https://www.facebook.com/KhonumtungBurmese/videos/270827830420354/?t=0 -ဟားခါးမြို့ရှိအစိုးရသိပ္ပံကျောင်းဝင်းထဲမှာပြည်နယ်တရားလွှတ်တော်ရုံးတည်ဆောက်ဖို့စီစဉ်တဲ့အပေါ်ကျောင်းတာဝန်ရှိသူတွေမကျေမနပ်ဖြစ်နေကြတယ်။ -ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့၂နှစ်တာလုပ်ငန်းဆောင်ရွက်မှုတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ -ချင်းပြည်နယ်ဟားခါးနဲ့ထန်တလန်မှာလိုင်ဘာသာစကားသင်ကြားနိုင်ရေးအတွက်အစည်းအဝေးကျင်းပခဲ့ကြပါတယ်။
Author: Editor
ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်း တို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များ လစဉ်ထောက်ပံ့သည့်အစီစဉ်ကို ၂၀၁၉ ခုနှစ်ဇွန်လကစတင်၍ နိုင်ငံတော် ဘဏ္ဍာငွေ ဖြင့် ဆက်လက်အထောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ၏ ထောက်ပံ့မှုဖြင့် ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များကို ၂၀၁၇ ခုနှစ် ဇွန်လကစတင်ပြီး တစ်လ ကျပ်ငွေ ၁၅၀၀၀ ဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ယင်းထောက်ပံ့ပေးမှုအစီစဉ်သည် ၂ နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင်အဆုံးသတ်မည်ဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ “၂ နှစ်ပြီးတာနဲ့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ဆောင်ရွက်နိုင်ဖို့ဆိုပြီး MoU ထဲမှာရေးထားတယ်၊ အခုလည်း ဘတ်ဂျတ်တော့ အကြမ်းဆွဲထားတယ် ၂၀၁၉ ဇွန်လကနေ စပြီးလုပ်ရမှာ’’ ဟု ၀န်ကြီးပေါင်လွန်မင်းထန်ကပြောသည်။ ချင်းပြည်နယ်ရှိ မိခင်နှင့်ကလေးများ ငွေကြေးပံ့ပိုးမှုအစီစဉ်အတွက် LIFT အဖွဲ့မှ ၂၀၁၇ – ၂၀၁၉ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ ပေးထားသည်ဟု သိရသည်။ ယခုအစီစဉ်သည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် အကျိုးရှိကြောင်း၊ ရေရှည်ထောက်ပံ့မှုများလုပ်ဆောင်သင့်သည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ “ ခုကျနော်တို့ထောက်ပံ့တာ ၆ ကြိမ်ရှိပြီးပေါ့နော် အဲဒီအတွင်းမှာတော့ တော်တော့ကို ကောင်းတယ်လို့ Feedback ပေးတဲ့လူတွေရှိပါတယ်၊ ကျနော်လည်း မျှော်လင့်ပါတယ် ဒီဟာကတော့ အကျိုးရှိမယ် ဒါပေမယ့် တောက်လျှောက်သွားမှ ပဲ…
ရေးသားသူ/ Mglay Boihring – အားလုံးသိတဲ့အတိုင်းပါပဲ ကျွန်တော်တို့ ချင်းပြည်ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင်ဖြစ်ပါတယ်။ လူဦးရေအားဖြင့်လည်း ထိုနည်း၎င်းပါပဲ။ ဒီကနေ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်/ စနစ်အရ ချင်းပြည်အတွင်းမှာ ချင်းလူမျိုးမဟုတ်တဲ့ အလုပ်သမား၊ လုပ်ငန်းရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ အနည်းနဲ့အများ ၀င်ရောက် အလုပ်လုပ်ကိုင်နေကြတာကို နေရာတကာမှာ တွေ့နေရတာ အတွင်းစိတ်ထဲက မကျေနပ်မှု၊ အားမလိုအားမရမှုနဲ့ စိုးရိမ်မှုတွေ လုံးဝခံစားမိပါတယ်။ ကျွန်တော့်လို ခံစားသူတွေလည်း ရှိ ကြလိမ့်မယ်လို့ ထင်မိပါတယ်။
ချင်းလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုအစိုးရမှ ခွင့်မပြုသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံ မှသိရသည်။ ချင်းအမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ZCDပါတီမှ တီးတိန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦး ထန်ဒိတ်ခုပ်မှ အဆိုတင်သွင်းခဲ့ရာမှာ မတ်လ ၂၈ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရ ထံသို့ တင်ပြခဲ့သော်လည်း ယခုလက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် ရုံးပိတ်ရက်များနေသည့်အတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် အခက်အခဲရှိနေသေးကြောင်း အကြောင်းပြန်ကြားခဲ့ သည်ဟု ချင်းပြည်နယ် လူမှုရေး ၀န်ကြီး ဦးပေါင်လွန်မင်ထန်ကပြောသည်။ “ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တင်ပြတာ အခုက ရုံးပိတ်ရက်က များနေတော့ ချင်းကို ထပ်ပေးမယ်ဆိုရင် တခြားတွေလည်းလာမယ် ရက်ပေါင်း ၃၆၀ မှာ သုံးပုံတစ်ပုံ လောက်က ရုံးပိတ်ရက်ဖြစ်နေတယ် ဒါကြောင့် ဒီတိုင်းပဲ ဆက်သွားဖို့ သူတို့က ပြန်ဖြေလိုက်တာပေါ့” ဟု လူမှုရေး ၀န်ကြီးကပြောသည်။ နှစ်ပေါင်း(၇၀) သက်တမ်းရှိပြီဖြစ်သည့် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် မသတ်မှတ်နိုင်သေးပါက ချင်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်သင့်သည်ဟု တီးတိန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦး ထန်ဒိတ်ခုပ်ကပြောသည်။ “ အဲဒီတုန်းကလည်း…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆူရ်ဘုန်တောင်ပေါ်တွင် တည်ဆောက်သည့် လေယာဉ်ကွင်း တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ “လာမယ့်နှစ်ဆိုရင် ကတ္တရာ ပေ ၁၀၀၀ ခင်းမယ်၊ အဲဒီမှာ သူတို့ရဲ့စနစ်အရ ကွန်ကရက်တွေ လည်းခင်းဖို့လိုတယ် လေယာဉ်ပြေးလမ်းအတွက် နိုင်လွန်ကတ္တရာတို့ခင်းအုံးမယ် သူတို့တာဝန်ခံနှင့် ကျွန်တော်တို့အစိုးရအဖွဲ့နှင့် ညှို့နှိုင်းတဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်း ပြီးသွားပါပြီ” ဟု ၀န်ကြီး ဦးရွှေထီးအိုကပြောသည်။ မြန်မာ့လေကြောင်းပို့ဆောင် ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဆူရ်ဘုန် လေယာဉ်ကွင်းအတွက် ကျပ် ၂၅ ဘီလီယံအသုံးပြုရန် လျာထားပြီး ယခုလက်ရှိ အစိုးရ သက်တမ်း မကုန်မှီ လာမည့် ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးနိုင်မည်ဟု ၀န်ကြီးကဆက်ပြောသည်။ “ကျနော်တို့အစိုးရသက်တမ်းမှာ အပြီးဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေပါတယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကပြောသည်။ ဆူရ်ဘုန်လေယာဉ်ကွင်းသည် လေယာဉ်ပြေးလမ်းအဖြင့် အရှည် ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ပေးလမ်း တဖက်တချက်စီသည် ပေ ၅၀၀ ကျယ်ဝန်းပြီး ခံနိုင်ရည်စွမ်းအား ပေါင် ၅၀၀၀၀ ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်မည်လို့သိရပါသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် စကောလမ်းရပ်ကွက်ရှိ အမှတ် (၂၆၉) ခြေလျင်တပ်ရင်းမှ သိမ်းထားသော မြေဧက (၄၀) ကို မူလမြေကွက်ပိုင်ရှင်များထံ ပြန်လွှဲပေးမည်ဟု မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ထံမှသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မူလမြေကွက်ပိုင်ရှင်များအနေဖြင့် သြဂုတ်လ ၁၈ မှ ၂၄ ရက်နေ့အထိ ၇ ရက်အတွင်း ခိုင်လုံသော ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများနှင့်အတူ မြို့နယ်လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ တင်ပြရမည်ဟု သြဂုတ်လ ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်။ အကယ်၍ တရားဝင်မြေပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများနှင့် တင်ပြနိုင်ခြင်းမရှိပါက မြေကွက်ပြန်လည်လွှဲပြောင်းရေးနှင့်ပတ်သက်ပြီး လုံးဝလက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ယင်းအမိန့်ကြော်ငြာစာတွင်ဖော်ပြထားသည်။ တီးတိန်မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဌ ဦးဂိုဆွမ်းခိုင်က “မြေစာရင်းဦးစီးဌာနကနေ အရင်တုန်းကထုတ်ပေးထားတဲ့ မြေဂရမ်၊ မြေပုံတို့ရှိရင်ရတယ်၊ လွှဲပြောင်းမှုပိုင်းကတော့ ကျွန်တော်တို့ အဆင့်ဆင့်တင်ပြရန်လိုအပ်တယ် ခရိုင်အဆင့်မှာတင်ပြမယ် ပြည်နယ်အဆင့်တွေမှာလည်းတင်ပြမယ် ပြည်နယ်အစိုးရမှ ညွှန်ကြားမှ လုပ်ရပါမယ်’’ ဟု ပြောသည်။ အဆိုပါမြေနေရာသည် ၁၉၉၆ ၀န်းကျင်ခန့်က တပ်ရင်းမြေနေရာအတွက် အမှတ်(၂၆၉) ခြေလျင်တပ်ရင်းမှ သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အလားတူ တီးတိန်မြို့နယ် ထေးဇန်ကျေးရွာတွင်လည်း တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်မှုများရှိ နေပြီး လွှဲပြောင်းခြင်းအစီစဉ်များပြုလုပ်နိုင်ရန် အဆင့်ဆင်တင်ပြထားဆဲဖြစ်သည်ဟု ဦးဂိုဆွမ်းခိုင်ကပြောသည်။
နယူးဒေလီရောက် ချင်းဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်ထားသော်လည်း UN ၏ အစည်းအဝေးခေါ်စာကြောင့် ကန့်ကွက်ဆန္ဒပြမည့်အစီအစဉ်ကို ပြန်ရွေ့ဆိုင်းလိုက်ရတယ်လို့ Chin Refugee Committee (CRC) ဥက္ကဌ Remmawi က ပြောသည်။ “သြဂုတ်လ ၂၀ ရက်နေ့မှာ ဆန္ဒပြဖို့ အကုန်လုံးစီစဉ်ထားပြီးသားဖြစ်တယ်၊ ဒါပေမယ့် UN ဘက်က အစည်းအဝေးခေါ်စာ ရောက်လာတယ်၊ အစည်းအဝေးက သြဂုတ်လ ၂၄ ရက်နေ့မှာ ခေါ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးရဲ့ ရလဒ်ကို စောင့်ဆိုင်းပြီးမှ ဆက်လုပ်ရှားတာကောင်းပါတယ်ဆိုပြီး ဆန္ဒပြပွဲကို ပြန်ရွေ့ဆိုင်းလိုက်ရတာဖြစ်တယ်” လို့ သူမက ပြောသည်။ အဆိုပါ အစည်းအဝးတွင် ဘယ်လိုအကြောင်းအရာတွေ အဓိကဆွေးနွေးသွားမည်ကို မသိရသည့်အတွက် အခြေအနေစောင့်ကြည့် ပြီး အစည်းအဝေးမှ ထွက်ရှိလာသည့်ရလဒ်အပေါ် မူတည်ပြီး ဆက်လက်လှုပ်ရှားသွားမည်ဟု CRC ဥက္ကဌက ဆက်ပြောပါသည်။ “ယူအန်ကနေ အစည်းအဝေးခေါ်စာတော့ရပြီး၊ အကြောင်းအရာတော့ အတိအကျမသိရသေးဘူး ဒါပေမယ့် ချင်းဒုက္ခသည်အရေးနဲ့ ပဲ ပတ်သက်လိုက်မယ်လို့ ကျမသုံးသပ်တယ်။ ပြီးတော့ အကောင်းဆုံးဖြစ်မယ်လို့လည်း မျော်လင့်တယ်၊ အစည်းအဝေး ထိုင်ကြမယ်၊ အဲဒီနောက်ပိုင်း ကျမတို့လိုချင်တဲ့အတိုင်းအတာ မရဘူးဆိုရင်တော့ ကျမတို့ လုပ်စရာ ဆက်လက်လုပ်ဆောင် သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောသည်။ ချင်းလူမျိုးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်ကို ကန့်ကွက်ဆန္ဒပြမည့်အစီအစဉ်ကို သြဂုတ်လ လဆန်းပိုင်းအတွင်းပြုလုပ်ဖို့ နဂိုကစီစဉ်ထားသော်လည်း သြဂုတ်လ…
မလေးရှားနှင့်အိန္ဒိယနိုင်ငံရှိချင်းဒုက္ခသည်များနှင့်ပတ်သက်၍ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ဆုံးဖြတ်ချက်ကြောင့်စိုးရိမ်ပြီးမြန်မာနိုင်ငံသို့ပြန်လာသည့်ချင်းဒုက္ခသည်၂ဦးသည်ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကဖမ်းဆီးတရားစွဲဆိုခံနေရကြောင်းသိရသည်။ ချင်းပြည်နယ်ဟားခါးမြို့တွင်နေထိုင်သူအသက်(၂၈)နှစ်အရွယ်ဆလိုင်းဗန်ကျဲအိုထောင်းနှင့်မင်းတပ်မြို့နေမိုင်အွမ်လှူးတို့သည်ပြီးခဲ့သည့်ဇွန်လ၁၀ရက်နေ့ကမလေးရှားမြို့မှပြန်လာသည့်အချိန်တွင်ရန်ကုန်လေဆိပ်၌လ၀ကအက်ဥပဒေပုဒ်ဖြင့်ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဟုဆလိုင်းဗန်ကျဲအိုထောင်း၏ဖခင်ကပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဟင်းရွက်ကျေးရွာတွင် သာသနာပြု နေသော ခရစ်ယာန်ပါစတာ ဦးတင်ဆွေသည် သြဂုတ်လ ၁၂ ရက်နေ့က ဒေသခံဗုဒ္ဓဘာသာဝင် များ၏ ရိုက်နှက်ခံရမှုကြောင့် သတိလစ်မေ့မျောပြီး အမ်းမြို့ဆေးရုံသို့ တင်ထားရသည်ဟု သိရသည်။ အမ်းမြို့မှ (၂၂)မိုင်လောက်ကွာဝေးသော မွှားအုပ်စု ဟင်းရွက်ကျေးရွာတွင် သတင်းကောင်းအသင်းတော် ပါစ္စတာလည်းဖြစ် သုခမြန်မာသာသနာ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် Field Leader လည်းဖြစ်သူ ပါစတာဦးတင်ဆွေသည် အသင်းသူအသင်းသားများနှင့် မိတ်သဟာရပြုရန်အတွက် သွားရောက်စဉ် ဒေသခံဗုဒ္ဓဘာသာဝင် ရွာသားများက အုပ်စုဖွဲ့ ၀ိုင်းရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဦးတင်ဆွေနှင့်သာသနာပြုနေသည့် မမာမာဝင်းက ခိုနူမ်းသုန်သတင်း ဌာနကိုပြောပြသည်။ “ဒီအပတ်တနင်္ဂနွေနေ့ကပဲ ဟင်းရွက်ရွာကို သွားတယ် အဲဒီမှာ အသင်းလူကြီးအိမ်မှာထမင်းစားနေတဲ့အချိန်မှာ ပဒေကြော နဲ့ ဟင်းရွက်ရွာသားတွေကလာတယ် ဟင်းရွက်မှာက ကျမတို့ သင်းအုပ်ဆရာ ၂ အိမ်ရှိတယ် အဲဒီအိမ်ကိုဖျက်ရ မယ် လိုက်ခဲ့ဦးဆိုပြီးခေါ်တယ် ဆရာဦးတင်ဆွေကလည်း မလိုက်ဘူး အဲဒါနဲ့ သင်းအုပ်ဆရာနေအိမ်ကိုလည်း ဖျက်တယ် ပြီးတော့ ဒီရွာမှာ ခရစ်ယာန်ဓမ္မဆရာတွေမလာရဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့လာတာလဲဆိုပြီး ပြောတယ်၊ အိမ်ထဲဝင်ပြီး ဆရာ့ကို တခါတည်းရိုက်နှက်ကြတာ’’ ဟု မမာမာဝင်းက ပြောသည်။ ရွာသားများရိုက်နှက်မှုကြောင့် ဦးတင်ဆွေသည် ဦးခေါင်းတွင် ၄ ချက် ချူပ်ရပြီး ဘယ်ဖက်နားရွာက်ထဲရောင်ကာ ညာဖက်မျက်စေ့အောက်တွင် ညှိမဲဒဏ်ရာရရှိကြောင်းသိရသည်။ ဦးတင်ဆွေသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာများကုသ ရန်အတွက် အမ်းမြို့မှ ရန်ကုန်မြို့သို့ ယနေ့ထွက်ခွါသွားသည်ဟု သူမကဆက်ပြောသည်။ ဟင်းရွက်ရွာတွင်ရှိသော သင်းအုပ်ဆရာ၏ နေအိမ်တစ်အိမ်ကိုလည်း ရွာသားများက ဖျက်ဆီးလိုက်ကြသည့်အပြင် ရွာထဲတွင်ရှိသော ယုံကြည်သူခရစ်ယာန်မိသားစုများသည်လည်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု…
https://www.facebook.com/KhonumtungBurmese/videos/2121591181442246/?t=7
