By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး အဖွဲ့ (၁၂) ဖွဲ့ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကလေးမြို့ယာဉ်ထိန်း ရဲအုပ်သန့်ဇင်ကပြောသည်။ “ကလေးမြို့ကတော့ စည်းကမ်းနည်းနည်းလေးကောင်းတယ် အကုန်အပြည့်စုံကောင်းတာတော့မဟုတ်ဘူး စည်းကမ်းလေးကောင်းတယ်ပေါ့နော် ဦးထုပ်လေးဆောင်းတာတွေ ဘက်မှန်တတ်တာတွေ နောက်ကြည့်မှန်တတ်တာတွေ စည်းကမ်းလေးကောင်းတယ် အဲဒီအစဉ်အလာလေးတွေမပျက်စေချင်ဘာဘူး ဆက်ပြီးတော့ပေါ့နော်အားလုံး စည်းကမ်းကောင်းလာစေချင်လို့ အဲဒီရည်ရွယ်ချက်တွေနဲ့ လူကြီးတွေက ခိုက်ရန်ကင်းအောင်စီစဉ်ပြီးတော့လုပ်တာပါ” ဟု ဦးသန့်ဇင်ကပြောသည်။ ယာဉ်တိုက်မှု့လျော့ချရေးအတွက် ကလေးမြို့နယ် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်ကာ ယာဉ်စည်းကမ်းလမ်းစည်ကမ်းနှင့်အညီဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးများပူးပေါင်းပြီး မေလ (၁၃) ရက်နေ့မှ စတင်၍ ကလေးမြို့ပေါ်ရှိ အချက်အချာကျသော နေရာများတွင် နေ့စဉ်ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူများအား ယာဉ်ထိန်းများမှ ထိုက်သင့်သည့် အရေးယူရန်အတွက် ရဲစခန်းတွင်အမှုဖွင့်ကာ တရားရုံးမှ ဒဏ်ကြေးချမှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ယာဉ်ထိန်းရဲအုပ် သန့်ဇင် ကပြောသည်။ ကလေးမြို့နယ်အတွင်းရပ်ကွက်များရှိ အနောက်ရပ်ကွက် ချင်းတိုင်းရင်းသားများနေထိုင်သည့် ရပ်ကွက်များ၌ ယာဉ်မတော်တဆမှုအဖြစ်များပြီး ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း လူငယ်တွေအားအသိပညာပေးမှုများ ပြုလုပ်ပေးစေချင်ကြောင်း ယာဉ်ထိန်းရဲအုပ်ကဆက်ပြောသည်။ “တာဟန်း၊ စမ်းမြို့၊ တောင်ဇလပ်၊ လှိုင်သာယာ၊ ခိုင်ကမ်းတို့မှာ ယာဉ်မတော်တဆမှု ခဏခဏဖြစ်တယ် အများသောအားဖြင့် ဒီဖက်ခြမ်းနဲ့စာရင် ကျွန်တော်တို့က အနောက်ဘက်မှာအနေများတာ ချင်းတိုင်းရင်းသားတွေအနေများတယ် ဖြစ်နိုင်ရင်ကျွန်တော်တို့က ဘုရားကျောင်းတွေမှာလေ လူငယ်တွေလူဆုံတဲ့အချိန် ပညာပေးလုပ်ငန်းလေးလုပ်ပေးစေချင်တယ် ဘုရားကျောင်းတွေကအချိန်လေးပေးနိုင်ရင် နာရီဝက်ဆိုရင် ကျွန်တော်တို့က လာခဲ့မယ် ၄၅ မိနစ်ဆိုရင် ကျွန်တော်တို့ရအောင်လာခဲ့မယ် ကျွန်တော်တို့ပိုပင်ပန်းသေးတယ် ဒါပေမဲ့ စေတနာနဲ့ပါ၊ ယာဉ်မတော်တဆမှုလျော့ချအောင် ယာဉ်ထိန်းများတပ်ဖွဲ့တော့ နှစ်နည်းပဲရှိတယ် ပညာပေးရေးနှင့် ဖမ်းဆီးအရေးယူနည်း အဲ့နှစ်နည်းပဲရှိတယ်” ဟု ယာဉ်ထိန်းရဲအုပ်ကပြောသည်။ ကလေးမြို့နယ်…
Author: Editor
By မိုးကျော် – ချင်းတောင်ခြေရင်းတွင်တည်ရှိသည့် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင် ယခုရက်ပိုင်း အပူလွန်ကဲမှုကြောင့် တွင်းရေများနှင့် အ၀ီစိရေများခန်းခြောက်လာပြီး ရေပြတ်လပ်မှုကြုံနေကြသည့် ဇိုး(ချင်း)မျိုးနွယ်စုအများဆုံးနေထိုင်သည့် တာဟန်းရပ်ကွက်ရှိ ပြည်သူများအတွက် sintex (ရေတိုင်ကီ) သုံးလုံးကို တာဟန်းအခြေစိုက် ZAWLBUK (Tanpui Ngaite Tanpuitu Pawl) အဖွဲ့မှ မေလ ၉ ရက်နေ့က လှူဒါန်းခဲ့ကြကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း အပူလွန်ကဲမူကြောင့် ရေပြတ်လပ်မှုဒဏ်ကြုံတွေနေရသူများ၏အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ယခုလို ရေတိုင်ကီများ လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။ ကလေးမြို့နယ်၊ တာဟန်း C ရပ်ကွက်တွင် ရေတိုင်ကီနှစ်လုံး၊ E ရပ်ကွက်တွင် တစ်လုံး အပြင် မိုးကာဖြင့် ရေသိုလျောင်ထားဖို့ရန် ရေသိုလျောင်ကန်ကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။ ယခု ထားရှိသော ရေတိုင်ကီနှင့် ရေသိုလျောင်ကန်များတွင် Zawlbuk အဖွဲ့အပါအဝင် အခြားသောအဖွဲ့အစည်းများမှ ရေများ ဖြည့်ထားသွားမှာဖြစ်ပြီး ၄င်းရေများကို တကယ်လိုအပ်နေသည့် မိသားစုအနေဖြင့် လိုသလောက်ကိုသာ ခတ်သုံးသွားမှာဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလကစ၍ ကလေးမြို့ပေါ် အထူးသဖြင့် တာဟန်း၊ တောင်ဖီလာ၊ ကြို့သုံးပင်၊ နေပြည်တော် ရပ်ကွက်တို့တွင် ရေတွန်းခန်းခြောက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြာ သောက်သုံးရေပြတ်လပ်မှုကြုံတွေ့ခဲ့ကြကြောင်း သိရသည်။ ယခုကဲ့သို့ ရေပြတ်လပ်မှုကြုံတွေ့နေကြရသည့် ပြည်သူများကို ကလေးလွင်ပြင် ပဟရတိအဖွဲ့မှ မေလ ၁ ရက်နေ့ကစ၍ ရေသယ်ကားများဖြင့် သောက်သုံးရေဖြန့်ဝေပေးကြောင်း သိရပြီး ယခုလက်ရှိ စုံစမ်းသိရှိရသည့် စာရင်းအရ ရေတွင်းနှင့် အ၀ီစိတွင်း (၁၀၀) ကျော် ခန်းခြောက်ပြီး အသစ်ပြန်လည်တူးဖော်မှုများအပူတပြင်း လုပ်ဆောင်နေကြရသည်။
By မိုးကျော် – ချင်းပြည်နယ်ကို ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့် မီဇိုရမ်ပြည်နယ် chief secretary(ပြည်နယ်အတွင်းရေးမှူး) Lalnunmawia Chuaungo တို့  မေလ ၈ ရက်နေ့က ရိခေါ်ဒါရ်မြို့တွင် တွေ့ဆုံးခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ချင်းပြည်နယ် တီးတိန် နယ်စပ်လမ်းအား အမြန်ဆုံး ဆောင်ရွက်သွားရန်၊ Indo-Myanmar Friendship Bridge ခေါ် အိန္ဒိယ-မြန်မာနယ်စပ် တံတားအား ကြီးမားပြီး ခိုင်ခံသော တံအားအသစ်တည်ဆောက်သွားရန် နှင့် တရားဝင်စနစ်တကျ နှစ်နိုင်ငံကုန်သွယ်သွားလာခွင့် ရှိရေး စသည့်ကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ ယင်းဆွေးနွေးခဲ့ကြသည့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဗဟို အစိုးရ Ministry of External Affairs ထံ တင်ပြပြီး ၄င်းမှတဆင့် မီဇိုရမ်ရှိ Bilateral Trade Potential ကိစ္စနဲ့ပတ်သက်ပြီး Joint seminar တစ်ရပ်ကို အမြန်ဆုံး ပြုလုပ်သွားမည်ဟုလည်း ဖော်ပြသည်။ ထို့ အပြင် ဘိုးဘေးများ အထွဋ်အမြတ်ထားရှိပြီး အမွေအနှစ်တစ်ခုဖြစ်သည့် ရိရေကန်သို့ လည်ပတ်သွားလာရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းပြီး တရားဝင် အလွယ်တကူသွားရောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်သို့ ၅ ရက်ကြာ လေ့လာကြည့်ရှုဖို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ…
By လားနွန် – ရခိုင်ပြည်နယ်ဘက်မှ ဆန်သယ်ခွင့်ပိတ်ပင်ထားသည့်အတွက် ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ရောင်းစရာဆန်မရှိသည့်အတွက် ဆန်ဆိုင်များလည်း ပိတ်ထားရသည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လုံခြုံရေးအခြေအနေ ကြောင့်ဟုဆိုကာ မြန်မာ့တပ်မတော်(၂၈၉) ဗျူဟာတပ်က ရခိုင်ပြည်နယ်မှ ဆန်များ ပလက်ဝမြို့ဘက်သို့ တင်ပို့ခွင့်ကို ပိတ်ပင်ထားသည့်အတွက် ယခုကဲ့သို့ဆန်ပြတ်လပ်သည့်အခြေအနေဆိုက်ရောက်ရခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးကျော်ခင်ကပြောသည်။ “ ၂၈၉ ဗျူဟာကပဲ သူတို့ပိတ်ထားတာ လောလောဆယ်တော့ သယ်ယူခွင့်မရသေးဘူးလို့ပြောတာ ဆန်ရောင်းတဲ့ဆိုင်တွေကနေ အဲလိုတော့ပြောတာပဲ ကျွန်တော့်အမေကိုယ်တိုင်က ဆန်ရောင်းတာဆိုတော့လေ ” ဟု ဦးကျော်ခင်ကပြောသည်။ ပလက်ဝမြို့က ဆန်ဆိုင်များသည် ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ ဆန်များကို အဓိကသယ်ယူကာ ပြန်လည်ရောင်းချနေရပြီး ဆန်သယ်ယူခွင့်ပိတ်ပင်းထားသည့်အတွက် ရောင်းစရာဆန်မရှိဘဲ ဆိုင်ပိတ်ထားကြ ရသည်ဟု ၎င်းကဆက်ပြောသည်။ ယခုကဲ့သို့ ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများသည် နီးစပ်ရာဆွေးမျိုးများထံသို့ အကူအညီတောင်း ခံကာ မျှဝေစားသုံးနေကြရသည်ဟု သိရသည်။ “ရှိတဲ့လူဆီကပဲ ဘယ်သူ့ဆီမှာရှိမလဲဆိုပြီးတော့ စုံစမ်းပြီးတော့ ရှိတဲ့လူဆီကပဲ ရောင်းပါအုံး အဲလိုပဲအကူအညီတောင်ပြီးမှ ၀ယ်ရတဲ့သဘောဖြစ်နေတာပေါ့ အဲလိုပဲ ဘယ်မှာရှိမလဲ အရင်ကလှောင်ထားတဲ့သူတွေရှိတာပေါ့ တစ်ချို့ကျတော့လေ ရှိတယ်လို့သတင်းကြားတဲ့သူဆီမှာပဲ အကူအညီတောင်းပြီးမှဝယ်ရတယ်သဘောပေါ့ ဘယ်တော့ပြန်သယ်လို့ရမလဲတော့ ကျွန်တော်တို့လည်းမေးလဲမမေးဖြစ်ဘူး ဒီအပတ်တော့ရအုံးမှာမဟုတ်ဘူးလို့တော့ အဲလိုဆိုင်ရောင်းတဲ့သူတွေဆီကနေကြားတယ်” ဟု ဦးကျော်ခင်ကပြောသည်။ ပလက်ဝမြို့ပေါ်တွင် ဆန်အရောင်းဆိုင် (၁၅) ဆိုင်ခန့်ရှိပြီး ဆန်ပြတ်လပ်မှုကြောင့် ဆိုင်ပိတ်ထားရသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်တွင် ပုံမှန်စားသုံးကြသည့် ဆန်တစ်အိပ်လျင် ကျပ်ငွေ ၃ သောင်းကျော်ခန့်ရှိပြီး ဆန်ဈေးများအဆမတန်မြင့်တက်နိုင်သည်ဟု သိရသည်။
By လားနွန် – အိန္ဒိယအရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့် ချင်းပြည်နယ်အတွင်း နှစ်နိုင်ငံပြည်သူများအနေဖြင့် လွတ်လပ်စွာသွားလာနိုင်ရေး ကိစ္စကို ချင်းပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့်ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည်နယ်အ စိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ၅ ရက်ကြာခရီးစဉ်ဖြင့် ချင်းပြည်နယ်သို့ရောက်ရှိနေသော အိန္ဒိယသံအမတ် မစ္စတာဆော်ရက်(ဘ်) ကူးမားသည် ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံးဆွေးနွေးကာ နှစ်နိုင်ငံပြည်သူများ ၁၃ ရက်ညအိပ် ၁၄ ရက်ခွင့်ပြုရက်ဖြင့် ပြည်နယ်တစ်ခုလုံးအတွင်းသွားလာနိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ” အဓိကတော့ နယ်စပ် ရိခေါဒါရ်ကနေ အိန္ဒိယဘက်ကိုမီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောအပါ မီဇိုရမ်ပြည်နယ်တစ်ခုလုံးကို ကျွန်တော်တို့ ချင်းပြည်နယ်ကလူတွေရော မြန်မာပြည်ကလူတွေပါ ၁၃ ညအိပ် ၁၄ ရက် သွားတဲ့ဥစ္စာကို အခုခွင့်ပြုထားတာ ၁၆ ကီလိုမီတာပဲခွင့်ပြုထားတယ် အဲဒါကိုပြည်နယ်တစ်ခုလုံးကိုသွားခွင့်ရဖို့ ကျွန်တော်တို့ဖက်မှာလည်း ချင်းပြည်နယ်ကို အိန္ဒိယဖက်ကလူတွေ တတိယနိုင်ငံကလာလို့ရှိရင် ၁၃ ညအိပ် ၁၄ ခွင့်ပြုထားတဲ့ဥစ္စာကို ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အပါ မြို့နယ်အားလုံးကိုသွားခွင့်ရဖို့ အဲဒါလေးတွေဆွေးနွေးတယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ ယခုလက်ရှိ နှစ်နိုင်ငံသဘောတူညီချက်အရအရ နှစ်နိုင်ငံပြည်သူများသည် နယ်စပ်မှ ၁၆ ကီလိုမီတာအထိသာ တရားဝင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရှိပြီး ပြည်နယ်တစ်ခုလုံးသွားလာခွင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ မြန်မာပြည်အစိုးရနဲ့ အိန္ဒိယအစိုးရနဲ့ နှစ်ဦးသဘောတူထားတာ နယ်စပ်ဂိတ်တွေမှာ ၁၃ ညအိပ် ၁၄ ရက် ဗီဇာနဲ့ အဲလိုသွားခွင့်ပေးထားတာ ဒါပေမဲ့ ပေးတာက ၁၆ ကီလိုမီတာပဲပေးတယ် ၅ မိုင်ကျော်ပဲရှိတယ်လေ အဲလိုပေးပြီးတော့ ၁၃ ညအိပ် ၁၄…
By လားနွန် – အိန္ဒိယ၏အကူအညီဖြင့် ချင်းပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းများကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ် မစ္စတာ ဆော်ရက် (ဘ်) ကူးမားက ချင်းပြည်နယ်သို့ လာရောက်ကြည့်ရှူလေ့လာနေသည်ဟု သိရသည်။ မေလ ၆ ရက်မှ ၁၀ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မည့် အိန္ဒိယသံအမတ်၏ ချင်းပြည်နယ်ခရီးစဉ်အတွင်း အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းအခြေအနေများကို အဓိက လာရောက်ကြည့်ရှူလေ့လာခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။ “အဓိကလာရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ အိန္ဒိယအကူအညီနှင့်ဆောင်ရွက်တဲ့လုပ်ငန်းတွေရှိတယ် အဲဒီဟာက ပလက်ဝရေနက်ဆိပ်ကမ်း၊ ပလက်ဝနှင့် ဇိုရင့်ပွီးလမ်း စီမံကိန်းလုပ်နေတယ် အဲဒီမှာ AA ကြောင့် အခုရပ်နေတယ် အဲဒီအတွက်ကို သူတို့အလုပ်ကိုဆက်လုပ်ဖို့အတွက် လုံခြုံရေးကိစ္စတွေကို ကျွန်တော်တို့အစိုးရနဲ့ ဆွေးနွေးဖို့လာတာဖြစ်တယ် နောက်တစ်ခုက နယ်စပ် တံတားဆောက်မယ့်ကိစ္စ၊ နောက်ပြီးတော့ ရိခေါဒါရ်ကနေ တီးတိန်ကို ကားလမ်းဖောက်မယ် အဲဒီကိစ္စလည်းပါတယ် နောက်တစ်ခုက ကျွန်တော်တို့ တမူးကနေပြီးတော့ ရာကြီးလမ်း အဲဒီလမ်းဖောက်ဖို့လည်း အိန္ဒိယအကူအညီနဲ့ဖောက်မှာ အဲဒီကိစ္စကြောင့်လာတာဖြစ်တယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ အိန္ဒိယသံအမတ်သည် ယမန်နေ့က အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်သို့ သွားရောက်လေ့လာပြီး နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို မီဇိုရမ်အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် ဖလမ်းမြို့နယ်၊ လဲလက်ကျေးရွာနှင့် တီးတိန်မြို့နယ်၊ ဖါရ်တလန်ကျေးရွာတို့တွင် တည်ဆောက်မည့် နယ်စပ်ဈေး (၂) နေရာ တည်ဆောက်မည့်နေရာကိုလည်း သွားရောက်လေ့လာခဲ့သည်ဟုသိရသည်။ သံအမတ်ကြီးသည် ယနေ့တွင် ချင်းပြည်နယ်မြို့တော၊် ဟားခါးသို့ သွားရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်ရှိစီမံကိန်းအကောင်အထည်ဖော်ဆောင်မှုအခြေအနေနှင့် လုံခြုံရေးအခြေများ ဆွေးနွေးကြမည်ဖြစ်သည်။ ယခုလက်ရှိ ချင်းပြည်နယ်အတွင်း…
By လားနွန် – နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် မေလ ၇ ရက်နေ့က မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းသား ခြောက်ထောင်ကျော် လွတ်မြောက်သည့်အထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မော်လိုက်ကလေးအကျဉ်းထောင်မှ တစ်ယောက်မှ လွတ်မြောက်မှုမရှိသည့်အတွက် အကျဉ်းသားများသည် ယနေ့နံနက်ပိုင်းက ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့သည်ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက်ဥက္ကဌ ကိုကျော်သက်ဝင်းကပြောသည်။ “လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စပေါ့ မမျှတတဲ့ကိစ္စဖြစ်တယ် သူတို့လည်း ပုဒ်မခြင်းအတူတူ သူတိုမလွတ်ဘူး ဒီအချက်တွေပါတယ် နောက်တစ်ချက်ကတော့ မီဒီယာများနဲ့ ချက်ခြင်းတွေ့ဆုံပေးရေး၊ အစိုးရနဲ့တွေ့ဆုံပေးရေး၊ လူအခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံပေး ဒီအချက်တွေပါတယ်” ဟု ကိုကျော်သက်ဝင်းကပြောသည်။ မော်လိုက်ကလေးအကျဉ်းထောင်တွင်အကျဉ်းကျခံနေကြသည့်အကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေး၊ မီဒီယာများနှင့်ချက်ချင်းတွေ့ဆုံပေးရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံပေး၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေးဆိုသည့် စာသားများကိုင်ဆောင်ကာ အော်ဟစ်တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အဆိုပါထောင်တွင်းဆူပူမှုကြောင့် အမှတ် (၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်ကျော်ထွန်း၊ ခရိုင်အုပ်ချူပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး စသည့် တာဝန်ရှိသူများသည် အကျဉ်းသားများနှင့်သွားရောက်တွေ့ဆုံညှိနှိုင်းကာ နိုင်ငံတော်အဆင့်သို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။ မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းကျခံနေသူများနှင့် အချုပ်သား (၂၀၃၁) ဦးရှိသည်ဟုသိရသည်။ ဓာတ်ပုံ – ကျော်သက်ဝင်း
By မိုးကျော် – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တရားမဝင် သစ်များကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်များကို တီးတိန်မြို့နယ် ရန်မျိုးအောင်ရွာနားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ အင်သစ်လုံး၊ ခွဲသားဆိုဒ်စုံ (၂၇၀) လုံး စသည့် သစ်အလေးချိန် (၁၈) တန်ကျော်အား ဖမ်းဆီးရမိကြောင်း The Ladies News တွင် ဖော်ပြသည်။ အလားတူ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သော တရားမဝင် ကျွန်းသစ်များကို မေလ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။ ခုလို ဖမ်းဆီးရမိသော တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ် သစ်ခွဲသားဆိုဒ်စုံ (၃၃) တုံး၊ အလေးချိန် (၃) တန်နှင့်အတူ ယာဉ်မောင်း အသက် ၂၆ နှစ်အရွယ် ဦးကျင်ဆွမ်းမုန် နှင့် ယာဉ်ပိုင်ရှင် အသက် ၂၆ နှစ်အရွယ် ကလေးမြို့ ဒိုးဝိုင်းချောင်းကျေးရွာ နေ ဦးလျန်ကပ်ထန်တို့အား ဖမ်းဆီးပြီး သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ဓာတ်ပုံ – ရိ ပြန်/ဆက်
By မိုးကျော် – လူကုန်ကူးခံရသည်ဟု ယူဆရသော ဘင်္ဂလားဒေရှ့်  ဒုက္ခသည် စခန်းမှ အသက်မပြည့် ကလေးငယ် ၁၂ ဦးကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Edenthar ရပ်ကွက်တွင် ရဲနှင့် Young Mizo Association (YMA) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ယခုလို လူကုန်းကူးခံရသည်ဟုယူဆရသော အသက်မပြည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ တို့ကို Edenthar ရပ်ကွက်ရှိ Pi Denghliri နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။ အဆိုပါ လူကုန်ကူးခြင်းခံနေရသည်ဟုယူဆရသော လူမျိုးခြား ၁၂ ဦးတို့ တည်းခိုးရာအိမ်ပိုင်ရှင် Pi Denghliri ပြောဆိုချက်အရ အမဖြစ်သူ၏ သမီး ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင်နေထိုင်သူက Madiki က ကျမနေအိမ်တွင် တည်းခိုခိုင်းရန်နှင့် ကားဖြင့်လာခေါ်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ထွက်ဆိုခဲ့ပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။ ယခုလို ဖမ်းဆီးခံထားရသော ၁၂ ဦးတို့မှာ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုမှမရှိကြောင်း၊ ကုလားစကားလည်း မတတ်ကြကြောင်း သိရပြီး၊ ၎င်းတို့ကို ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းမှ အာသံပြည်နယ်သို့ ခေါ်ဆောင်လာကြပြီး၊ ထို့နောက် မီဇိုရမ်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata က ဒီ…
By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ပလက်ဝမြို့နယ်၊ ကင်းသလင်းကျေးရွာသား ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူကို ဓားနှင့်ခုတ်သည့်ဖြစ်ရပ် မေလ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဦးကျော်သိန်း (ခ) အောင်ယဒ်အပါအ၀င် ကင်းသလင်းရွာသား ၅၄ ဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က (AA) လက်နက်ကိုင်တပ်ဖွဲ့၏ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ရှိ ၎င်းတို့ အခြေချရာစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာကာ မီးဇာကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့သည်။ (AA) စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ပုံမမှန်ဘဲ သမီးဖြစ်သူ မသီတာမေ၏ ဦးခေါင်းနှင့်လက်ကို ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေစစ်ရုံးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ပလက်ဝမြို့ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှသိရသည်။ “မနေ့က စစ်တွေကိုပို့လိုက်တယ် အဲဒါကျွန်တော်တို့က တတ်နိုင်သလောက်အကူအညီတွေ ငွေကြေး နှစ်သိန်းခွဲလောက်ထောက်ပံ့လိုက်တယ် အခုလောလောဆယ်တော့ သတိလစ်သလိုပြောရမှာပေါ့နော် သူစကားပြောလို့တော့မရဘူးဒါပေမဲ့ ပြောတဲ့စကားတော့ သူသဘောပေါက်တဲ့ သဘောတော့ရှိတယ်” ဟု ပလက်ဝမြို့လူမှုကူညီရေး ပရဟိတအဖွဲ့ ဦးဝေတန်းကပြောသည်။ ဦးကျော်သိန်း (ခ) အောင်ယဒ်ကို ပလက်ဝမြို့နယ် တရွန်အိုင်ရဲကင်းစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရပြီး မသီတာမေ၏ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သူမကို ဆေးရုံတွင်စောင့်ပေးနေသည့် ဦးအောင်လင်းဟွေ့ ကပြောသည်။ “သူက သတိတော့ရပြီ စစ်တွေမြို့ပြည်သူ့ဆေးရုံမှာအခုဆေးကုသနေပြီ ဦးနှောက်အမှီးပါးကိုတော့ ထိသွားတယ်ပေါ့နော် ဆရာဝန်တွေရဲ့ပြောကြားချက်အရပေါ့နော် ခေါင်းက နည်းနည်းပေါ့နော် ဆန့်ကွဲသွားပြီးမှ အမှီးပါးတော့ ပွင့်တာပေါ့နည်းနည်း လက်ကောက်ဝတ်နေရာတစ်ချက် ဘယ်လက်သန်းကတော့…
