Author: Editor

ယခုလ ပထမပတ်အတွင်း ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တွီဒိန်အုပ်စု (၅၆) မိုင်ရွာတွင် ခရစ်ယာန်ဓမ္မဆရာ အိမ်ဆောက် လုပ်နေမှုအား ခရစ်ယာန်ဘာသာဝင်မဟုတ် သူတွေဒေသခံတွေ က နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုပြု လုပ်နေ ကြောင်း သိရ သည်။ ၅၆ မိုင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၇၊ နှစ်ခြင်း ခရစ်ယာန်အိမ်ခြေ ၁၄ အိမ်၊ ကာသိုလိပ် ခရစ်ယာန် အိမ်ခြေ ၄၊ ဗုဒ္ဒ ဘာ သာအိမ်ခြေ ၉  ရှိသည်။ ခရစ်ယာန်တွေကြောင့်ဗုဒ္ဒနဲ့မူဆလင်တွေ ပြသာနာတက်တာ ခရစ် ယာန်တွေကြောင့် ဖြစ်တယ် ဆိုပြီး စွပ်စွဲမှုတွေ ရှိနေ ကြောင်းလည်း ပြောကြသည်။ “ ဘာမှ မဆိုင်တဲ့ဟာတွေကို အကြောင်းပြပြီး ဓမ္မဆရာအိမ် မဆောက်နိုင်အောင်တားဖြစ်ကြတာက မဖြစ်သင့်ဘူး၊  ကျတော်တို့ ကျေး လက်ဒေသ မှာ မူဆလင်တွေလည်း မရှိဘူး၊” ဟု ဒေသခံ ခရစ်ယာန် အသင်းတော်လူကြီး က ပြောသည်။ ဖြစ်စဉ်မှာ သက်ဆိုင်ရာ ခွင့်ပြုချက်အရ မင်းတပ်မြို့နယ်နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့မှ တွီဒိန်အုပ်စု ( ၅၆) မိုင်ရွာရှိ နှစ်ခြင်း ခရစ်ယာန်အသင်း ဓမ္မဆရာနေအိမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်နေအား တားမြစ်ခြိမ်း ခြောက် နေကြခြင်းဖြစ်သည်။

Read More

ယခုနှစ် ဖေဖေါ်ဝါရီ ၂၀ တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီး ပူး ၀မ္မသူးမောင်း ပုံပါသော အင်္ကျီကို ချင်းပြည်နယ်တောင် ပိုင်း မင်းတပ်မြို့ပေါ်တွင် ယခု ဖြန့်ဝေ နေပြီဟု ကြားသိရသည်။ “ ခေါင်းဆောင်ကြီး ၀မ္မသူးမောင်း အသက်ပြန်ရှင်လာသလို ခံစားရတယ်ဗျာ၊” ဟု ဒေသခံ လူကြီး ပူး လဲခွီရှိန်းက ပြော သည်။ ဒေသခံတဦးက အရင်းအနှီးထုတ်ပေးပြီး ချိုးလူငယ်အဖွဲ့မှ အဆိုပါ အထိမ်းအမှတ်အင်္ကျီ အထည် ၁၀၀၀ ကို ယခုလ ၀၇ ရက်နေ့မှ စပြီး ဖြန့်ဝေ ခြင်းဖြစ်သည်ဟု ပြောကြသည်။ အင်္ကျီရှေ့ဖက်တွင် ပူး ၀မ္မသူးမောင်းဓါတ်ပုံနှင့် အ၀န်းလိုင်းတွင် FEBRUARY 20 ALWAYS ၊ ဟူ၍၄င်း၊ အင်္ကျီကျော ဖက်တွင် အောက်ချင်းငှက်ပုံနှင့် အပေါ်ပိုင်းတွင်  KCHOPAKHUIHNGUUP၊ အောက်ပိုင်းတွင် CHIN NATIONAL DAY ဟူ၍၄င်းပါရှိ သည်။ အလားတူစွာ ချင်းအမျိုးသားပါတီကလည့်း ပူးဝမ္မသူးမောင်း၏ တော်လှန်ရေးလှုပ်ရှားမှု သမိုင်းအကျဉ်းပါ Pamphlet ကို ထုတ်ဝေဖြန့်ချိနေ ကြကြောင်း လည်း သိရသည်။ ပူး ၀မ္မသူးမောင်း ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်ဖေဖေါ်ဝါရီ ၂၀ တွင် လူထု ၅၀၀၀ ခန့်တက်ရောက် သည့် ဖလမ်းညီလာခံကြီးက ချင်းအမျိုး သားနေ့ ကို မွေးဖွားပေးလိုက်သည်။ “ ဖလမ်းညီလာခံဆိုတာက ကျတော်တို့…

Read More

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်တွင် Kuki ပြည်နယ် ရရှိရေး အတွက် လှုပ်ရှားနေကြသော Kuki State Demand Committee (KSDC) အဖွဲ့၏ လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း မီဇိုရမ်ပြည်နယ်ရှိ အစိုးရ မဟုတ်သော NGO များက ပြောဆို လိုက်သည်။

Read More

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်ရှိ ဟားခါး ချင်းလူငယ် (၄) ဖွဲ့ ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီ ၀၂ ရက်နေ့ က ချင်းလူငယ် အဖွဲ့ ချုပ် ( Chin Youth Organization ) ဟူ၍ ပေါင်းစည်း ဖွဲ့စည်းခဲ့ကြ ပြီဖြစ်သည်။ ဟားခါးမြို့ Carson Hall တွင် Hakha Youth Organization, Vazuun, Hero, Toe စသည့် မြို့ပေါ် အခြေစိုက်ချင်း လူ ငယ် အဖွဲ့ အစည်း ကိုယ်စားလှယ် အင်အား ၄၀ ကျော် တွေ့ ဆုံ ဆွေးနွေး ခဲ့ကြပြီး ယခုကဲ့သို့ တဖွဲ့တည်း ပေါင်း စည်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ အဆိုပါ လူငယ်အဖွဲ့တွေ တဖွဲ့တည်းပေါင်းစည်းရေး ဆန္ဒရှိခဲ့ကြတာ ကြာပြီ၊ ခု က အခြေအနေအနေအထားက ပေါင်း စည်းဖို့ ဖြစ်လာလို့ ယခုလို ပေါင်းစည်း တာဖြစ်တယ်”ဟု လူငယ်ခေါင်းဆောင် တဦးက ပြောသည်။ အဓိက မူးယစ်ဆေး ၀ါးတားဆီးရေး၊ သာရေးနာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာပေ၊ ယဉ်ကျေးမှု မြှင့်တင် ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့ကြသည့် ဟားခါးလူငယ်အဖွဲ့ ယခုကဲ့သို့ ပေါင်းစည်းခြင်း အပေါ် အထူး ၀မ်းမြောက် ၀မ်းသာဖြစ်ကြကြောင်း သိရသည်။“

Read More

ဇန္န၀ါရီလ ၃၁ ရက်နေ့က ဒေါက်တာမှုထန်း ( ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအ၀င် ဟားခါးမြို့ပေါ် လူငယ်  မြို့မိမြို့ဖ ၁၅ ဦးတို့ ပါဝင်ပြီး ချင်းတောင် တွင် နိုင်ငံခြား သားများ အပန်းဖြေ စခန်းအတွက်နေရာလေ့ လာမှုပြုကြကြောင်း သိရသည်။

Read More

၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုး သားနေ့ ပွဲတော် သဘင် တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်း သူကျောင်းသားများ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုး သား တပ်ဦးတို့ ဆွေးနွေး သဘော တူညီချက်အကျိုးဆက်အဖြစ် ချင်းအမျိုးသားနေ့တွင် အစိုးရ၀န်ထမ်းများ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ့နိုင်ရေး အတွက် ချင်းပြည် နယ်အတွင်း ရုံးပိတ်ပေးရန် ၁၉၊ ၁၂၊ ၂၀၁၂ ရက်နေ့ က ပြည် နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ဆွေးနွေးခဲ့ကြသည်။ “ ပြည်နယ်အစိုးရနဲ့ စီအဲန်အက်ဖ် ဆွေးနွေးချက် အရ ပြည်နယ် ပညာရေးမှူးကို ချင်းအမျိုးသားနေ့ မှာ ကျောင်းသားတွေ စာမေးပွဲမဖြေဖို့၊ ရက်ရွှေ့ပေးဖို့ ကျတော် ဆွေးနွေးတယ်၊ ပညာရေးမှူးက အထက်ညွန်ကြား ချက်ဖြစ်တယ်လို့ပဲ တုံ့ပြန် တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ယနေ့ ပြောသည်။

Read More

ချင်းအမျိုးသားနေ့ဖြစ် ပေါ်လာပုံအကျဉ်းကို ချင်းရေးရာဝန်ကြီး ပူးဝမ္မသူးမောင်း၏ ၁၉၅၁- ခုနှစ်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ချင်းဝိဒေသတိုင်း၊ တောင်ပိုင်းခရိုင်၊ မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုး သား နေ့ အောင်ပွဲသဘင် အခမ်းအနားနှင့် ချင်းဝိသေသ တိုင်းလုံးဆိုင်ရာ ပတ်လည်ညီလာခံသဘင် အခမ်းအနား မြွက်ကြား ချက် – “ အခုလိုတောင်တန်းဒေသများ အပါအ၀င် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တ၀ှမ်းလုံး အချုပ်အခြာ အာ ဏာပိုင်တဲ့ လုံးဝလွတ်လပ်ရေးရတာနဲ့တစ်ပြိုင်နက် ရှေးယခင်က ချင်းတောင် တန်းမှာ ဗြိတိသျှ စီမံဖန်တီးပေး ထားတဲ့ခေတ် နောက်ပြန်အုပ်ချုပ်ရေးစနစ်အရ လက်တစ်ဆုပ်သာ ရှိတဲ့သူတို့ရဲ့ နယ်ချဲ့ လက်ပါးစေများ ဖြစ် ကြတဲ့တိုက်အုပ်များ ကမတရားသဖြင့် အခွင့်အရေးနှင့် အာဏာယူပြီး “သခင်အားရ ကျွန်ဒါဏ်ဝ” ဆိုသလို အမျိုးမျိုးအဖုံဖုံ လက်ဝါးကြီးအုပ် သွေးလည်း စုပ်သလို ဆင်းရဲသား လူတန်းစားများကို နလံမထနိုင်အောင် ဖိနှိပ်ချုပ်ချယ်မှုတွေကို အမြစ် ကနေပြီးတွန်း လှန်ဖြိုဖျက်ရန် ကိစ္စကို ချင်းရေးရာဌါနရဲ့  ပဌမဆုံးလုပ်ငန်းအနေနဲ့ လူထုတစ်ရပ် လုံးရဲ့ ဆန္ဒအရအပြင်းအထန် ဆောင်ရွက် ရပါတယ်။ ဗြိတိသျှခေတ်က ဘုရင်ခံ မင်းကြီးကစပြီး အဆင့် ဆင့်တိုက်သူကြီးများအထိ အာဏာဆင်းသက် လာတဲ့ အုပ်ချုပ်ရေးစနစ် ကို ပြောင်းပြန် ပြန်ပြီး လူထုမှ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရတိုင်အောင် အဆင့်ဆင့် အာဏာ တက်လာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကို ထည့်သွင်းပြီးအစားထိုးဖို့လိုပါတယ်” “သံဃာအားဘုရားသော်မှမလွန်ဆန်နိုင် ”ဆိုတဲ့စကားပမာ ချင်းအမျိုးသားလူထုတစ်ရပ်လုံး က အော့နှ လုံးနာ…

Read More

ဇန္န၀ါရီ ၂၃ ဗုဒ္ဒဟူးနေ့ နံနက် ၁၀ နာရီခန့် က နောင်ချိုအခြေစိုက် အစိုးရစစ်တပ် အင်အား ၅၀၀ ခန့်သည် ချင်းလူမျိုး များနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ အုပ် စု၊ မှော်ဖီ ရွာအား လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ် ခတ် သဖြင့် ရွာသား (၄) ဦးသေဆုံးပြီး အိမ်ငါးလုံး လက်နက်ကျည်ဆံထိ မီးလောင်သွားသည်ဟု သိရသည်။

Read More

ဇန္န၀ါရီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်းနှင့် ၀န်ကြီးများ သည် ဒေသ ခံ ပြည်သူ လူထုထံ ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းချပြကြသည်ဟု သိရသည်။ ဟားခါးမြိ့တော်ခန်းမတွင် ပြုလုပ်သော အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ ၊ မြို့မိမြို့ဖများ၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အဆင့် အုပ်ချုပ်ရေးမှူးများ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။ တနှစ်ခွဲတာ အုပ်ချုပ်ရေးကာလ သက်ဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ ရှေ့လုပ်ငန်း စဉ်တွေ ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးအသီးသီး က ရှင်းလင်းချပြကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြ ထားသည်။ “ ၀န်ကြီးချုပ်က လာမည့် ဘတ်ဂျက်နှစ်မှာ ဟားခါးမြို့ပေါ် လျှပ်စစ်မီးအတွက် ကျပ်ငွေ သိန်း ပေါင်း ၁၉၇၊ ချင်းပြည်နယ် တခုလုံးအတွက် ကျပ်ငွေ သန်းပေါင်း ၃၈ ကို ဗဟိုသို့တောင်း ဆိုထား တယ် လို့ ပြောတယ်” ဟု တက်ရောက်သူတဦးက ပြောသည်။ ပြီးခဲ့တဲ့ ဇန္န၀ါရီ ဒုတိယပတ်က ဟားခါးမြို့ပေါ်ဒေသခံများ မြိ့ပေါ် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒဖော် ထုတ်ခဲ့ကြသည်။ အဆိုပါ ရှင်းလင်းပွဲတွင် ချင်းပြည်နယ်တခုလုံးကျေးရွာ၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲ ၊ အာဏာ နှင့်လုပ်ပိုင်ခွင့်တွေကို ၀န်ကြီးချုပ်က ရှင်းလင်းခဲ့ သည်ဟု သိရသည်။ ချင်းပြည်နယ် ကျေးရွာ၊ ရပ်ကွက် အဆင့် ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပပြုလုပ်ပြီးဖြစ်သော်…

Read More

မတူပီမြို့နယ် မားဒူ အလယ်တန်းကျောင်း အမျိုးသမီးအဆောင်မှူး ဒေါ်သင်းသင်းမာသည် အဆောင်နေ ကျောင်းသူများ အပေါ် မတရား ဆက်ဆံပြုမှုနေကြောင်း သိရသည်။ အဆောင်မှူးသည် ကျောင်းစည်းကမ်းသတ်မှတ်ချက်ကို ကျူးလွန်ပြီး အဆောင်ပရ၀ဏ် တွင် ဈေးရောင်းခြင်း၊ အရက်၊ လောင်စာ ဆီများ ရောင်းချခြင်းများပြုလုပ်သည့် အပြင် မိမိဆိုင်ခန်း တွင်သာ လျှပ်စစ်မီးထွန်းနေကြောင်း ပြောကြသည်။ “ အဆောင်မှာ မီးမဖွင့်တဲ့အတွက် ကျောင်းသူတွေနဲ့ ပြသနာဖြစ်ခဲ့တယ်၊ အဲဒါကို အဆောင် ကနေ နှင်ထုတ်လိုက်တယ်” ဟု ကျောင်း သားမိဘ တဦးက ပြောသည်။ ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်တခုလုံး ကျောင်းတွင်းအတန်းတင် စာမေးပွဲများဖြေဆိုရတော့ မည်ဖြစ်သော်လည်း ဇန္န၀ါရီ ၉ ရက်နေ့ကတည်းက အနှင်ထုတ်ခံ ကျောင်းသူတွေဟာ ယနေ့ အထိ အဆောင်ပြန်ဝင်ခွင့် မရသေးကြောင်း ဆက်ဆို သည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး မားဒူ ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးထံ တိုင်ကြားသော် လည်း သက်ဆိုင်ရာက လစ်လှူရှု ထားရကြောင်းပြောသည်။ ကျတော်တို့ မြို့နယ်ပညာရေးမှူးထံ စာသွားတင်တော့ ခင်ဗျားတို့ ကျောင်းဆရာမကို လွန်ဆန် ယင် နောက်ထပ် ကျောင်း ဆရာ နစ်နာသွားမည်ဟု သာ တုံ့ပြန်ကြောင်း ဒေသခံ တဦးက ပြော သည်။ “ ပြသနာကို မားဒူ လယ်အုပ်ကနေ ညှိနှိုင်းဖို့ ခေါ်တော့ ဒေါ်သင်းသင်းမာက ကလန်ကဆန်လုပ်ပြီး ရုံးထဲ ကနေ ပြန်ထွက် သွားတယ် ” ဟု မိဘ တဦးက ပြောသည်။…

Read More