Author: Editor

နိုင်ငံတကာမြန်မာ့သတင်း (Burma News International- BNI) တွင် အဖွဲ့ဝင်သတ်မှတ်ချက်များကို ပြင်ဆင်လိုက်ခြင်းဖြင့် အဖွဲ့ဝင်အဖွဲ့အစည်းသစ်များအတွက် လမ်းဖွင့်ပေးလိုက်ပြီဟုသိရသည်။ အသစ်ပြင်ဆင်ဖွဲ့စည်း ရွေးချယ်လိုက်သည့် မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “အရင်က တိုင်းရင်းသားအခြေပြု သတင်းမီဒီယာအဖွဲ့အစည်းတွေကိုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခဲ့ရာကနေ ဒေသ အခြေပြု မီဒီယာအဖွဲ့အစည်းတွေကိုပါ အဖွဲ့ဝင် သတ်မှတ်ချက်ထဲမှာ ပြင်ဆင်ထည့်သွင်းခဲ့တာဟာ အဖွဲ့ဝင် သစ်တွေအတွက် လမ်းဖွင့်ပေးဖို့ ရည်ရွယ်ပါတယ်။” ဟု ပြောသည်။ နိုင်ငံတကာမြန်မာ့သတင်း (BNI) အဖွဲ့မှ အဖွဲ့ဝင်အယ်ဒီတာများ၏ (၂၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင်မြန်မာနိုင်ငံတွင် တိုင်းရင်းသားမီဒီယာ မူဝါဒများပေါ်ပေါက်ရေး၊ တိုင်းရင်းသားသတင်း သင်တန်းကျောင်းတစ်ခု ပေါ်ပေါက်လာရေးနှင့် နှစ်စဉ်ကျင်းပနေသည့် တိုင်းရင်းသားမီဒီယာညီလာခံကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ “ကျွန်တော်တို့တွေက တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အားကောင်းကောင်းနဲ့ လုပ်သွားဖို့ ရည်ရွယ်ပါတယ်။ လိုအပ်ချက်တွေ ရှိနေသေးတော့ ပံ့ပိုးမှုတွေ ရမယ်ဆိုရင် ပိုပြီး မြန်မြန် လုပ်နိုင်မှာပေါ့” ဟု အသစ်ဖွဲ့စည်းလိုက်သည့် ဘဏ္ဍာရေးကော်မတီ ဥက္ကဌ ဂျေ-စန်းသဲ ကပြောသည်။ တဆက်တည်းမှာပင် ဘီအဲန်အိုင်အဖွဲ့ဝင် အဖွဲ့အစည်းဝင်များအနေဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများကို ပိုမိုစောင့်ကြည့်ရေးသားသွားရန်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ နိုင်ငံတကာမြန်မာ့သတင်း (BNI) သည် တိုင်းရင်းသား အခြေပြု ရုပ်သံအစီအစဉ်များကို ရိုက်ကူးထုတ်လုပ်မှုများ တိုးချဲ့လုပ်ဆောင်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။ BNI ကို တိုင်းရင်းသားအခြေပြု သတင်းမီဒီယာများ၊ ဒေသအခြေပြု သတင်းမီဒီယာများဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားဒေသများတွင် သတင်းထုတ်ပြန်မှုနှင့်…

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီး လမ်းတာချဲ့မှုတွင် နိုင်လွန်ကတ္တရာ ပေတစ်ရာ လမ်းလုပ်ဆောင်ရန်အတွက် လမ်းနယ်ကျော်အိမ်များ ရှင်းလင်းနေရကြောင်းသိရသည်။ နိုင်လွန်ကတ္တရာပေတစ်ရာလမ်းခင်းရန် ဗိုလ်ချုပ်လမ်းမတွက် ပေ ၁၀၀ သတ်မှတ်ချက်ရှိပြီး လမ်းဦးစီး ဌာနမှလမ်းတာချဲ့ကာ ပေ ၉၀ သတ်မှတ်ယူမှုတွင် နေအိမ် ၆ လုံးမှာ အိမ်လုံးလိုက် လမ်းနယ်ကျော်ထိကြောင်း ကလေးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးခိုင်ဝေလင်းကပြောသည်။ ကလေးမြို့နယ် လမ်းတာချဲ့ရန်အတွက် မြို့နယ်ဦးစီးအရာရှိတွေထံ လမ်းနယ်ကျူးကျော်ထားသည့် သတိပေးစာကိုထုတ်ထားခဲ့ကြောင်း တံတားဦးနှင့် စိန်မေရီကြား စတင်လုပ်ဆောင်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ လမ်းနယ်ကျူးကျော်သည့် အိမ်အလုံးလိုက်ထိခိုက်သူများကို လမ်းဦးစီးဌာနမှ နစ်နာကြေးပေးဆောင်ခြင်းမရှိသည့်အတွက် ငွေရေးကြီးရေးအခက်အခဲကြောင့် အိမ်ဖြိုချရန်လိုအပ်သော်လည်း အခက်အခဲများရင်ဆိုင်ရပြီး၊ မိုးတွင်းကာလအတွင်း ခိုလုံရန်အတွက်အခက်အခဲရှိသူများလည်းရှိကြောင်းသိရသည်။ ကလေးမြို့နယ် တပ်ဦးသီတာရပ်ကွက်ရှိ ဦးထန်းမှ “ အစိုးရကလုပ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့လည်း မပြုလုပ်လည်းမဖြစ်ဘူး ငွေရေးကြီးကိစ္စ သူများလည်း မဌားနိုင်ဘူး ကျွန်တော်တို့ကိုယ်တိုင်မိသားစုနှင့် အားလုံးလုပ်ရတာ အိမ်ကလည်းအသစ်မဆောက်နိုင်ဘူး ဖျက်မယ်ဆိုရင်လည်းနေစရာအိမ်လည်းမရှိတော့ဘူးဖြစ်မယ် အခုအိမ်ကအနောက်ဆုတ်ဖို့တော့ စီစဉ်ထားတယ်” လို့ သူကပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးခိုင်ဝေလင်းက “ မပေးဘူးဆိုတာက နဂိုကတည်းက လမ်းနယ်ပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက် တကယ်လို့ ဥပဒေအရဆိုရင်လည်း တရားဆွဲပြီးမှ ရှင်းလင်းပေးရမှာ ဒါပေမဲ့အခုလက်ရှိမှာ ကလေးမြို့ခံအနေနှင့်က ဘာမှတရားဥပဒေတွေမပြောလိုက်ရပဲနဲ့ သူတို့အသိစိတ်နှင့် သူတို့လမ်းနယ်ပေါ်မှာဆောက်ထားမှန်းသိတဲ့အတွက် သူတို့ဟာသူတို့ပဲ ရှင်းပေးတယ် အဲဒီအတွက်လည်း ကလေးမြို့သူ မြို့သားတွေ ကျေးဇူးတင်ပါတယ် ပူးပေါင်းပါဝင်ပေးတဲ့အတွက်”ဟု ပြာသည်။ လမ်းတာတိုးချဲ့ရန်အတွက်အစိုးရမှ ကတ္တရာလမ်းခင်းရန် တစ်မိုင်အတွက် ကျပ် ၆၅၄ သန်းရရှိထားပြီး၊ ရေမြောင်းပြုလုပ်ရန် ခွင့်ပြုချက်ရန်ပုံငွေ ကျပ် ၃၇၃.၅ သန်းရှိကာ ကားပါကင်အတွက် ကျပ်…

Read More

မန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာတွင် ထွက်ပြေးခိုလုံနေ ကြသော စစ်ဘေးဒုက္ခသည်များ စားနှိပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု သိရသည်။ ယခုလက်ရှိအခြေအနေတွင် Hmawngbuchhuah ကျေးရွာမှာရှိနေကြသော စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကိစ္စကို အဲဒီရွာမှာရှိသော ကျောင်းထိုင်ဆရာတော်တစ်ပါးက တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသော်လည်း အဆင်မပြေမှုတွေအများကြီး ရှိနေကြောင်း လောင်တလိုင်မြို့တွင်နေထိုင်သူ ချင်းအမျိုးသား B.Johna က ယခုလို ပြောပါတယ်။ “ထွက်ပြေးလာစတုန်းက ဆန်အိတ် ၆၀ မီဇိုရမ်အစိုးရပေးပါတယ် အဲဒီနောက်ပိုင်း ဘာမှမရှိတော့ဘူး။ အဲဒီရွာမှာရှိတဲ့ ကျောင်းထိုင် ဆရာတော်ကဘဲ လုပ်ပေးနေတာ၊ တစ်နှစ်လောက်ကြာပြီဆိုတော့ အဆင်မပြေမှုတွေ အများကြီးရှိလာတယ်” လို့ B.Johna က ပြောသည်။ Hmawngbuchhuah ကျေးရွာရှိ ကျောင်းထိုင်ဆရာတော်အနေဖြင့် ဗုဓ္ဒဂါယကိုသွားပြီး ဘုရားဖူးလာကြသောသူများမှ ပေးလှူ သော အလှူငွေများအားဖြင့် လိုအပ်သည့် စားနှိပ်ရိက္ခာများဝယ်ယူကာ ဒုက္ခသည်များအား အိမ်ထောင်မိသားစုအလိုက် ပြန်လည် ခွဲဝေးပေးလျက်ရှိကြောင်း သိရသည်။ လတ်တလော စစ်ဘေးဒုက္ခသည်များတွင် ကျန်းမာရေးအခြေအနေဆိုးနေကြကြောင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် အခက်တွေ့ကြုံနေကြရပြီး ကျောင်းထိုင်ဆရာတော်ကဘဲ တာဝန်ယူ လုပ်ဆောင်ပေးနေကြောင်း B.Johna က ဆက်ပြောပါသည်။ “ခုတလော ဖျားနာ၊ ဝမ်းလျော၊ ငှက်ဖျား အရမ်းဖြစ်ကြတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်ဘက်ကမှမရှိပါဘူး ကျောင်းထိုင် ဆရာတော်ကဘဲ တာဝန်ယူပါတယ်၊ တခါတလေ အေအေ တပ်မတော်ကနေလည်း ဆေးဝါး နှင့် ဆန် တွေ ပေးတာတို့ရှိပါတယ်” လို့ ပြောသည်။ ယခုလက်ရှိအခြေအနေတွင် စစ်ဘေးဒုက္ခသည် ၃၀၀ ခန့် ရှိနေသေးကြောင်း သိရပြီး၊ သူတို့နေထိုင်သည့်…

Read More

ဟားခါးမြို့ နည်းပညာတက္ကသိုလ် (GTI) ၏ တိုးချဲ့ကျောင်းဆောင်များ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာတွင် တရားလွှတ်တော်ရုံးတည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်နေသည့်အပေါ် ဟားခါး(GTI) ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်လိုက်သည်။ တရားလွှတ်တော်ရုံးတည်ဆောက်ရန် အခြားမြေနေရာများစွာရှိနေပါလျက် တစ်ဧကပြင်မပြည့်သော (GTI) ကျောင်းရှေ့ ဥပစာမြေနေရာအား ချင်းပြည်နယ်အစိုးရမှ လာရောက်လုယူ မှုအပေါ် အပြင်းအထန်ရှုံချကန့်ကွက်သည်ဟု သြဂုတ်လ (၂၇) ရက်စွဲဖြင့် ထုတ်ပြန်သော ဟားခါး(GTI) ကျောင်းသားများသမဂ္ဂ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ဟားခါး(GTI) ကျောင်းသားဥက္ကဌ ကိုမာန်ဟရဲလျံက “ကျွန်တော်တို့လည်းချင်းကျောင်းသား တစ်ယောက်အနေနှင့် ချင်းပြည်နယ်မှာ ဒီလိုမျိုး အဆောက်အအုံအသစ်ကြီးတွေ ဆောက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တကယ်ကို တော်တော်လေးကို ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ် ဒါပေမယ့် အခြားနေရာမှာ ဆောက်ပေးစေချင်တယ် ကျွန်တော်တို့ကတော့ ဒီမြေနေရာကိုတော့ ကျွန်တော်တို့ GTI ကိုပေးအပ်ပြီးတော့ အခြားနေရာမှာဆောက်ရင်တော့ သူတို့အတွက်လည်း အဆင်ပြေမယ်ထင်တယ် ကျွန်တော်တို့ အခုအငြင်းပွားနေတဲ့ မြေနေရာကလည်း ကျဉ်းကျဉ်းလေးဆိုတော့ ခန်းနားကြီးကျယ်တဲ့ အဆောက်အအုံကြီးအတွက်ဆိုတော့ သူတို့အတွက် သိပ်မလိုအပ်ဘူးထင်တယ်”ဟု ပြောသည်။ ယင်းမြေနေရာသည် ယခင် ချင်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းမှ နည်းပညာတက္ကသိုလ်ကျောင်းသားများ အတွက်ပေးအပ်ခဲ့သည့် မြေနေရာဖြစ်သည်ဟုသိရသည်။ ချင်းပြည်နယ်အစိုးရလုပ်ရပ်သည် ပညာရေးကိုမြေတောင်မြောက်ပေးရာမရောက်ဘဲ အညွှန့်တလူလူ တက်စပြုနေသော ချင်းကျောင်းသားများ၏ ဘ၀ရှေ့ရေးကို ချိုးနှိမ်ဖျက်စီးရာရောက်သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ဟာခါးမြို့တွင် မြို့တော်အဆင့်မှီ တရားလွှတ်တော်ဆောက်ရန် မြေနေရာက အနည်းငယ်လိုအပ်ချက်ရှိကြောင်း၊ ယင်းမြေနေရာကိုရရှိပါက နည်းပညာတက္ကသိုလ်အတွက် ဘာမှမဖြစ်လောက်ကြောင်း၊ ကျောင်းသားများအတွက် လိုအပ်သည့်အရာများကို အစိုးရဖွဲ့ကလည်းစီစဉ်ပေးလို့ရကြောင်း “အမှန်ကတော့ တရားလွှတ်တော်ချုပ်ရုံးဆိုတာကလည်း အသစ်ဆက်ဆက် ဒီဇိုင်းအသစ်နှင့်…

Read More

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR Chief of Mission မှ လာမယ့် စက်တင်ဘာ နှင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ချင်းဒုက္ခသည်များပြန်ပို့အရေး အင်တာဗျူးကိစ္စကို ရက်ရွေ့ဆိုင်းလိုက်ပြီး ချင်းပြည်နယ်သို့ သွားရောက်ပြီး အသေးစိတ်လေ့လာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ နယူးဒေလီရောက် ချင်းဒုက္ခသည်များဆိုင်ရာ ချင်းကော်မြူနီတီ ခေါင်းဆောင် ၆ ဦးနဲ့ UNHCR Chief of Mission တို့ သြဂုတ်လ ၂၄ ရက်နေ့၌ တွေ့ဆုံခဲ့ရာတွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု UNHCR နဲ့ သွားရောက်တွေ့ဆုံခဲ့သည့် Chin Refugee Committee (CRC) ဥက္ကဌ Remmawi က ပြောသည်။ “ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ အတော်လေး ဦးနှောက် ခြောက်ပါတယ်၊ ဘာဘဲဖြစ်ဖြစ် စက်တင်ဘာ နှင့် အောက်တိုဘာလမှာ လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ဒုက္ခသည်များ ပြန်ဖို့အရေး အင်တာဗျူးကိစ္စကိုတော့ ရွေးဆိုင်းလိုက်တယ်။ ချင်းဒုက္ခသည်များအရေးကိစ္စကိုလည်း Geneva ကို ပို့ပြီးပြီ ဒါကြောင့် မြန်မာနိုင်ငံကိုသွားရောက်ပြီး တာဝန်ရှိလူကြီးများနဲ့ တွေ့ဆုံမယ်၊ နောက်ပြီး ချင်းပြည်နယ်ကိုလည်း သွားရောက်ပြီးတော့ အသေးစိတ်သွားရောက်လေ့လာစစ်ဆေးသွားမယ်၊ ဒါကြောင့် ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာလမှာ သေချာနိုင်မယ်လို့ ” UN အကြီးအကဲက ပြောဆိုခဲ့ကြောင်း သူမကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းကော်မြူနီတီဘက်က တင်ပြထားသည့် အကြံပြုချက်များနှင့် ချင်းပြည်နယ်ကို သွားရောက်ပြီး လေ့လာစစ်ဆေးသွားမှာဖြစ်ကြောင်း UN ကိုယ်စားလှယ်နှင့်အတူ ချင်းကော်မြူနီတီကိုယ်စား တစ်ယောက်ထည့်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း (CRC) ဥက္ကဌ က…

Read More

အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်ရှိ National Register of Citizens (NRC) တွင် မပါဝင်ဘဲ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုးဝင်လာသော နိုင်ငံခြားသား ၃၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း မီဇိုးကျောင်းသားအဖွဲ့များ အဖွဲ့ Mizo Zirlai Pawl မှ ဖမ်းဆီးပြီး ပြန်ပို့ခဲ့ကြောင်း သိရသည်။ ယခုလို NRC တွင် မပါဝင်ဘဲ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုးဝင်လာသော လူဦးရေ ၃၀၀ ကျော်ကို အာသံ နှင့် မီဇိုရမ်ပြည်နယ် မီဇိုရမ်ဘက်ခြမ်း Kolasib မြို့နယ် Vairengte, Bairabi နှင့် Saiphai ကျေးရွာများတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ် ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အာသံပြည်နယ်မှာ ယခုရက်ပိုင်းအတွင်း သန်းခေါင်စာရင်းခေါ် National Register of Citizens (NRC) ပြုလုပ်ခဲ့ပြီး အာသံပြည်နယ်ရှိ NRC တွင် နာမည်မပါဝင်သောသူများ လူဦးရေ ၄၁ သိန်းရှိကြောင်း သိရသည်။ ယင်း NRC တွင် နာမည်မပါဝင်သူများ မီဇိုရမ်ပြည်နယ်တွင် ခိုးဝင်လာမည်ကို စိုးရိမ်သော ကြောင့် MZP အနေဖြင့် နယ်စပ်ဒေသများတွင် လုံခြုံရေးချထားခဲ့ခြင်းဖြစ်သည်။ “ထင်ထားတာထက် များတယ်၊ မိမိပြည်နယ်လုံခြုံကာကွယ်ဖို့အတွက် ဇိုးမျိုးနွယ်စုများ စည်းလုံးဖို့လိုတယ်၊ အာသံပြည်နယ်ကနေ foreigner များ ဝင်ရောက်လာမှာ ကြောက်စရာကောင်းတယ်။ ပြည်သူလူထုများ စည်းလုံးဖို့လိုတယ်” လို့ MZP ဥက္ကဌ L.Ramdinliana Renthlei…

Read More

https://www.facebook.com/KhonumtungBurmese/videos/270827830420354/?t=0 -ဟားခါးမြို့ရှိအစိုးရသိပ္ပံကျောင်းဝင်းထဲမှာပြည်နယ်တရားလွှတ်တော်ရုံးတည်ဆောက်ဖို့စီစဉ်တဲ့အပေါ်ကျောင်းတာဝန်ရှိသူတွေမကျေမနပ်ဖြစ်နေကြတယ်။ -ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့၂နှစ်တာလုပ်ငန်းဆောင်ရွက်မှုတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ -ချင်းပြည်နယ်ဟားခါးနဲ့ထန်တလန်မှာလိုင်ဘာသာစကားသင်ကြားနိုင်ရေးအတွက်အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

Read More

ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်း တို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များ လစဉ်ထောက်ပံ့သည့်အစီစဉ်ကို ၂၀၁၉ ခုနှစ်ဇွန်လကစတင်၍ နိုင်ငံတော် ဘဏ္ဍာငွေ ဖြင့် ဆက်လက်အထောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ၏ ထောက်ပံ့မှုဖြင့် ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များကို ၂၀၁၇ ခုနှစ် ဇွန်လကစတင်ပြီး တစ်လ ကျပ်ငွေ ၁၅၀၀၀ ဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ယင်းထောက်ပံ့ပေးမှုအစီစဉ်သည် ၂ နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင်အဆုံးသတ်မည်ဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ “၂ နှစ်ပြီးတာနဲ့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ဆောင်ရွက်နိုင်ဖို့ဆိုပြီး MoU ထဲမှာရေးထားတယ်၊ အခုလည်း ဘတ်ဂျတ်တော့ အကြမ်းဆွဲထားတယ် ၂၀၁၉ ဇွန်လကနေ စပြီးလုပ်ရမှာ’’ ဟု ၀န်ကြီးပေါင်လွန်မင်းထန်ကပြောသည်။ ချင်းပြည်နယ်ရှိ မိခင်နှင့်ကလေးများ ငွေကြေးပံ့ပိုးမှုအစီစဉ်အတွက် LIFT အဖွဲ့မှ ၂၀၁၇ – ၂၀၁၉ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ ပေးထားသည်ဟု သိရသည်။ ယခုအစီစဉ်သည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် အကျိုးရှိကြောင်း၊ ရေရှည်ထောက်ပံ့မှုများလုပ်ဆောင်သင့်သည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ “ ခုကျနော်တို့ထောက်ပံ့တာ ၆ ကြိမ်ရှိပြီးပေါ့နော် အဲဒီအတွင်းမှာတော့ တော်တော့ကို ကောင်းတယ်လို့ Feedback ပေးတဲ့လူတွေရှိပါတယ်၊ ကျနော်လည်း မျှော်လင့်ပါတယ် ဒီဟာကတော့ အကျိုးရှိမယ် ဒါပေမယ့် တောက်လျှောက်သွားမှ ပဲ…

Read More

ရေးသားသူ/ Mglay Boihring – အားလုံးသိတဲ့အတိုင်းပါပဲ ကျွန်တော်တို့ ချင်းပြည်ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင်ဖြစ်ပါတယ်။ လူဦးရေအားဖြင့်လည်း ထိုနည်း၎င်းပါပဲ။ ဒီကနေ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်/ စနစ်အရ ချင်းပြည်အတွင်းမှာ ချင်းလူမျိုးမဟုတ်တဲ့ အလုပ်သမား၊ လုပ်ငန်းရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ အနည်းနဲ့အများ ၀င်ရောက် အလုပ်လုပ်ကိုင်နေကြတာကို နေရာတကာမှာ တွေ့နေရတာ အတွင်းစိတ်ထဲက မကျေနပ်မှု၊ အားမလိုအားမရမှုနဲ့ စိုးရိမ်မှုတွေ လုံးဝခံစားမိပါတယ်။ ကျွန်တော့်လို ခံစားသူတွေလည်း ရှိ ကြလိမ့်မယ်လို့ ထင်မိပါတယ်။

Read More