Author: Editor

ချင်းပြည်နယ်၊ ဖလမ်းမြို့ Town Hall ၌ ပြီးခဲ့တဲ့ ဇွန်လ ၁၀-၁၁ ရက်က မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာ နှင့် ဒေသခံလူငယ်များ၏ဦးဆောင်မှုဖြင့် ချင်းဂီတဆု ပေးပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။ ၎င်းအစီအစဉ်မှာ မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာ နှင့် ၂၀၁၃ စက်တင်ဘာ မှစတင်ထုတ်လွှင့်မည့် MRTV ချင်းဘာ သာအစီအစဉ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ဆလိုင်းအေးချမ်း မောင်က ပြောပြ သည်။

Read More

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ၈ မြို့အပြင် မြို့နယ်အတွင်း ကျေးလက်ဒေသပြည်သူလူထုနှင့် ဆက် လက် တွေ့ဆုံမှုပြု လုပ်နေသည်။ စီအဲန်အက်ဖ် မတူပီဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး ထန်ယဲန်းနှင့် ဆက်ဆံရေးဒုတိယတာဝန်ခံ ပူး မန်လိုင်းဦး ဆောင် သည့် အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာနှင့် မဆာတွီရွာ ပြည်သူလူထုနှင့် ၄င်း၊မင်းတပ်မြို့နယ် စွန်တောင်၊ ရို၊ လေရှီး ကျေးရွာပြည်သူလူထုနှင့် ၄င်းတွေ့ဆုံခဲ့ကြသည်ဟု သိရ သည်။ “ ကျင်ဒွေးကျေးရွာလူထုတွေ့ဆုံပွဲမှာ ဒေသခံလူထု ၅၀၀ ခန့်တက်ရောက်ကြတယ်၊ ဘာသာရေးခေါင်းဆောင်၊ အစိုးရ ၀န်ထမ်း၊ ရပ်မိရပ်ဖ၊ ကျောင်းသားလူငယ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ကြတာ အားရစရာပါ” ဟု ဆက်ဆံရေးရုံးအုပ် ဂျိမ်းစ် ရိုလဲန်း က ပြောသည်။ အလားတူ စီအဲန်အက်ဖ် ထန်တလန်ဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး အိပ်ခ်ျစီရာလ်နှင်း နှင့် ဆက်ဆံရေး ဒုတိယ တာဝန်ခံ ပူး ဘီလ်ကျုံး ဦးဆောင် သည့် အဖွဲ့သည်လည်း ချင်းပြည်နယ်ဟားခါးမြို့နယ်အတွင်း ကျေးလက်ဒေ သပြည်သူ လူထုနှင့် တွေ့ဆုံမှုပြုလုပ်နေကြကြောင်း ထပ်မံသိရသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲကို ပြုလုပ်ပြီးပါက ချင်းပြည်နယ်ပြင်ပရှိ ချင်းပြည်သူများ၊ တက္ကသိုလ်ကျောင်းသားများနှင့်လည်း ထပ်မံတွေ့ဆုံမှာဖြစ်သည်ဟုလည်း ကြားသိရသည်။ “ လူထုတွေ့ဆုံပွဲကို ယခုနှစ် မိုးတွင်းမှာအပြီးပြုလုပ်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ချင်းအမျိုးသားညီလာခံကို ကျင်းပဖို့ စီစဉ် ထားပါတယ် ”ဟု…

Read More

ဆောင်းပါး၊ ဇလပ်ထက်နီ ၁၃ ဇွန် ၂၀၁၃ – ယခုတလော ချင်းပြည်နယ် မတူပီမြို့နယ်၊ ဇိုတုန်၊ မရာ၊ ဒေသ ကျေးရွာပေါင်း ၃၀ ခန့်မှာ ကို ဌေးဝင်း၊ ကို ဇပဲန်း ဆိုတဲ့ နာမည်က ရေပန်းစားနေလေရဲ့၊ သူတို့ဟာ ADRA ( အရှည်ကောက်တော့ မသိပါ) ဆိုတဲ့ အဲန်ဂျီအို အဖွဲ့က ဒေသခံတွေရဲ့ ဖိုခနောက်ပေါ်ထမင်းအိုးမြဲရေးအတွက် ဖြေရှင်းပေးနေတဲ့သူတွေပေါ့၊ ကို ဇာပဲန်းဆိုယင် ဆိုင်ကယ်တစီးနဲ့ တရွာဝင် တရွာ ထွက် လှုပ်ရှားနေရတယ်၊ သူ့ အပြောအရ ကျေးရွာအုပ်စု (၇)ခုရဲ့ ၀မ်းရေးကို တာဝန်ယူ နေသူပါ၊ သူ့အထက်က ကို ဌေး ၀င်းဆိုပဲ။ “ ခုနေခါမှာ ကျတော်တို့အနေနဲ့ အရေးပါဆုံးက ကို ဇာပဲန်းပါ၊ ဘယ်သမ္မတ၊ ဘယ် ၀န်ကြီးချုပ်ကိုမှ မတမ်းတပါ” ဟု တောင်လာကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။ ဧပြီ၊ မေလ ကတည်းက မတူပီမြို့နယ် တီးဆီး- တောင်လာ၊ ရွာမန်းအကြား ၁၅ မိုင်အကြားမှာ ရွာသားတွေဟာ ပေါက်တူး၊ ပေါက်ချွန်း၊ ဓါး ကိုယ်စီ နဲ့ ကျားမ လူကြီးမရွေး ကိုယ်ထူကိုယ်ထ လမ်းတူးနေကြတယ်၊ စနေ – တနင်္ဂနွေ တပတ် တကြိမ် ရွာပြန်စနစ်ပေါ့၊ လမ်းဘေး ရေရရှိတဲ့ နေရာမှာ တဲကိုယ်စီထိုးပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတယ်၊ ADRA သည် ၀မ်းရေးအတွက်…

Read More

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်တုန်းက ချင်းပြည်နယ် မတူပီမြို့နယ်၊ ထောင်လန်ကျေးရွာတွင်  တောတွင် အလေ့ ကျပေါက် သည့် မှိုပွင့် စားမိလို့ မောင်နှမ ကလေးငယ်နှစ်ဦးသေဆုံးသွားသည်ဟု သိရသည်။ ထာင်လန်ရွာနေ မိသားစု ၇ ဦးသည် တောတွင်အလေ့ကျပေါက်သည့် မှိုပွင့်စားမိရာမှ အကြီးဆုံးသားနှင့် အငယ်ဆုံးသမီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

Read More

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင် ဈေးသစ်ရပ်ကွက် လမ်းဆုံအထက်၊  အသစ်တူးထားသည့် Pu Chan Bik ၏ အိမ်မြေနေရာသည် ဇွန်လ ၁၂ ညနေပိုင်းကမြေပြိုမည့် အရိပ်အယောင်များတွေ့ရှိရသည်ဟု သိရသည်။ အကယ်၍ မြေပြိုပါက အနီးအနားရှိ အိမ်ခြေ ၁၀ ခုလည်း ပါသွားဖို့သေချာနေသဖြင့် ဒေသခံ ချင်းလူငယ်အဖွဲ့ချုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ ပြည်သူ့ရဲများက ၄င်းတို့၏ အိမ်အသုံးအဆောင် ပစ္စည်း များအား ဘေးလွတ် ရာသို့ ရွှေ့ပေးနေကြသည်ဟု သိရသည်။

Read More

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့က ပခုက္ကူမြို့မှ ပေါက်မြို့သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနှင့် ချင်းပြည်နယ် မင်း တပ်မြို့မှ ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ တိုက်မိရာမှ ဆိုင်ကယ် မောင်းနှင်လာသည့် ဆလိုင်း ယောဘူ(အသက် ၂၆နှစ်) ပွဲချင်း သေဆုံးသွားကြောင်း သိရှိရသည်။ ဖြစ်ပုံမှာ ပခုက္ကူမှ ပေါက်မြို့သို့ သွားသည့် ခရီးသည်တင် မှန်လုံကားသည် ချင်းပြည်နယ် မင်းတပ်မြို့မှ  ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ ပခုက္ကူမြို့မှ မိုင် ၂၀အကွာ ကမ္မရွာနှင့် ဂျိုးပျံရွာအကြား အဲဒီနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်မိခြင်းဖြစ်သည်။ “ဆလိုင်း ယောဘူက ပခုက္ကူတက္ကသုလ်မှာ ကျောင်းတက်နေသူပါ။ အဲဒီနေ့ ကျောင်းတက်ဖို့ ဆိုင်ကယ်နဲ တစ်ယောက် တည်း လာတာ၊ သတင်း ကြားကြားချင် ကျတော်တို့ အခင်းဖြစ်တဲ့နေရာကို သွားကြတော့ ခေါင်းကွဲ၊ လက်နှစ်ချောင်းလုံး ကျိုးကာ ပွဲချင်း သေဆုံးခဲ့ရတယ် ” ဟု အခင်းဖြစ်တဲ့နေရာကို ချက်ချင်း ကိုယ်တိုင် သွားရောက်ခဲ့သော တက္ကသိုလ် ခရစ်ယာန် မိတ်သဟာယ(ပခုက္ကူ) အတွင်းရေးမှူး ဆလိုင်း ဘွေကျိုးထန်က ခိုနုမ်းသုမ်ကို ပြောပြသည်။ သေဆုံးသူအလောင်းကို သူ့ဇာတိမင်းတပ်မြို့ကို သယ်ဆောင်သွားကြပြီး ၁၂ ဇွန် ရက်နေ့တွင်   သဂြိင်္ုလ်လိုက်ကြောင်း ၊ အမှုအခင်းကိုတော့ ဘာမှ စစ်ဆေးမှု မရှိသေးကြောင်း ဆက်ဆိုသည်။ အခင်းဖြစ်ရာနေရာသို့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီ (ပခုက္ကူ)နှင့်…

Read More

ချင်းပြည်နယ် စီးပွားရေး နှင့် စီမံကိန်းဝန်ကြီး Pu RamMang ဦးဆောင်မှုဖြင့် ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ဟားခါး ခရိုင်ရုံးတွင် နယ်စပ်ဒေသ စီးပွားကုန်သွယ်ရေး သမဂ္ဂ ( Federation Chambers of Commerce ) ကို ဖွဲ့စည်း လိုက်ကြ ကြောင်း သတင်းရရှိသည်။ နေပြည်တော်မှ နယ်စပ်ဒေသကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး Major Aung Win ဦးဆောင်မှုဖြင့် ချင်း ပြည်နယ် ထန်တလန်မြို့တွင် ပြီးခဲ့တဲ့  ဧပြီလ (၁) ရက်နေ့က နယ်စပ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်လှစ်ခြင်း၏ အကျိုး ဆက်ဖြစ်သည်။ FCC ကို  ဟာခါး၊ ဖလမ်း၊ ထန်တလန်မြို့နယ်များမှ ၅ ဦးစီဖြင့် ပါဝင်စေပြီး ၁၅ ဦးဖြင့် အောက်ပါအတိုင်း ရွေးချယ် ဖွဲ့စည်း ကြသည်ဟု ဒေသထုတ် သတင်းတွင်ဖော်ပြထားသည်။ (1) Pu Van Hu, Chairman (Hakha) (2) Pu Hrang Lawm Thang, Vice Chairman (Falam) (3) Pu Van Nawl, Vice Chairman (Thantlang) (4) Pu Ci Han, General Secretary (Hakha) (5) Pu Ngun Peng, AGS (Thantlang) (6) Pu Za…

Read More

တရုတ်ကုပ္မဏီ North Mining Investment Company (NMIC) မှ တူးဖော်ရန် စီစဉ်နေသော ချင်းပြည်နယ် တီး တိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်နီကယ်သံသတ္တု တူးဖော်ရေးစီမံကိန်းကို ဆိုင်းငံ့ပေးရန် ဇိုမီး(ချင်း) လူငယ်များ ညီ လာခံက တောင်းဆိုလိုက်သည်။ တီးတိန်မြို့ ရာပြည့်ခန်းမတွင် ယခုလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသောပထမဆုံးအကြိမ် ဇိုမီး(ချင်း) လူငယ် များ ညီလာခံအပြီးတွင် ယခုကဲ့သို့ စီမံကိန်းကိုဆိုင်းငံ့ပေးရန် ကျေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Read More

Pu Lal Maung Cung ( MLA) ၁။ ပြည်ထောင်စုအစိုးရ                                                                   –       သမ္မတ ဦးသိန်းစိန်သည် လူမျိုး၊ဘာသာ ဂိုဏ်းဂဏ မခွဲခြားပါ၊ အမျိုးသားလွှတ်တော်၊ ပြည်သူလွှတ်တော် ကိုယ် စားလှယ်၊ လူထုသဘောထားဆန္ဒကို လေးစားသမှုပြုသည်။ ကိုယ်ကျင့်တရားမကောင်းတဲ့ လွှတ်တော် ကိုယ် စားလှယ် ၊ အစိုးရ ၀န်ထမ်းတွေကို ပေါ်တင်ဖြုတ်ချရဲသည်။ ပြည်နယ်အစိုးရ –       ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့သည် ပါတီ၊ ပုဂ္ဂိုလ်ရေး၊ ဒေသ ခွဲခြားမှုရှိသည်၊ လွှတ်တော်ကိုယ်စားလှယ်၊ လူထု ဆန္ဒ ကို အလေးမထားပဲ သူတို့ သဘောထားဆန္ဒကို ပိုပြီးအလေးပေးသည်၊ ကိုယ်ကျင့်တရားမကောင်းသော အစိုးရ၀န်ထမ်းများ ပေါ်တင်အရေးယူမှုမရှိ၊ ၂။ ပြည်ထောင်စုအစိုးရ –       လွှတ်တော်အတွင်း ပါတီ၊ ပုဂ္ဂိုလ်၊ နေရာဒေသမခွဲပဲ တန်းတူဆက်ဆံမှုရှိသည်၊ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြချက်ကို တိုက်ရိုက် အရေး ယူအလားထားပေးသည်။ ပြည်နယ်အစိုးရ –       အတိုက်အခံ CNP, CPP, ENDP ကိုယ်စားလှယ်တွေကို ခွဲခြားဆက်ဆံသည်၊ အစည်းအဝေးတွင် နောက်တန်းမှာ ထိုင်ခိုင်းပြီး သူတို့ တင်ပြချက်တွေ အရေးယူ လုပ်ဆောင်ပေးမှု မရှိသလောက်ဖြစ်နေသည်။ ၃။ ပြည်ထောင်စုအစိုးရ –       သမ္မတ နှင့် ၀န်ကြီးတို့၏ လုပ်ငန်းဆောင်ရွက်မှု၊ ဘတ်ဂျက် သုံးစွဲမှု တွေကို တီဗွီ၊ သတင်းစာ၊ ဂျာနယ်က တဆင့် လူထုရှေ့မှောက် ချပြသည်၊ လုပ်ငန်းကော်မီတီဖွဲ့စည်းမှုက အစ လူထု သဘောထားရယူပြီးမှ လုပ်ဆောင်သည်၊ ပြည်နယ်အစိုးရ –      …

Read More

ပြောင်းလဲနေပြီဖြစ်သော ပေါ်လစီအရ နိုင်ငံသား စီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ပြုလုပ်ရန်တွင် အခမဲ့ ပြုလုပ်ပေး နေပြီ ဟုကြားနေရသော်လည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဟု ပြောနေကြသော ချင်းပြည်နယ်၊ မတူပီမြို့မှာတော့ ကျပ် ငွေ တစ်သောင်း အထိ ပေးနေရကြောင်း စုံစမ်း သိရှိရသည်။ ” ကျနော် မနေ့က လ၀ကရုံးကို သွားလုပ်တာ၊ ပိုက်ဆံ ၁၀၀၀၀ ပေးရတယ်” ဟု ကိုယ်တိုင် မှတ်ပုံတင်သွား လုပ်သော နယ်ကလာသည့် လူငယ် တစ်ယောက်က ပြောသည်။

Read More