မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Supply Reduction Service (SRS) အဖွဲ့မှ ပြီးခဲ့ သည့် ဇူလိုင် ၃ ရက်နေ့ညက Aizawl Venglai ရပ်ကွက်တွင် ဘိန်းဖြူ ၉ ဟောင် နှင့် အတူ ပိုင်ရှင်ဟု ယူဆသော ချင်းအမျိုးသမီးတဦးကို ဖမ်းဆီးခဲ့သည်။ ဘိန်းဖြူနဲ့အတူ ဖမ်းဆီးထားသော ချင်းအမျိုးသမီးမှာ ကလေးမြို့နယ် တာဟန်းရပ်ကွက် တွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ်ရှိသော Thanthuami ဟု သိရသည်။ အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူ၏ ကာလတန်ဖိုးမှာ ရှုပီး ၅ သိန်းခန့််ရှိပြီး ဖမ်းဆီးခံထားရ သော Thanthuami ကို မီဇိုရမ် ရဲလက်ထဲသို့ အပ်နှံခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ ချင်းအမျိုးသမီးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ Supply Reduction Service (SRS) က ဖမ်းဆီးခဲ့သည်။ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ SRS အဖွဲ့မှ ထုတ်ပြန်ချက်အရ သုံးလအတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ ၁၀၅ ဟောင် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။
Author: Editor
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးနိုင်သက်လွင်ကို ဇွန်လ ၃၀ ရက်နေ့ကသွားရောက်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။ CHRO မှ Country Program Director ဇအုပ်လိန်က “ ဒီဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်မြှင့်တင်ပေးမယ့်ဝန်ကြီးဌာနဖြစ်နေတော့ ကျနော်တို့တိုင်းရင်းသားတွေအတွက် ဘာလုပ်ငန်းတွေ လုပ်စရာ တွေရှိလဲ ကျနော်တို့နဲ့ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲဆိုတာဆွေးနွေးချင်လို့သွားတွေ့တာဖြစ်တယ်’’ ဟု ပြောသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ယခင်ကတခါမျှမရှိခဲ့ဘူးသော ၀န်ကြီးဌာနတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD အစိုးရတက်လာသည့်နောက်ပိုင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနဖြစ်သည်။ ယခုကဲ့သို့ တိုင်းရင်းသားများအတွက်သီးသန့်ဝန်ကြီးဌာနရှိလာခြင်းသည် မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက် အကျိုးရှိလာမည်ဟုယုံကြည်ကြောင်း တိုင်းရင်းသားများ၏ အကျိုးကိုလည်း ပိုမိုဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဇအုပ်လိန်ကဆက်ပြောသည်။ “ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကာကွယ်စောင့်ရှောက်မယ့် ၀န်ကြီးဌာနတစ်ခု သီးသန့်ရှိတာကိုက ကျနော်တို့ အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ကျနော်ယူဆတယ်’’ ဟု ဇအုပ်လိန်ကပြောသည်။ CHRO မှ Country Director ဇအုပ်လိန်းနှင့် Program Coordinator မိုင်သင်းယုမွန်တို့သည် ဦးနိုင်သက်လွင်နှင့် တွေ့ ဆုံပြီးနောက် နိုင်ငံတော်ဒုသမ္မတ(၂) ပူးဟင်နရီဗန်ထီးယူလည်းနှင့် အလွတ်သဘောတွေ့ဆုံခဲ့ကြသည်ဟုသိရသည်။
ချင်းပြည်နယ် တောင်ပိုင်းညီလာခံကို မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့ အထိ ၂ ရက်တာကျင်းပကြမည်ဖြစ်သည်။ ယင်းညီလာခံအစည်းအဝေးတွင် ချင်းပြည်တောင် ပိုင်း ဒေသ များဖြစ်ကြသော မင်းတပ်၊ မတူပီ၊ ပလက်ဝ နှင့် ကန်ပက် လက်စသည့်မြို့နယ် ၄ မြို့နယ်မှ ကိုယ်စား လှယ် ၁၀၀ ကျော်တက်ရောက်ကြမည်ဟုသိရသည်။ တောင်ပိုင်းညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်း ရေးမှူးဦးအောင်လောဟာက “လွန်ခဲ့တဲ့ချင်းညီလာခံ ဆိုပြီးတော့ ပြုလုပ်ခဲ့တဲ့အထဲတွေမှာ အဓိကတော့ ဘုံသဘောတူညီချက်များဆိုပြီးထုတ်ပြန်တဲ့ ၁၅၁ ပေါ်မှာ ကျနော်တို့အမြင်က လူထုအမှန်ကိုယ်စားပြုတဲ့လူတွေ တက်ရောက်ဆွေးနွေးပါဝင်ခြင်းမရှိတဲ့အတွက် ဒါကျနော် တို့ ဘုံသဘောတူညီချက် ဆိုပြီးလောလောဆယ်မသတ်မှတ်နိုင်သေးဘူး၊ ကျနော်တို့ဘက်က ပါဝင်ခြင်းမရှိ သေးဘူးလို့ခံစားတဲ့ အတွက် ဒီဟာကို ကျနော်တို့တောင်ပိုင်းမှာ ချပြပြီးတော့မှ ပြောချင်တာက ချင်းညီလာခံက လုပ်တဲ့သဘောတူညီချက်ကို ပြန်ဆွေးနွေးဖို့ပါ လိုအပ်တာရှိရင်လည်ဖြည့်စွပ်ဖို့ ရည်ရွယ်ထား ပါတယ်’’ ဟု ပြောသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံ ကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်ရရှိခဲ့ကြပြီး (၄၅) ဦးပါဝင်သော ဘုံသဘော တူညီချက် များ အကောင် ထည်ဖော်ရေးကော်မတီကိုဖွဲ့စည်းခဲ့ကြသည်။ ယင်းကဲ့သို့တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ညီလာခံများကျင်းပသည့်အချိန်တွင် တောင်ပိုင်းဒေသများသည် ဂရုစိုက် ခံရမှုအားနည်းသည်ဟု ဦးအောင်လောဟာကပြောသည်။ “ သူတို့လုပ်ခဲ့တဲ့ညီလာခံတုန်းကလည်း ကျနော်တို့တောင်ပိုင်းကို ဘာမှဂရုမစိုက်ဘူးလို့ခံစားရတယ်၊ ကောင်းကောင်း လည်းမခေါ်ဘူး ကောင်းကောင်းလည်းမသိရဘူး…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် အမှတ်(၂) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါဒါရ်း မြို့သို့ ပြေးဆွဲနေသော ကားလိုင်းများ၏ လက်မှတ်အရောင်းဌာန(ကားဂိတ်)များအားလုံးကို ဇူလိုင်လကုန်ပိုင်းကစပြီး အသစ်တည် ဆောက်လျက်ရှိသော ကားဝင်အသစ်သို့ ပြောင်းရွှေ့နိုင်မည်ဟု တာဝန်ရှိသူများကပြောသည်။ ချင်းပြည်နယ် ရိဒ်ခေါဒါရ်းမြို့သို့ ပြေးဆွဲနေကြသောကားလိုင်းများသည် ကားဝင်းသီးသန့်မရှိဘဲ ကလေးမြို့ တာဟန်း ရပ်ကွက်၊ တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချူပ်လမ်းမကြီးဘေးတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဂိတ်များဖွင့်လှစ်ကာ ဆယ်စုနှစ်ပေါင်းများစွာပြေးဆွဲလာခဲ့ကြသည်။ ယခုအခါ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) သချိုင်းဟောင်းနေရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကားဝင်း အသစ် တည်ဆောက်လျက်ရှိပြီး ဇူလိုင်လကုန်ပိုင်းတွင် ကားဂိတ်များအားလုံး ပြောင်းရွှေ့ဖွင့်လှစ်မည်ဟု ကားဂိတ် ဆောက် လုပ်ရေးတာဝန်ခံကပြောသည်။ အသစ်တည်ဆောက်လျက်ရှိသော အဆောက်အဦးသစ်မှာ အလျား ၁၈၀ ပေ အနံ ၄၈ ပေရှိပြီး လက်မှတ် အရောင်း ဌာန အခန်းပေါင်း ၁၀ ခန်းပါဝင်မည်ဖြစ်သည်။ ကုန်ကျစရိတ်ခန့်မှန်းခြေမှာ သိန်းပေါင်း ၆၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ အဆိုပါ ကားဝင်းသစ်ကြောင့် ယခင်က တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချုပ်လမ်းပေါ်တွင် ဂိတ်ထိုး လက်မှတ် ရောင်း ချခြင်း ကြောင့် အများပြည်သူသွားလာရေး အဆင်မပြေမှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
by Thomas Thang Nou – နိဒါန်း သီးခြားဂုဏ်အင်္ဂါလက္ခဏာရှိသော လူမျိုးတိုင်း သီးခြားနိုင်ငံထူထောင်ရမည်ဟူသော သီအိုရီသည် ပထမကမ္ဘာစစ်အတွင်း စတင် ခဲ့ပြီး ယနေ့အထိ ရှိနေသော ထင်ရှားသည့် သီအိုရီများအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် လူမျိုးတစ်မျိုးသာရှိရမည်ဖြစ်ပြီး လူမျိုးစုံပါဝင်သောနိုင်ငံသည် ဤအခြေမံမှုနှင့်အညီ ပြန်လည်ဖွဲ့စည်းစေရမည်ဟူသော သဘောသက်ရောက်သည်။ လူမျိုးတစ်မျိုး သည် နိုင်ငံတစ်ခုအတွင်း အခြားသောလူမျိုးများနှင့် အတူတကွနေထိုင်ရန် ဆုံးဖြတ်နိုင်သည်။ သို့မဟုတ် ၄င်းကို သီးခြားပိုင်ဆိုင် သော လွတ်လပ်သောအစိုးရဖွဲ့စည်းရန် ဆုံးဖြတ်နိုင်သည်။ ထိုကဲ့သို့ ပြုလုပ်ရန် အခွင့်အရေးရှိရမည်။ ထို့ကြောင့် ဤအခြေခံမှုကို လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟုလည်း ဆိုကြသည်။ နိုင်ငံတစ်ခုတွင် လူမျိုးတစ်မျိုးထက် ပိုရှိနိုင်ပြီး၊ လူမျိုးတစ်မျိုးသည် နိုင်ငံတစ်ခုထက် ပို၍ ရှိနိုင်သည်။ ၂၀ ရာစုအတွင်း ဤသီအိုရီကို များစွာသောပုဂ္ဂိုလ်များက ထောက်ခံကြသည်။ အမေရိကန်သမ္မတ Woodrow Wilson သည် လူမျိုးတစ်မျိုးသည် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိကြရမည်ဟူသော အတွေးအခေါ်ရှိသူဖြစ်သည်။ သူသည် ယခု အချိန်တွင် လူမျိုးမရှိပါက ကျွန်အဖြစ် ကြာရှည်စွာ ကျန်ရစ်နိုင်သည်ဟူသော ရှူထောင့်အမြင် ရှိခဲ့သည်။ ကောင်းကျိုးများ (၁) ဤ သီအိုရီသည် ဒီမိုကရက်တစ် အခြေခံမှုများအပေါ်တွင် အခြေပြုသည် ယခုခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်။ ဒီမိုကရေစီသည် ပြည်သူလူထုအားဖြင့် ပြည်သူလူထုအတွက်နှင့် ပြည်သူလူထု၏ အစိုးရဖြစ်သည်။ ဒီမိုကရေစီ လွတ်လပ်မှု၊ ညီမျှမှုနှင့် ညီအစ်ကိုရင်း စိတ်ဓာတ်ရှိမှုများကို ထောက်ခံထားသည်။ အကယ်၍ နိုင်ငံ တစ်ခု၏ ပြည်သူလူထု (သို့မဟုတ်) လူမျိုးအား ၄င်းတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ…
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ Supply Reduction Service (SRS) နှင့် မီဇိုရမ် ရဲ များ က ဇွန်လ ၂၅ ရက်နေ့ည တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ဖမ်းဆီးခဲ့သည်။ သတင်းရရှိချက်အရ ဇွန်လ ၂၅ ရက်နေ့ ည ၈း၃၀ ခန့်တွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ Tuikual North ရပ်ကွက်တွင် အခုလို ဆပ်ပြာဘူးထဲတွင် သေချာစွာ ထားသော ဘိန်းဖြူ ၃၀ ဟောင်နှင့်အတူ တရားခံဟု ယူဆသူ ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ Lalrinchhani (27) ကိုလည်း ဖမ်းဆီးခဲ့သည်။ ဘိန်းဖြူပိုင်ရှင်ဟု ယူဆရသူ Lalrinchhani ကို ND&PS အမှုနှင့် တရားစွဲဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ ဘိန်းဖြူကာလတန်ကြေး မှာ တစ်ဟောင်လျှင် ရှုပီး ၃၅၀၀ ခန့်ရှိတယ်လို့သိရပြီး ယခုဖမ်းဆီး ထားသော ဘိန်းဖြူ၏ ကာလတန်းကြေးမှာ ရှုပီး သိန်း ၁၀၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။ အလားတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသား တစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။ မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ…
၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီက ချင်းနိုင်ငံရေးပါတီများနှင့် ဇူလိုင်လ အတွင်း တွေ့ဆုံကာ ၎င်းတို့၏ သဘောထားများကို တောင်းခံသွားမည်ဟု သိရသည်။ ဇူလိုင်လကုန်ပိုင်းခန့်တွင် ကျင်းပမည်ဟုယူဆရသော ၂၁ ရာစုပင်လုံညီလာခံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး သည် ပြည်နယ်တစ်ခု လူမျိုးတစ်မျိုး၏ အရေးမဟုတ်ဘဲ ပြည်ထောင်စုတစ်ခု လုံးနှင့် သက်ဆိုင်သည့် အတွက်ကြောင့် ချင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန် ကပြောသည်။ “အခု NLD အစိုးရက အရွေးခံတဲ့ပါတီတွေပဲ တက်ရမယ်ဆိုတာပြောတာကိုး၊ ညီအကိုချင်းပါတီထဲမှာ တစ်ယောက်မှ တက်နိုင်မှာမဟုတ်ဘူးလေ၊ ဒီကိစ္စက ချင်းပြည်နယ်အရေးတစ်ခုတည်းမဟုတ်တော့ဘူး ပြည်ထောင်စု တစ်ခုလုံးအတိုင်း အတာနဲ့ဖြစ်လာမယ့်ကိစ္စဆိုတော့လေ သူတို့ရဲ့သဘောထားတွေ ကိုတောင်းခံသွားဖို့ပါ’’ ဟု ပူးဂင်ကမ်းလျန်ကပြောသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လံညီလာခံ တွင် နိုင်ငံရေးပါတီအားလုံးကို ပါဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနည်း ဆုံးတစ်ဦးရွေးချယ်ခံခဲ့ရသော နိုင်ငံရေးပါတီများကိုသာ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ပြုမည်ဟုပြောဆိုခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှလွဲပြီး ချင်းနိုင်ငံရေးပါတီအားလုံးသည် လွှတ်တော်ကိုယ်စား လှယ် တစ်ဦးမျှရွေးချယ်ခံခဲ့ရခြင်းမရှိသည့်အတွက် ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်ခွင့်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ZCD ပါတီက ၎င်းတို့၏ သဘောဆန္ဒများကို တောင်းခံကာ ၂၁ ရာစုပင်လုံညီလာခံကျင်းပသည့်အချိန်တွင် တင်ပြသွားမည် ဟု ဦးဂင်ကမ်းလျန်ကပြောသည်။ ပူးကျင်ရှင်းထန် ဦးဆောင်သော ZCD ပါတီသည့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ ၆ နေရာမှာအနိုင်ရရှိခဲ့သည်။
ဆလိုင်းရောဘတ် – မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးအနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံနှင့် တကွဖော်ပြပါဟု စာမေးပွဲမေးခွန်းလွှာ တွင်ပါလာပါက ဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ချင်းပြည်နယ်ဟု တညီတညွတ် တည်း ဖြေဆိုကြမည်ဖြစ်သည်။ အလားတူ တိုင်း နှင့် ပြည်နယ်အသီးသီးအနက် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု မေးမြန်းလာပါက ချင်းပြည်နယ်ဟုပင် ထပ်မံဖြေဆိုကြဦးမည်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ချင်းပြည်နယ်သည် ယခုလက်ရှိအခြေအနေတွင် UNDP ၏ စစ်တမ်းအရ အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခံထားရပြီး၊ ပညာရေးတွင်လည်း ပြီးခဲ့သည့် ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင် တန်း အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ ၂၀၁၅-၁၆ ပညာသင်နှစ်၌ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိသည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျင် (၁၄.၃၆) ရာခိုင် နှုန်းသာရှိသည်။ ချင်းပြည်နယ်သည် ယခင်နှစ်များကဲ့သို့ပင် မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံး ပြည်နယ်အဖြစ် ဆက်လက် ရပ်တည်နေပြီး အောင်ချက်ရာခိုင်နှုန်း ၃၉.၃၇ရှိသော မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ အောင်ချက် အများဆုံးဖြစ်သည်။ ယင်းကဲ့သို့ အနှုတ်လက္ခဏာဆောင်သော တံဆိပ်များကပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ် ပေ။ ထို့ကြောင့်လည်း ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသလဲဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ်ပညာရေးမြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်းများလေ့လာရေးစွဲပြီး စနစ်တကျအကောင်ထည်ဖော်ဆောင်ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် စဉ်းစားသင့်သည့်…
အိန္ဒိယပြည်မဘက်ကို တင်ပို့မည့် ရူပီးသိန်း ၂၃၀ ကျော်တန်ဖိုးရှိ ရွှေပြား(၄၆)ပြားကို မြန်မာနိုင်ငံသား ချင်း အမျိုးသား ၂ ဦးထံ ဇွန်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်တွင် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့သည် ဟုသိရသည်။ မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံးကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ ကီလို 7.659 ဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွှေပြားနှင့်အတူ ပိုင်ရှင်ယူဆရသော ကလေးမြို့တွင် နေထိုင်သူ ချင်းအမျိုးသားနှစ်ဦးဖြစ်သည့် U Thang Zom Mang (29) နှင့် U Man Jay (24) တို့ကိုပါ ဖမ်းဆီးခဲ့ပြီး 02/CL/IMP/CUS/ASAAIZ/2016-17 ပုဒ်မဖြင့် အမှုဖွင့်အရေးယူထား သည်ဟုသိရသည်။ ယင်းရွှေပြားများကို မြန်မာနိုင်ငံမှ ဝယ်ယူပြီး အိန္ဒိယနိုင်ငံ ပြည်မမြို့သို့ ရောင်းချရန်ဖြစ်ကြောင်း၊ ရွှေပြားများကို ခရီးစောင်အိတ် နှင့် ဘွတ်ဖိနပ်အောက်တွင် ဖွတ်ပြီး သယ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာ သော ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ်…
(ဟွာလ်ငိုသား) – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ သုသာန်မြေဟောင်းနေရာတွင် မကြာသေးမီ ရက်ပိုင်း (ဇွန်လ ၆ ရက်နေ့) ကစပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စွန့်ပစ်ထားသော အမှိုက်ပုံကြီးအား ပြန်လည် ရှင်းလင်းပေး ရန် ဒေသခံများကလိုလားနေကြသည်။ အဆိုပါအမှိုက်စွန့်ပစ်သည့်နေရာသည် လူနေအိမ်များနှင့် နီးကပ်စွာရှိနေပြီး စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာသော အနံ့ သက်ဆိုး များကို အနီးနားရှိဒေသခံများက နေ့စဉ်ရှူရှိုက်နေရသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများ ရှိလာသည်ဟု ယင်းနေရာ အနီး နေထိုင်သူတစ်ဦး ဦးတလွားငါက ပြောသည်။ “ဇွန်လ ၆ ရက်နေ့ကစပြီး စည်ပင်အဖွဲ့တံဆိပ်ပါ အပြာကား အစီး ၇ စီးလောက်နဲ့ နေ့စဉ် အမှိုက်တွေ လာပစ်ခဲ့ကြတယ်။ ဒီကိစ္စအပေါ်သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူတို့လည်း တွေ့ဆုံပြီး တာဆီးဖို့အထိတာင်းဆိုတင်ပြလိုက်တယ်။ ဒါပေမယ့် ဇွန် ၁၀ ရက်နေ့အထိတော့ ထူးခြားမှု မရှိသေးဘူး ” ဟု ဦးတလွားငါကပြောသည်။ စွန့်ပစ်အမိုက်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ပြည်သူများ၏ကျန်းမာရေးပါ ထိခိုက်နိုင်သဖြင့် သက် ဆိုင် ရာ တာဝန်ရှိသူများ မှ အမြန်ဆုံးရှင်းလင်းပေးသင့်သည်ဟု သက်ရှိသတ္တ၀ါနှင့် ပတ်ဝန်းကျင် ဆက်စပ်မှု အခြေအနေ လေ့လာသူ ဦးပက်မွန်ကျွား ကပြောသည်။ “ဒီသင်္ချိုင်းမြေကို ကလေးမြို့ တမြို့လုံးရဲ့ အမှိုက်စွန့်ပစ်ရာနေရာအဖြစ် စတင်အသုံးပြုလာတာဟာ အနာဂတ်မှာ ပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်းအကျည်းတန်စေလာလိမ့်မယ်” ဟု သူကပြောသည်။ ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဘာသာပေါင်းစုံသုသာန်မြေ (ဟောင်း)နေရာဖြစ်သော ယခု အမှိုက်စွန့်ပစ်ရာ နေရာသည်တာဟန်းရပ်ကွက်၏အနောက်ဘက် တာဟန်း-ပျဉ်းတောဦး ကားလမ်း ညာဘက်ခြမ်းတွင်တည်ရှိသည်။ ယခင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet…
