် မြို့ပေါ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံတွေ့ နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက ပြောဆိုလိုက်သည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့်ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကတည်းက ယနေ့ချိန်ထိ ပိတ်ပင်ထားသည့်အတွက် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ သယ်ယူ၍မရတော့ဘဲ ပလက်ဝမြို့ပေါ်ရှိဒေသခံပြည်သူများသည် နပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် ကမ္ဘာစားနပ်ရိက္ခာအစီစဉ်(WFP) ကဲ့သို့သော အဖွဲ့အစည်းများက ရိက္ခာဆန်ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်အတွက် ဆန်နှင့် အခြားကုန်စည်များ ပို့ဆောင်ပေးမှုရှိနေသော်လည်း စစ်ဘေးဒုက္ခသည်များအတွက်သာဖြစ်ပြီး မြို့ပေါ်နေဒေသခံပြည်သူများမရရှိကြသည်အတွက် ဆန်ပြတ်လပ်နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီခေါင်းဆောင် ဦးရာကျော်ကပြောသည်။ ” ပလက်ဝ -ဆမီးဖက်လမ်းကြောင်းကနေ ပို့ပေးတဲ့ဆန်တွေကလည်း စစ်ဘေးရှောင်တွေအတွက် သီးသန့်ဘဲပေးတဲ့အခါကြတော့ သူတို့အတွက်ပဲ လုံလောက်တယ်၊ ကျွန်တော်တို့ပြည်သူတွေအတွက်တော့ မလုံလောက်တော့ဘူး၊ စစ်ဘေးရှောင်တွေတိုးလာတဲ့အခါကြတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ကြတော့ မရတော့ဘူးပေါ့ ” ဟု ဦးရာကျော်ကပြောသည်။ ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာကာ ပလက်ဝ- ကျောက်တော် ယာဉ်လိုင်းပြေးဆွဲမှုလည်း ရပ်နားခဲ့ရသည်။ ထိုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲမှုမရှိတော့သည့်အတွက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိက အားထားနေရသည့် ပလက်ဝမြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်စျေးနှုန်းအဆမတန်မြင့်တက်သွားသည့်အပြင် ဆန်ဆိုလျင် ဝယ်စရာတောင်မရှိသည့်အတွက် ပလက်ဝမြို့ပေးရှိ အိမ်ထောင်စု (၁၇၇၁) စု လူဦးရေ (၈၃၀၃) တို့သည် စားနပ်ရိက္ခာပြတ်လပ်၍ အခက်အခဲများ…
#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံသားတစ်ဦးထံ သြဂုတ်လ ၆ ရက်နေ့မနက်က ဖမ်းဆီးရမိကြောင်းသိရသည်။ အဆိုပါ ရူပီး သိန်း (၆၀၀) ကျော်ရှိသော Methamphetamine ခေါ် မူးယစ်ဆေးဝါး အလုံးရေ ၃ သိန်း ကျော်နှင့်အတူ ပိုင်ရှင်ဟုယူဆရသော မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ကလေးမြို့နယ် တာဟန်းရပ်ကွက် အသက် ၃၀ အရွယ် Malsawmdawngkima ကိုလည်း Mizoram Police Special Narcotics staff နှင့် အာသံရိုင်ဖယ် တပ်ရင်း (၄၆) တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ ဖမ်းဆီးထားသော မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံမှသယ်ဆောင်ခြင်းဖြစ်ပြီး အဖမ်းခံထားရသူ Malsawmdawngkima ကိုလည်း အမူဖွင့်ဆိုခဲ့ပြီးနောက် ခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း (၅၇၀) ခန့်တန်ဖိုးရှိ Methamphetamine မူးယစ်ဆေးဝါး အလုံးရေ ၂ သိန်းခန့်ကို Champhai District Excise & Narcotics Enforcement Staff နှင့် အာသန်စစ်တပ် တပ်ရင်း (၈) တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ်…
#Unicode အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာပြီး ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့တွင် (Quarantine) အသွားအလာကန့်သတ်ခံထားရသူ အမျိူးသား ၂ ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါပိုးတွေ့လူနာသစ် ၂ ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က အသက် ၂၈နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ အသက် ၂၄နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ ဘင်္ဂလောရ်မြို့တွင် ကျမ်းစာကျောင်းတက်ရောက်ကာ နေရပ်ပြန်လာကြသူများဖြစ်ကြသည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။ “သူတို့က ဘင်္ဂလောရ်မြို့ကနေ ကျမ်းစာကျောင်းတက်ပြီး ပြန်လာတဲ့သူတွေပါ၊ ၃ ယောက်ပြန်လာတာ အားလုံး Positive ဖြစ်ကြတယ် တစ်ယောက်ကတော့ အရင်နေ့က တွေ့တာ ခု ဒီ ၂ ယောက်မှာထပ်တွေ့တာပေါ့’’ ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။ ၎င်းတို့ ၃ ယောက်အနက် တစ်ယောက်သည် သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကာ တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦးကို တီးတိန် နှင့် ကလေးမြို့ပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူစေမည်ဟု သိရသည်။ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယခုလက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး ကုသမှုခံလျက်ရှိပြီး ယင်းအနက် ၂ ဦးမှာ Negative တစ်ကြိမ်စီပြပြီဟု သိရသည်။ #Zawgyi အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာပြီး ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့တွင် (Quarantine) အသွားအလာကန့်သတ်ခံထားရသူ အမျိုးသား ၂ ဦးထံ…
#Unicode ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဒုတိယအများဆုံးမြို့နယ်ဖြစ်တဲ့ တီးတိန်မြို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို တီးတိန်မြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တီးတိန်မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ ကိုမုန်နိုး (အထွေထွေအတွင်းရေးမှူး)Tedim Youth Fellowship ခုတက်လာမဲ့အစိုးရသစ်တီးတိန်မြို့ အတွက်ဆိုရင်တော့ လျှပ်စစ်မီး ပေါ့ ၊ ဒီ လျှပ်စစ်မီးကလည်း ကြံခိုင်ရေးပါတီ တက်လာတုန်းကလည်းရမယ်ရမယ်နဲ့ ၊ခု NLDတက်လာတော့လည်းရမယ်ရမယ်နဲ့ ဒီတိုင်းပဲ အချိန်ကုုန်တယ်။ အဓိက လျှပ်စစ်မီးကအတော်လေးလိုတယ် လျှပ်စစ်မီးရှိမှ သာလျှင် စီးပွားရေးမှာဖြစ်ဖြစ် ၊ ပညာရေးမှာဖြစ်ဖြစ် နည်းပညာပိုင်းကပိုကောင်းလာမှာ လျှပ်စစ်မီးမရသေးသရွေ့ ဒီတိုင်းပဲဖြစ်မယ်။ နောက်တစ်ခုက သောက်သုံးရေပေါ့ ။တီးတိန်ကလည်း အိမ်ခြေတိုးတက်လာတယ် လူဦးရေလည်းတိုးတက်လာတော့သောက်သုံးရေကလည်းမလောက်တော့ဘူး။သောက် သုံးရေရရှိဖို့လုပ်ပေးစေချင်တယ်။ အတော်လေအရေးကြီးတဲ့အပိုင်းက ဘက်ဂျက်ခွဲဝေတဲ့အပိုင်းမှာ မျှှမျှတတခွဲဝေစေချင်ပါတယ်၊ ပြည်နယ်ရဲ့မြို့တော်ဖြစ်လို့ ဘတ်ဂျက်ပိုပေးတာတို့ ခရိုင်ဖြစ်လို့ဘတ်ဂျက်ပိုပေးတာတို့ဆိုတဲ့ပုံစံမျိူးမဟုတ်ဘဲနဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဘတ်ဂျက်ခွဲနိုင်တဲ့ အစိုးရမျိုးကိုလိုချင်တယ်၊ နောက်တခုက ပြည်သူလူထုနဲ့တသားတည်းဖြစ်တဲ့ အစိုးရဖြစ်ဖို့လည်းလိုတယ်။ ဒေါ်ဂမ်ခန့်ဒိမ်း (ချင်းပြည်နယ် တာဝန်ခံ)Social Action for Communities Changes (SACC) မြန်မာနိုင်ငံမှာနေထိုင်တဲ့လူအားလုံးကလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသွားနေတာဆိုတော့ ဒါပေမယ့် ကျမတို့တီးတိန်မှာ လူ့အခွင့်အရေးချိူးဖောက်ခြင်းခံရတယ်လို့ ကျမယူဆပါတယ် ဘာလို့လဲဆိုတော့ မြေပြန့်မှာရတဲ့လျှပ်စစ်မီး ကျမတို့တီးတိန်မှာမရဘူး ဒီတန်းတူညီမျှမှုဆိုတဲ့အခွင့်အရေးက ကျမတို့အရမ်းရှုံးဆုံးတယ်၊ ဒါကြောင့်…
#Unicode လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ဒေသတွင်းတိုင်းရင်းသားပါတီကို ဦးစာပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၆ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။ မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် USDP ပါတီက မတူပီ၊ ဖလမ်းမြို့နယ်တို့မှ ပြည်နယ်လွှတ် တော်တစ်နေရာစီနှင့် ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်တစ်နေရာ စသည့် (၃) နေရာကို ကျန်ထားပြီး ကျန် (၃၆) နေရာတွင် ယှဉ်ပြိုင်မည်ဟု ဆလိုင်းခွဲယန်ကပြောသည်။ ယခုကဲ့သို့ မဲဆန္ဒနယ်မြေ (၃) နေရာကျန်ထားရသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က “ကိုယ့်ဘက်က လွှတ်တော်ကိုယ်စားလှယ်အခြေအနေနဲ့ သူ့ဘက် (ဒေသတွင်းတိုင်းရင်းသားပါတီ) က လွှတ်တော်ကိုယ်စားလှယ်နဲ့နှိုင်းယှဉ်ပြီးမှ သူတို့လွှတ်တော်ကိုယ်စားလှယ်ဘဲဖြစ်သင့်တယ်ဆိုပြီး သူတို့လွှတ်တော်ကိုယ်စားလှယ်ကို ဦးစားပေးတာဖြစ်ပါတယ်၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ဒီလိုမပြိုင်ဘဲ ထားခဲ့တာတွေရှိတယ် ဒီအစဉ်အလာကိုထိန်းသိမ်းတာလည်းပါပါတယ်” ဟု ပြောသည်။ USDP ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်ထက် ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်တွင် ပိုမိုအနိုင်ရရှိနို််င်ရေးကို မျှော်မှန်းထားသည်ဟု ဆလိုင်းခွဲယန်ကပြောသည်။ “ကျနော်တို့ကတော့ အမျိူးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ များများနိုင်ဖို့မျှော်မှန်းထားတာဖြစ်ပါတယ်၊ အဲဒါကြောင့် ဒေသအချေစိုက်ပါတီတွေကလည်း နိုင်ပါစေ သူတို့လည်း ကိုယ့်ဒေသအတွက် အကျိူးပြုမယ့် ပါတီတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပါတီကြီးလည်းဖြစ်တော့လေ တစ်နိုင်ငံလုံးမှာ ပြည်သူ့နဲ့ အမျိူးသားလွှတ်တော်မှာအနိုင်ရဖို့စီစဉ်ဆွဲထားတာရှိပါတယ် ဒါကြောင့် ပြည်နယ်အဆင့်မှနိုင်တာထက် ပြည်ထောင်စုအဆင့်မှာ နိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းခဲယန်ကပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေသည် ပြီးခဲသည့် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အနိုင်ရရှိခဲပြီး ချင်းပြည်နယ်တွင်လည်း ဗိုလ်ချုပ်ဟုန်းငိုင်း…