တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် မတ်လ (၂၂) ရက်နေ့က သွားရောက်တွေ့ဆုံခဲ့မှုသည် တပ်မတော်၏ သာဘောထားရပ်တည်ချက်ကို ထောက်ခံခြင်းမဟုတ်ဟု ချင်းအမျိုး သားဒီမိုကရက်တစ် (CNDP) ပါတီက ပြောဆိုလိုက်သည်။ နိုင်ငံရေးပါတီ (၃၂) ပါတီမှ ခေါင်းဆောင်များသည် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲတွင် CNDP ပါတီဥက္ကဌ ဦးဇိုဇမ်းလည်းတက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်၏ သဘောထားရပ်တည်ချက်ဖြင့် ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်းနှင့် နိုင်ငံတော်အတွက် အမျိုးသားရေးအတွက် ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြရန် အသင့်ရှိကြပါကြောင်း တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ပြောကြားကြသည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်ရုံးမှ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ CNDP ပါတီက ၎င်းတို့၏ သဘောထားမပါကြောင်း မတ်လ (၂၃) ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “မိမိတို့ပါတီသည် သက်ဆိုင်ရာမှဖိတ်ကြားချက်အရ တစ်ပါတီတည်း၏ သဘောထားဖြင့် လွတ်လပ်စွာတက်ရောက်ခြင်းဖြစ် ကြောင်း အခြားမည်သည့်ပါတီများ ဖိတ်ကြားပြီး တက်ရောက်မည်ကိုပင် ကြိုတင်သိရှိခြင်းနှင့် တိုင်ပင်ခြင်းမရှိကြောင်း၊ ထို့ကြောင် အခြားပါတီများ၏ တင်ပြဆွေးနွေးချက်များနှင့် မိမိတို့ပါတီ၏ သဘောထားသက်ဆိုင်ခြင်းမရှိကြောင်းကို ရှင်းလင်းအပ်ပါသည်’’ ဟု CNDP ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ CNDP ပါတီသည် ချင်းအမျိုးသားရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်အရေးအတွက် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရန်မူဝါဒချမှတ်ထားသည်နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်နှင့် သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြည်တွင်ငြိမ်းချမ်းရေးအခြေအနေ၊ တိုင်းပြည်စီးပွားရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လွပ်လပ်စွာဆွေးနွေးခဲ့သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။
Author: Editor
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးကို ဒေသခံပြည်သူများတင်ပြတောင်းဆိုထားသည် မြေနေရာတွင်မတည်ဆောက်ဘဲ မြို့တွင်းနှင့် (၈) မိုင်ခန့်ဝေးသောနေရာတွင် တည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်နေမှုကို ဆန့်ကျင်သည့် အနေဖြင့် ဒေသခံပြည်သူများမှ ထပ်မံဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။ မတူပီ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးတိတ်မင်းက “ခရိုင်ရုံးကို ကျွန်တော်တို့ လူထုအနေနဲ့တော့ မြို့တွင်းမှာ ဖြစ်စေချင် တာလေ မြို့တွင်းမှာဖြစ်စေချင်တာဘာဖြစ်လို့ ပြည်နယ်အစိုးရက ကျွန်တော်တို့ မြို့မိမြို့ဖရယ် နောက် စည်ပင်ကော်မတီရယ် လူမှုအဖွဲ့အစည်းရယ် ပြီးတော့ လေးရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် ဌာနဆိုင်ရာ ရယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရယ် အကုန်လုံးဆုံးဖြတ်ချက်နဲ့ ပြည်နယ်အစိုးရကိုတင်ပြတယ် ဒါပေမဲ့ ပြည်နယ်အစိုးရက ကျွန်တော်တို့ တင်ပြချက်ကို လုံးဝလျစ်လျူထားတဲ့အတွက်ကြောင့်မို့လို့ ထပ်မံဆန္ဒဖော်ထုတ်မှာ” ဟု ပြောသည်။ ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကိုမူ သတ်မှတ်ခြင်းမရှိသေးသည့်အတွက် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးတိတ်မင်းက ဆက်ပြောသည်။ မတူပီမြို့ဒေသခံတစ်ချို့က ခရိုင်ရုံးကို မတူပီမြို့ပေါ် ယခုလက်ရှိထွေအုပ်ရုံးနေရာအနီးတွင် တည်ဆောက်ရန် ဆန္ဒရှိကြပြီး ဒေသခံတစ်ချို့ကမူ မြို့တွင်းနှင့် (၈) မိုင်ခန့်ဝေးသော မတူပီ-ဟားခါးလမ်းမနဘေး ဖနိုင်-ငလိုင်ဒေသဘက်တွင် တည်ဆောက်ရန် ဆန္ဒရှိကြသည်။ ယင်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအကြား အငြင်းပွားမှုဖြစ်ပွားကာ အပြန်အလှန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် ချင်းပြည်နယ်အစိုးရက ခရိုင်ရုံးတည်ဆောက်မည့်အသင့်တော်ဆုံးမြေနေရာ (၅) နေရာကို ပညာရှင်များ အား ဆန်းစစ်လေ့လာခိုင်ပြီးနောက် ဖနိုင်-ငလိုင်ကျေးရွာတွင် တည်ဆောက်ရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပညာရှင်များ လာရောက်ကွင်းရှင်းတိုင်းတာသည့်အချိန်တွင် ၎င်းတို့ဆန္ဒပြုသည့် မြို့တွင်းမြေနေရာများကို တိုင်းတာခွင့်မပြုခဲ့ဘဲ ပြည်နယ်အစိုးရက တဖက်သတ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဦးတိတ်မင်းကပြောသည်။ “ပညာရှင်တွေကလည်း ပြည်နယ်ဖိအားနဲ့ပဲလုပ်တာအမှန်ဆိုတော့ ပညာရှင်တွေကို မြို့ပေါ် မြို့ဝန်းကျင်ရဲ့နေရာတွေ မြို့ပေါ်က ပတ်ဝန်းကျင်နေရာတွေအများကြီးရှိတယ်…
By မိုးကျော် – အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Don Bosco University တွင် ပညာသင်ယူနေကြသော ချင်းဒုက္ခသည်များ ပညာသင်ထောက်ပံ့ကြေး (Scholarship) ရရှိနိုင်ရေးအတွက် ပြန်လည်ဆောင်ရွက်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို ချင်းဒုက္ခသည်ကော်မတီက တောင်းဆိုခဲ့သည်။ ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုရှိလာပြီဟုဆိုကာ မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိနေကြသည့် ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအစောပိုင်းက ထုတ်ပြန်လိုက်သည့်အချိန်ကစ၍ Don Bosco University တွင်တက်ရောက်သော ချင်းကျောင်းသားများ ပညာသင်ထောက်ပံ့ကြေးကိုလည်း ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည် များကို နိုင်ငံတကာက ဆက်လက်ပြီး အကာအကွယ်ပေးရန် လိုအပ်သည်ဟု UNHCR က မတ်လ (၁၄) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းကြောင့် မတ်လ (၁၈) ရက်နေ့က UNHCR ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် ယခုလို ပညာသင်ထောက်ပံ့ကြေးကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ နယူးဒေလီရှိ Chin Human Right Organization ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။ “UN က ချင်းဒုက္ခသည်များကို စောင့်ရှောက်ဖို့ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့အချိန်မှာ Partner ဖြစ်တဲ့ Don Bosco က ထောက်ပံ့တဲ့ Scholarship၊…
By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကပ်ထားသည့် “မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိ’’ ဆိုသည့် ကမ်ပိန်းပိုစတာများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် ဒေသတွင်းအာဏာပိုင်များက မတ်လ (၁၉) ရက်နေ့က ဖြုတ်ချခဲ့ကြသည်ဟု သိရသည်။ တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်ငင်းကျေးရွာနှင့် ဟိန်ဇင်ကျေးရွာတို့တွင် ကပ်ထားသော အဆိုပါပိုစတာများကို မတ်လ (၁၉) ရက်နေ့က ရဲ၊ စည်ပင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးသတ်များမှလာရောက်ဖြုတ် ချခဲ့သည်ဟု သိုင်ငင်းဒေသခံ ဦးနန်ပီးကပြောသည်။ “သူတို့က ဘာစကားမှတော့ လာမပြောပါဘူး ဒါပေမဲ့ သူတို့က သတင်းမပို့ပဲနဲ့ ဒီလိုမျိုးနောက်နောင်တော့ ပိုစတာတွေ ဘာတွေမကပ်ခိုင်းနဲ့ဆိုတဲ့ သဘောမျိုးတော့ပါတယ် ကျနော်တို့ရဲ့ဆန္ဒသဘောထားနဲ့ကပ်တာပါ ခုလိုအာဏာပိုင်တွေက လာရောက်ဖြုတ်ချတာ ကျနော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ချိုးဖောက်ခံရတယ်လို့ခံစားမိတယ်” ဟု ဦးနန်ပီးကပြောသည်။ အလားတူ တွန်းဇံမြို့ပေါ် လူစည်ကားရာနေရာတွင် ကပ်ထားသော အဆိုပါ ပိုစတာများကိုလည်း မြို့နယ်အုပ်ချူပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြုတ်ချခဲ့ကြသည်ဟုသိရသည်။ အဆိုပါ ကမ်ပိန်းပိုစတာ ဖြုတ်ချမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ဟိန်ဇင်ကျေးရွာတွင်နေထိုင်သော ခေါ်ဆကျေးရွာကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး ဦး Khai Khek ကတော့ ပြည်နယ်အစိုးရဖက်မှ ညွန်ကြားလာခြင်းကြောင့် ယခုကဲ့သို့ ဖြုတ်ချရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။ “ချင်းပြည်နယ်အစိုးရအဖွဲ့က အမိန့်စာထုတ်ထားတာရှိတယ် ဒီကိစ္စညှိနှိုင်းဖို့ CSO အဖွဲ့အစည်းတွေကို ဖိတ်တယ်ကြားတယ် ဒါပေမယ့် ဒီဘက်ကလည်း မလာဘူး အဲဒါကြောင့် တရားမ၀င်ဘူးဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားလာလို့ဖြုတ်တာဖြစ်တယ်’’ ဟု ဦး Khai Khek ကပြောသည်။ မြေလွတ်၊…
By လားနွန် – ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကလေးသေဆုံးမှုဦးရေ (၆၄၀) ရှိခဲ့ပြီး လူဦးရေအချိုးအစားနှင့်တွက်ချက်လျှင် ကန်ပက်လက်မြို့နယ်သည် အများဆုံးဖြစ်သည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။ ကလေးသေဆုံးမှုဆိုသည်မှာ မွေးကင်းစအရွယ်မှ အသက် (၅) အရွယ်ထိ ရောဂါတစ်ခုခုကြောင့် သေဆုံးသည်ကိုဆိုလိုပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလ အထိ သေဆုံးသည့် အသက် (၅) နှစ်အောက် ကလေးငယ်အများစုမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှာရွန်ပါရ်ကပြောသည်။ “ကလေးသေဆိုရင် မွေးစကနေ ၅ နှစ်အထိပဲပါတယ်၊ အဓိကသေဆုံးရတဲ့အကြောင်းရင်းကတော့ ၂၀၁၈ ခုနှစ်အတွက် ဒို့တွေဆန်းစစ်ထားတဲ့ဟာကတော့ ပြင်းထန်အဆုပ်ရောင်ရောဂါပေါ့၊ ဒုတိယက လမစေ့ ပေါင်မပြည့် နောက်တစ်ခုက အသက်ရှူခက်ခဲတာပေါ့’’ ဟု ဒေါက်တာရှာရွန်ပါရ်ကပြောသည်။ မြို့နယ်အလိုက် ကလေးသေဆုံး မှုမှာ ဟားခါးမြို့နယ်တွင် (၄၀)၊ ထန်တလန်မြို့နယ်တွင် (၄၆)၊ ဖလမ်းမြို့နယ်တွင် (၃၈)၊ တီးတိန်မြို့နယ်တွင် (၁၁၄)၊ တွန်းဇံမြို့နယ်တွင်(၄၄) ၊ မင်းတပ်မြို့နယ်တွင် (၇၈)၊ ကန်ပက်လက်မြို့နယ်တွင် (၅၅)၊ ပလက်ဝမြို့နယ်တွင် (၁၄၃) နှင့် မတူပီမြို့နယ်တွင် (၈၂) ယောက် စုစုပေါင်း (၆၄၀) ရှိသည်ဟု ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။ ကန်ပက်လက်မြို့နယ်တွင် ကလေးသေဆုံးမှု ဦးရေ (၅၅) ဦးရှိခဲ့ပြီး လူဦးရေအချိုးစားနှင့် တွက်ချက်နှိုင်းယှဉ်ကြည့်ပါက ချင်းပြည်နယ်တွင် အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။ “ကန်ပက်လက်ကကျတော့ ကလေးအရှင်မွေးနဲ့…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်း၊ တရွိုင်အိုင်ကျေးရွာနေ အမျိုးသားတစ်ဦး မတ်လ (၁၉) ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ရောက်ရှိစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။ သေဆုံးသူအမျိုးသားသည် အသက် ၅၀ အရွယ် ဦးအောင်ကျော်ညွှန့်ဖြစ်ပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA က သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု ပလက်ဝသတင်းကို အထူးရေးသားနေသည့် ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာကပြောသည်။ “အသတ်ခံရတဲ့ ဦးအောင်ကျော်ညွှန့်က ရခိုင်ပေါ့နော် သူ့အမျိုးသမီးကတော့ ခူမီး ကျွန်တော်တို့ချင်း သူ့ရဲ့သမီးက စစ်ဗိုလ်နှင့် ညားတာထင်တယ် သူက AA လက်နက်ကိုင်တွေကိုသူတို့အားမပေးဘူးလေ မထောက်ခံဘူးလေ မထောက်ခံတော့ AA က သူ့ကို အငြိုးထားတာကြာပြီ အငြိုးထားတာကြာတော့ သူကလည်းပဲ ရခိုင်ပြည်နယ်ကျောက်တော်မှာ ရှိနေတဲ့ချိန်မှာ မနေ့က ညနေပိုင်းမှာ ကျောက်တော်မှာ ပဲအသတ်ခံရတာ သေနတ်နှင့် ပစ်ခံရတာပေါ့နော်” ဟု ကိုပီတာကပြောသည်။ ဦးအောင်ကျော်ညွန့်သည် မိသားစုနှင့်အတူ ထရွိုင်အိုင်ကျေးရွာတွင်နေထိုင်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေ သူတစ်ဦးဖြစ်ပြီး AA တပ်ဖွဲ့က မည့်သည့်အကြောင်းကိစ္စကြောင့် ပစ်သတ်သည်ကိုမူ အတိကျမသိရသေးပေ။ AA တပ်ဖွဲ့သည် ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှ အုပ်ချူပ်ရေးမှူး ဦးချားဟော်နှင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာတို့ကို မြန်မာ့တပ်မတော်ထံသို့ သတင်းပေးပို့သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာတွင်ပြန်လွှတ်ပေးခဲ့သည်။ ထို့အပြင် မတ်လ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့ ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးအတွက် အသုံးပြုရန် သံဘောင်ကုန်ပစ္စည်းများကို ကုလားတန်းမြစ်ကြောင်းအတိုင်း တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။…
By မိုးကျော် – ချင်းဒုက္ခသည်များကို နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအား မကြာခင် UN ကဒ် (ဒုက္ခသည်အသိအမှတ်ပြုသည့်ကဒ်) အသစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UNHCR ရုံးတွင် UN တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည်ခေါင်းဆောင်များ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ရာ UN ကဒ်ကို မကြာခင် ထုတ်ပေးသွားမည်ဟုပြောဆိုခဲ့ကြောင်း နယူးဒေလီမြို့မှ Chin Human Right Organization (CHRO) တာဝန်ခံ Salai Cung Dawt က ပြောသည်။ “အရင်က Refugee ကဒ် ကိုင်ထားပြီးသားအားလုံးလူတွေအတွက် ကဒ်ကို ပြင်ဆင်နေတယ်။ တစ်ပတ်နှစ်ပတ်လောက် တော့ ကြာမယ်လို့ပြောတယ်။ တချို့ကိုင်ဆောင်ထားတဲ့ UN ကဒ်သက်တမ်းဟာ ၂၀၁၉ ဇွန်လ၊ ဇူလိုင်လအထိဘဲ ဖြစ်တယ်။ ဒါကြောင့် direct တခါတည်း သက်တမ်းတိုးပေးမယ်။ ၂၀၂၁ ခုနှစ်အထိလို့တော့ပြောတယ်” ဟု Salai Cung Dawt က ပြောသည်။ အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသော UN ကဒ်ရှိသူ ဒုက္ခသည်ပေါင်း ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ချင်းဒုက္ခသည်ကော်မတီများက အရင်က UN လျှောက်ပြီးမှ ဆိုင်းငံ့ခံရသည့် pending case နှင့် ပယ်ချခံရသည့် reject case များကို…
By မိုးကျော် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်ရှိ HIV/AIDS ရောဂါတိုက်ဖျက်ရေးအဖွဲ့ Samaritan Society of Mizoram ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့၊ Zuangtui ရပ်ကွက်ရှိ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲကို မတ်လ (၁၈) ရက်နေ့က ပြုလုပ်ခဲ့သည်။ မီဇိုရမ်ပြည်နယ် AIDS ရောဂါကာကွယ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) ၏ အစီအစဉ်အရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါဆိုင်ရာ အသိပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Samaritan Society of Mizoram အဖွဲ့တာဝန်ခံ Mahmingi က ပြောသည်။ “မီဇိုရမ်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများထံ AIDS ရောဂါ အသိပေး ဟောပြောပွဲ များများပြုလုပ်ဖို့ MSACS အဖွဲ့မှ ညွှန်ကြားထားတယ်။ အဓိကတော့ ဒီရောဂါမပြန့်ပွားအောင် ကာကွယ်နိုင်ဖို့အတွက်ဖြစ်တယ်” ဟုပြောသည်။ Samaritan Society of Mizoram အဖွဲ့၏ မှတ်တမ်းအရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ ပိုးတွေ့ရှိမှု သိပ်မရှိ သေးသော်လည်း မီဇိုရမ်ပြည်နယ်ရောက် ချင်းလူမျိုးများတွင် အဖြစ်များကြောင်း Mahmingi က ဆက်ပြောသည်။ “ကျမတို့ သွေးစစ်ဆေးချက်မှတ်တမ်းအရတော့ ဒီရောဂါဟာ မြန်မာရက်ကန်းသမားတွေမှာ အဖြစ်နည်းတယ်၊ ချင်းလူမျိုး တွေမှာ ပိုပြီး အဖြစ်များတယ်” ဟု Mahmingi ကပြောသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာရက်ကန်းသမား ၈၀၀ ကျော်ရှိသည့်အပြင် အလုပ်သမားများဖြစ်ကြသည့်အတွက် AIDS ရောဂါ…
By လားနွန် – အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ရိ-တီးတိန်အကြား ကားလမ်းကြောင်းအသစ်ကို နှစ်လမ်းသွားဖြင့် အိန္ဒိယနိုင်ငံ၏အကူအညီနှင့် ဖောက်လုပ်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “အိန္ဒိယထောက်ပံ့ငွေနဲ့ပဲ အစအဆုံးလုပ်မယ်၊ စီမံကိန်းလုပ်နေပါပြီ၊ အခု လမ်းစီမံကိန်းအတွက် လေ့လာဆန်းစစ်မှုလည်းလုပ်နေပြီ၊ နဂိုသုံးနေတဲ့လမ်းကိုရှောင်ပြီးတော့မှ နောက်လမ်းအသစ်ဖောက်မှာ၊ အိန္ဒိယကလည်း သူတို့သတ်မှတ်တဲ့ဘက်ဂျက်နဲ့ လေ့လာဆန်းစစ်မှုတွေ၊ တစ်ချို့ကိစ္စတွေမှာလည်း လျော်ကြေးပေးမှုတွေဘာတွေ အကုန်လုံး တွက်ချက်တိုင်းတာပြီးပြီ၊ ဒါလဲ သူတို့မကြာခင်စမှာပါ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ ယခုလက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသည့် ရိ-တီးတိန်အကြား လမ်းမကြီးသည် တောင်တက်တောင်ဆင်း အလွန်ကြမ်းတမ်းပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတင်ယာဉ်များ သွားလာရေးခက်ခဲမှုရှိနေသည့်အတွက် လမ်းကြောင်းအသစ်ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။ “အခုလမ်းက တောင်အတက်အဆင်းကြမ်းတယ်၊ ဒီအဝေးပြေးလမ်းက ဒီကုန်ပစ္စည်းတင်တဲ့သူတွေအတွက် အတက်အဆင်း တော်တော်ခက်ခဲပါတယ်၊ အဲဒါကြောင့် ပြေပြေလေးနဲ့သွားလို့ရမယ့်လမ်းကို ဖောက်လုပ်မယ်၊ အခုလက်ရှိ အသုံးပြုနေတဲ့လမ်းထက်တော့ မိုင် (၂၀) ကျော်လောက် ပိုရှည်သွားမယ်” ဟု ၀န်ကြီးဦးစိုးထက်က ပြောသည်။ ရိ-တီးတိန်ကြား ကားလမ်းကြောင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ပါက ခရီးသွားပြည်သူများအတွက် လုံလုံခြုံခြုံနှင့် အန္တရာယ်ကင်းကင်းဖြင့် သွားနိုင်တော့မည်ဟု ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။ “တကယ်လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့လေ၊ ဘာလို့လဲဆိုတော့ အခုလမ်းတွေကလည်း သိတဲ့အတိုင်းပဲလေ၊ ဟိုးအရင်တုန်းက ကားလမ်းတွေကို ပြန်ချဲ့တဲ့လမ်းတွေဆိုတော့ တအား အတက်အဆင်းလည်းကြမ်းတဲ့၊ အန္တရာယ်လည်းတအားများတယ်၊ နောက်ပြီးတော့ မိုင်အားဖြင့် တီးတီန်နှင့် ရိဒ်ဟာမိုင် (၃၀) ကျော်ပဲရှိပေမယ့် လမ်းကကြမ်းတဲ့အခါကျတော့ ကျောက်ခင်းလည်းပဲဘယ်လောက်မှကြာကြာမခံဘူး၊ ဒီမှာ ရေတိုက်စားမှုက တအားကြမ်းတယ်၊ သူတို့လုပ်တဲ့ပုံစံတိုင်း လမ်းကိုပြောင်းမယ်ဆိုရင်တော့…
By လားနွန် – နော်ဝေးကုမ္ပဏီတစ်ခုအပါအ၀င် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ (၄) ခုက အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်ရှိသော ရင်းနှီးမြုပ်နှံမှုကို ချင်းပြည်နယ်သို့ လာရောက်မြုပ်နှံကြမည်ဟု သိရသည်။ ချင်းပြည်နယ်တွင် ရေးအားလျှပ်စစ်စီမံကိန်း၊ ဟိုတယ်လုပ်ငန်း၊ လယ်ယာထွက်ကုန်နှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း စသည့် ကဏ္ဍ (၄) ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ကြရန် သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ သည် မတ်လ (၁၆) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြော သည်။ ရေအားလျှပ်စစ် စီမံကိန်းတွင် နော်ဝေးနိုင်ငံမှ Noway Power Co., Ltd. မှ အမေရိကန်ဒေါ်လာ သန်း (၅၀)၊ ဟိုတယ် လုပ်ငန်းတွင် KL Amazing Co., Ltd. မှ ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံ၊ ပလက်ဝမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတွင် The Khumi Institute မှ ကျပ်ငွေ သုံးဘီလီယံနှင့် လယ်ယာထွက် ကုန်ပစ္စည်းဖြစ်သော ၀ဥ၊ ကော်ဖီများတန်ဖိုးမြှင့်ရန် စက်မှု လုပ်ငန်းစီမံကိန်းအတွက် ချင်းပြည်နယ်တောင်သူ လယ်သမားများ စုပေါင်းတည်ထောင်ထားသော ချင်းတောင်ရတနာ ကုမ္ပဏီလီမိတက်မှ အမေရိကန်ဒေါ်လာ တစ်သန်း အသီးသီးရင်းနှီး မြှုပ်နှံကြမည်ဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ချင်းပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအား ၀င်ငွေခွန် ကင်းလွတ်ခွင့် (၇) နှစ်အထိ…
